ျမန္မာျပည္မွာ လူမ်ိဳးတံုးရွင္းလင္းမႈ မရွိခဲ့ဟု ဂ်ပန္သံအမတ္ ယူဆ

ဂ်ပန္သံအမတ္ႀကီး မစၥတာ အိခ်ီေရာ့မာ႐ုယာမ

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ လူမ်ိဳးတံုး သတ္ျဖတ္မႈေတြ ရွိခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံရဲ႕ စြပ္စြဲခ်က္ကို ICJ ႏိုင္ငံတကာတရား႐ုံးမွာ ရင္ဆိုင္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာာင္ခဲ့တဲ့ ျမန္မာအစိုးရအဖြဲ႔ ရပ္တည္ခ်က္ကို ဂ်ပန္ႏိုင္ငံက ေထာက္ခံေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ genocide အမွန္တကယ္ မရွိခဲ့ဘူးဆိုတာ ယုံၾကည္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးက ဒီဇင္ဘာ ၂၆ ရက္ သူ႔ေနအိမ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြကို ေျပာလိုက္ပါတယ္။ ဒီပြဲကို ကိုယ္တိုင္သြားေရာက္ သတင္းယူခဲ့တဲ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတံုးသတ္ျဖတ္မႈ genocide မရွိဘူးဆိုတာ သူ႔အေနနဲ႔ ယုံၾကည္ေၾကာင္း ဂ်ပန္သံအမတ္ႀကီး မစၥတာ အိခ်ီေရာ့မာ႐ုယာမက ဒီေန႔ ဒီဇင္ဘာ ၂၆ ရက္ သူ႔ေနအိမ္မွာ လုပ္တဲ့ မီဒီယာေတြ႕ဆုံပြဲမွာ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

“genocide တကယ္ (ဆုံးျဖတ္ခ်က္) ခ်၊ မခ် ဆိုတာ က်ေနာ္ မရွင္းျပႏိုင္ပါဘူး။ ဘာလို႔ဆိုေတာ့ genocideရွိတယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒါေၾကာင့္မို႔လို႔ အျပည္ျပည္ဆိုင္ရာတရား႐ုံးက genocide ရွိတယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခ်မယ္လို႔ လုံးဝမထင္ပါဘူး။”

တကယ္လို႔ ျမန္မာႏိုင္ငံအတြက္ ICJ က ၾကားျဖတ္ အေရးယူ ေဆာင္႐ြက္မႈ ေတြ လုပ္ေဆာင္ရမယ္လို႔ ဆုံးျဖတ္ခ်က္ ခ်ေပးမယ္ ဆိုရင္လည္း ဂ်ပန္အစိုးရက တတ္ႏိုင္တဲ့ ဘက္က အကူအညီေပးသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။


ICJ ကိစၥမွာ ဂ်ပန္အစိုးရက ျမန္မာအစိုးရကို ေထာက္ခံတာဟာ ဂ်ပန္နဲ႔ အေနာက္ႏိုင္ငံေတြၾကား သေဘာထားကြဲလြဲ ေနတာမ်ိဳး မဟုတ္ေၾကာင္းနဲ႔ ျမန္မာ့ဒီမိုကေရစီေရး ေအာင္ျမင္ဖို႔၊ ႏိုင္ငံတကာနဲ႔ဆက္ဆံေရး အဆင္ေျပဖို႔အျပင္ စီးပြားေရးဖြံ႕ၿဖိဳးဖို႔အတြက္ အေနာက္ႏိုင္ငံေတြနဲ႔ သေဘာထား ထပ္တူ ျဖစ္ေၾကာင္း ဂ်ပန္သံအမတ္ႀကီး မစၥတာ အိခ်ီေရာ့မာ႐ုယာမက ေျပာပါတယ္။

“အေနာက္ႏိုင္ငံ အစိုးရပဲျဖစ္ျဖစ္ သူ ပိုၿပီး ဖိအားေပးတာရွိတယ္။ ေဝဖန္တာေတြ ရွိေတာ့ ရွိေပမဲ့ သူတကယ္ ရည္႐ြယ္ေနတာက ဘာလဲဆိုေတာ့ ဒီမိုကေရစီ ေအာင္ျမင္ေစခ်င္တယ္။ ျမန္မာျပည္သူလူထုကို အဆင္ေျပေစခ်င္တယ္။ စီးပြားေရး တိုးတက္ေစခ်င္တယ္။ အဲဒီလိုဆိုရင္ က်ေနာ္တို႔ အစိုးရ ရည္႐ြယ္ခ်က္နဲ႔ အေနာက္ႏိုင္ငံမ်ား အစိုးရနဲ႔ ရည္႐ြယ္ခ်က္က အတူတူေလာက္ျဖစ္တယ္လို႔ က်ေနာ္ေျပာႏိုင္ပါတယ္။”

ဂ်ပန္ႏိုင္ငံ လက္ရွိၫြန႔္ေပါင္းအစိုးရအဖြဲ႔က Komeito ပါတီရဲ႕ ေခါင္းေဆာင္၊ အထက္လႊတ္ေတာ္အမတ္ Mr. Yamaguchi Natsuo ရဲ႕ ဒီရက္ပိုင္း ျမန္မာျပည္ခရီးစဥ္ထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔နဲ႔ သီးျခားစီေတြ႕ဆုံၿပီး ရခိုင္ျပည္နယ္ရဲ႕ ေနာက္ဆုံးအေျခအေနကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာ့ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးမွာ ဂ်ပန္ႏိုင္ငံက ဆက္ၿပီးကူညီသြားမယ့္ အေျခအေနကို အထက္လႊတ္ေတာ္အမတ္ Mr. Yamaguchi Natsuo က ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံတုန္း ေျပာခဲ့တာပါ။

