အိမ္တြင္းေလထုညစ္ညမ္းမႈကို ဘယ္လိုေလွ်ာ့ခ်မလဲ

(Zawgyi)⤵⤵⤵
ေလထုညစ္ညမ္းမႈနဲ႔ ပတ္သက္လာရင္ လူေတာ္ေတာ္မ်ားမ်ားက ျပင္ပက ကားအိတ္ေဇာပိုက္က ထြက္တဲ့ အခိုးအေငြ႕ေတြေလာက္ကိုပဲ သတိထားမိတတ္ပါတယ္။ တကယ္တမ္းက ျပင္ပေလထုညစ္ညမ္းမႈထက္ အိမ္တြင္းေလထုညစ္ညမ္းမႈက လူေတြရဲ႕ က်န္းမာေရးကို ပိုၿပီးဒုကၡျဖစ္ေစတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အျပင္မွာက ေလထုကို ညစ္ညမ္းေစတဲ့ အရာတစ္ခုက ေဘးဘက္ေတြကို ျပန႔္ႏွံ႔သြားဖို႔ ပိုလြယ္တဲ့အတြက္ ရႉမိရင္ေတာင္ အဆိပ္ပမာဏက သိပ္မမ်ားေတာ့ပါဘူး။ အိမ္ထဲမွာျဖစ္တဲ့ ေလထုညစ္ညမ္းမႈဟာဆိုရင္ ေဘးဘက္နံရံ၊ ျပတင္းေပါက္၊ တံခါးေတြနဲ႔ အလုံပိတ္ထားလိုက္ေတာ့ အဆိပ္ေငြ႕ေတြက အျပင္ဘက္ကို ေရာက္မသြားဘဲ အိမ္ထဲမွာေနေနတဲ့သူတိုင္း ဒီေလကို ရႉမိၿပီး အဆိပ္သင့္ရေတာ့တာေပါ့။ ဒီအဆိပ္ေငြ႕ေတြကို ေန႔စဥ္ရက္ဆက္ ရႉေနရတဲ့အခါ အဆုတ္နဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြ၊ ေရာဂါေတြအျပင္ ျပင္းထန္တဲ့ ကင္ဆာေဝဒနာအဆင့္ထိပါ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ အဓိက အိမ္တြင္းေလထုညစ္ညမ္းမႈကို ဘယ္အရာေတြက ျဖစ္ေစႏိုင္လဲ၊ ဘယ္လိုကာကြယ္မႈမ်ိဳးေတြ လုပ္ေဆာင္သင့္လဲဆိုတာကို လူတိုင္းသိထားသင့္ပါတယ္။

အိမ္တြင္းေလထုညစ္ညမ္းမႈကို ျဖစ္ေစတဲ့ သင္သတိမထားမိေလာက္တဲ့ တရားခံေတြ

၁။ နဂိုသုတ္ထားတဲ့ အိမ္သုတ္ေဆးေတြ၊ နံရံေတြက အမႈန႔္ေတြကြာက်ၿပီး ေလထဲမွာ ျပန႔္ေနတာကို အိမ္အိုအိမ္ေဟာင္းေတြမွာ ေနထိုင္ေနတဲ့သူေတြ သတိထားမိၾကမွာပါ။ ဒီအမႈန႔္ကို ေက်ာက္ဂြမ္းမႈန႔္ (Asbestos) လို႔လည္းေခၚၿပီး ေဟာင္းေနတဲ့ တိုက္အိမ္ေတြ၊ နံရံ၊ မ်က္ႏွာက်က္၊ ၾကမ္းခင္း၊ အိမ္ေဆာက္ပစၥည္းေတြမွာ အမ်ားဆုံးေတြ႕ရၿပီး ေဆာက္ကာစ တိုက္အိမ္ အသစ္ေတြမွာေတာ့ သိပ္မေတြ႕ရပါဘူး။ အဲ့အမႈန႔္ေတြဟာ အိမ္တြင္းေလထုညစ္ညမ္းမႈကို ျဖစ္ေစၿပီး ေန႔တိုင္းလိုလို ရႉရႈိက္ရင္းကေန ေက်ာက္ဂြမ္းမႈန႔္ေၾကာင့္ျဖစ္တဲ့ အဆုတ္နာေရာဂါ (Asbestosis) ေတြကိုပါ ျဖစ္ေစႏိုင္ပါတယ္။

