ရခိုင္မွာ စစ္မီး ပိုေတာက္ေလာင္မလားဆိုၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေန

အိုင္စီေဂ်သြားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ေထာက္ခံပြဲလုပ္ဖို႔စီစဥ္လို႔ ဦးရဲသိန္းကိုဖမ္းတာလို႔ ေအေအက ေျပာခဲ့တာပါ။
(Zawgyi)⤵⤵⤵
ေဒၚေအာင္ဆန္းစုၾကည္ ကုလသမဂၢရဲ႕ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ သြားေရာက္ တရား ရင္ဆိုင္တဲ့အေပၚ ေထာက္ခံပြဲလုပ္ဖို႔ စီစဥ္တဲ့အတြက္ ေအေအ က ဖမ္းဆီးသြားတဲ့ ဘူးသီးေတာင္ အန္ အယ္လ္ဒီပါတီဥကၠ႒ ဦးရဲသိန္းဟာ ဒီဇင္ဘာ ၂၅ ရက္က လက္နက္ႀကီးထိမွန္လို႔ ေသဆုံးသြားၿပီလို႔ ရခိုင့္တပ္မေတာ္ေအေအက ထုတ္ျပန္ခဲ့ပါတယ္။

အခုလို ဦးရဲသိန္းေသဆုံးမႈကို ေအေအ သတင္းထုတ္ျပန္ခ်က္အေပၚ ေဝဖန္မႈေတြရွိလာေနသလို ဦးရဲသိန္း တကယ္မေသဘူးလို႔ သူ႔မိသားစုဝင္ေတြက ယုံၾကည္ေနပါတယ္။

"အမွန္တကယ္ ေသဆုံးတယ္ဆိုရင္ အဲဒီေသဆုံးတဲ့ေနရာကို သြားၿပီးေတာ့ အေလာင္းကိုယူမွာ။ သူတို႔ (အဲဒီလို လက္နက္ႀကီးမွန္လို႔ေသတယ္ဆိုရင္) အေလာင္းပုံတင္ေပးလိုက္လို႔ေျပာခ်င္တယ္။ ဒါက ကြၽန္ ေတာ္တို႔ ေသတယ္လို႔ မယူဆဘူး။ ပထမရက္ေတြတုန္းကဆိုရင္ အေလာင္းရတယ္လို႔ေျပာတယ္။ ေသၿပီလို႔ေျပာတယ္။ လႊဲလိုက္ၿပီလို႔လည္းေျပာတယ္။ ကြၽန္ေတာ္တို႔ ဘယ္သတင္းကို ယူရမွန္းမသိဘူး" လို႔ ဦးရဲသိန္းရဲ႕အစ္ကိုရင္း ဦးေအာင္ကိုေဆြက ေျပာပါတယ္။
အန္အယ္လ္ဒီပါတီ ဘာေျပာလဲ

ျဖစ္စဥ္က မွန္တယ္ဆိုရင္ေတာ့ အန္အယ္လ္ဒီပါတီဘက္က ေၾကညာခ်က္ထုတ္ျပန္ဖို႔ရွိၿပီး တာဝန္ရွိတဲ့သူကို ရႈတ္ခ် ဖို႔ရွိတယ္လို႔ အန္အယ္ဒီပါတီ ရဲ႕ျပန္ၾကားေရး အဖြဲ႕ဝင္ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

ဦးေဝွ႔တင္းအပါအဝင္ အစိုးရဝန္ထမ္းေတြနဲ႔ ဓားစားခံေတြျပန္လြတ္ေရးအတြက္ တုံ႔ျပန္မယ့္နည္းလမ္းကိုလည္း ရွာေနၿပီး စစ္ေရးအရတုံ႔ျပန္မႈမဟုတ္ဘဲ ေတြ႕ဆုံေဆြးေႏြးတဲ့နည္းလမ္းနဲ႔လည္း ျဖစ္ႏိုင္တယ္လို႔ သူက ဆက္ေျပာပါတယ္။
ဦးရဲသိန္းဘယ္လိုေသဆုံးတယ္လို႔ ေအေအေျပာလဲ

ဒီဇင္ဘာ ၁၁ ရက္တည္းက ဦးရဲသိန္းကို ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္႐ြာအေရွ႕ဘက္ ၃ ကီလို မီတာအေက်ာ္မွာရွိတဲ့ ပြိဳင့္ ၄၂၈ ေတာင္ကုန္းမွာ ယာယီထိန္းသိမ္းထားၿပီး အဲဒီေတာင္ကုန္းကို တပ္မေတာ္ဘက္က ဒီဇင္ဘာ ၂၂ ရက္ကတည္းက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေအေအေျပာ ခြင့္ရခိုင္သုခက ေျပာပါတယ္။

"ဒီဇင္ဘာ ၂၂ မွာပစ္တယ္။ ၂၃ မွာ ပစ္တယ္။ ၂၄ မွာနားၿပီးေတာ့ မေန႔က တစ္ေန႔လုံးနီးပါးေတာက္ ေလွ်ာက္ပစ္ေနတာ။ ညေန ၃ နာရီ ၆ မိနစ္မွာ သူ႔(ဦးရဲသိန္း) ကို ထိန္းသိမ္းထားတဲ့ေနရာကိုမထင္မွတ္ဘဲ သြားထိတာ" လို႔ ခိုင္သုခက ေျပာပါတယ္။

