ေခ်ာင္းဆိုေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးမွားေသာက္မိတဲ့ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေသဆုံး

(Zawgyi)⤵⤵⤵
ကေလး၊ ဒီဇင္ဘာ ၃၁-၂၀၁၉

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စုမွာ ဒီဇင္ဘာ၃၀ရက္ေန႔ ညေနပိုင္းက ေခ်ာင္းဆိုေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးမွားေသာက္မိၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေသဆုံးခဲ့တယ္လို႔ ေခတ္သစ္လူမႈကူညီေရးအဖြဲ႕ကေန သိရပါတယ္။

" ၃ နာရီေက်ာ္ေလာက္မွာ ကြၽန္ေတာ္တို႔ ေခတ္သစ္လူမႈကူညီေရးအသင္းကို ဆက္သြယ္လာၿပီး အဖြဲ႕က သြားေခၚၿပီး ေဆး႐ုံကိုပို႔ပါတယ္။ က်ဳံကူးေဆး႐ုံကို ေရာက္သြားပါတယ္၊ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္ေတြက လူနာကိုအဆိပ္ထုတ္ေပးၿပီး ပုသိမ္ေဆး႐ုံႀကီးကို ပို႔ဖို႔လႊဲတာနဲ႔ လိုက္ပို႔ခ်ိန္ လမ္းမွာေသသြားတာပါ'' လို႔ ေခတ္သစ္လူမႈကူညီေရးအဖြဲ႕မွ ကိုေဝၿဖိဳးကေျပာပါတယ္။

က်ဳံကူးေဆး႐ုံကေန ပုသိမ္ေဆး႐ုံႀကီးကို လိုက္ပို႔ဖို႔ထြက္လာခ်ိန္ မိနစ္ ၃၀ ခန႔္အၾကာမွာ ေ႐ႊေတာင္ေငြေတာင္ ေက်း႐ြာနားအေရာက္မွာ လူနာေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးခဲ့တဲ့ အသက္ ၁၆ ႏွပီးစ္အ႐ြယ္ အမ်ိဳးသမီးကို ေခတ္သစ္လူမႈ႕ကူညီေရးအသင္းကားနဲ႔ ေနအိမ္ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ၿပီး ဒီကေန႔မနက္မွာ ေဆးစစ္ခ်က္ယူဖို႔ ေသဆုံးသူကို ေနအိမ္ကေန ရင္ခြဲ႐ုံကို ျပန္ပိုခဲ့တယ္လို႔ သိရပါတယ္။

ေဂါင္ေဂါင္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
ချောင်းဆိုပျောက်ဆေးနဲ့ ပိုးသတ်ဆေးမှားသောက်မိတဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံး

ကလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ၃၀ရက်နေ့ ညနေပိုင်းက ချောင်းဆိုပျောက်ဆေးနဲ့ ပိုးသတ်ဆေးမှားသောက်မိပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့တယ်လို့ ခေတ်သစ်လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

" ၃ နာရီကျော်လောက်မှာ ကျွန်တော်တို့ ခေတ်သစ်လူမှုကူညီရေးအသင်းကို ဆက်သွယ်လာပြီး အဖွဲ့က သွားခေါ်ပြီး ဆေးရုံကိုပို့ပါတယ်။ ကျုံကူးဆေးရုံကို ရောက်သွားပါတယ်၊ ဆေးရုံရောက်တော့ ဆရာဝန်တွေက လူနာကိုအဆိပ်ထုတ်ပေးပြီး ပုသိမ်ဆေးရုံကြီးကို ပို့ဖို့လွှဲတာနဲ့ လိုက်ပို့ချိန် လမ်းမှာသေသွားတာပါ'' လို့ ခေတ်သစ်လူမှုကူညီရေးအဖွဲ့မှ ကိုဝေဖြိုးကပြောပါတယ်။

ကျုံကူးဆေးရုံကနေ ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ဖို့ထွက်လာချိန် မိနစ် ၃၀ ခန့်အကြာမှာ ရွှေတောင်ငွေတောင် ကျေးရွာနားအရောက်မှာ လူနာသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၆ နှပီးစ်အရွယ် အမျိုးသမီးကို ခေတ်သစ်လူမှု့ကူညီရေးအသင်းကားနဲ့ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒီကနေ့မနက်မှာ ဆေးစစ်ချက်ယူဖို့ သေဆုံးသူကို နေအိမ်ကနေ ရင်ခွဲရုံကို ပြန်ပိုခဲ့တယ်လို့ သိရပါတယ်။

ဂေါင်ဂေါင်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေခ်ာင္းဆိုေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးမွားေသာက္မိတဲ့ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေသဆုံး ေခ်ာင္းဆိုေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးမွားေသာက္မိတဲ့ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေသဆုံး Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.