၂။ ၂၀၀၀ ခုႏွစ္မတိုင္ခင္က တခ်ိဳ႕ေသာ အိမ္သုတ္ေဆးေတြ၊ ေလ၊ ေရလုံေစဖို႔ ခ်ိပ္ပိတ္ပစၥည္း၊ သစ္သားၾကမ္းခင္းေတြမွာ အလြန္အနံ႔ျပင္းၿပီး အဆိပ္ရွိတဲ့ ေဖာ္မယ္ဒီဟိုက္ ဓာတ္ေငြ႕ (Formaldehyde) ပါဝင္ေနတတ္ပါတယ္။ ဟိုးအရင္ကတည္းက ေဆာက္ခဲ့တဲ့ တိုက္အိမ္ေတြမွာလည္း အမ်ားအျပား ေတြ႕ရတဲ့ ဓာတ္ေငြ႕တစ္မ်ိဳးပါ။ ဒီအေငြ႕ဟာ ေရနဲ႔ ေရာလိုက္တဲ့အခါ ေဖာ္မလင္လို႔ ေခၚတဲ့ အေလာင္းေတြကို မပုပ္မသိုးေအာင္ စိမ္ရတဲ့ ေဆးရည္အျဖစ္ ရရွိပါတယ္။ ဒီေဆးရည္ေတြကို တခ်ိဳ႕ေသာအစားအစာေတြ အလြယ္တကူ မပ်က္စီးေစဖို႔လည္း စိမ္တတ္ၾကပါေသးတယ္။

၃။ သဘာဝေျမဆီလႊာ၊ ေက်ာက္တုံးေတြက ဓာတ္ၿပိဳကြဲပ်က္စီးၿပီး ေရဒြန္ဓာတ္ေငြ႕ (Radon) ေတြ အမ်ားအျပား ထြက္လာပါတယ္။ ပုံမွန္အားျဖင့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အိမ္အမ်ားစုမွာ ေရဒြန္ဓာတ္ေငြ႕ေတြ စုပုံေနတတ္ၿပီး ပထမထပ္၊ ေျမေအာက္ခန္းေတြမွာ ဓာတ္ေငြ႕သိပ္သည္းဆ ပိုမ်ားတတ္ပါတယ္။ အနံ႔၊ အရသာမရွိတဲ့အျပင္ မ်က္စိနဲ႔လည္း မျမင္ႏိုင္တဲ့ ေရဒြန္ဓာတ္ေငြ႕ဟာဆိုရင္ ေန႔တိုင္းလိုလို ရႉရႈိက္ေနတဲ့သူေတြရဲ႕ အသက္ရႉလမ္းေၾကာင္းကိုလည္း ထိခိုက္ေစၿပီး အဆုတ္ကင္ဆာ၊ မရပ္မနား ေခ်ာင္းဆိုးျခင္း၊ ေခ်ာင္းဆိုးေသြးပါျခင္း၊ အသက္ရႉရခက္ျခင္း၊ နမိုးနီးယားအဆုတ္ေရာင္ေရာဂါေတြပါ ျဖစ္ေစႏိုင္ပါတယ္။

၄။ စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးေပါ့လိပ္၊ Vape လို႔ေခၚတဲ့ အီး စီးကရက္ေသာက္သုံးျခင္းဟာလည္း အိမ္တြင္းေရာ အိမ္ျပင္ပကိုပါ ေလထုညစ္ညမ္းေစၿပီး ဒီအေငြ႕ေတြကို ရႉရႈိက္ေနရတဲ့ အိမ္သားေတြနဲ႔ ေဘးပတ္ဝန္းက်င္ကလူေတြကိုပါ ဒုကၡျဖစ္ေစႏိုင္ပါတယ္။

၅။ ညစ္ပတ္လြန္းၿပီး သန႔္ရွင္းေရးသိပ္မလုပ္တဲ့ အိမ္ေတြ၊ စားႂကြင္းစားက်န္ေတြ၊ အမႈိက္ေတြ ပုံေနတာ၊ ျပတင္းေပါက္မွန္ေတြမွာ ဖုန္တက္ေနတာ၊ မေလွ်ာ္ရေသးတဲ့ အဝတ္ပုံေတြဟာ ပိုးမႊားအင္းဆက္ေပါင္းမ်ားစြာကို ဖိတ္ေခၚေပးသလို ျဖစ္ေစၿပီး ဓာတ္မတည့္ျဖစ္ျခင္း၊ မႈိတက္ျခင္း၊ အေရျပားမႈိစြဲျခင္း၊ အသက္ရႉက်ပ္ျခင္း၊ အေရျပားယားယံျခင္းေတြ ျဖစ္ေစပါတယ္။