တပ္မေတာ္ဘက္က အဲဒီလို ဒီဇင္ဘာ ၂၂ ရက္တည္းကပစ္ခတ္ေနတယ္ဆိုရင္ ဖမ္းဆီးထိန္း သိမ္းထား သူေတြရဲ႕အသက္အႏၲရာယ္ လုံၿခဳံဖို႔ ေနရာေ႐ႊ႕ေျပာင္းေရး မစဥ္းစားခဲ့ဘူးလားလို႔ ဘီဘီစီက ေမးျမန္းတဲ့အခါ ခိုင္သုခက

"အဲဒီေတာင္ကုန္းက ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန႔္ျပန႔္ရွိတဲ့ေတာင္ကုန္းဗ်။ အဲဒီမွာ သူ႔ကို လုံၿခဳံတယ္လို႔ ယူဆရတဲ့ေနရာမွာ ေကာင္းေကာင္းမြန္မြန္ပဲ ထားထားတာဗ်။ လက္နက္ႀကီးက အလုံးလိုက္ လာထိေတာ့ သူ အပါအဝင္ ကြၽန္ေတာ္တို႔လူတခ်ိဳ႕လည္း ဒဏ္ရာရတာ ရွိတယ္။ သူကေတာ့ အဲဒီမွာ အနီးကပ္ သူ႔ ဟို ဥစၥာအထဲမွာ ကြဲတဲ့အခါက်ေတာ့ သူခႏၵာကိုယ္ကေတာ့အစိတ္စိတ္အႁမြာႁမြာျဖစ္သြား " လို႔ တုံ႔ျပန္ပါတယ္။

လက္နက္ႀကီးက ဦးရဲသိန္းကိုတည့္တည့္ထိမွန္တဲ့အတြက္ ခႏၶာကိုယ္က အစိတ္စိတ္အႁမြာႁမြာျဖစ္သြားၿပီး ၾကည့္မေကာင္းရႈမေကာင္းျဖစ္ခဲ့လို႔ ေကာက္ယူစုစည္းၿပီး ေမျမႇဳပ္ သၿဂႋဳဟ္ လိုက္ရတယ္လို႔ ခိုင္သုခကေျပာပါတယ္။

ဒါေၾကာင့္ ဦးရဲသိန္း႐ုပ္အေလာင္းကို မိသားစုထံ ျပန္အပ္လို႔မျဖစ္ႏိုင္ေၾကာင္းနဲ႔ ဒီကိစၥနဲ႔ ပတ္သက္လို႔ ဦးရဲသိန္းမိသားစုအတြက္စိတ္ေမေကာင္းေၾကာင္း လည္း သူကဆက္ေျပာပါတယ္။
တပ္မေတာ္ဘက္က ဘာေျပာလဲ
ဒီဇင္ဘာ ၂၅ မွာဘူးသီးေတာင္မွာတိုက္ပြဲမျဖစ္ခဲ့ဘူးလို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။
ဦးရဲသိန္းေသဆုံးခဲ့ရတဲ့ ဒီဇင္ဘာ ၂၅ ရက္မွာ ဘူးသီးေတာင္နဲ႔အနီးတစ္ဝိုက္မွာ တိုက္ပြဲျဖစ္ပြားတာမရွိသလို လက္နက္ႀကီးနဲ႔ပစ္ခတ္တာလည္းမရွိဘဲ ေအေအက ကလိန္ကက်စ္ထုတ္ျပန္မႈသာျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

"ကလိန္ကက်စ္ ထုတ္ျပန္ခ်က္လို႔ပဲေျပာခ်င္တယ္။ ဒီဇင္ဘာ ၂၄ ရက္မွာလည္း ဘူးသီးေတာင္ဘက္မွာ တိုက္ပြဲမရွိဘူး။ ဒီဇင္ဘာ ၂၅ မွာလည္း မရွိဘူး။ ၂၄ မွာ လဝက က ဝန္ထမ္းသုံးေယာက္ ဖမ္းဆီးခံရ တာရွိတယ္။ ၂၅ ရက္မွာ ေတာေခ်င္းနဲ႔ ေျမာက္ဦးဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ သူတို႔အေနနဲ႔ အဲဒီလို ကလိန္ကက်စ္ထုတ္ျပန္ခ်က္ေတြ ထုတ္ေနတာပါပဲ။ ဘူးသီးေတာင္မွာရွိတဲ့ ေဒသခံေတြကို ေမး ၾကည့္ပါ။ အန္အယ္လ္ဒီပါတီဥကၠ႒က ဖမ္းဆီးခံရၿပီး သိပ္မၾကာဘူး။ ႏွိပ္စက္ညင္းပန္း သတ္ျဖတ္ခံရ တယ္ဆိုတဲ့ သတင္းမ်ိဳး ေဒသခံေတြၾကားမွာသိရွိခဲ့တာမ်ိဳးရွိတယ္။ သူ႔ကိုဖမ္းဆီးမခံရခင္ကတည္းက ၿခိမ္းေျခာက္ခံရတယ္ဆိုတာလည္း ၾကားသိထားရပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒါ့အျပင္ ေအေအဘက္က ဒီဇင္ဘာ ၂၆ ရက္အထိ ဦးရဲသိန္းေသဆုံးခဲ့တဲ့ ေအေအတပ္စခန္းရွိရာ ပြိဳင့္ ၄၂၈ ေတာင္ကုန္းကို တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ဆက္လက္ပစ္ခတ္ေနဆဲလို႔ ေျပာၾကားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက

"ကြၽန္ေတာ္ေျပာမယ္။ ပြိဳင့္ ၄၂၈ ေတာင္ကုန္းမွာ ေအေအဆိုတဲ့ဟာေတြမရွိဘူး။ ဘာလို႔လဲဆိုေတာ့ ရွိရင္လည္း အဲဒီသတင္းမထုတ္ျပန္ဘူး။ စခန္းရွိတယ္ဆိုရင္ ေနရာလည္းေျပာမွာမဟုတ္ဘူး။ ဒါပါပဲ။ ေရွ႕ကေန လိမ္ထားတာကို ယုတၱိတန္ေအာင္ ေနာက္ကေန ဆက္လိမ္ေနတဲ့သေဘာပါပဲ" လု႔ိ ေျပာပါတယ္။

းေဝွ႔တင္းကို ေအေအက ဖမ္းထားတာ ႏွစ္လနီးပါးရွိလာပါၿပီ။
ဒီလို မေတာ္တဆထိခိုက္မႈေတြကေတာ့ စစ္ေျမျပင္ေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့သေဘာျဖစ္ၿပီး က်န္ရွိေနတဲ့ ဖမ္းဆီးထားသူေတြရဲ႕အသက္အႏၲရာယ္လုံၿခဳံဖို႔ အစြမ္းကုန္ကာကြယ္ေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ စစ္ေျမျပင္ဆိုတာက ဘယ္ေနရာမဆို လက္နက္ႀကီးထိႏိုင္ၿပီး ရဟတ္ယာဥ္နဲ႔ ဗုံးႀကဲ တိုက္ခိုက္မႈ ေတြရွိေနတယ္လို႔ ခိုင္သုခက ေျပာပါတယ္။

"ဒီဟာကေတာ့အာမခံခ်က္ေပးဖို႔ကေတာ့ ခက္တာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ အေကာင္းဆုံး သူတို႔ကို လုံၿခဳံေအာင္ထားမွာေပါ့။ အဲဒီလို မေတာ္တဆမႈမ်ိဳးကေတာ့ မျဖစ္ဘူးလို႔ဘယ္သူကမွေတာ့အာမ မခံႏိုင္ဘူး" လို႔ ဆိုပါတယ္။

ဦးေဝွ႔တင္းကိုလည္း အေကာင္းဆုံးအလုံၿခဳံဆုံးထိန္းသိမ္းထားေပမယ့္ အခုလို မေတာ္တဆျဖစ္မႈမ်ိဳး မျဖစ္ ဘူးလို႔ေတာ့အာမခံခ်က္မေပးႏိုင္ဘူးလို႔ ဆိုပါတယ္။ စစ္ေျမျပင္မွာ တပ္ဘက္က လာၿပီး ဗုံးႀကဲတာ လက္ နက္ႀကီးနဲ႔လာပစ္တာမွာ ဘယ္သူမွ မထိဘူးလို႔ေတာ့ မေျပာႏိုင္ဘူးလို႔ ေျပာပါတယ္။
အရပ္သားေတြက ေျမစာ ပင္လား

ရခိုင္ျပည္သူေတြအတြက္ေတာ္လွန္ေရးလုပ္ေနတာလို႔ ေအေအကေျပာၿပီးတပ္မေတာ္ဘက္ကလည္း ရခိုင္ မွာ ေအေအမရွိခင္တုန္းက ေအးခ်မ္းခဲ့ၿပီး ခုေအေအရွိလာေတာ့မွ ခုလို အေျခအေနေတြျဖစ္ေနတာလို႔ လက္နက္ကိုင္ႏွစ္ဖက္လုံးက ေျပာၾကားထားပါတယ္။

အခုလို ရခိုင္ျပည္နယ္မွာ စစ္နယ္ပိုက်ယ္လာၿပီး အရပ္သားေတြကို ႏွစ္ဖက္လုံးက ဖမ္းဆီးမႈေတြ၊ တိုက္ပြဲ ၾကား အရပ္သားေတြေသဆုံးရမႈ၊ ထိခိုက္ ဒဏ္ရာရမႈေတြ ရွိလာေနသလို အျပန္အလွန္ ဖမ္းဆီးမႈေတြရွိတာေတြေၾကာင့္ ရခိုင္မွာ ပဋိပကၡက ပိုၿပီး ျပင္းထန္လာေတာ့မယ္လို႔ ဘူးသီးေတာင္ ဇာတိလည္း ျဖစ္၊ ဦးရဲသိန္းနဲ႔ ရင္းႏွီးသူလည္းျဖစ္တဲ့ ရခိုင္တိုင္းရင္းသူ လႊတ္ေတာ္အမတ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

