မ်က္ႏွာေပၚက အဆီဖုေတြေၾကာင့္ စိတ္ညစ္ေနရလား

(Zawgyi)⤵⤵⤵
မ်က္ႏွာမွာ ဝက္ၿခံ၊ တင္းတိပ္၊ ဆားဝက္ၿခံနဲ႔ အေရးအေၾကာင္းေတြ ရွိတတ္ၾကပါတယ္။ ဒါ့အျပင္ အဆီဖုေတြလည္း ရွိေနတတ္ပါတယ္။ ဆားဝက္ၿခံနဲ႔ ဝက္ၿခံေတြက ညႇစ္ထုတ္ပစ္လိုက္လို႔ ရေပမယ့္ အဆီဖုေတြက ညႇစ္ဖို႔အတြက္လည္း ခက္ခဲပါတယ္။ အဆီဖုေလးေတြဟာ နဖူး၊ မ်က္လုံးေအာက္ဘက္နဲ႔ ေမးေစ့ေတြမွာ အျဖစ္မ်ားပါတယ္။ အဆီဖုေလးေတြဟာ ပုံမွန္အားျဖင့္ေတာ့ ေယာင္ရမ္းတာေတြ၊ ယားယံတာေတြမရွိပါဘူး။ အဆီဖုေလးေတြရွိေနတာေၾကာင့္ မ်က္ႏွာေခ်ာေခ်ာေမြ႕ေမြ႕ မျဖစ္လို႔ စိတ္ညစ္ေနရတယ္ဆိုရင္ေတာ့ ျဖစ္ရတဲ့အေၾကာင္းရင္း၊ ဘယ္လိုကုသမလဲဆိုတဲ့ နည္းလမ္းေလးေတြ လိုလာပါၿပီ။

အဆီဖုျဖစ္ပြားရတဲ့ အေၾကာင္းအရင္း

အဆီဖုက လူတိုင္းနီးပါးေတာ့ မျဖစ္ၾကပါဘူး။ ေနေရာင္ျခည္ဒဏ္အထိမ်ားျခင္း၊ ပိုးမႊားဝင္ေရာက္ျခင္း၊ မိတ္ကပ္မဖ်က္ဘဲ ညအိပ္ရာဝင္ျခင္းေတြေၾကာင့္ အျဖစ္မ်ားပါတယ္။ ေနာက္ထပ္ အေၾကာင္းရင္းကေတာ့ မ်ိဳး႐ိုးေၾကာင့္ပါ။

အဆီဖု အမ်ိဳးအစား

(၁) မ်က္စိေအာက္ဘက္မွာ ထြက္တတ္တဲ့ အဆီဖု အမ်ိဳးအစားကေတာ့ အသက္အ႐ြယ္ႀကီးရင့္ လာတာနဲ႔အမွ် ျဖစ္ႏိုင္ေခ် မ်ားပါတယ္။ မ်က္စိေအာက္ဘက္မွာေပါက္တဲ့ အဆီဖုေတြကေတာ့ ပ႐ိုတင္းဓာတ္လိုတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အကယ္လို႔ မ်က္လုံးတဝိုက္မွာ အဆီဓာတ္မ်ားေနမယ္ ဆိုရင္လည္း အဆီဖုေတြျဖစ္ႏိုင္ပါတယ္။ မ်က္လုံးနားတဝိုက္က အဆီဖုေတြဟာ လြယ္လြယ္လည္း မေပါက္ႏိုင္သလို လြယ္လြယ္နဲ႔လည္း မေပ်ာက္ကင္းႏိုင္ပါဘူး။

(၂) ေမးေစ့ေအာက္ဘက္မွာ ထြက္တဲ့အဆီဖုအမ်ိဳးအစားကေတာ့ ထိပ္ဘက္မွာ အျဖဴအဆံလိုမ်ိဳးေလး ရွိေနတတ္ပါတယ္။ မ်က္ႏွာေပၚမွာေခြၽးေပါက္ေတြ ပိတ္ေနျခင္း၊ ဘက္တီးရီးယားေတြ ရွိေနျခင္းေၾကာင့္ ျဖစ္ႏိုင္ၿပီး နဖူးနဲ႔ေမး႐ိုးတစ္ေလွ်ာက္မွာလည္း ေပါက္ႏိုင္ပါတယ္။