၆။ ေက်ာက္မီးေသြးမီးဖိုေတြ၊ ထင္းမီးဖိုေတြ၊ သစ္႐ြက္ အမႈိက္ပုံမီးရႈိ႕တာ၊ အေမႊးတိုင္၊ ဖေယာင္းတိုင္ေတြ အမ်ားအျပားထြန္းျခင္း၊ အေၾကာ္ေညႇာ္နံ႔ေတြမွာ အသက္ရႉလမ္းေၾကာင္းကို ထိခိုက္ေစတဲ့ အဆိပ္ေငြ႕ေတြ၊ ဓာတုပစၥည္းေတြ အမ်ားအျပား ပါဝင္ပါတယ္။

၇။ အိမ္သန႔္ရွင္းေရးလုပ္တဲ့ ပစၥည္းတခ်ိဳ႕မွာ အနံ႔ျပင္းလြန္းတဲ့ ဓာတုအဆိပ္ေတြ ပါဝင္တတ္ပါတယ္။ ဒီပစၥည္းေတြနဲ႔ အိမ္သန႔္ရွင္းေရးလုပ္ၿပီးသြားတဲ့အခါ အနံ႔၊ အဆိပ္အေတာက္ ဓာတ္ေငြ႕ေတြဟာ အိမ္ခန္းထဲမွာ ရက္ေပါင္းမ်ားစြာ က်န္ေနတတ္ၿပီး အသက္ရႉလိုက္တိုင္း အဆိပ္ေငြ႕ေတြ ဝင္သြားတတ္ပါတယ္။

ဒီေတာ့ အိမ္တြင္းေလထု ညစ္ညမ္းမႈမျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ။

ေလထုညစ္ညမ္းမႈကို မျဖစ္ေစဖို႔ ႀကိဳတင္ကာကြယ္ျခင္းဟာ ကိုယ့္အိမ္၊ မိသားစုကေန စတင္ၿပီး ကိုယ့္ရဲ႕ ရပ္ကြက္ပတ္ဝန္းက်င္ကလူေတြပါ အကုန္ဝိုင္းဝန္းေဆာင္႐ြက္ဖို႔ အေရးႀကီးပါတယ္။ ဘာေတြ လုပ္ေဆာင္ရမလဲဆိုရင္ေတာ့