"ရခိုင္ေျမာက္ပိုင္းမွာ ဟိုဘက္က ဖမ္းတာေတြ။ ဒီဘက္က ဖမ္းတာေတြ။ ျပည္သူေတြ ေျမစာ ပင္ေတြျဖစ္ၿပီး ဒုကၡေတြေရာက္ေနပါတယ္။ ႏွစ္ဖက္ ညႇိႏႈိင္း ဖို႔လိုပါတယ္။ အစိုးရမွာလည္း တာဝန္ရွိပါတယ္။ ႏွစ္ဦးႏွစ္ဖက္ ေတြ႕ဆုံေဆြးေႏြးဖို႔အရမ္းအ ေရးႀကီးပါတယ္။ ေတြ႕ဆုံတဲ့အခါမွာလည္း သူ႔ဘက္ ကိုယ့္ဘက္ အတၱေတြ မမ်ားဘဲနဲ႔ တကယ္လိုအပ္ေနတာကို လိုက္ေလ်ာဖို႔လိုပါတယ္။ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းမွာမထိုင္ဘဲ ခုလိုပဲ တိုက္ေနရင္ေတာ့ ၾကားက ေျမဇာပင္ျပည္သူေတြ ဒီထက္မက ဒုကၡေရာက္ၾကဦးမွာပါ"လို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။

အခုလို အျပန္အလွန္ အာဃာတေတြႀကီးၿပီး ဆက္ျဖစ္ေနရင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ လုံၿခဳံမႈလုံး၀မရွိေတာ့ဘဲ စစ္မီးက ပိုေလာင္ဖို႔ပဲရွိတယ္လို႔ ေဒၚခင္ေစာေဝက ဆိုပါတယ္။

ေအေအအေနနဲ႔သူတို႔ ျပည္နယ္လြတ္ေျမာက္ေရးအတြက္ လက္နက္ကိုင္ၿပီး ေတာ္လွန္ေရးလုပ္တဲ့အခါ လက္လြတ္စပယ္ လုပ္လို႔မရဘဲ လူ႔အခြင့္အေရးကို အေျခခံစဥ္းစားေဆာင္႐ြက္တာမ်ိဳးျဖစ္ေစခ်င္တယ္လို႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ အသံ အဖြဲ႕ တည္ေထာင္သူ ေမာင္ေဆာင္းခက ေတာ့ ယူဆပါတယ္။

ေတာ္လွန္ေရးအဖြဲ႕အေနနဲ႔ ဖက္ဒရယ္မရဘူး၊ ဒီမိုကေရစီမရဘူးဆိုၿပီးတိုက္ပြဲဝင္ေနခ်ိန္ ကိုယ္တိုင္ကလည္း လူ႔အခြင့္အေရး အေျခခံ စံသေဘာတရားေတြကိုလိုက္နာရမယ္လို႔သူက ဆိုပါတယ္။

အိုင္စီေဂ်ကိုေထာက္ခံတာ ကန႔္ကြက္တာဟာ လူတစ္ဦးခ်င္းရဲ႕ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ျဖစ္ၿပီး ဒါကို ကန႔္သတ္တာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ ေမာင္ေဆာင္းခက ေျပာပါတယ္။

"ဖမ္းဆီးတဲ့အခါ လက္လြတ္စပယ္ဖမ္းတယ္။ ေနာက္ေတာ့ ၾကက္ကေလးငွက္ကေလးေသသြားသလိုပဲ လြယ္လင့္တကူ တိုက္ပြဲျဖစ္တဲ့အတြက္ ေသသြားပါတယ္ဆိုၿပီး ထုတ္ျပန္လိုက္တယ္။ ေအေအက ဖမ္းၿပီးရင္ အဲဒီလူရဲ႕အသက္အိုးအိမ္စည္းစိမ္ကိုတာဝန္ယူေပးရမယ္။ အစိုးရတပ္နဲ႔တိုက္ပြဲျဖစ္လို႔ လက္နက္ႀကီးထိလို႔ ေသသြားရတယ္ဆိုတာ ေကာင္းတဲ့အေၾကာင္းျပခ်က္လို႔ေတာ့မျမင္ဘူး" လို႔ေမာင္ေဆာင္းခက ေျပာပါတယ္။

အဲဒီအေပၚမွာ ေအေအအေနနဲ႔ တာဝန္ယူမႈတာဝန္ခံမႈအျပည့္နဲ႔ ျပန္ေျဖရွင္းဖို႔လိုအပ္ၿပီး မဟုတ္ရင္ ေအေအ အေပၚ လူထုေထာက္ခံမႈနဲ႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြရဲ႕ယုံၾကည္မႈ က်ဆင္းႏိုင္တယ္လို႔ သူက ေျပာပါတယ္။

ေတာတြင္းစစ္ဆင္ေရးမွာ ဓားစားခံကယ္တင္ေရးကို လုပ္ေလ့လုပ္ထမရွိဘူးလို႔ တပ္မေတာ္မွာ ဒုတိယဗိုလ္မႉးႀကီးရာထူးနဲ႔ အၿငိမ္းစားယူခဲ့တဲ့ ျပန္ၾကားေရးဝန္ႀကီး ေဟာင္း ဦးရဲထြဋ္က ဘီဘီစီကိုေျပာပါတယ္။

ဒါ့အျပင္ ဖမ္းခံထားရတဲ့အေျခအေနနဲ႔ အဖမ္းခံထားရတဲ့ေဒသအေနအထားေပၚမူတည္ၿပီး ခုလို ေတာတြင္း စစ္ဆင္ေရးမွာေတာ့ အေျခအေနက ပိုခက္ခဲႏိုင္တယ္လို႔ သူက ဆိုပါတယ္။