(၃) ပါးေပၚမွာေပါက္တဲ့ အဆီဖုေတြကေတာ့ မ်က္ႏွာေပၚက အေမႊးအမွ်င္ေတြကို ဖယ္ရွားတဲ့အခါမွာ ေသခ်ာ သန္႔ရွင္းေအာင္ မျပဳလုပ္တာေၾကာင့္ပါ။ ဒီလိုမ်ိဳး မသန္႔ရွင္းျခင္းနဲ႔ နည္းလမ္းမွန္မွန္ အေမႊးအမွ်င္ေတြကို မဖယ္ရွားတာက ယားယံျခင္းကိုျဖစ္ေစၿပီး ေနာက္ဆက္တြဲအေနနဲ႔ အဆီဖုအျဖစ္ ေျပာင္းလဲသြားတာပါ။

ကာကြယ္ရမယ့္ နည္းလမ္းမ်ား

မ်က္ႏွာကို အေပ်ာ့စားဆပ္ျပာနဲ႔ တစ္ေန႔ႏွစ္ႀကိမ္ သစ္ပါ။

ညအိပ္ရာဝင္တဲ့အခါမွာ မိတ္ကပ္ေတြ ဖ်က္ပါ။

ေရမ်ားမ်ားေသာက္ပါ

မိတ္ကပ္လိမ္းတဲ့အခါမွာ အဆီမ်ားတဲ့ မိတ္ကပ္မလိမ္းဘဲနဲ႔ ေရဓာတ္မ်ားမ်ားပါတဲ့ မိတ္ကပ္ကိုသာ ေ႐ြးခ်ယ္ပါ။

ေဆးလိပ္ေသာက္ျခင္းေရွာင္ၾကဥ္ပါ

အသီးအ႐ြက္၊ အသားငါး မွ်တေအာင္ စားသုံးပါ။

ကုသရန္နည္းလမ္းေကာင္းမ်ား

ပ်ားရည္

ပ်ားရည္မွာ ပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္ဟာ အစိုဓါတ္ကို ထိန္းသိမ္းေပးတဲ့အျပင္ အေရျပား ေျခာက္ေသြ႕ျခင္းကေနလည္း ကာကြယ္ေပးပါေသးတယ္။ အဆီဖုေတြကို သက္သာေစတဲ့ သဘာဝပစၥည္းပါ။ ပ်ားရည္ကို ဘာနဲ႔မွ မေရာဘဲ အဆီဖုေလးေတြအေပၚမွာ လိမ္းထားေပးတာမ်ိဳး လုပ္ႏိုင္ပါတယ္။ မိနစ္(၂၀)ေလာက္ ထားၿပီးမွေရေဆးခ်ပါ။ တစ္ပတ္ကို (၄) ႀကိမ္ေလာက္ လုပ္ေပးတယ္ဆိုရင္ သိသိသာသာေလးေကာင္းမြန္လာမွာပါ။

မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆိုဒါကလည္း အဆီဖုေတြကို သက္သာေစပါတယ္။ မုန္႔ဖုတ္ဆိုဒါကို ေရနည္းနည္းေလးနဲ႔ေရာၿပီး ခပ္ပ်စ္ပ်စ္ အေနအထားေဖ်ာ္လိုက္ပါ။ ေနာက္ေတာ့ အဆီဖုထြက္တဲ့ေနရာေတြမွာ လိမ္းပါ။ ေနာက္မွေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ပါ။ တစ္ပတ္ကို (၂) ႀကိမ္ေလာက္ လုပ္႐ုံနဲ႔ သက္သာလာမွာပါ။

