ေရထဲျပဳတ္က်ေနေသာ မိခင္အားကယ္တင္ရန္ ၆ ႏွစ္အ႐ြယ္သားေလးက ၂ကီလိုမီတာ လမ္းေလွ်ာက္ အကူအညီေတာင္း

ကေလးမိခင္ကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေသာ ကမ္းစပ္အားေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
 ဝဲလ္လင္တန္ ၊ ဒီဇင္ဘာ ၁၅ ရက္(ဆင္ဟြာ)

အသက္ ၆ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးသည္ ျမစ္ထဲျပဳတ္က်သြားေသာ ကားတစ္စီးထဲတြင္ ပိတ္မိေနသည့္ ၎၏ မိခင္အား ကယ္တင္ရန္ ႏွစ္ကီလိုမီတာအကြာလမ္းေလွ်ာက္၍ ပတ္ဝန္းက်င္ထံ လိုက္လံအကူအညီေတာင္းခံခဲ့ေၾကာင္း နယူးဇီလန္ျပည္တြင္း သတင္းဌာနတစ္ခုက ဒီဇင္ဘာ ၁၅ ရက္တြင္ ေဖာ္ျပခဲ့သည္။

ေဒသခံအမ်ိဳးသမီးတစ္ဦးသည္ အသက္ ၆ ႏွစ္အ႐ြယ္ ၎၏ သားငယ္ေလးအား နယူးဇီလန္ႏိုင္ငံေတာင္ပိုင္း ကမ္းေျခရွိ Grey ေဆး႐ုံသို႔ပို႔ေဆာင္ရန္ ကားေမာင္းႏွင္လာစဥ္ ေဒသစံေတာ္ခ်ိန္ နံနက္ ၂ နာရီတြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားၿပီး ျမစ္ထဲသို႔ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမစ္ထဲျပဳတ္က်သြားေသာ ကားအတြင္းမွ မိခင္အား ကယ္တင္ႏိုင္ရန္ သားျဖစ္သူ ၆ ႏွစ္အ႐ြယ္ ကေလးငယ္သည္ ကားလမ္းမအတိုင္း ၂ ကီလိုမီတာအထိ လမ္းေလွ်ာက္၍ ပတ္ဝန္းက်င္ထံ လိုက္လံ အကူအညီေတာင္းခံခဲ့ျခင္းျဖစ္သည္။

အဆိုပါအကူအညီေတာင္းခံေနေသာ ကေလးငယ္ကို အေဝးေျပးလမ္းေပၚေမွာင္းႏွင္ေနေသာ ကားတစ္စီးက သတိျပဳမိခဲ့ေၾကာင္း ၊  ယင္းေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားသည္ ကေလးငယ္၏မိခင္အား ကယ္တင္ႏိုင္ရန္ ညလုံးေပါက္ ကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

၅နာရီၾကာ ရွာေဖြမႈျပဳလုပ္ၿပီးေနာက္တြင္ ကေလး၏မိခင္အား ကားတိမ္းေမွာက္မႈျဖစ္ပြားေသာ ေနရာမွ ၁၀ ကီလိုမီတာ အကြာတြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ၊ ၎သည္ ေရလႈိင္းေၾကာင့္ အခ်င္းျဖစ္ေနရာမွ အေဝးသို႔ေမ်ာပါေရာက္ရွိသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးအား ျပန္လည္ရွာေဖြေတြ႕ရွိမႈမွာ “ အံ့ဩဖြယ္အျဖစ္အပ်က္ပါပဲ”ဟု ရဲတပ္ၾကပ္ႀကီး Kirkwood က ဆိုသည္။

အမ်ိဳးသမီးအား နီးစပ္ရာေဆး႐ုံသို႔ပို႔ေဆာင္၍ ေဆးဝါးကုသေပးထားေၾကာင္း ၊ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္တြင္ ကေလးငယ္မွာ ႀကီးႀကီးမားမား ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း ႏွင့္ ၎၏ေဆြမ်ိဳးမိသားစုဝင္မ်ားထံ ျပန္လည္ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
----------------
(Unicode)⤵⤵⤵
ရေထဲပြုတ်ကျနေသော မိခင်အားကယ်တင်ရန် ၆ နှစ်အရွယ်သားလေးက ၂ကီလိုမီတာ လမ်းလျှောက် အကူအညီတောင်း

ကလေးမိခင်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ကမ်းစပ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

 ဝဲလ်လင်တန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မြစ်ထဲပြုတ်ကျသွားသော ကားတစ်စီးထဲတွင် ပိတ်မိနေသည့် ၎င်း၏ မိခင်အား ကယ်တင်ရန် နှစ်ကီလိုမီတာအကွာလမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံအကူအညီတောင်းခံခဲ့ကြောင်း နယူးဇီလန်ပြည်တွင်း သတင်းဌာနတစ်ခုက ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဒေသခံအမျိုးသမီးတစ်ဦးသည် အသက် ၆ နှစ်အရွယ် ၎င်း၏ သားငယ်လေးအား နယူးဇီလန်နိုင်ငံတောင်ပိုင်း ကမ်းခြေရှိ Grey ဆေးရုံသို့ပို့ဆောင်ရန် ကားမောင်းနှင်လာစဉ် ဒေသစံတော်ချိန် နံနက် ၂ နာရီတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး မြစ်ထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ထဲပြုတ်ကျသွားသော ကားအတွင်းမှ မိခင်အား ကယ်တင်နိုင်ရန် သားဖြစ်သူ ၆ နှစ်အရွယ် ကလေးငယ်သည် ကားလမ်းမအတိုင်း ၂ ကီလိုမီတာအထိ လမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါအကူအညီတောင်းခံနေသော ကလေးငယ်ကို အဝေးပြေးလမ်းပေါ်မှောင်းနှင်နေသော ကားတစ်စီးက သတိပြုမိခဲ့ကြောင်း ၊  ယင်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကလေးငယ်၏မိခင်အား ကယ်တင်နိုင်ရန် ညလုံးပေါက် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

၅နာရီကြာ ရှာဖွေမှုပြုလုပ်ပြီးနောက်တွင် ကလေး၏မိခင်အား ကားတိမ်းမှောက်မှုဖြစ်ပွားသော နေရာမှ ၁၀ ကီလိုမီတာ အကွာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ၊ ၎င်းသည် ရေလှိုင်းကြောင့် အချင်းဖြစ်နေရာမှ အဝေးသို့မျောပါရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ပြန်လည်ရှာဖွေတွေ့ရှိမှုမှာ “ အံ့ဩဖွယ်အဖြစ်အပျက်ပါပဲ”ဟု ရဲတပ်ကြပ်ကြီး Kirkwood က ဆိုသည်။

အမျိုးသမီးအား နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသပေးထားကြောင်း ၊ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ကလေးငယ်မှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း နှင့် ၎င်း၏ဆွေမျိုးမိသားစုဝင်များထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ေရထဲျပဳတ္က်ေနေသာ မိခင္အားကယ္တင္ရန္ ၆ ႏွစ္အ႐ြယ္သားေလးက ၂ကီလိုမီတာ လမ္းေလွ်ာက္ အကူအညီေတာင္း ေရထဲျပဳတ္က်ေနေသာ မိခင္အားကယ္တင္ရန္ ၆ ႏွစ္အ႐ြယ္သားေလးက ၂ကီလိုမီတာ လမ္းေလွ်ာက္ အကူအညီေတာင္း Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.