"အဓိက အေျခခံမူကေတာ့ တက္ႏိုင္သမွ် ဓားစားခံေတြ အထိအခိုက္မရွိဘဲနဲ႔ ကယ္ထုတ္ႏိုင္ဖို႔ေပါ့။ ဒါေပမဲ့ ေတာတြင္း စစ္ဆင္ေရးမွာေတာ့ ဒီကိစၥက အေတာ္ခက္ပါတယ္။ ခြဲျခားရတာ ခက္တာကိုး။ ေတာတြင္းစစ္ဆင္ေရးမွာေတာ့ အတိ အက်ေတာ့ မရွိဘူး။ ၿမိဳ႕ေပၚမွာ အၾကမ္းဖက္သမားေတြက ဓားစားခံဖမ္းထားတဲ့အေျခအေနမ်ိဳးနဲ႔ ဆိုရင္သာ ႏွစ္ဖက္ ေဆြးေႏြးတဲ့အခါ ဘယ္လိုလုပ္ရမလဲ။ ကယ္ထုတ္တဲ့အခါမွာ ဘယ္လိုလုပ္ရမလဲရွိတာ။ ေတာတြင္းစစ္ဆင္ေရးမွာေတာ့ အဲဒီလိုအေသးစိတ္မရွိဘူး။ အဓိကကေတာ့ တက္ႏိုင္သမွ် ဓားစားခံေတြအေသအေပ်ာက္နည္းေအာင္လုပ္ရမယ္ဆိုတဲ့ ဟာမ်ိဳးပဲရွိပါတယ္" လို႔ တပ္မေတာ္ဘက္က ဓားစားခံကယ္ဆယ္ေရးလုပ္ထုံးလုပ္နည္းနဲ႔ပတ္သက္လို႔ရွင္းျပပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ ၾကား တိုက္ပြဲေတြျဖစ္ပြားတာ တစ္ႏွစ္ေက်ာ္လာၿပီျဖစ္ၿပီး အရပ္သားေသဆုံးမႈ တစ္ရာေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရရွိသူ ႏွစ္ရာနီးပါးရွိလာၿပီလို႔ရခိုင္အရပ္ဖက္အဖြဲ႕အစည္းေတြက ထုတ္ျပန္ ထားပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ရခိုင်မှာ စစ်မီး ပိုတောက်လောင်မလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်နေ

ဓာတ်ပုံ မူပိုင် Ray Thein
Image caption အိုင်စီဂျေသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲလုပ်ဖို့စီစဉ်လို့ ဦးရဲသိန်းကိုဖမ်းတာလို့ အေအေက ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ သွားရောက် တရား ရင်ဆိုင်တဲ့အပေါ် ထောက်ခံပွဲလုပ်ဖို့ စီစဉ်တဲ့အတွက် အေအေ က ဖမ်းဆီးသွားတဲ့ ဘူးသီးတောင် အန် အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၂၅ ရက်က လက်နက်ကြီးထိမှန်လို့ သေဆုံးသွားပြီလို့ ရခိုင့်တပ်မတော်အေအေက ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ဦးရဲသိန်းသေဆုံးမှုကို အေအေ သတင်းထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေရှိလာနေသလို ဦးရဲသိန်း တကယ်မသေဘူးလို့ သူ့မိသားစုဝင်တွေက ယုံကြည်နေပါတယ်။

"အမှန်တကယ် သေဆုံးတယ်ဆိုရင် အဲဒီသေဆုံးတဲ့နေရာကို သွားပြီးတော့ အလောင်းကိုယူမှာ။ သူတို့ (အဲဒီလို လက်နက်ကြီးမှန်လို့သေတယ်ဆိုရင်) အလောင်းပုံတင်ပေးလိုက်လို့ပြောချင်တယ်။ ဒါက ကျွန် တော်တို့ သေတယ်လို့ မယူဆဘူး။ ပထမရက်တွေတုန်းကဆိုရင် အလောင်းရတယ်လို့ပြောတယ်။ သေပြီလို့ပြောတယ်။ လွှဲလိုက်ပြီလို့လည်းပြောတယ်။ ကျွန်တော်တို့ ဘယ်သတင်းကို ယူရမှန်းမသိဘူး" လို့ ဦးရဲသိန်းရဲ့အစ်ကိုရင်း ဦးအောင်ကိုဆွေက ပြောပါတယ်။
အန်အယ်လ်ဒီပါတီ ဘာပြောလဲ

ဖြစ်စဉ်က မှန်တယ်ဆိုရင်တော့ အန်အယ်လ်ဒီပါတီဘက်က ကြေညာချက်ထုတ်ပြန်ဖို့ရှိပြီး တာဝန်ရှိတဲ့သူကို ရှုတ်ချ ဖို့ရှိတယ်လို့ အန်အယ်ဒီပါတီ ရဲ့ပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

ဦးဝှေ့တင်းအပါအဝင် အစိုးရဝန်ထမ်းတွေနဲ့ ဓားစားခံတွေပြန်လွတ်ရေးအတွက် တုံ့ပြန်မယ့်နည်းလမ်းကိုလည်း ရှာနေပြီး စစ်ရေးအရတုံ့ပြန်မှုမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့လည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဦးရဲသိန်းဘယ်လိုသေဆုံးတယ်လို့ အေအေပြောလဲ

