ပလက္ဝၿမိဳ႕နယ္မွာ စက္ေလွတစ္စင္းေပ်ာက္ဆုံး

(Zawgyi)⤵⤵⤵
ပလက္ဝ၊ ဒီဇင္ဘာ-၅ ၊ ၂၀၁၉

ပလက္ဝၿမိဳ႕နယ္ထဲမွာ ပလက္ဝနဲ႔ ေတာင္ၿပိဳေက်း႐ြာ ေျပးဆြဲေနတဲ့ စက္ေလွတစ္စင္း ေပ်ာက္ဆုံးသြားတယ္လို႔ သိရပါတယ္။

“စက္ေလွေပ်ာက္သြားတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ ေတာင္ၿပိဳဘက္က ဆင္းလာခ်ိန္မွာ ျဖစ္သြားတယ္လို႔ သိရတယ္။ စက္ေလွေပၚမွာ လူဘယ္ႏွေယာက္ပါသြားတယ္ဆိုတာေတာ့ မသိရေသးဘူး”လို႔ စက္ေလွပိုင္ရွင္ျဖစ္သူက ေျပာပါတယ္။

ဒီစက္ေလွေပ်ာက္ဆုံးမႈဟာ ရခိုင့္လက္နက္ကိုင္အဖြဲ႕(AA) က ဖမ္းဆီးသြားသလားဆိုတာကို အတည္ျပဳႏိုင္ဖို႔အတြက္ AA အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို တယ္လီဖုန္းကတစ္ဆင့္ ဆက္သြယ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ခရီးသည္တင္စက္ေလွေတြကို AA အဖြဲ႕က အရင္က ဖမ္းဆီးခဲ့တာေတြ ရွိခဲ့ဖူးၿပီး ပလက္ဝၿမိဳ႕နယ္ က်ီးေလေက်း႐ြာအနီးမွာလည္း စက္ေလွတစ္စီးဖမ္းဆီးခံရဖူးေၾကာင္း အမည္မေဖာ္လိုတဲ့ ပလက္ဝၿမိဳ႕နယ္ေန ေဒသခံတစ္ဦးက ေျပာပါတယ္။

မင္းရန္ႏိုင္(VOM)
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး

ပလက်ဝ၊ ဒီဇင်ဘာ-၅ ၊ ၂၀၁၉

ပလက်ဝမြို့နယ်ထဲမှာ ပလက်ဝနဲ့ တောင်ပြိုကျေးရွာ ပြေးဆွဲနေတဲ့ စက်လှေတစ်စင်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

“စက်လှေပျောက်သွားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ တောင်ပြိုဘက်က ဆင်းလာချိန်မှာ ဖြစ်သွားတယ်လို့ သိရတယ်။ စက်လှေပေါ်မှာ လူဘယ်နှယောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ စက်လှေပိုင်ရှင်ဖြစ်သူက ပြောပါတယ်။

ဒီစက်လှေပျောက်ဆုံးမှုဟာ ရခိုင့်လက်နက်ကိုင်အဖွဲ့(AA) က ဖမ်းဆီးသွားသလားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ခရီးသည်တင်စက်လှေတွေကို AA အဖွဲ့က အရင်က ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ဖူးပြီး ပလက်ဝမြို့နယ် ကျီးလေကျေးရွာအနီးမှာလည်း စက်လှေတစ်စီးဖမ်းဆီးခံရဖူးကြောင်း အမည်မဖော်လိုတဲ့ ပလက်ဝမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းရန်နိုင်(VOM)
https://www.facebook.com/GoldenTriangleRegionalNews/
ပလက္ဝၿမိဳ႕နယ္မွာ စက္ေလွတစ္စင္းေပ်ာက္ဆုံး ပလက္ဝၿမိဳ႕နယ္မွာ စက္ေလွတစ္စင္းေပ်ာက္ဆုံး Reviewed by THITHTOOLWIN on 02:36 Rating: 5
Powered by Blogger.