သီေပါၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၃ဦး ေသနတ္ဒဏ္ရာျဖင့္ ေသဆံုး

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၂၈၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၃ဦး ေသနတ္ ဒဏ္ရာျဖင့္ ေသဆံုးမႈ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၂၈) မနက္ ၈နာရီဝန္းက်င္တြင္ သီေပါၿမိဳ႕နယ္ ကုံးမံု ေက်းရြာ တြင္ အမ်ိဳးသား ၃ဦး ဒဏ္ရာျဖင့္ ေသဆံုးေနေၾကာင္း နယ္စည္းမျခား ပရဟိတ လူမႈကူညီေရး အသင္း (သီေပါၿမိဳ႕) မွ ကိုမ်ိဳးက သွ်မ္းသံေတာ္ဆင့္သို႔ေျပာသည္။

“ မနက္ ၈နာရီက ေသနတ္ဒဏ္ရာနဲ႔ အမ်ိဳးသား ၃ဦး အေလာင္းကို လာသယ္ဖို႔ ဖုန္းဆက္လာတယ္။ ၂ဦးကေတာ့ ဦးေခါင္း ဒဏ္ရာပါ။ ၁ဦးကေတာ့ နံရိုးထိတယ္။ ၃ဦးစလံုးက လူလတ္ပိုင္းေတြပါ” ဟု ကိုမ်ိဳး က ဆုိသည္။

အဆိုပါ ေသနတ္ဒဏ္ရာျဖင့္ေသဆံုးသည့္ အမ်ိဳးသား ၃ဦး ကို သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံု သို႔ ပို႔ေဆာင္ထားေၾကာင္း၊ မည္သည့္ အဖြဲ႔အစည္းက လာေရာက္ပစ္ခတ္သည္ကို မသိရွိေၾကာင္း လည္း ကိုမ်ိဳးက ထပ္ေလာင္းေျပာသည္။

“ အမ်ိဳးသား ၃ဦး ေသနတ္ပစ္ဒဏ္ရာနဲ႔ ေသဆံုးေနတာ ဟုတ္ပါတယ္။ ဘယ္အဖြဲ႔က ပစ္သြားလည္းဆိုတာ စံုစမ္းေနဆဲပါ” ဟု သီေပါၿမိဳ႕ ရဲစခန္းမွ တာဝန္ရွိသူ က ေျပာသည္။

အမ်ိဳးသား ၃ဦး ေသနတ္ပစ္ခံရၿပီး ေသဆံုးေနသည့္ ေနရာသည္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားသည့္ ေနရာျဖစ္သည္ ဟု သီေပါၿမိဳ႕ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

“ဒီေန႔ အမ်ိဳးသား ၃ဦး ေသနတ္ပစ္ခံရတဲ့ေနရာက ေဆးေတြ ေရာင္းေနတဲ့ေနရာပါ။ တေယာက္တည္း မသြားရဲတဲ့ေနရာပါ။ ဒီေဒသမွာေတာ့ မၾကာခဏ ေသနတ္ပစ္ခံရတယ္။ တခါမွ တရားခံ မေပၚဘူး” ဟု သီေပါၿမိဳ႕ ေဒသခံအသက္ ၄၀ အရြယ္ စိုင္းမြန္း က ေျပာသည္။

သီေပါၿမိဳ႕နယ္ ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း မၾကာခဏ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားကာ ေသဆံုးမႈ ရွိေသာ္လည္း တႀကိမ္တခါမွ် တရားခံ ေဖာ္ထုတ္ႏုိင္ျခင္းမရွိေၾကာင္း၊ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ထိတ္လန္႔မႈျဖင့္ေနထုိင္ေနရေၾကာင္းလည္း စိုင္းမြန္း က ဆုိသည္။

ဒီဇင္ဘာ ၂၃ရက္ေန႔တြင္လည္း ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းေက်းရြာ အုပ္စု ေဝလံုေက်းရြာ တြင္ ႀကံ့ခုိင္ေရး ပါတီ ေကာ္မတီ အဖြဲ႔ဝင္ အသက္ ၄၀ အရြယ္ စိုင္းေဌးေအာင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