ဒီဇင်ဘာ ၁၁ ရက်တည်းက ဦးရဲသိန်းကို ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာအရှေ့ဘက် ၃ ကီလို မီတာအကျော်မှာရှိတဲ့ ပွိုင့် ၄၂၈ တောင်ကုန်းမှာ ယာယီထိန်းသိမ်းထားပြီး အဲဒီတောင်ကုန်းကို တပ်မတော်ဘက်က ဒီဇင်ဘာ ၂၂ ရက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အေအေပြော ခွင့်ရခိုင်သုခက ပြောပါတယ်။

"ဒီဇင်ဘာ ၂၂ မှာပစ်တယ်။ ၂၃ မှာ ပစ်တယ်။ ၂၄ မှာနားပြီးတော့ မနေ့က တစ်နေ့လုံးနီးပါးတောက် လျှောက်ပစ်နေတာ။ ညနေ ၃ နာရီ ၆ မိနစ်မှာ သူ့(ဦးရဲသိန်း) ကို ထိန်းသိမ်းထားတဲ့နေရာကိုမထင်မှတ်ဘဲ သွားထိတာ" လို့ ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်က အဲဒီလို ဒီဇင်ဘာ ၂၂ ရက်တည်းကပစ်ခတ်နေတယ်ဆိုရင် ဖမ်းဆီးထိန်း သိမ်းထား သူတွေရဲ့အသက်အန္တရာယ် လုံခြုံဖို့ နေရာရွှေ့ပြောင်းရေး မစဉ်းစားခဲ့ဘူးလားလို့ ဘီဘီစီက မေးမြန်းတဲ့အခါ ခိုင်သုခက

"အဲဒီတောင်ကုန်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့တောင်ကုန်းဗျ။ အဲဒီမှာ သူ့ကို လုံခြုံတယ်လို့ ယူဆရတဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ပဲ ထားထားတာဗျ။ လက်နက်ကြီးက အလုံးလိုက် လာထိတော့ သူ အပါအဝင် ကျွန်တော်တို့လူတချို့လည်း ဒဏ်ရာရတာ ရှိတယ်။ သူကတော့ အဲဒီမှာ အနီးကပ် သူ့ ဟို ဥစ္စာအထဲမှာ ကွဲတဲ့အခါကျတော့ သူခန္ဒာကိုယ်ကတော့အစိတ်စိတ်အမြွာမြွာဖြစ်သွား " လို့ တုံ့ပြန်ပါတယ်။

လက်နက်ကြီးက ဦးရဲသိန်းကိုတည့်တည့်ထိမှန်တဲ့အတွက် ခန္ဓာကိုယ်က အစိတ်စိတ်အမြွာမြွာဖြစ်သွားပြီး ကြည့်မကောင်းရှုမကောင်းဖြစ်ခဲ့လို့ ကောက်ယူစုစည်းပြီး မေမြှုပ် သင်္ဂြိုဟ် လိုက်ရတယ်လို့ ခိုင်သုခကပြောပါတယ်။

ဒါကြောင့် ဦးရဲသိန်းရုပ်အလောင်းကို မိသားစုထံ ပြန်အပ်လို့မဖြစ်နိုင်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးရဲသိန်းမိသားစုအတွက်စိတ်မေကောင်းကြောင်း လည်း သူကဆက်ပြောပါတယ်။
တပ်မတော်ဘက်က ဘာပြောလဲ
ဓာတ်ပုံ မူပိုင် STR
Image caption ဒီဇင်ဘာ ၂၅ မှာဘူးသီးတောင်မှာတိုက်ပွဲမဖြစ်ခဲ့ဘူးလို့ တပ်မတော်ဘက်က ပြောပါတယ်။

ဦးရဲသိန်းသေဆုံးခဲ့ရတဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ ဘူးသီးတောင်နဲ့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို လက်နက်ကြီးနဲ့ပစ်ခတ်တာလည်းမရှိဘဲ အေအေက ကလိန်ကကျစ်ထုတ်ပြန်မှုသာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ကလိန်ကကျစ် ထုတ်ပြန်ချက်လို့ပဲပြောချင်တယ်။ ဒီဇင်ဘာ ၂၄ ရက်မှာလည်း ဘူးသီးတောင်ဘက်မှာ တိုက်ပွဲမရှိဘူး။ ဒီဇင်ဘာ ၂၅ မှာလည်း မရှိဘူး။ ၂၄ မှာ လဝက က ဝန်ထမ်းသုံးယောက် ဖမ်းဆီးခံရ တာရှိတယ်။ ၂၅ ရက်မှာ တောချေင်းနဲ့ မြောက်ဦးဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ သူတို့အနေနဲ့ အဲဒီလို ကလိန်ကကျစ်ထုတ်ပြန်ချက်တွေ ထုတ်နေတာပါပဲ။ ဘူးသီးတောင်မှာရှိတဲ့ ဒေသခံတွေကို မေး ကြည့်ပါ။ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌက ဖမ်းဆီးခံရပြီး သိပ်မကြာဘူး။ နှိပ်စက်ညင်းပန်း သတ်ဖြတ်ခံရ တယ်ဆိုတဲ့ သတင်းမျိုး ဒေသခံတွေကြားမှာသိရှိခဲ့တာမျိုးရှိတယ်။ သူ့ကိုဖမ်းဆီးမခံရခင်ကတည်းက ခြိမ်းခြောက်ခံရတယ်ဆိုတာလည်း ကြားသိထားရပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အေအေဘက်က ဒီဇင်ဘာ ၂၆ ရက်အထိ ဦးရဲသိန်းသေဆုံးခဲ့တဲ့ အေအေတပ်စခန်းရှိရာ ပွိုင့် ၄၂၈ တောင်ကုန်းကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေဆဲလို့ ပြောကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"ကျွန်တော်ပြောမယ်။ ပွိုင့် ၄၂၈ တောင်ကုန်းမှာ အေအေဆိုတဲ့ဟာတွေမရှိဘူး။ ဘာလို့လဲဆိုတော့ ရှိရင်လည်း အဲဒီသတင်းမထုတ်ပြန်ဘူး။ စခန်းရှိတယ်ဆိုရင် နေရာလည်းပြောမှာမဟုတ်ဘူး။ ဒါပါပဲ။ ရှေ့ကနေ လိမ်ထားတာကို ယုတ္တိတန်အောင် နောက်ကနေ ဆက်လိမ်နေတဲ့သဘောပါပဲ" လု့ိ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးဝှေ့တင်းကို အေအေက ဖမ်းထားတာ နှစ်လနီးပါးရှိလာပါပြီ။