• အိမ္အိုအိမ္ေဟာင္းေတြမွာ ေနထိုင္ျခင္းကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္ပါ။
• ကိုယ့္အိမ္မွာ ေဆးသုတ္ထားတဲ့ ေနရာေတြ၊ နံရံနဲ႔ မ်က္ႏွာက်က္ေတြမွာ အေပါက္ေတြ၊ အက္ကြဲေၾကာင္းေတြ ျဖစ္ေနလား၊ အမႈန္ေတြ က်ေနလားဆိုတာ ေသခ်ာစစ္ပါ။ ကိုယ္တိုင္မစစ္ႏိုင္ရင္ ေဆာက္လုပ္ေရးလုပ္သားေတြ၊ အင္ဂ်င္နီယာေတြကို ေခၚၿပီး စစ္ခိုင္းၾကည့္ရင္လည္း အဆင္ေျပပါတယ္။
• လိုအပ္တဲ့ေနရာေတြမွာ အိမ္သုတ္ေဆး အသစ္ျပန္သုတ္ပါ။
• အိမ္ထဲမွာ ဖေယာင္းတိုင္၊ အေမႊးတိုင္ေတြ ထြန္းတာ တတ္ႏိုင္သေလာက္ ေရွာင္ပါ။
• အနံ႔အရမ္းျပင္းတဲ့ မီးေသြးမီးဖို၊ ထင္းမီးဖိုေတြကို မသုံးပါနဲ႔။ အဲ့ဒါေတြအစား ဂက္စ္မီးဖို၊ လွ်ပ္စစ္မီးဖိုေတြကို အသုံးျပဳပါ။
• အဝတ္ေတြကို အၿမဲေလွ်ာ္ဖြပ္ပါ။ ဝတ္ထားၿပီးသား အဝတ္ေတြကို ပုံမထားပါနဲ႔၊ ေလွ်ာ္မယ့္ေနရာကို တန္းပို႔ပါ။
• အမႈိက္ေတြကို တစ္ေန႔ တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ ေသခ်ာစြန႔္ပစ္ပါ။
• အိမ္သန႔္ရွင္းေရးကို တစ္ေန႔တစ္ခါ မလုပ္ႏိုင္ရင္ေတာင္ တစ္ရက္ျခား၊ ႏွစ္ရက္ျခား တစ္ႀကိမ္ေလာက္ လုပ္ေပးပါ။ ပိတ္ရက္ေတြမွာ မိသားစုဝင္ေတြနဲ႔ ကေလးေတြကိုပါ ကူလုပ္ခိုင္းပါ။
• ေကာ္ေဇာ္အထူႀကီးေတြ ခင္းတာထက္ ၾကမ္းခင္းပါးပါးေလးေတြပဲ ခင္းပါ။ ဖုန္အရမ္းမတက္သလို သန႔္ရွင္းေရးလုပ္ရတာလည္း ပိုလြယ္ကူေစပါတယ္။
• အိမ္မွာ ေလသန႔္စင္စက္ သို႔မဟုတ္ စိုထိုင္းဆ ထိန္းညႇိစက္ေတြ၊ ေလေအးေပးစက္ သို႔မဟုတ္ အဲကြန္း တပ္ဆင္ထားၿပီး တစ္ေန႔ တစ္ႀကိမ္ေလာက္ ဖြင့္ေပးထားပါ။
• အိမ္ထဲမွာျဖစ္ျဖစ္၊ ဝရန္တာထြက္ၿပီးေတာ့ျဖစ္ျဖစ္ ေဆးလိပ္ေသာက္တာကို ေရွာင္ပါ၊ ေဆးလိပ္ျဖတ္လိုက္ရင္ေတာ့ ကိုယ္ေရာ၊ ကိုယ့္မိသားစု ေဘးပတ္ဝန္းက်င္ကလူတိုင္းရဲ႕ က်န္းမာေရးအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈပဲေပါ့။
• အနံ႔ေမႊးေအာင္ဆိုၿပီး ေလထဲကို ဖ်န္းတဲ့ အေမႊးနံ႔ဖ်န္းေဆးေတြကို ေလွ်ာ့သုံးပါ။
• အိပ္ရာထတဲ့အခ်ိန္ ေစာင္ေတြ၊ ေခါင္းအုံးေတြကို ေသခ်ာခါပါ၊ တစ္ပတ္ တစ္ႀကိမ္ ေစာင္၊ အိပ္ရာခင္း၊ ေခါင္းအုံးစြပ္ေတြကို ေလွ်ာ္ပါ။
• အိမ္ကို ဖုန္စုပ္စက္နဲ႔ျဖစ္ေစ၊ တံျမက္စည္းနဲ႔ျဖစ္ေစ လွည္းက်င္းေပးပါ။

ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို ေသခ်ာလိုက္နာၿပီး ကိုယ့္အိမ္တြင္းမွာ ေလထုညစ္ညမ္းမႈကို ကာကြယ္ဖို႔နဲ႔ တတ္ႏိုင္သေလာက္ေလွ်ာ့ခ်ဖို႔ ခုကတည္းက စတင္လိုက္ၾကရေအာင္။ သင္ထင္မထားတဲ့ အေသးအမႊားကိစၥေလးေတြက သင့္ရဲ႕ က်န္းမာေရးကို ေကာက္႐ိုးမီးလို အတြင္းကေန ျဖည္းျဖည္းခ်င္း လႈိက္စားေနတယ္ဆိုတာကိုေတာ့ အၿမဲသတိထားေနဖို႔ေတာ့ လိုမယ္ေနာ္။

