ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ကေလးကို ဘယ္လိုဂ႐ုစိုက္မလဲ

(Zawgyi)⤵⤵⤵
ကေလးငယ္ေလးေတြကို ေကာင္းေကာင္းမြန္မြန္နဲ႔ က်န္းက်န္းမာမာ ႀကီးျပင္းလာေစဖို႔အတြက္ မိဘေတြ အေရးတႀကီးလုပ္ရမယ့္အထဲမွာ ကာကြယ္ေဆးထိုးတာလည္း ပါဝင္ပါတယ္။ ကူးစက္ေရာဂါေတြနဲ႔ ျပင္းထန္ဆိုး႐ြားတဲ့ေရာဂါေတြကို ကာကြယ္ႏိုင္ဖို႔အတြက္ ကာကြယ္ေဆးေတြကို မျဖစ္မေနထိုးရပါတယ္။ ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ကေလးမွာေရာ အေဖအေမေတြမွာပါ ဖိအားေလးေတြေတာ့ရွိပါတယ္။

ကာကြယ္ေဆးထိုးတာေၾကာင့္ ကေလးမွာဘာေတြျဖစ္ႏိုင္လဲ

ကာကြယ္ေဆးထိုးေပးတာက ကေလးကို ျပင္းထန္ဆိုး႐ြားတဲ့ ေရာဂါေတြမျဖစ္လာေအာင္ ကာကြယ္တာ ဆိုေပမယ့္ အႏၲရာယ္မရွိတဲ့ အေသးစားထိခိုက္မႈေလးေတြ ရွိႏိုင္ပါတယ္။ အေသးစား ထိခိုက္မႈေလးေတြက –

ကာကြယ္ေဆးထိုးထားတဲ့ ေနရာတဝိုက္ နီျမန္းေရာင္ရမ္းတာ

ကာကြယ္ေဆးထိုးၿပီးေနာက္ အဖ်ားတက္တာမ်ိဳးပါ။

ဒီလကၡဏာေတြက ရက္အနည္းငယ္ၾကာရင္ သက္သာသြားႏိုင္ပါတယ္။ ကာကြယ္ေဆးထိုးတာေၾကာင့္ ျဖစ္လာတဲ့ အဖ်ားက ကေလးေတြအတြက္ အႏၲရာယ္မရွိပါဘူး။ အႏၲရာယ္မရွိေပမယ့္ အဖ်ားျဖစ္ေနတဲ့အခါ ကေလးက မအီမသာခံစားရတာမ်ိဳးေတာ့ ရွိႏိုင္ပါတယ္။ ဒီလိုျဖစ္တဲ့အခါ မိဘေတြအေနနဲ႔ စိတ္ပူၿပီး ဘာလုပ္ေပးရမွန္း မသိတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

ကေလးက ကာကြယ္ေဆးထိုးၿပီး ဖ်ားနာတဲ့အခါ

ကေလးငယ္ေလးက ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ကေလးကနာလို႔ငိုတာ၊ အနာရွိန္နဲ႔ဖ်ားတာမ်ိဳးအထိ ျဖစ္ႏိုင္ပါတယ္။ ကေလးက ဖ်ားၿပီဆိုရင္ အီေနတတ္ၿပီး ငိုယိုေနတာဆိုေတာ့ အေဖအေမနဲ႔ ေဆြမ်ိဳးေတြမွာ သနားစိတ္နဲ႔ စိတ္မခ်မ္းမသာျဖစ္ရတာေပါ့။

ဘယ္ေလာက္ဆို ကေလးကဖ်ားေနၿပီလို႔ဆိုႏိုင္လဲ

ကေလးရဲ႕ ကိုယ္အပူခ်ိန္က ၃၇.၅ ဒီဂရီ စင္တီဂရိတ္အထက္ဆိုရင္ ကေလးက ဖ်ားေနၿပီလို႔ ဆိုလို႔ရပါတယ္။ အသက္အပိုင္းအျခားအလိုက္ ေျပာျပရမယ္ဆိုရင္ေတာ့

ကေလးက ၃ လေအာက္ျဖစ္ၿပီး ခႏၶာကိုယ္ အပူခ်ိန္က ၃၈ ဒီဂရီ စင္တီဂရိတ္ ( ၁၀၁ ဒီဂရီ ဖာရင္ဟိုက္) (သို႔မဟုတ္)၁၀၁ ဒီဂရီ ဖာရင္ဟိုက္ အထက္ျဖစ္ေနမယ္

ကေလးက ၃ လကေန ၆လ ၾကားအ႐ြယ္ျဖစ္ၿပီး အပူခ်ိန္က ၃၉ ဒီဂရီ စင္တီဂရိတ္ ( ၁၀၂ ဒီဂရီ ဖာရင္ဟိုက္) (သို႔မဟုတ္) ၁၀၂ ဒီဂရီ ဖာရင္ဟိုက္ နဲ႔ အထက္ျဖစ္ေနမယ္ ဆိုရင္ေတာ့ ကေလးငယ္က ဖ်ားေနၿပီလို႔ေျပာလို႔ရပါတယ္။ ကေလးေတြက ဖ်ားတဲ့အခါ မအီမသာျဖစ္ၿပီး ဂ်ီက်တာ၊ မွိန္းေနတာမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္။

ကာကြယ္ေဆးထိုးတာကေတာ့ မျဖစ္မေနလုပ္ရမယ့္ကိစၥပါ။ ဒါေပမယ့္ေဆးထိုးအၿပီး ကေလးငယ္ ဖ်ားတာ၊ ထိုးထားတဲ့ေနရာ နီရဲၿပီးေရာင္ေနတာ၊ အီၿပီး ငိုေနတာေတြအတြက္ သက္သာေအာင္ ျပဳစုေပးလို႔ရပါတယ္။