ဒီလို မတော်တဆထိခိုက်မှုတွေကတော့ စစ်မြေပြင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောဖြစ်ပြီး ကျန်ရှိနေတဲ့ ဖမ်းဆီးထားသူတွေရဲ့အသက်အန္တရာယ်လုံခြုံဖို့ အစွမ်းကုန်ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်မြေပြင်ဆိုတာက ဘယ်နေရာမဆို လက်နက်ကြီးထိနိုင်ပြီး ရဟတ်ယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု တွေရှိနေတယ်လို့ ခိုင်သုခက ပြောပါတယ်။

"ဒီဟာကတော့အာမခံချက်ပေးဖို့ကတော့ ခက်တာပေါ့ဗျာ။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး သူတို့ကို လုံခြုံအောင်ထားမှာပေါ့။ အဲဒီလို မတော်တဆမှုမျိုးကတော့ မဖြစ်ဘူးလို့ဘယ်သူကမှတော့အာမ မခံနိုင်ဘူး" လို့ ဆိုပါတယ်။

ဦးဝှေ့တင်းကိုလည်း အကောင်းဆုံးအလုံခြုံဆုံးထိန်းသိမ်းထားပေမယ့် အခုလို မတော်တဆဖြစ်မှုမျိုး မဖြစ် ဘူးလို့တော့အာမခံချက်မပေးနိုင်ဘူးလို့ ဆိုပါတယ်။ စစ်မြေပြင်မှာ တပ်ဘက်က လာပြီး ဗုံးကြဲတာ လက် နက်ကြီးနဲ့လာပစ်တာမှာ ဘယ်သူမှ မထိဘူးလို့တော့ မပြောနိုင်ဘူးလို့ ပြောပါတယ်။
အရပ်သားတွေက မြေစာ ပင်လား

ရခိုင်ပြည်သူတွေအတွက်တော်လှန်ရေးလုပ်နေတာလို့ အေအေကပြောပြီးတပ်မတော်ဘက်ကလည်း ရခိုင် မှာ အေအေမရှိခင်တုန်းက အေးချမ်းခဲ့ပြီး ခုအေအေရှိလာတော့မှ ခုလို အခြေအနေတွေဖြစ်နေတာလို့ လက်နက်ကိုင်နှစ်ဖက်လုံးက ပြောကြားထားပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ စစ်နယ်ပိုကျယ်လာပြီး အရပ်သားတွေကို နှစ်ဖက်လုံးက ဖမ်းဆီးမှုတွေ၊ တိုက်ပွဲ ကြား အရပ်သားတွေသေဆုံးရမှု၊ ထိခိုက် ဒဏ်ရာရမှုတွေ ရှိလာနေသလို အပြန်အလှန် ဖမ်းဆီးမှုတွေရှိတာတွေကြောင့် ရခိုင်မှာ ပဋိပက္ခက ပိုပြီး ပြင်းထန်လာတော့မယ်လို့ ဘူးသီးတောင် ဇာတိလည်း ဖြစ်၊ ဦးရဲသိန်းနဲ့ ရင်းနှီးသူလည်းဖြစ်တဲ့ ရခိုင်တိုင်းရင်းသူ လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"ရခိုင်မြောက်ပိုင်းမှာ ဟိုဘက်က ဖမ်းတာတွေ။ ဒီဘက်က ဖမ်းတာတွေ။ ပြည်သူတွေ မြေစာ ပင်တွေဖြစ်ပြီး ဒုက္ခတွေရောက်နေပါတယ်။ နှစ်ဖက် ညှိနှိုင်း ဖို့လိုပါတယ်။ အစိုးရမှာလည်း တာဝန်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့အရမ်းအ ရေးကြီးပါတယ်။ တွေ့ဆုံတဲ့အခါမှာလည်း သူ့ဘက် ကိုယ့်ဘက် အတ္တတွေ မများဘဲနဲ့ တကယ်လိုအပ်နေတာကို လိုက်လျောဖို့လိုပါတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာမထိုင်ဘဲ ခုလိုပဲ တိုက်နေရင်တော့ ကြားက မြေဇာပင်ပြည်သူတွေ ဒီထက်မက ဒုက္ခရောက်ကြဦးမှာပါ"လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