Hello ဆရာဝန္ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာေကာင္းတဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် လူတော်တော်များများက ပြင်ပက ကားအိတ်ဇောပိုက်က ထွက်တဲ့ အခိုးအငွေ့တွေလောက်ကိုပဲ သတိထားမိတတ်ပါတယ်။ တကယ်တမ်းက ပြင်ပလေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဒုက္ခဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာက လေထုကို ညစ်ညမ်းစေတဲ့ အရာတစ်ခုက ဘေးဘက်တွေကို ပြန့်နှံ့သွားဖို့ ပိုလွယ်တဲ့အတွက် ရှူမိရင်တောင် အဆိပ်ပမာဏက သိပ်မများတော့ပါဘူး။ အိမ်ထဲမှာဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် ဘေးဘက်နံရံ၊ ပြတင်းပေါက်၊ တံခါးတွေနဲ့ အလုံပိတ်ထားလိုက်တော့ အဆိပ်ငွေ့တွေက အပြင်ဘက်ကို ရောက်မသွားဘဲ အိမ်ထဲမှာနေနေတဲ့သူတိုင်း ဒီလေကို ရှူမိပြီး အဆိပ်သင့်ရတော့တာပေါ့။ ဒီအဆိပ်ငွေ့တွေကို နေ့စဉ်ရက်ဆက် ရှူနေရတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေအပြင် ပြင်းထန်တဲ့ ကင်ဆာဝေဒနာအဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်အရာတွေက ဖြစ်စေနိုင်လဲ၊ ဘယ်လိုကာကွယ်မှုမျိုးတွေ လုပ်ဆောင်သင့်လဲဆိုတာကို လူတိုင်းသိထားသင့်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ သင်သတိမထားမိလောက်တဲ့ တရားခံတွေ

၁။ နဂိုသုတ်ထားတဲ့ အိမ်သုတ်ဆေးတွေ၊ နံရံတွေက အမှုန့်တွေကွာကျပြီး လေထဲမှာ ပြန့်နေတာကို အိမ်အိုအိမ်ဟောင်းတွေမှာ နေထိုင်နေတဲ့သူတွေ သတိထားမိကြမှာပါ။ ဒီအမှုန့်ကို ကျောက်ဂွမ်းမှုန့် (Asbestos) လို့လည်းခေါ်ပြီး ဟောင်းနေတဲ့ တိုက်အိမ်တွေ၊ နံရံ၊ မျက်နှာကျက်၊ ကြမ်းခင်း၊ အိမ်ဆောက်ပစ္စည်းတွေမှာ အများဆုံးတွေ့ရပြီး ဆောက်ကာစ တိုက်အိမ် အသစ်တွေမှာတော့ သိပ်မတွေ့ရပါဘူး။ အဲ့အမှုန့်တွေဟာ အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေပြီး နေ့တိုင်းလိုလို ရှူရှိုက်ရင်းကနေ ကျောက်ဂွမ်းမှုန့်ကြောင့်ဖြစ်တဲ့ အဆုတ်နာရောဂါ (Asbestosis) တွေကိုပါ ဖြစ်စေနိုင်ပါတယ်။

၂။ ၂၀၀၀ ခုနှစ်မတိုင်ခင်က တချို့သော အိမ်သုတ်ဆေးတွေ၊ လေ၊ ရေလုံစေဖို့ ချိပ်ပိတ်ပစ္စည်း၊ သစ်သားကြမ်းခင်းတွေမှာ အလွန်အနံ့ပြင်းပြီး အဆိပ်ရှိတဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ (Formaldehyde) ပါဝင်နေတတ်ပါတယ်။ ဟိုးအရင်ကတည်းက ဆောက်ခဲ့တဲ့ တိုက်အိမ်တွေမှာလည်း အများအပြား တွေ့ရတဲ့ ဓာတ်ငွေ့တစ်မျိုးပါ။ ဒီအငွေ့ဟာ ရေနဲ့ ရောလိုက်တဲ့အခါ ဖော်မလင်လို့ ခေါ်တဲ့ အလောင်းတွေကို မပုပ်မသိုးအောင် စိမ်ရတဲ့ ဆေးရည်အဖြစ် ရရှိပါတယ်။ ဒီဆေးရည်တွေကို တချို့သောအစားအစာတွေ အလွယ်တကူ မပျက်စီးစေဖို့လည်း စိမ်တတ်ကြပါသေးတယ်။

