စပါးသိမ္းတဲ့လယ္ကြင္းအနီး တိုက္ပြဲရပ္ထားဖို႔ ရခိုင္အရပ္ဘက္အဖြဲ႕ ပန္ၾကား

ရခိုင္ျပည္နယ္က မရိတ္သိမ္းရေသးတဲ့ စပါးခင္းတစ္ခုကို ၂၀၁၉၊ ႏိုဝင္ဘာလက ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
လက္ရွိအခ်ိန္ဟာ စပါးရိတ္သိမ္း၊ ေခြၽလည့္၊ သိမ္းဆည္းရတဲ့ ကာလျဖစ္ၿပီး ႏွစ္ဘက္လက္နက္ကိုင္ အဖြဲ႕အစည္းေတြအေနနဲ႔ ေတာင္သူေတြရဲ႕ ရိတ္သိမ္းၿပီး သိုေလွာင္ထားတဲ့ စပါးေတြကိုလည္း သံသယနဲ႔ ဖ်က္ဆီး သိမ္းပိုက္တာေတြမလုပ္ဖို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) ရဲ႕ ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

လယ္သမားေတြရိတ္သိမ္းၿပီး သိုေလွာင္ထားတဲ့စပါးေတြဟာ တစ္ဘက္အဖြဲ႕ အေထာက္အပံ့ျဖစ္မယ့္ ရိကၡာေတြဆိုၿပီး ဖ်က္ဆီး သိမ္းယူတာ မလုပ္ဖို႔လည္း ေတာင္းဆိုတယ္လို႔ REC အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“တခ်ိဳ႕ ရိတ္သိမ္းၿပီးစပါးေတြကို ႐ြာေတြမွာ စပါးက်ီမွာ သိုေလွာင္ထားတဲ့အခါမွာ ဒါက AA အတြက္ ရိကၡာစုေဆာင္းထားတာဆိုၿပီး သံသယေတြနဲ႔ စပါးေတြကို ႐ြာသားေတြမရွိတဲ့အခ်ိန္ ဖ်က္ဆီးသြားတာ သိမ္းဆည္းသြားတာေတြရွိတယ္ ဒါေတြကိုပါ မျဖစ္ေအာင္ ေတာင္းဆိုထားတာျဖစ္တယ္။”

လယ္ယာ လုပ္ငန္းခြင္အတြင္း မိုင္းေထာင္တာ၊ တိုက္ပြဲျဖစ္တာ လုပ္ငန္းခြင္ဆင္းေနသူေတြကို သံသယနဲ႔ ဖမ္းဆီးတာ ပစ္ခတ္တာေတြဟာ လယ္ယာလုပ္ငန္းအတြက္ ခ်ိန္းေျခာက္မႈေတြျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

REC ရဲ႕ ေတာင္းဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးနဲ႔ AA ေျပာခြင့္ရွိသူေတြထံ RFA က ဒီကေန႔ ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားတာ မရွိပါဘူး။

ရခိုင္ျပည္နယ္အတြင္း စစ္ေဘးေၾကာင့္ ဒုကၡေရာက္ေနသူ ၉၆၀၀၀ ေက်ာ္မွာ ၈၀ ရာခိုင္ႏႈန္းက  ေတာင္သူလယ္သမားေတြ ျဖစ္ပါတယ္။

လယ္ယာစိုက္ပ်ိဳးဖို႔အတြက္ ေခ်းယူထားတဲ့ ေခ်းေငြကို စပါးရိတ္သိမ္းႏိုင္မွ ျပန္ဆပ္ႏိုင္မွာျဖစ္တယ္၊ လာမယ့္ႏွစ္ ဝမ္းစာအတြက္ သိုေလွာင္မယ့္ စပါးကို လူသားခ်င္း စာနာစိတ္ထားၿပီး ေရွာင္ရွားေပးၾကဖို႔ လိုတယ္လို႔လည္း REC က ႏွစ္ဘက္တပ္ေတြကို တိုက္တြန္းထားပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ လင္းေႁမြေတာင္အနီးမွာ တိုက္ပြဲေတြေၾကာင့္ စပါးစိုက္ခင္းေတြ အခုထိ မရိတ္သိမ္းႏိုင္ေသးဘူးလို႔ ေျမာက္ဦးၿမိဳ႕နယ္ ေတာင္သူလယ္သမားသမဂၢအဖြဲ႕  ဥကၠ႒လည္းျဖစ္ လယ္သမားတစ္ဦးလည္းျဖစ္သူ ဦးေစာႏိုင္က ေျပာပါတယ္။