သံပရာသီး

သံပရာသီးမွာ ပါဝင္တဲ့ citric acid က ေခြၽးေပါက္ေတြ၊ ပိုလွ်ံတဲ့အဆီနဲ႔ ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အဆီဖုေတြ ထပ္မထြက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ သံပရာရည္ကို ဂြမ္းစေလးထဲကို ညႇစ္ၿပီး အဆီဖုရွိတဲ့ေနရာေတြမွာ တို႔ထိေပးပါ။ မိနစ္(၂၀)ေလာက္ ၾကာေအာင္ ထားၿပီးၿပီဆိုမွေရေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။ တစ္ပတ္ကို တစ္ႀကိမ္ေလာက္ လုပ္ေပးမယ္ဆိုရင္ လုံေလာက္ပါၿပီ။

မ်က္ႏွာမွာ အဆီဖုေတြ ရွိေနတာေၾကာင့္ စိတ္ညစ္ေနရတယ္ဆိုရင္ေတာ့ ႀကိဳတင္ကာကြယ္တဲ့ နည္းလမ္းနဲ႔ ကုသလို႔ရမယ့္ အိမ္တြင္းနည္းလမ္းေလးေတြကို လိုက္နာၾကည့္ဖို႔ အႀကံျပဳလိုက္ ပါတယ္ေနာ္။

ေရးသားသူ Eaindray Kha
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------
(Unicode)⤵⤵⤵
မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

မျက်နှာမှာ ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံနဲ့ အရေးအကြောင်းတွေ ရှိတတ်ကြပါတယ်။ ဒါ့အပြင် အဆီဖုတွေလည်း ရှိနေတတ်ပါတယ်။ ဆားဝက်ခြံနဲ့ ဝက်ခြံတွေက ညှစ်ထုတ်ပစ်လိုက်လို့ ရပေမယ့် အဆီဖုတွေက ညှစ်ဖို့အတွက်လည်း ခက်ခဲပါတယ်။ အဆီဖုလေးတွေဟာ နဖူး၊ မျက်လုံးအောက်ဘက်နဲ့ မေးစေ့တွေမှာ အဖြစ်များပါတယ်။ အဆီဖုလေးတွေဟာ ပုံမှန်အားဖြင့်တော့ ယောင်ရမ်းတာတွေ၊ ယားယံတာတွေမရှိပါဘူး။ အဆီဖုလေးတွေရှိနေတာကြောင့် မျက်နှာချောချောမွေ့မွေ့ မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းရင်း၊ ဘယ်လိုကုသမလဲဆိုတဲ့ နည်းလမ်းလေးတွေ လိုလာပါပြီ။

အဆီဖုဖြစ်ပွားရတဲ့ အကြောင်းအရင်း

အဆီဖုက လူတိုင်းနီးပါးတော့ မဖြစ်ကြပါဘူး။ နေရောင်ခြည်ဒဏ်အထိများခြင်း၊ ပိုးမွှားဝင်ရောက်ခြင်း၊ မိတ်ကပ်မဖျက်ဘဲ ညအိပ်ရာဝင်ခြင်းတွေကြောင့် အဖြစ်များပါတယ်။ နောက်ထပ် အကြောင်းရင်းကတော့ မျိုးရိုးကြောင့်ပါ။

အဆီဖု အမျိုးအစား

(၁) မျက်စိအောက်ဘက်မှာ ထွက်တတ်တဲ့ အဆီဖု အမျိုးအစားကတော့ အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ ဖြစ်နိုင်ချေ များပါတယ်။ မျက်စိအောက်ဘက်မှာပေါက်တဲ့ အဆီဖုတွေကတော့ ပရိုတင်းဓာတ်လိုတာကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်လို့ မျက်လုံးတဝိုက်မှာ အဆီဓာတ်များနေမယ် ဆိုရင်လည်း အဆီဖုတွေဖြစ်နိုင်ပါတယ်။ မျက်လုံးနားတဝိုက်က အဆီဖုတွေဟာ လွယ်လွယ်လည်း မပေါက်နိုင်သလို လွယ်လွယ်နဲ့လည်း မပျောက်ကင်းနိုင်ပါဘူး။

