ရဲတပ္ဖြဲ႕ ၄ ခုက က်ပ္သိန္း ၆ ေထာင္ေက်ာ္ အလြဲသုံးစားလုပ္ခဲ့

စာရင္းခ်ဳပ္ဦးေမာ္သန္း အစီရင္ခံစာ ဖတ္ၾကားေနစဥ္
(Zawgyi)⤵⤵⤵
ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္က ရဲတပ္ဖြဲ႕ ၄ ခုမွာ က်ပ္သိန္း ၆ ေထာင္ေက်ာ္ အလြဲသုံးစားလုပ္ထားတာ ေတြ႕ခဲ့ရတယ္လို႔ ျမန္မာႏိုင္ငံ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒီဇင္ဘာလ ၁၇ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ ၆ လတြက္ အစီရင္ခံစာကို စာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းကိုယ္တိုင္ လာေရာက္ဖတ္ၾကားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ဧၿပီလကေန စက္တင္ဘာလအထိ ကာလအတြက္ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ ျဖစ္ပါတယ္။ အဲဒီအစီရင္ခံစာထဲမွာ ရဲတပ္ဖြဲ႕ ၄ ခုက က်ပ္သိန္း ၆ ေထာင္ေက်ာ္ အလြဲသုံးစားလုပ္ခဲ့ေၾကာင္း တင္ျပသြားတာ ျဖစ္ပါတယ္။

အလြဲသုံးစားလုပ္တဲ့ ပမာဏ အမ်ားဆုံးဌာနကေတာ့ ဟိုပန္ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးျဖစ္ပါတယ္။ အလြဲသုံးစားလုပ္တဲ့ ေငြပမာဏက က်ပ္သိန္း ၄ ေထာင္ေက်ာ္ ျဖစ္ပါတယ္။ ဒီအလြဲသုံးစားျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ျပည္ထဲေရး ဝန္ႀကီးဌာနလက္ေအာက္က ရဲအရာရွိႀကီး တဦး လာေရာက္ ရွင္းလင္းခဲ့တယ္လို႔ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ဒုတိယ ဥကၠဌ ၁ ဦးေအာင္မင္းက ဘီဘီစီကို ေျပာပါတယ္။
 ျပည္ေထာင္စုလႊတ္ေတာ္ကို ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာက်င္းပေနစဥ္

ရဲအရာရွိႀကီးက ရွင္းလင္းေျပာၾကားရာမွာ ဟိုပန္အလြဲသုံးစားအမႈကို အေရးမယူရေသးဘဲ စစ္ေဆးေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

ရဲအရာရွိႀကီးရဲ႕ ရွင္းလင္းခ်က္အရ အဓိက တာဝန္ရွိသူဟာ စာေရး အဆင့္ ၁ လို႔ဆိုပါတယ္။ စာေရး အဆင့္ ၁ ဟာ အမ်ိဳးသမီးတဦးျဖစ္ၿပီး အခုအခါမွာ ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ ဆိုပါတယ္။ အထက္အဆင့္ဆင့္က တာဝန္ရွိသူေတြကိုလည္း အေရးယူစစ္ေဆးေနတယ္လို႔ သိရေၾကာင္း ဦးေအာင္မင္းက ေျပာပါတယ္။

ေငြထုတ္ယူသုံးစြဲသူ အရာရွိဟာ ရဲမႉးတေယာက္ျဖစ္ပါတယ္။ ေငြထုတ္သူ အရာရွိရဲမႉးက စာေရးအဆင့္ ၁ ကို ခ်က္လက္မွတ္ ေရးခိုင္းခဲ့ၿပီး အဲသလို ေရးသားရာမွာ ဂဏန္းကြက္လပ္ခ်န္ေရးသားတင္ျပၿပီး ေငြပိုထုတ္သြားတာလို႔ ျပည္ထဲေရး ဝန္ႀကီးဌာနက ရွင္းျပပါတယ္။

ေငြထုတ္ယူသုံးစြဲသူ ရဲမႉးကိုေရာ ႀကီးၾကပ္သူ အထက္အရာရွိျဖစ္တဲ့ ခ႐ိုင္ရဲမႉးႀကီးကိုပါ အေရးယူစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ အဓိက တာဝန္ရွိသူ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အတြက္ အလြဲသုံးစားေငြကိုလည္း ျပန္မရေသးပါဘူး။

အမွတ္ ၃ ရဲေလ့က်င့္ေရးသင္တန္းေက်ာင္း၊ စစ္ကိုင္းၿမိဳ႕ရဲ႕ ေငြအလြဲသုံးစားျပဳလုပ္တဲ့ ပမာဏက က်ပ္သိန္း ၁ ေထာင္ေက်ာ္ျဖစ္ပါတယ္။

မႏၲေလး အေျခစိုက္ အမွတ္ ၄ လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲ၊ ေ႐ႊစာရံက အလြဲသုံးစားလုပ္တဲ့ ေငြပမာဏကေတာ့ က်ပ္သိန္း ၈၇၀ ေက်ာ္ျဖစ္ပါတယ္။

အမွတ္ ၁ ေရနံေျမလုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲ၊ ေရနံေခ်ာင္းရဲ႕ အလြဲသုံးစားျပဳလုပ္တဲ့ ေငြေၾကးပမာဏက က်ပ္သိန္း ၂၀၀ ေက်ာ္ျဖစ္ပါတယ္။