အခုလို အပြန်အလှန် အာဃာတတွေကြီးပြီး ဆက်ဖြစ်နေရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံမှုလုံးဝမရှိတော့ဘဲ စစ်မီးက ပိုလောင်ဖို့ပဲရှိတယ်လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။

အေအေအနေနဲ့သူတို့ ပြည်နယ်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်တဲ့အခါ လက်လွတ်စပယ် လုပ်လို့မရဘဲ လူ့အခွင့်အရေးကို အခြေခံစဉ်းစားဆောင်ရွက်တာမျိုးဖြစ်စေချင်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အသံ အဖွဲ့ တည်ထောင်သူ မောင်ဆောင်းခက တော့ ယူဆပါတယ်။

တော်လှန်ရေးအဖွဲ့အနေနဲ့ ဖက်ဒရယ်မရဘူး၊ ဒီမိုကရေစီမရဘူးဆိုပြီးတိုက်ပွဲဝင်နေချိန် ကိုယ်တိုင်ကလည်း လူ့အခွင့်အရေး အခြေခံ စံသဘောတရားတွေကိုလိုက်နာရမယ်လို့သူက ဆိုပါတယ်။

အိုင်စီဂျေကိုထောက်ခံတာ ကန့်ကွက်တာဟာ လူတစ်ဦးချင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပြီး ဒါကို ကန့်သတ်တာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ မောင်ဆောင်းခက ပြောပါတယ်။

"ဖမ်းဆီးတဲ့အခါ လက်လွတ်စပယ်ဖမ်းတယ်။ နောက်တော့ ကြက်ကလေးငှက်ကလေးသေသွားသလိုပဲ လွယ်လင့်တကူ တိုက်ပွဲဖြစ်တဲ့အတွက် သေသွားပါတယ်ဆိုပြီး ထုတ်ပြန်လိုက်တယ်။ အေအေက ဖမ်းပြီးရင် အဲဒီလူရဲ့အသက်အိုးအိမ်စည်းစိမ်ကိုတာဝန်ယူပေးရမယ်။ အစိုးရတပ်နဲ့တိုက်ပွဲဖြစ်လို့ လက်နက်ကြီးထိလို့ သေသွားရတယ်ဆိုတာ ကောင်းတဲ့အကြောင်းပြချက်လို့တော့မမြင်ဘူး" လို့မောင်ဆောင်းခက ပြောပါတယ်။

အဲဒီအပေါ်မှာ အေအေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ပြန်ဖြေရှင်းဖို့လိုအပ်ပြီး မဟုတ်ရင် အေအေ အပေါ် လူထုထောက်ခံမှုနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ယုံကြည်မှု ကျဆင်းနိုင်တယ်လို့ သူက ပြောပါတယ်။

တောတွင်းစစ်ဆင်ရေးမှာ ဓားစားခံကယ်တင်ရေးကို လုပ်လေ့လုပ်ထမရှိဘူးလို့ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဖမ်းခံထားရတဲ့အခြေအနေနဲ့ အဖမ်းခံထားရတဲ့ဒေသအနေအထားပေါ်မူတည်ပြီး ခုလို တောတွင်း စစ်ဆင်ရေးမှာတော့ အခြေအနေက ပိုခက်ခဲနိုင်တယ်လို့ သူက ဆိုပါတယ်။

"အဓိက အခြေခံမူကတော့ တက်နိုင်သမျှ ဓားစားခံတွေ အထိအခိုက်မရှိဘဲနဲ့ ကယ်ထုတ်နိုင်ဖို့ပေါ့။ ဒါပေမဲ့ တောတွင်း စစ်ဆင်ရေးမှာတော့ ဒီကိစ္စက အတော်ခက်ပါတယ်။ ခွဲခြားရတာ ခက်တာကိုး။ တောတွင်းစစ်ဆင်ရေးမှာတော့ အတိ အကျတော့ မရှိဘူး။ မြို့ပေါ်မှာ အကြမ်းဖက်သမားတွေက ဓားစားခံဖမ်းထားတဲ့အခြေအနေမျိုးနဲ့ ဆိုရင်သာ နှစ်ဖက် ဆွေးနွေးတဲ့အခါ ဘယ်လိုလုပ်ရမလဲ။ ကယ်ထုတ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲရှိတာ။ တောတွင်းစစ်ဆင်ရေးမှာတော့ အဲဒီလိုအသေးစိတ်မရှိဘူး။ အဓိကကတော့ တက်နိုင်သမျှ ဓားစားခံတွေအသေအပျောက်နည်းအောင်လုပ်ရမယ်ဆိုတဲ့ ဟာမျိုးပဲရှိပါတယ်" လို့ တပ်မတော်ဘက်က ဓားစားခံကယ်ဆယ်ရေးလုပ်ထုံးလုပ်နည်းနဲ့ပတ်သက်လို့ရှင်းပြပါတယ်။

တပ်မတော်နဲ့ အေအေတို့ ကြား တိုက်ပွဲတွေဖြစ်ပွားတာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး အရပ်သားသေဆုံးမှု တစ်ရာကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ရာနီးပါးရှိလာပြီလို့ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန် ထားပါတယ်။

BBC Burmese
https://www.bbc.com
ရခိုင္မွာ စစ္မီး ပိုေတာက္ေလာင္မလားဆိုၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေန ရခိုင္မွာ စစ္မီး ပိုေတာက္ေလာင္မလားဆိုၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေန Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.