ျမစ္ဆုံ-မႏၲလာအထူးအျမန္ရထား ေျပးဆြဲမႈရပ္ဆိုင္း

(Zawgyi)⤵⤵⤵
ျမစ္ႀကီးနား ဒီဇင္ဘာ-၂၂-၂၀၁၉

ျမစ္ႀကီးနား-မႏၲေလး ျမစ္ဆုံမႏၲလာအထူးျမန္ရထား ေျပးဆြဲမႈ ဒီဇင္ဘာ ၂၂ ရက္ေန႔မွာ ေျပးဆြဲေနမႈ ရပ္ဆိုင္းလိုက္ၿပီလို႔ သိရပါတယ္။

ျမစ္ဆုံမႏၲလာအထူးျမန္ရထားဟာ ျမန္မာ့မီးရထားကေန ေလအိတ္ရထားေျပးဆြဲၿပီးေနာက္ပိုင္း ခရီးသည္စီးနင္းမႈနည္းတာေတြဳ၊ ကခ်င္အမ်ားပိုင္ကုမၸဏီက ရထားတဲ့ တင္ဒါသက္တမ္း ကုန္ဆုံးသြားတာလည္း ျဖစ္လို႔ထပ္မံသက္တမ္းတိုးတာ မလုပ္ေတာ့တာလို႔ ျမစ္ဆုံ-မႏၲလာ အထူးျမန္ ရထားလိုင္း ရဲ႕လက္ေထာက္ မန္ေနဂ်ာ ကိုလွေအာင္ကေျပာပါတယ္။

ျမစ္ဆုံမႏၲလာအထူးျမန္ရထားကို ၂၀၁၄ ဒီဇင္ဘာ ၂၂ ရက္ေန႔မွာ ကခ်င္ျပည္နယ္အမ်ားပိုင္ကုမၸဏီ တာဝန္ယူၿပီး စတင္ေျပးဆြဲခဲ့တာပါ။ စတင္ေျပးဆြဲစဥ္က ျမစ္ႀကီးနား-မႏၲေလး အသြားအျပန္ တစ္ေခါက္အတြက္ ေငြက်ပ္ ၆၉ သိန္း ျမန္မာ့မီးရထားကို ေပးေဆာင္ရတယ္လို႔ သိရပါတယ္။ ၂၀၁၈-၁၉ ခုႏွစ္ သက္တမ္းတိုးတဲ့အခါမွာေတာ့ ေငြက်ပ္ ၅၉ သိန္းသာ ေပးခဲ့ရေပမယ့္ ကုမၸဏီဘက္က ထပ္မံသက္တမ္းတိုးျခင္း မလုပ္ေတာ့တာပါ။ ျမန္မာ့မီးရထားဘက္ကေတာ့ တင္ဒါသက္တမ္းတိုးေပးဖို႔ အဆင္သင့္ရွိခဲ့တယ္လို႔ ျမစ္ႀကီးနားဘူတာ ႐ုံပိုင္ခ်ဳပ္ကေတာ့ ဦးခင္ေသာ္ က ဆိုပါတယ္။

ျမစ္ႀကီးနား မႏၲေလး လမ္းပိုင္းမွာ ျမန္မာ့မီးရထားက တာဝန္ယူေျပးဆြဲေနတဲ့ မီးရထားေတြကေတာ့ နံနက္ ၄ နာရီ ၄၅ မိနစ္မွာ ေျပးဆြဲေနတဲ့ ျမစ္ႀကီးနား - နဘား ေလာ္ကယ္ရထား၊ မနက္ ၈ နာရီ ၁၅ မွာေျပးဆြဲေနတဲ့ ၅၆ အစုန္ အထူးအျမန္၊ မနက္ ၈ နာရီ ၄၅ မွာထြက္တဲ့ ၄၂ အစုန္ စာပို႔ရထား၊ ညေန ၃ နာရီမွာထြက္တဲ့ ျမစ္ႀကီးနား- မိုးညႇင္း (RBE) ရထား၊ ၁၂ နာရီ ၄၅ မွာ ေျပးဆြဲေနတဲ့ ၃၄ အစုန္ ေလအိတ္ရထား၊ ညေန ၄ နာရီမွာ ေျပးဆြဲေနတဲ့ ၅၈ အစုန္ မႏၲလာရထားလိုင္းေတြနဲ႔ ကခ်င္ျပည္နယ္အမ်ားပိုင္ကုမၸဏီက တာဝန္ယူ ေျပးဆြဲေနတဲ့ ၃၇/၃၈ ျမစ္ဆုံမႏၲလာရထားလိုင္းေတြ ေျပးဆြဲေနတာျဖစ္ပါတယ္။