“စိုက္တုန္းအခ်ိန္က စိုက္ခဲ့တာေပါ့ အခုရိတ္သိမ္းရတဲ့အခါ အျပင္ဘက္က ျပႆနာမရွိပါဘူး။ ကြၽန္ေတာ္တို႔ တိမ္ညိဳနယ္ထဲမွာရွိတယ္ ထိပ္ဝျပင္နားမွာ လင္းေႁမြေတာင္ဆိုတာ အဲဒီေတာင္နားမွာ စစ္စခန္းခ်ထားတာရွိတယ္။ အဲဒီအနီးအနားမွာ ရိတ္လို႔ကိုမရတာ အဲဒီနားကို လူပဲလာလာ စက္ပဲလာလာ လွမ္းပစ္တာရွိတယ္ ေတာင္ေပၚကေန။”

တိုက္ပြဲေတြေၾကာင့္ ေျမာက္ဦး၊ ေအာက္သားကန္နဲ႔ လကၠာေက်း႐ြာေတြဟာ ႐ြာလုံးကြၽတ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတာေၾကာင့္ စပါးခင္းေတြ မရိတ္ႏိုင္သလို ရိတ္သိမ္းၿပီး သိုေလွာင္သိမ္းဆည္းဖို႔အတြက္လည္း ခက္ခဲေနတယ္လို႔ ေျပာပါတယ္။

ရိတ္သိမ္းဖို႔အတြက္လည္း လုပ္သား ရွားျပားမႈျပႆနာ ႀကဳံေတြ႕ေနရတာပါ။ စက္နဲ႔ မရိတ္သိမ္းႏိုင္တဲ့ ေနရာေတြမွာ လူအင္အားနဲ႔ ရိတ္သိမ္းဖို႔ အဆင္မေျပဘူးလို႔လည္း ေျပာပါတယ္။

REC ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေတာင္သူေတြ ႀကဳံေတြ႕ေနရတဲ့ လုပ္သား အခက္အခဲ၊ လုပ္ငန္းခြင္ လုံၿခဳံမႈ အခက္အခဲတို႔ကို ထိေရာက္စြာကူညီေပးဖို႔ အစိုးရကို ေတာင္းဆိုထားသလို၊ စီးပြားေရးလုပ္ငန္းရွင္ေတြကိုလည္း အက်ိဳးအျမတ္ကို ပဓာန မထားဘဲ ကူညီေပးၾကဖို႔ ေတာင္းဆိုထားပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္မွာ စိုက္ပ်ိဳးၿပီး မရိတ္သိမ္းႏိုင္တဲ့ ဧက ႏွစ္ေသာင္းေက်ာ္ ရွိေနၿပီး တစ္ၿမိဳ႕လုံးဆိုရင္ ဧက ၄ ေသာင္းေက်ာ္ ရွိႏိုင္တယ္လို႔ ဦးေစာႏိုင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ စပါးစိုက္ဧက ၁၂ သိန္းေက်ာ္ရွိၿပီး မစိုက္ပ်ိဳးႏိုင္တဲ့ဧက ႏွစ္သိန္းေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
-----------------
(Unicode)⤵⤵⤵
စပါးသိမ်းတဲ့လယ်ကွင်းအနီး တိုက်ပွဲရပ်ထားဖို့ ရခိုင်အရပ်ဘက်အဖွဲ့ ပန်ကြား

ရခိုင်ပြည်နယ်က မရိတ်သိမ်းရသေးတဲ့ စပါးခင်းတစ်ခုကို ၂၀၁၉၊ နိုဝင်ဘာလက တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

လက်ရှိအချိန်ဟာ စပါးရိတ်သိမ်း၊ ချွေလည့်၊ သိမ်းဆည်းရတဲ့ ကာလဖြစ်ပြီး နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တောင်သူတွေရဲ့ ရိတ်သိမ်းပြီး သိုလှောင်ထားတဲ့ စပါးတွေကိုလည်း သံသယနဲ့ ဖျက်ဆီး သိမ်းပိုက်တာတွေမလုပ်ဖို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

လယ်သမားတွေရိတ်သိမ်းပြီး သိုလှောင်ထားတဲ့စပါးတွေဟာ တစ်ဘက်အဖွဲ့ အထောက်အပံ့ဖြစ်မယ့် ရိက္ခာတွေဆိုပြီး ဖျက်ဆီး သိမ်းယူတာ မလုပ်ဖို့လည်း တောင်းဆိုတယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“တချို့ ရိတ်သိမ်းပြီးစပါးတွေကို ရွာတွေမှာ စပါးကျီမှာ သိုလှောင်ထားတဲ့အခါမှာ ဒါက AA အတွက် ရိက္ခာစုဆောင်းထားတာဆိုပြီး သံသယတွေနဲ့ စပါးတွေကို ရွာသားတွေမရှိတဲ့အချိန် ဖျက်ဆီးသွားတာ သိမ်းဆည်းသွားတာတွေရှိတယ် ဒါတွေကိုပါ မဖြစ်အောင် တောင်းဆိုထားတာဖြစ်တယ်။”