၃။ သဘာဝမြေဆီလွှာ၊ ကျောက်တုံးတွေက ဓာတ်ပြိုကွဲပျက်စီးပြီး ရေဒွန်ဓာတ်ငွေ့ (Radon) တွေ အများအပြား ထွက်လာပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိမ်အများစုမှာ ရေဒွန်ဓာတ်ငွေ့တွေ စုပုံနေတတ်ပြီး ပထမထပ်၊ မြေအောက်ခန်းတွေမှာ ဓာတ်ငွေ့သိပ်သည်းဆ ပိုများတတ်ပါတယ်။ အနံ့၊ အရသာမရှိတဲ့အပြင် မျက်စိနဲ့လည်း မမြင်နိုင်တဲ့ ရေဒွန်ဓာတ်ငွေ့ဟာဆိုရင် နေ့တိုင်းလိုလို ရှူရှိုက်နေတဲ့သူတွေရဲ့ အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေပြီး အဆုတ်ကင်ဆာ၊ မရပ်မနား ချောင်းဆိုးခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အသက်ရှူရခက်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။

၄။ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ Vape လို့ခေါ်တဲ့ အီး စီးကရက်သောက်သုံးခြင်းဟာလည်း အိမ်တွင်းရော အိမ်ပြင်ပကိုပါ လေထုညစ်ညမ်းစေပြီး ဒီအငွေ့တွေကို ရှူရှိုက်နေရတဲ့ အိမ်သားတွေနဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။

၅။ ညစ်ပတ်လွန်းပြီး သန့်ရှင်းရေးသိပ်မလုပ်တဲ့ အိမ်တွေ၊ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေ ပုံနေတာ၊ ပြတင်းပေါက်မှန်တွေမှာ ဖုန်တက်နေတာ၊ မလျှော်ရသေးတဲ့ အဝတ်ပုံတွေဟာ ပိုးမွှားအင်းဆက်ပေါင်းများစွာကို ဖိတ်ခေါ်ပေးသလို ဖြစ်စေပြီး ဓာတ်မတည့်ဖြစ်ခြင်း၊ မှိုတက်ခြင်း၊ အရေပြားမှိုစွဲခြင်း၊ အသက်ရှူကျပ်ခြင်း၊ အရေပြားယားယံခြင်းတွေ ဖြစ်စေပါတယ်။

၆။ ကျောက်မီးသွေးမီးဖိုတွေ၊ ထင်းမီးဖိုတွေ၊ သစ်ရွက် အမှိုက်ပုံမီးရှို့တာ၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေ အများအပြားထွန်းခြင်း၊ အကြော်ညှော်နံ့တွေမှာ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ အဆိပ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။

၇။ အိမ်သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတချို့မှာ အနံ့ပြင်းလွန်းတဲ့ ဓာတုအဆိပ်တွေ ပါဝင်တတ်ပါတယ်။ ဒီပစ္စည်းတွေနဲ့ အိမ်သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အခါ အနံ့၊ အဆိပ်အတောက် ဓာတ်ငွေ့တွေဟာ အိမ်ခန်းထဲမှာ ရက်ပေါင်းများစွာ ကျန်နေတတ်ပြီး အသက်ရှူလိုက်တိုင်း အဆိပ်ငွေ့တွေ ဝင်သွားတတ်ပါတယ်။

ဒီတော့ အိမ်တွင်းလေထု ညစ်ညမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

လေထုညစ်ညမ်းမှုကို မဖြစ်စေဖို့ ကြိုတင်ကာကွယ်ခြင်းဟာ ကိုယ့်အိမ်၊ မိသားစုကနေ စတင်ပြီး ကိုယ့်ရဲ့ ရပ်ကွက်ပတ်ဝန်းကျင်ကလူတွေပါ အကုန်ဝိုင်းဝန်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဘာတွေ လုပ်ဆောင်ရမလဲဆိုရင်တော့