ဂ်ပန္နိင္ငံက ျမန္မာႏိုင္ငံဖြံ႔ၿဖိဳး တိုးတက္ေရးအတြက္ အစဥ္တစိုက္ အကူအညီေတြ ေပးေနတဲ့အျပင္ မႏွစ္က ဒီအခ်ိန္ကလည္း ဂ်ပန္အစိုးရက ရခိုင္ျပည္နယ္ထဲကေန တဘက္ႏိုင္ငံကို ထြက္ေျပးခဲ့တဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ ဂ်ပန္ယန္းေငြ သန္း ၃၀၀ ေက်ာ္ အကူအညီေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။


[Unicode Version]

မြန်မာပြည်မှာ လူမျိုးတုံးရှင်းလင်းမှု မရှိခဲ့ဟု ဂျပန်သံအမတ် ယူဆ

ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောာင်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ ရပ်တည်ချက်ကို ဂျပန်နိုင်ငံက ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide အမှန်တကယ် မရှိခဲ့ဘူးဆိုတာ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။ ဒီပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide မရှိဘူးဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမက ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

“genocide တကယ် (ဆုံးဖြတ်ချက်) ချ၊ မချ ဆိုတာ ကျနော် မရှင်းပြနိုင်ပါဘူး။ ဘာလို့ဆိုတော့ genocideရှိတယ်လို့ ကျနော် မထင်ပါဘူး။ ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာတရားရုံးက genocide ရှိတယ်ဆိုပြီး ဆုံးဖြတ်ချက်ချမယ်လို့ လုံးဝမထင်ပါဘူး။”

တကယ်လို့ မြန်မာနိုင်ငံအတွက် ICJ က ကြားဖြတ် အရေးယူ ဆောင်ရွက်မှု တွေ လုပ်ဆောင်ရမယ်လို့ ဆုံးဖြတ်ချက် ချပေးမယ် ဆိုရင်လည်း ဂျပန်အစိုးရက တတ်နိုင်တဲ့ ဘက်က အကူအညီပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ICJ ကိစ္စမှာ ဂျပန်အစိုးရက မြန်မာအစိုးရကို ထောက်ခံတာဟာ ဂျပန်နဲ့ အနောက်နိုင်ငံတွေကြား သဘောထားကွဲလွဲ နေတာမျိုး မဟုတ်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီရေး အောင်မြင်ဖို့၊ နိုင်ငံတကာနဲ့ဆက်ဆံရေး အဆင်ပြေဖို့အပြင် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အနောက်နိုင်ငံတွေနဲ့ သဘောထား ထပ်တူ ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမက ပြောပါတယ်။

“အနောက်နိုင်ငံ အစိုးရပဲဖြစ်ဖြစ် သူ ပိုပြီး ဖိအားပေးတာရှိတယ်။ ဝေဖန်တာတွေ ရှိတော့ ရှိပေမဲ့ သူတကယ် ရည်ရွယ်နေတာက ဘာလဲဆိုတော့ ဒီမိုကရေစီ အောင်မြင်စေချင်တယ်။ မြန်မာပြည်သူလူထုကို အဆင်ပြေစေချင်တယ်။ စီးပွားရေး တိုးတက်စေချင်တယ်။ အဲဒီလိုဆိုရင် ကျနော်တို့ အစိုးရ ရည်ရွယ်ချက်နဲ့ အနောက်နိုင်ငံများ အစိုးရနဲ့ ရည်ရွယ်ချက်က အတူတူလောက်ဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။”

ဂျပန်နိုင်ငံ လက်ရှိညွန့်ပေါင်းအစိုးရအဖွဲ့က Komeito ပါတီရဲ့ ခေါင်းဆောင်၊ အထက်လွှတ်တော်အမတ် Mr. Yamaguchi Natsuo ရဲ့ ဒီရက်ပိုင်း မြန်မာပြည်ခရီးစဉ်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဂျပန်နိုင်ငံက ဆက်ပြီးကူညီသွားမယ့် အခြေအနေကို အထက်လွှတ်တော်အမတ် Mr. Yamaguchi Natsuo က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်း ပြောခဲ့တာပါ။

ဂျပန်နိင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်တစိုက် အကူအညီတွေ ပေးနေတဲ့အပြင် မနှစ်က ဒီအချိန်ကလည်း ဂျပန်အစိုးရက ရခိုင်ပြည်နယ်ထဲကနေ တဘက်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဂျပန်ယန်းငွေ သန်း ၃၀၀ ကျော် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ျမန္မာျပည္မွာ လူမ်ိဳးတံုးရွင္းလင္းမႈ မရွိခဲ့ဟု ဂ်ပန္သံအမတ္ ယူဆ ျမန္မာျပည္မွာ လူမ်ိဳးတံုးရွင္းလင္းမႈ မရွိခဲ့ဟု ဂ်ပန္သံအမတ္ ယူဆ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.