သွ်မ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ႏွင့္ သီေပါၿမိဳ႕နယ္ တြင္ တုိင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႔မ်ား ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔ လႈပ္ရွားသည့္ ေနရာျဖစ္ၿပီး မၾကာခဏ တုိက္ပြဲျဖစ္ပြားသည့္ ေနရာလည္း ျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------
(Unicode)⤵⤵⤵
သီပေါမြို့နယ် အတွင်း အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၂၈၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အမျိုးသား ၃ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၈) မနက် ၈နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုံးမုံ ကျေးရွာ တွင် အမျိုးသား ၃ဦး ဒဏ်ရာဖြင့် သေဆုံးနေကြောင်း နယ်စည်းမခြား ပရဟိတ လူမှုကူညီရေး အသင်း (သီပေါမြို့) မှ ကိုမျိုးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ မနက် ၈နာရီက သေနတ်ဒဏ်ရာနဲ့ အမျိုးသား ၃ဦး အလောင်းကို လာသယ်ဖို့ ဖုန်းဆက်လာတယ်။ ၂ဦးကတော့ ဦးခေါင်း ဒဏ်ရာပါ။ ၁ဦးကတော့ နံရိုးထိတယ်။ ၃ဦးစလုံးက လူလတ်ပိုင်းတွေပါ” ဟု ကိုမျိုး က ဆိုသည်။

အဆိုပါ သေနတ်ဒဏ်ရာဖြင့်သေဆုံးသည့် အမျိုးသား ၃ဦး ကို သီပေါမြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း၊ မည်သည့် အဖွဲ့အစည်းက လာရောက်ပစ်ခတ်သည်ကို မသိရှိကြောင်း လည်း ကိုမျိုးက ထပ်လောင်းပြောသည်။

“ အမျိုးသား ၃ဦး သေနတ်ပစ်ဒဏ်ရာနဲ့ သေဆုံးနေတာ ဟုတ်ပါတယ်။ ဘယ်အဖွဲ့က ပစ်သွားလည်းဆိုတာ စုံစမ်းနေဆဲပါ” ဟု သီပေါမြို့ ရဲစခန်းမှ တာဝန်ရှိသူ က ပြောသည်။

အမျိုးသား ၃ဦး သေနတ်ပစ်ခံရပြီး သေဆုံးနေသည့် နေရာသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် နေရာဖြစ်သည် ဟု သီပေါမြို့ဒေသခံများ ပြောပြချက် အရသိရသည်။

“ဒီနေ့ အမျိုးသား ၃ဦး သေနတ်ပစ်ခံရတဲ့နေရာက ဆေးတွေ ရောင်းနေတဲ့နေရာပါ။ တယောက်တည်း မသွားရဲတဲ့နေရာပါ။ ဒီဒေသမှာတော့ မကြာခဏ သေနတ်ပစ်ခံရတယ်။ တခါမှ တရားခံ မပေါ်ဘူး” ဟု သီပေါမြို့ ဒေသခံအသက် ၄၀ အရွယ် စိုင်းမွန်း က ပြောသည်။

သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်း မကြာခဏ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကာ သေဆုံးမှု ရှိသော်လည်း တကြိမ်တခါမျှ တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း၊ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုဖြင့်နေထိုင်နေရကြောင်းလည်း စိုင်းမွန်း က ဆိုသည်။

ဒီဇင်ဘာ ၂၃ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စု ဝေလုံကျေးရွာ တွင် ကြံ့ခိုင်ရေး ပါတီ ကော်မတီ အဖွဲ့ဝင် အသက် ၄၀ အရွယ် စိုင်းဌေးအောင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် မြန်မာ့တပ်မတော် တို့ လှုပ်ရှားသည့် နေရာဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သီေပါၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၃ဦး ေသနတ္ဒဏ္ရာျဖင့္ ေသဆံုး သီေပါၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၃ဦး ေသနတ္ဒဏ္ရာျဖင့္ ေသဆံုး Reviewed by THITHTOOLWIN on 03:18 Rating: 5
Powered by Blogger.