• အိမ်အိုအိမ်ဟောင်းတွေမှာ နေထိုင်ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
• ကိုယ့်အိမ်မှာ ဆေးသုတ်ထားတဲ့ နေရာတွေ၊ နံရံနဲ့ မျက်နှာကျက်တွေမှာ အပေါက်တွေ၊ အက်ကွဲကြောင်းတွေ ဖြစ်နေလား၊ အမှုန်တွေ ကျနေလားဆိုတာ သေချာစစ်ပါ။ ကိုယ်တိုင်မစစ်နိုင်ရင် ဆောက်လုပ်ရေးလုပ်သားတွေ၊ အင်ဂျင်နီယာတွေကို ခေါ်ပြီး စစ်ခိုင်းကြည့်ရင်လည်း အဆင်ပြေပါတယ်။
• လိုအပ်တဲ့နေရာတွေမှာ အိမ်သုတ်ဆေး အသစ်ပြန်သုတ်ပါ။
• အိမ်ထဲမှာ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းတာ တတ်နိုင်သလောက် ရှောင်ပါ။
• အနံ့အရမ်းပြင်းတဲ့ မီးသွေးမီးဖို၊ ထင်းမီးဖိုတွေကို မသုံးပါနဲ့။ အဲ့ဒါတွေအစား ဂက်စ်မီးဖို၊ လျှပ်စစ်မီးဖိုတွေကို အသုံးပြုပါ။
• အဝတ်တွေကို အမြဲလျှော်ဖွပ်ပါ။ ဝတ်ထားပြီးသား အဝတ်တွေကို ပုံမထားပါနဲ့၊ လျှော်မယ့်နေရာကို တန်းပို့ပါ။
• အမှိုက်တွေကို တစ်နေ့ တစ်ကြိမ်လောက်ဖြစ်ဖြစ် သေချာစွန့်ပစ်ပါ။
• အိမ်သန့်ရှင်းရေးကို တစ်နေ့တစ်ခါ မလုပ်နိုင်ရင်တောင် တစ်ရက်ခြား၊ နှစ်ရက်ခြား တစ်ကြိမ်လောက် လုပ်ပေးပါ။ ပိတ်ရက်တွေမှာ မိသားစုဝင်တွေနဲ့ ကလေးတွေကိုပါ ကူလုပ်ခိုင်းပါ။
• ကော်ဇော်အထူကြီးတွေ ခင်းတာထက် ကြမ်းခင်းပါးပါးလေးတွေပဲ ခင်းပါ။ ဖုန်အရမ်းမတက်သလို သန့်ရှင်းရေးလုပ်ရတာလည်း ပိုလွယ်ကူစေပါတယ်။
• အိမ်မှာ လေသန့်စင်စက် သို့မဟုတ် စိုထိုင်းဆ ထိန်းညှိစက်တွေ၊ လေအေးပေးစက် သို့မဟုတ် အဲကွန်း တပ်ဆင်ထားပြီး တစ်နေ့ တစ်ကြိမ်လောက် ဖွင့်ပေးထားပါ။
• အိမ်ထဲမှာဖြစ်ဖြစ်၊ ဝရန်တာထွက်ပြီးတော့ဖြစ်ဖြစ် ဆေးလိပ်သောက်တာကို ရှောင်ပါ၊ ဆေးလိပ်ဖြတ်လိုက်ရင်တော့ ကိုယ်ရော၊ ကိုယ့်မိသားစု ဘေးပတ်ဝန်းကျင်ကလူတိုင်းရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုပဲပေါ့။
• အနံ့မွှေးအောင်ဆိုပြီး လေထဲကို ဖျန်းတဲ့ အမွှေးနံ့ဖျန်းဆေးတွေကို လျှော့သုံးပါ။
• အိပ်ရာထတဲ့အချိန် စောင်တွေ၊ ခေါင်းအုံးတွေကို သေချာခါပါ၊ တစ်ပတ် တစ်ကြိမ် စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကို လျှော်ပါ။
• အိမ်ကို ဖုန်စုပ်စက်နဲ့ဖြစ်စေ၊ တံမြက်စည်းနဲ့ဖြစ်စေ လှည်းကျင်းပေးပါ။

ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်အိမ်တွင်းမှာ လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့နဲ့ တတ်နိုင်သလောက်လျှော့ချဖို့ ခုကတည်းက စတင်လိုက်ကြရအောင်။ သင်ထင်မထားတဲ့ အသေးအမွှားကိစ္စလေးတွေက သင့်ရဲ့ ကျန်းမာရေးကို ကောက်ရိုးမီးလို အတွင်းကနေ ဖြည်းဖြည်းချင်း လှိုက်စားနေတယ်ဆိုတာကိုတော့ အမြဲသတိထားနေဖို့တော့ လိုမယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အိမ္တြင္းေလထုညစ္ညမ္းမႈကို ဘယ္လိုေလွ်ာ့ခ်မလဲ အိမ္တြင္းေလထုညစ္ညမ္းမႈကို ဘယ္လိုေလွ်ာ့ခ်မလဲ Reviewed by THITHTOOLWIN on 02:25 Rating: 5
Powered by Blogger.