(၂) မေးစေ့အောက်ဘက်မှာ ထွက်တဲ့အဆီဖုအမျိုးအစားကတော့ ထိပ်ဘက်မှာ အဖြူအဆံလိုမျိုးလေး ရှိနေတတ်ပါတယ်။ မျက်နှာပေါ်မှာချွေးပေါက်တွေ ပိတ်နေခြင်း၊ ဘက်တီးရီးယားတွေ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပြီး နဖူးနဲ့မေးရိုးတစ်လျှောက်မှာလည်း ပေါက်နိုင်ပါတယ်။

(၃) ပါးပေါ်မှာပေါက်တဲ့ အဆီဖုတွေကတော့ မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့အခါမှာ သေချာ သန့်ရှင်းအောင် မပြုလုပ်တာကြောင့်ပါ။ ဒီလိုမျိုး မသန့်ရှင်းခြင်းနဲ့ နည်းလမ်းမှန်မှန် အမွှေးအမျှင်တွေကို မဖယ်ရှားတာက ယားယံခြင်းကိုဖြစ်စေပြီး နောက်ဆက်တွဲအနေနဲ့ အဆီဖုအဖြစ် ပြောင်းလဲသွားတာပါ။

ကာကွယ်ရမယ့် နည်းလမ်းများ

မျက်နှာကို အပျော့စားဆပ်ပြာနဲ့ တစ်နေ့နှစ်ကြိမ် သစ်ပါ။

ညအိပ်ရာဝင်တဲ့အခါမှာ မိတ်ကပ်တွေ ဖျက်ပါ။

ရေများများသောက်ပါ

မိတ်ကပ်လိမ်းတဲ့အခါမှာ အဆီများတဲ့ မိတ်ကပ်မလိမ်းဘဲနဲ့ ရေဓာတ်များများပါတဲ့ မိတ်ကပ်ကိုသာ ရွေးချယ်ပါ။

ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ

အသီးအရွက်၊ အသားငါး မျှတအောင် စားသုံးပါ။

ကုသရန်နည်းလမ်းကောင်းများ

ပျားရည်

ပျားရည်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အစိုဓါတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အရေပြား ခြောက်သွေ့ခြင်းကနေလည်း ကာကွယ်ပေးပါသေးတယ်။ အဆီဖုတွေကို သက်သာစေတဲ့ သဘာဝပစ္စည်းပါ။ ပျားရည်ကို ဘာနဲ့မှ မရောဘဲ အဆီဖုလေးတွေအပေါ်မှာ လိမ်းထားပေးတာမျိုး လုပ်နိုင်ပါတယ်။ မိနစ်(၂၀)လောက် ထားပြီးမှရေဆေးချပါ။ တစ်ပတ်ကို (၄) ကြိမ်လောက် လုပ်ပေးတယ်ဆိုရင် သိသိသာသာလေးကောင်းမွန်လာမှာပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလည်း အဆီဖုတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းလေးနဲ့ရောပြီး ခပ်ပျစ်ပျစ် အနေအထားဖျော်လိုက်ပါ။ နောက်တော့ အဆီဖုထွက်တဲ့နေရာတွေမှာ လိမ်းပါ။ နောက်မှရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ရုံနဲ့ သက်သာလာမှာပါ။

သံပရာသီး

သံပရာသီးမှာ ပါဝင်တဲ့ citric acid က ချွေးပေါက်တွေ၊ ပိုလျှံတဲ့အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အဆီဖုတွေ ထပ်မထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ဂွမ်းစလေးထဲကို ညှစ်ပြီး အဆီဖုရှိတဲ့နေရာတွေမှာ တို့ထိပေးပါ။ မိနစ်(၂၀)လောက် ကြာအောင် ထားပြီးပြီဆိုမှရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် လုံလောက်ပါပြီ။

မျက်နှာမှာ အဆီဖုတွေ ရှိနေတာကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းနဲ့ ကုသလို့ရမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို လိုက်နာကြည့်ဖို့ အကြံပြုလိုက် ပါတယ်နော်။

ရေးသားသူ Eaindray Kha
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မ်က္ႏွာေပၚက အဆီဖုေတြေၾကာင့္ စိတ္ညစ္ေနရလား မ်က္ႏွာေပၚက အဆီဖုေတြေၾကာင့္ စိတ္ညစ္ေနရလား Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.