ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီးက ႏွစ္မကုန္မီ ေဆြးေႏြးမႈမ်ား ျပန္လည္ ျပဳလုပ္ရန္ အေမရိကန္ကို တိုက္တြန္း

အေမရိကန္ႏိုင္ငံ သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံ ေခါင္းေဆာင္ ကင္ဂ်ဳံအန္တို႔ အား ေတြ႕ဆုံခဲ့စဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
 ၿပဳံးယမ္း ၊ ဒီဇင္ဘာ ၄ ရက္(ဆင္ဟြာ)

  ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီး Ri Thae Song က အေမရိကန္အား ေျမာက္ကိုရီးယားႏွင့္ ေဆြးေႏြးမႈ မ်ားအား ယခုႏွစ္ကုန္ ေနာက္ဆုံးေန႔ မတိုင္မီ စတင္ရန္ ဒီဇင္ဘာ ၃ ရက္တြင္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

ေစ့စပ္ညႇိႏႈိင္းမႈ အစည္းအေဝး အတြက္ လက္ေတြ႕က်သည့္ လုပ္ေဆာင္ခ်က္မ်ား ေဆာင္႐ြက္ရန္ အေမရိကန္အား ေျမာက္ကိုရီးယားက သတ္မွတ္ထားသည့္ ယခုႏွစ္ကုန္အခ်ိန္မွာ ပို၍ နီးကပ္လာၿပီ ျဖစ္ေၾကာင္း ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီး Ri ၏ ေျပာၾကားခ်က္ကို ကိုးကား၍ Korean Central News Agency က ေဖာ္ျပခဲ့သည္။

အေမရိကန္ ႏိုင္ငံက ေျပာၾကားသည့္ ေတြ႕ဆုံေဆြးေႏြးေရးမွာ ေျမာက္ကိုရီးယားကို ေတြ႕ဆုံေဆြးေႏြးေရးသို႔ ဉီးတည္ေသာ မိုက္မဲေသာ လွည့္စားမႈ တစ္ခုကို ႀကံစည္ ဖန္တီးျခင္း ျဖစ္ၿပီး အေမရိကန္ အတြက္ ေ႐ြးေကာက္ပြဲ ႏွင့္ ႏိုင္ငံေရး အေျခအေနမ်ား အေပၚ လိုက္ၿပီး အသုံးခ်ျခင္း ျဖစ္ေၾကာင္း ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီး Ri Thae Song က ေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယား ႏွင့္ အေမရိကန္တို႔မွာ ကိုရီးယား ကြၽန္းဆြယ္တြင္ န်ဴကလီးယား ကင္းစင္ေရး အေပၚ အလုပ္သေဘာ ေဆြးေႏြးမႈမ်ားအား ေအာက္တိုဘာလ အေစာပိုင္းက စေတာ့ဟုမ္း၌ ျပဳလုပ္ခဲ့ၿပီး နာရီ အနည္းငယ္ အၾကာတြင္ ပ်က္ျပားသြားခဲ့ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီးက ေျမာက္ကိုရီးယား အေနျဖင့္ ၎တို႔ ကိုယ္ပိုင္ ႀကိဳးစားမႈျဖင့္ ေဆာင္႐ြက္ခဲ့သည့္ အေရးႀကီးေသာ ေျခလွမ္းမွ ေနာက္မဆုတ္သြားရန္ တတ္ႏိုင္စြမ္းသမွ် ႀကိဳးစားခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားအေပၚ ရန္လိုသည့္ မူဝါဒမ်ားအား အေမရိကန္က မေျပာင္းလဲသည့္ အတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္မည္ မဟုတ္ဘဲ သည္းခံမႈမ်ား ေပ်ာက္ဆုံးလာၿပီ ျဖစ္ေၾကာင္း မၾကာေသးမီက ေျမာက္ကိုရီးယားက ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
----------------
(Unicode)⤵⤵⤵
မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက နှစ်မကုန်မီ ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်ရန် အမေရိကန်ကို တိုက်တွန်း

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ အား တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)
  ပြုံးယမ်း ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri Thae Song က အမေရိကန်အား မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု များအား ယခုနှစ်ကုန် နောက်ဆုံးနေ့ မတိုင်မီ စတင်ရန် ဒီဇင်ဘာ ၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

စေ့စပ်ညှိနှိုင်းမှု အစည်းအဝေး အတွက် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အမေရိကန်အား မြောက်ကိုရီးယားက သတ်မှတ်ထားသည့် ယခုနှစ်ကုန်အချိန်မှာ ပို၍ နီးကပ်လာပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri ၏ ပြောကြားချက်ကို ကိုးကား၍ Korean Central News Agency က ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံက ပြောကြားသည့် တွေ့ဆုံဆွေးနွေးရေးမှာ မြောက်ကိုရီးယားကို တွေ့ဆုံဆွေးနွေးရေးသို့ ဉီးတည်သော မိုက်မဲသော လှည့်စားမှု တစ်ခုကို ကြံစည် ဖန်တီးခြင်း ဖြစ်ပြီး အမေရိကန် အတွက် ရွေးကောက်ပွဲ နှင့် နိုင်ငံရေး အခြေအနေများ အပေါ် လိုက်ပြီး အသုံးချခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri Thae Song က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နှင့် အမေရိကန်တို့မှာ ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေး အပေါ် အလုပ်သဘော ဆွေးနွေးမှုများအား အောက်တိုဘာလ အစောပိုင်းက စတော့ဟုမ်း၌ ပြုလုပ်ခဲ့ပြီး နာရီ အနည်းငယ် အကြာတွင် ပျက်ပြားသွားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့ ကိုယ်ပိုင် ကြိုးစားမှုဖြင့် ဆောင်ရွက်ခဲ့သည့် အရေးကြီးသော ခြေလှမ်းမှ နောက်မဆုတ်သွားရန် တတ်နိုင်စွမ်းသမျှ ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအပေါ် ရန်လိုသည့် မူဝါဒများအား အမေရိကန်က မပြောင်းလဲသည့် အတွက် ဆွေးနွေးမှုများ ပြုလုပ်မည် မဟုတ်ဘဲ သည်းခံမှုများ ပျောက်ဆုံးလာပြီ ဖြစ်ကြောင်း မကြာသေးမီက မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီးက ႏွစ္မကုန္မီ ေဆြးေႏြးမႈမ်ား ျပန္လည္ ျပဳလုပ္ရန္ အေမရိကန္ကို တိုက္တြန္း ေျမာက္ကိုရီးယား ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီးက ႏွစ္မကုန္မီ ေဆြးေႏြးမႈမ်ား ျပန္လည္ ျပဳလုပ္ရန္ အေမရိကန္ကို တိုက္တြန္း Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.