စစ္ကိုင္း၊ မႏၲေလးနဲ႔ ေရနံေခ်ာင္းရဲတပ္ဖြဲ႕ေတြရဲ႕ အလြဲသုံးစားမႈေတြကိုေတာ့ ေငြအေလ်ာ္ျပန္ရၿပီးျဖစ္သလို တာ၀န္ရွိသူေတြကိုလည္း ေထာင္ဒဏ္ခ်မွတ္တာေတြ၊ ရာထူးထုတ္ပယ္တာ၊ ရာထူးေလွ်ာ့ခ်တာေတြ ျပဳလုပ္ၿပီးျဖစ္တယ္လို႔ သိရေၾကာင္း ဦးေအာင္မင္းက ဘီဘီစီကို ေျပာပါတယ္။
ဒီဇင္ဘာလ ၁၇ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္ျမင္ကြင္း 

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရဲတပ်ဖွဲ့ ၄ ခုက ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ခဲ့


ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption စာရင်းချုပ်ဦးမော်သန်း အစီရင်ခံစာ ဖတ်ကြားနေစဉ်

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ရဲတပ်ဖွဲ့ ၄ ခုမှာ ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ထားတာ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၆ လတွက် အစီရင်ခံစာကို စာရင်းစစ်ချုပ် ဦးမော်သန်းကိုယ်တိုင် လာရောက်ဖတ်ကြားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ကာလအတွက် စာရင်းစစ်ချုပ် အစီရင်ခံစာ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ရဲတပ်ဖွဲ့ ၄ ခုက ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ခဲ့ကြောင်း တင်ပြသွားတာ ဖြစ်ပါတယ်။

အလွဲသုံးစားလုပ်တဲ့ ပမာဏ အများဆုံးဌာနကတော့ ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖြစ်ပါတယ်။ အလွဲသုံးစားလုပ်တဲ့ ငွေပမာဏက ကျပ်သိန်း ၄ ထောင်ကျော် ဖြစ်ပါတယ်။ ဒီအလွဲသုံးစားဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်က ရဲအရာရှိကြီး တဦး လာရောက် ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဌ ၁ ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption ပြည်ထောင်စုလွှတ်တော်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာကျင်းပနေစဉ်

ရဲအရာရှိကြီးက ရှင်းလင်းပြောကြားရာမှာ ဟိုပန်အလွဲသုံးစားအမှုကို အရေးမယူရသေးဘဲ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရဲအရာရှိကြီးရဲ့ ရှင်းလင်းချက်အရ အဓိက တာဝန်ရှိသူဟာ စာရေး အဆင့် ၁ လို့ဆိုပါတယ်။ စာရေး အဆင့် ၁ ဟာ အမျိုးသမီးတဦးဖြစ်ပြီး အခုအခါမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ အထက်အဆင့်ဆင့်က တာဝန်ရှိသူတွေကိုလည်း အရေးယူစစ်ဆေးနေတယ်လို့ သိရကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ငွေထုတ်ယူသုံးစွဲသူ အရာရှိဟာ ရဲမှူးတယောက်ဖြစ်ပါတယ်။ ငွေထုတ်သူ အရာရှိရဲမှူးက စာရေးအဆင့် ၁ ကို ချက်လက်မှတ် ရေးခိုင်းခဲ့ပြီး အဲသလို ရေးသားရာမှာ ဂဏန်းကွက်လပ်ချန်ရေးသားတင်ပြပြီး ငွေပိုထုတ်သွားတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ရှင်းပြပါတယ်။

ငွေထုတ်ယူသုံးစွဲသူ ရဲမှူးကိုရော ကြီးကြပ်သူ အထက်အရာရှိဖြစ်တဲ့ ခရိုင်ရဲမှူးကြီးကိုပါ အရေးယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဓိက တာဝန်ရှိသူ ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် အလွဲသုံးစားငွေကိုလည်း ပြန်မရသေးပါဘူး။

အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ စစ်ကိုင်းမြို့ရဲ့ ငွေအလွဲသုံးစားပြုလုပ်တဲ့ ပမာဏက ကျပ်သိန်း ၁ ထောင်ကျော်ဖြစ်ပါတယ်။

မန္တလေး အခြေစိုက် အမှတ် ၄ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရွှေစာရံက အလွဲသုံးစားလုပ်တဲ့ ငွေပမာဏကတော့ ကျပ်သိန်း ၈၇၀ ကျော်ဖြစ်ပါတယ်။

အမှတ် ၁ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရေနံချောင်းရဲ့ အလွဲသုံးစားပြုလုပ်တဲ့ ငွေကြေးပမာဏက ကျပ်သိန်း ၂၀၀ ကျော်ဖြစ်ပါတယ်။

စစ်ကိုင်း၊ မန္တလေးနဲ့ ရေနံချောင်းရဲတပ်ဖွဲ့တွေရဲ့ အလွဲသုံးစားမှုတွေကိုတော့ ငွေအလျော်ပြန်ရပြီးဖြစ်သလို တာဝန်ရှိသူတွေကိုလည်း ထောင်ဒဏ်ချမှတ်တာတွေ၊ ရာထူးထုတ်ပယ်တာ၊ ရာထူးလျှော့ချတာတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ သိရကြောင်း ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption ဒီဇင်ဘာလ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မြင်ကွင်း

BBC Burmese
https://www.bbc.com
ရဲတပ္ဖြဲ႕ ၄ ခုက က်ပ္သိန္း ၆ ေထာင္ေက်ာ္ အလြဲသုံးစားလုပ္ခဲ့ ရဲတပ္ဖြဲ႕ ၄ ခုက က်ပ္သိန္း ၆ ေထာင္ေက်ာ္ အလြဲသုံးစားလုပ္ခဲ့ Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.