ကေလးကို ကာကြယ္ေဆးထိုးၿပီးစမွာ–

ကေလးကို ကာကြယ္ေဆးထိုးၿပီးတဲ့အခါ သက္ေတာင့္သက္သာေလးထားေပးပါ။

ကေလးကို ခ်ိဳသာတဲ့ အသံေလးနဲ႔ေခ်ာ့ျမဴေျပာဆိုပါ။

ကေလးကို လက္ထဲမွာခ်ီၿပီးေထြးပိုက္ေခ်ာ့ျမဴေပးပါ။

ကေလးကို ႏို႔တိုက္တာ၊ ႏို႔ဘူးတိုက္တာမ်ိဳး လုပ္ေပးပါ။

ကေလးေဆးထိုးထားတဲ့ ေနရာကို ေရခဲကပ္ေပးပါ။

ဒီလိုေတြလုပ္ေပးေပမယ့္ ကေလးက အနာရွိန္မသက္သာဘဲ ဖ်ားနာလာမယ္ဆိုရင္ ကေလးကို အဖ်ားေပ်ာက္ေဆးတစ္ခုခု တိုက္ေပးလို႔ရပါတယ္။ ကေလးကငယ္ေသးတယ္ဆိုရင္ေဆးရည္မွ အဆင္ေျပႏိုင္ပါလိမ့္မယ္။ ေဈးကြက္ထဲမွာရွိတဲ့ ကေလးေတြကို တိုက္ေကြၽးႏိုင္တဲ့ အဖ်ားေပ်ာက္ေဆး အရည္ေတြ အမ်ားအျပားရွိၿပီး Hello Sayarwon အေနနဲ႔ေတာ့ Tylenol (တိုင္လီေနာ)ေဆးရည္ကို အႀကံျပဳခ်င္ပါတယ္။ ကာကြယ္ေဆးထိုးၿပီးျဖစ္တဲ့ နီရဲနာက်င္တာေတြ၊ ကိုယ္လက္နာတာေတြနဲ႔ အဖ်ားတက္တာေတြကို အလ်င္အျမန္သက္သာေစႏိုင္ၿပီး ကေလးေတြအတြက္ အဝင္မဆိုးေအာင္ ထုတ္လုပ္ထားတာျဖစ္တာေၾကာင့္ပါ။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ကလေးငယ်လေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် မိဘတွေ အရေးတကြီးလုပ်ရမယ့်အထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။

ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ

ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာ ဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေ ရှိနိုင်ပါတယ်။ အသေးစား ထိခိုက်မှုလေးတွေက –

ကာကွယ်ဆေးထိုးထားတဲ့ နေရာတဝိုက် နီမြန်းရောင်ရမ်းတာ

ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။

ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့် ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်း မသိတာမျိုးဖြစ်နိုင်ပါတယ်။

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားနာတဲ့အခါ

ကလေးငယ်လေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ ဆွေမျိုးတွေမှာ သနားစိတ်နဲ့ စိတ်မချမ်းမသာဖြစ်ရတာပေါ့။

ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ

ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ်အထက်ဆိုရင် ကလေးက ဖျားနေပြီလို့ ဆိုလို့ရပါတယ်။ အသက်အပိုင်းအခြားအလိုက် ပြောပြရမယ်ဆိုရင်တော့

ကလေးက ၃ လအောက်ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်)၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက်ဖြစ်နေမယ်

ကလေးက ၃ လကနေ ၆လ ကြားအရွယ်ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက်ဖြစ်နေမယ် ဆိုရင်တော့ ကလေးငယ်က ဖျားနေပြီလို့ပြောလို့ရပါတယ်။ ကလေးတွေက ဖျားတဲ့အခါ မအီမသာဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ကာကွယ်ဆေးထိုးတာကတော့ မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့်ဆေးထိုးအပြီး ကလေးငယ် ဖျားတာ၊ ထိုးထားတဲ့နေရာ နီရဲပြီးရောင်နေတာ၊ အီပြီး ငိုနေတာတွေအတွက် သက်သာအောင် ပြုစုပေးလို့ရပါတယ်။

ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ–

ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေးထားပေးပါ။

ကလေးကို ချိုသာတဲ့ အသံလေးနဲ့ချော့မြူပြောဆိုပါ။

ကလေးကို လက်ထဲမှာချီပြီးထွေးပိုက်ချော့မြူပေးပါ။

ကလေးကို နို့တိုက်တာ၊ နို့ဘူးတိုက်တာမျိုး လုပ်ပေးပါ။

ကလေးဆေးထိုးထားတဲ့ နေရာကို ရေခဲကပ်ပေးပါ။

ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေးတစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင်ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာရှိတဲ့ ကလေးတွေကို တိုက်ကျွေးနိုင်တဲ့ အဖျားပျောက်ဆေး အရည်တွေ အများအပြားရှိပြီး Hello Sayarwon အနေနဲ့တော့ Tylenol (တိုင်လီနော)ဆေးရည်ကို အကြံပြုချင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးဖြစ်တဲ့ နီရဲနာကျင်တာတွေ၊ ကိုယ်လက်နာတာတွေနဲ့ အဖျားတက်တာတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး ကလေးတွေအတွက် အဝင်မဆိုးအောင် ထုတ်လုပ်ထားတာဖြစ်တာကြောင့်ပါ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ကေလးကို ဘယ္လိုဂ႐ုစိုက္မလဲ ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ကေလးကို ဘယ္လိုဂ႐ုစိုက္မလဲ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.