မေဒါက္ၿမိဳ႕၌ အရက္ေသစာေသာက္စားၿပီးလူသတ္မႈျဖစ္ပြား


(Zawgyi)⤵⤵⤵
မေဒါက္ ဒီဇင္ဘာ ၁၅
ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္ မေဒါက္ၿမိဳ႕ ၿမိဳ႕မ(၂)ရပ္ကြက္ စာဖတ္ရံလမ္းတြင္ ဒီဇင္ဘာ ၁၄ ရက္ ည ၈နာရီခြဲခန္႔ကအရက္ေသစာ ေသာက္စားၿပီးလူသတ္မူျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္း၌ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဌးဝင္း တာဝန္မႉးထမ္းေဆာင္ေနစဥ္ မေဒါက္ၿမိဳ႕၊ၿမိဳ႕မ(၂)ရပ္ကြက္စာ ဖတ္႐ုံလမ္းေနဦးခ်မ္းသာေရာက္ရွိလာၿပီးေျပာျပသည္မွာ ဒီဇင္ဘာ ၁၄ ရက္ ည၈နာရီခြဲခန္႔ဦးခ်မ္းသာေနအိမ္၌ရွိ ေနစဥ္အကိုျဖစ္သူဦးေဇာ္မိုး(ခ) ကုလားႀကီး အသက္(၄၅)ႏွစ္သည္ တစ္လမ္းတည္းေနသူသည္အ႐ိုက္ခံ ရေၾကာင္းလူအမ်ားကေအာ္ဟစ္ေျပာဆိုေနမႈေၾကာင့္သြားေရာက္ ၾကည့္ရႈရာ ဦးေဇာ္မိုးမွာလမ္းမေပၚတြင္ယာနားေသြးထြက္၊ ႏွာေခါင္း ေသြးထြက္အေပၚေအာက္ႏႈတ္ခမ္းကြဲ၊ဝဲနဖူးဖူးေရာင္ဒဏ္ရာမ်ားျဖင့္ လဲက်ေနရာသည္ကိုေတြ႕ျမင္ရသျဖင့္မေဒါက္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ေသဆုံးသြားခဲ့ေၾကာင္းထြက္ဆိုေျပာျပခဲ့သည္။

ျဖစ္စဥ္ႏွင့္ပက္သက္၍စုံစမ္းရာၿဖိဳးေဇာ္ေအာင္(ခ)ကိုၿဖိဳးအသက္(၂၂)ႏွစ္ မေဒါက္ၿမိဳ႕၊ၿမိဳ႕မ(၂)ရပ္ကြက္၊လွည္းဆိပ္ပိုင္းေနသူမွအရက္ေသစာေသာက္စားၿပီးလမ္းမေပၚတြင္ေဇာ္မိုး(ခ)ကုလားႀကီးႏွင့္ေတြ႕ဆုံစကားမ်ားရာမွ အနီးရွိအလ်ား ၃ ေပခန္႔လုံးပတ္ ၃ လက္မခန္႔ရွိဝါးရင္းတုတ္ျဖင့္ ႐ိုက္ႏွက္ခဲ့ျခင္းေၾကာင့္ေသဆုံးသြားျခင္းျဖစ္ေၾကာင္းသိရသည္။

သို႔ပါ၍အသက္ေသဆုံးေအာင္ျပဳလုပ္ခဲ့ေသာၿဖိဳးေဇာ္ေအာင္(ခ)ကိုၿဖိဳးအားအေရးယူေပးပါရန္ဦးခ်မ္းသာမွတိုင္တန္းလာသျဖင့္ျပစ္မူက်ဴးလြန္သူ ၿဖိဳးေဇာ္ေအာင္(ခ)ကိုၿဖိဳးအားအမႈျဖင့္ဖမ္းဆီးကာေညာင္ေလးပင္ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္အေရးယူေဆာက္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ေနလင္း(ေညာင္ေလးပင္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
မဒေါက်မြို့၌ အရက်သေစာသောက်စားပြီးလူသတ်မှုဖြစ်ပွား

မဒေါက် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ မြို့မ(၂)ရပ်ကွက် စာဖတ်ရံလမ်းတွင် ဒီဇင်ဘာ ၁၄ ရက် ည ၈နာရီခွဲခန့်ကအရက်သေစာ သောက်စားပြီးလူသတ်မူဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့မရဲစခန်း၌မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဝင်း တာဝန်မှူးထမ်းဆောင်နေစဉ် မဒေါက်မြို့၊မြို့မ(၂)ရပ်ကွက်စာ ဖတ်ရုံလမ်းနေဦးချမ်းသာရောက်ရှိလာပြီးပြောပြသည်မှာ ဒီဇင်ဘာ ၁၄ ရက် ည၈နာရီခွဲခန့်ဦးချမ်းသာနေအိမ်၌ရှိ နေစဉ်အကိုဖြစ်သူဦးဇော်မိုး(ခ) ကုလားကြီး အသက်(၄၅)နှစ်သည် တစ်လမ်းတည်းနေသူသည်အရိုက်ခံ ရကြောင်းလူအများကအော်ဟစ်ပြောဆိုနေမှုကြောင့်သွားရောက် ကြည့်ရှုရာ ဦးဇော်မိုးမှာလမ်းမပေါ်တွင်ယာနားသွေးထွက်၊ နှာခေါင်း သွေးထွက်အပေါ်အောက်နှုတ်ခမ်းကွဲ၊ဝဲနဖူးဖူးရောင်ဒဏ်ရာများဖြင့် လဲကျနေရာသည်ကိုတွေ့မြင်ရသဖြင့်မဒေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားခဲ့ကြောင်းထွက်ဆိုပြောပြခဲ့သည်။

ဖြစ်စဉ်နှင့်ပက်သက်၍စုံစမ်းရာဖြိုးဇော်အောင်(ခ)ကိုဖြိုးအသက်(၂၂)နှစ် မဒေါက်မြို့၊မြို့မ(၂)ရပ်ကွက်၊လှည်းဆိပ်ပိုင်းနေသူမှအရက်သေစာသောက်စားပြီးလမ်းမပေါ်တွင်ဇော်မိုး(ခ)ကုလားကြီးနှင့်တွေ့ဆုံစကားများရာမှ အနီးရှိအလျား ၃ ပေခန့်လုံးပတ် ၃ လက်မခန့်ရှိဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
သို့ပါ၍အသက်သေဆုံးအောင်ပြုလုပ်ခဲ့သောဖြိုးဇော်အောင်(ခ)ကိုဖြိုးအားအရေးယူပေးပါရန်ဦးချမ်းသာမှတိုင်တန်းလာသဖြင့်ပြစ်မူကျူးလွန်သူ ဖြိုးဇော်အောင်(ခ)ကိုဖြိုးအားအမှုဖြင့်ဖမ်းဆီးကာညောင်လေးပင်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောက်ရွက်လျက်ရှိကြောင်းသိရသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မေဒါက္ၿမိဳ႕၌ အရက္ေသစာေသာက္စားၿပီးလူသတ္မႈျဖစ္ပြား မေဒါက္ၿမိဳ႕၌ အရက္ေသစာေသာက္စားၿပီးလူသတ္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.