လယ်ယာ လုပ်ငန်းခွင်အတွင်း မိုင်းထောင်တာ၊ တိုက်ပွဲဖြစ်တာ လုပ်ငန်းခွင်ဆင်းနေသူတွေကို သံသယနဲ့ ဖမ်းဆီးတာ ပစ်ခတ်တာတွေဟာ လယ်ယာလုပ်ငန်းအတွက် ချိန်းခြောက်မှုတွေဖြစ်နေတယ်လို့လည်း ပြောပါတယ်။

REC ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ AA ပြောခွင့်ရှိသူတွေထံ RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးကြောင့် ဒုက္ခရောက်နေသူ ၉၆၀၀၀ ကျော်မှာ ၈၀ ရာခိုင်နှုန်းက  တောင်သူလယ်သမားတွေ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးဖို့အတွက် ချေးယူထားတဲ့ ချေးငွေကို စပါးရိတ်သိမ်းနိုင်မှ ပြန်ဆပ်နိုင်မှာဖြစ်တယ်၊ လာမယ့်နှစ် ဝမ်းစာအတွက် သိုလှောင်မယ့် စပါးကို လူသားချင်း စာနာစိတ်ထားပြီး ရှောင်ရှားပေးကြဖို့ လိုတယ်လို့လည်း REC က နှစ်ဘက်တပ်တွေကို တိုက်တွန်းထားပါတယ်။

မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီးမှာ တိုက်ပွဲတွေကြောင့် စပါးစိုက်ခင်းတွေ အခုထိ မရိတ်သိမ်းနိုင်သေးဘူးလို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့  ဥက္ကဋ္ဌလည်းဖြစ် လယ်သမားတစ်ဦးလည်းဖြစ်သူ ဦးစောနိုင်က ပြောပါတယ်။

“စိုက်တုန်းအချိန်က စိုက်ခဲ့တာပေါ့ အခုရိတ်သိမ်းရတဲ့အခါ အပြင်ဘက်က ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ တိမ်ညိုနယ်ထဲမှာရှိတယ် ထိပ်ဝပြင်နားမှာ လင်းမြွေတောင်ဆိုတာ အဲဒီတောင်နားမှာ စစ်စခန်းချထားတာရှိတယ်။ အဲဒီအနီးအနားမှာ ရိတ်လို့ကိုမရတာ အဲဒီနားကို လူပဲလာလာ စက်ပဲလာလာ လှမ်းပစ်တာရှိတယ် တောင်ပေါ်ကနေ။”

တိုက်ပွဲတွေကြောင့် မြောက်ဦး၊ အောက်သားကန်နဲ့ လက္ကာကျေးရွာတွေဟာ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် စပါးခင်းတွေ မရိတ်နိုင်သလို ရိတ်သိမ်းပြီး သိုလှောင်သိမ်းဆည်းဖို့အတွက်လည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။

ရိတ်သိမ်းဖို့အတွက်လည်း လုပ်သား ရှားပြားမှုပြဿနာ ကြုံတွေ့နေရတာပါ။ စက်နဲ့ မရိတ်သိမ်းနိုင်တဲ့ နေရာတွေမှာ လူအင်အားနဲ့ ရိတ်သိမ်းဖို့ အဆင်မပြေဘူးလို့လည်း ပြောပါတယ်။

REC ရဲ့ ထုတ်ပြန်ချက်ထဲမှာ တောင်သူတွေ ကြုံတွေ့နေရတဲ့ လုပ်သား အခက်အခဲ၊ လုပ်ငန်းခွင် လုံခြုံမှု အခက်အခဲတို့ကို ထိရောက်စွာကူညီပေးဖို့ အစိုးရကို တောင်းဆိုထားသလို၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အကျိုးအမြတ်ကို ပဓာန မထားဘဲ ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

မြောက်ဦးမြို့နယ်မှာ စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်တဲ့ ဧက နှစ်သောင်းကျော် ရှိနေပြီး တစ်မြို့လုံးဆိုရင် ဧက ၄ သောင်းကျော် ရှိနိုင်တယ်လို့ ဦးစောနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိပြီး မစိုက်ပျိုးနိုင်တဲ့ဧက နှစ်သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
စပါးသိမ္းတဲ့လယ္ကြင္းအနီး တိုက္ပြဲရပ္ထားဖို႔ ရခိုင္အရပ္ဘက္အဖြဲ႕ ပန္ၾကား စပါးသိမ္းတဲ့လယ္ကြင္းအနီး တိုက္ပြဲရပ္ထားဖို႔ ရခိုင္အရပ္ဘက္အဖြဲ႕ ပန္ၾကား Reviewed by THITHTOOLWIN on 23:31 Rating: 5
Powered by Blogger.