ရန္ေအာင္ထြန္း(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------
(Unicode)⤵⤵⤵
မြစ်ဆုံ-မန္တလာအထူးအမြန်ရထား ပြေးဆွဲမှုရပ်ဆိုင်း

မြစ်ကြီးနား ဒီဇင်ဘာ-၂၂-၂၀၁၉

မြစ်ကြီးနား-မန္တလေး မြစ်ဆုံမန္တလာအထူးမြန်ရထား ပြေးဆွဲမှု ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြေးဆွဲနေမှု ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

မြစ်ဆုံမန္တလာအထူးမြန်ရထားဟာ မြန်မာ့မီးရထားကနေ လေအိတ်ရထားပြေးဆွဲပြီးနောက်ပိုင်း ခရီးသည်စီးနင်းမှုနည်းတာတွေု၊ ကချင်အများပိုင်ကုမ္ပဏီက ရထားတဲ့ တင်ဒါသက်တမ်း ကုန်ဆုံးသွားတာလည်း ဖြစ်လို့ထပ်မံသက်တမ်းတိုးတာ မလုပ်တော့တာလို့ မြစ်ဆုံ-မန္တလာ အထူးမြန် ရထားလိုင်း ရဲ့လက်ထောက် မန်နေဂျာ ကိုလှအောင်ကပြောပါတယ်။

မြစ်ဆုံမန္တလာအထူးမြန်ရထားကို ၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီ တာဝန်ယူပြီး စတင်ပြေးဆွဲခဲ့တာပါ။ စတင်ပြေးဆွဲစဉ်က မြစ်ကြီးနား-မန္တလေး အသွားအပြန် တစ်ခေါက်အတွက် ငွေကျပ် ၆၉ သိန်း မြန်မာ့မီးရထားကို ပေးဆောင်ရတယ်လို့ သိရပါတယ်။ ၂၀၁၈-၁၉ ခုနှစ် သက်တမ်းတိုးတဲ့အခါမှာတော့ ငွေကျပ် ၅၉ သိန်းသာ ပေးခဲ့ရပေမယ့် ကုမ္ပဏီဘက်က ထပ်မံသက်တမ်းတိုးခြင်း မလုပ်တော့တာပါ။ မြန်မာ့မီးရထားဘက်ကတော့ တင်ဒါသက်တမ်းတိုးပေးဖို့ အဆင်သင့်ရှိခဲ့တယ်လို့ မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ်ကတော့ ဦးခင်သော် က ဆိုပါတယ်။

မြစ်ကြီးနား မန္တလေး လမ်းပိုင်းမှာ မြန်မာ့မီးရထားက တာဝန်ယူပြေးဆွဲနေတဲ့ မီးရထားတွေကတော့ နံနက် ၄ နာရီ ၄၅ မိနစ်မှာ ပြေးဆွဲနေတဲ့ မြစ်ကြီးနား - နဘား လော်ကယ်ရထား၊ မနက် ၈ နာရီ ၁၅ မှာပြေးဆွဲနေတဲ့ ၅၆ အစုန် အထူးအမြန်၊ မနက် ၈ နာရီ ၄၅ မှာထွက်တဲ့ ၄၂ အစုန် စာပို့ရထား၊ ညနေ ၃ နာရီမှာထွက်တဲ့ မြစ်ကြီးနား- မိုးညှင်း (RBE) ရထား၊ ၁၂ နာရီ ၄၅ မှာ ပြေးဆွဲနေတဲ့ ၃၄ အစုန် လေအိတ်ရထား၊ ညနေ ၄ နာရီမှာ ပြေးဆွဲနေတဲ့ ၅၈ အစုန် မန္တလာရထားလိုင်းတွေနဲ့ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီက တာဝန်ယူ ပြေးဆွဲနေတဲ့ ၃၇/၃၈ မြစ်ဆုံမန္တလာရထားလိုင်းတွေ ပြေးဆွဲနေတာဖြစ်ပါတယ်။

ရန်အောင်ထွန်း(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ျမစ္ဆုံ-မႏၲလာအထူးအျမန္ရထား ေျပးဆြဲမႈရပ္ဆိုင္း ျမစ္ဆုံ-မႏၲလာအထူးအျမန္ရထား ေျပးဆြဲမႈရပ္ဆိုင္း Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.