သမၼတထရမ့္အား စြပ္စြဲျပစ္တင္ရန္ အေမရိကန္ေအာက္လႊတ္ေတာ္၌ မဲခြဲဆုံးျဖတ္

(Zawgyi)⤵⤵⤵
    ဝါရွင္တန္ ၊ ဒီဇင္ဘာ ၁၉ ရက္(ဆင္ဟြာ)

    ဒီမိုကရက္တစ္ပါတီဦးေဆာင္ေသာ အေမရိကန္ေအာက္လႊတ္ေတာ္တြင္ သမၼတထရမ့္အား အာဏာအလြဲသုံးစားမႈ ႏွင့္ ကြန္ဂရက္အား ဟန႔္တားမႈ တို႔ျဖင့္စြပ္စြဲျပစ္တင္ရန္ ဒီဇင္ဘာ ၁၈ ရက္တြင္ မဲခြဲဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါမဲခြဲမႈေၾကာင့္ သမၼတထရမ့္သည္ အေမရိကန္ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ တတိယေျမာက္ စြပ္စြဲျပစ္တင္ခံရေသာ သမၼတတစ္ဦးျဖစ္လာခဲ့သည္။

မဲခြဲမႈ မစတင္မီ လႊတ္ေတာ္၌ မိန႔္ခြန္းေျပာၾကားရာတြင္ ေအာက္လႊတ္ေတာ္ဥကၠ႒နန္စီပလိုစီ(Nancy Pelosi) က “ သမၼတရဲ႕ အဆင္ျခင္မဲ့ လုပ္ေဆာင္ခ်က္ေတြဟာ စြပ္စြဲျပစ္တင္မႈ လုပ္ဖို႔အတြက္ လုံေလာက္တဲ့အေၾကာင္းတရားေတြျဖစ္ပါတယ္။ ကြၽန္မတို႔မွာ ေ႐ြးခ်ယ္စရာမရွိပါဘူး” ဟုဆိုသည္။
အေမရိကန္ႏိုင္ငံသမၼတေဒၚနယ္ထရမ့္အား စြပ္စြဲျပစ္တင္ရန္ ေအာက္လႊတ္ေတာ္၌ ေဆြးေႏြးေနစဥ္(ဆင္ဟြာ)

အဆိုမဲခြဲမႈႏွင့္ပတ္သက္၍ သမၼတထရမ့္က ဒီမိုကရက္တစ္မ်ား၏ စြပ္စြဲျပစ္တင္ရန္ ႀကိဳးပမ္းမႈသည္ ရီဘတ္ပလီကန္ပါတီအပါအဝင္ တစ္ႏိုင္ငံလုံးအေပၚ “ ေစာ္ကားမႈတစ္ခုပဲ  ” ဟူ၍ တြစ္တာမွတစ္ဆင့္ တုံ႔ျပန္ေရးသားခဲ့သည္။

သမၼတအေပၚအယုံအၾကည္မရွိ အဆိုကို အတည္ျပဳရန္ ဆီးနိတ္အထက္လႊတ္ေတာ္၌ ကိုယ္စားလွယ္အားလုံး၏ အနည္းဆုံးေထာက္ခံမဲ သုံးပုံႏွစ္ပုံ (သို႔မဟုတ္) ဆီးနိတ္လႊတ္ေတာ္အမတ္ ၆၇ ဦး၏ ေထာက္ခံမဲ လိုအပ္ေနေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
----------
(Unicode)⤵⤵⤵
သမ္မတထရမ့်အား စွပ်စွဲပြစ်တင်ရန် အမေရိကန်အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်၌ ဆွေးနွေးနေစဉ်(ဆင်ဟွာ) North America

    ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

    ဒီမိုကရက်တစ်ပါတီဦးဆောင်သော အမေရိကန်အောက်လွှတ်တော်တွင် သမ္မတထရမ့်အား အာဏာအလွဲသုံးစားမှု နှင့် ကွန်ဂရက်အား ဟန့်တားမှု တို့ဖြင့်စွပ်စွဲပြစ်တင်ရန် ဒီဇင်ဘာ ၁၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဲခွဲမှုကြောင့် သမ္မတထရမ့်သည် အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် တတိယမြောက် စွပ်စွဲပြစ်တင်ခံရသော သမ္မတတစ်ဦးဖြစ်လာခဲ့သည်။

မဲခွဲမှု မစတင်မီ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီ(Nancy Pelosi) က “ သမ္မတရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက်တွေဟာ စွပ်စွဲပြစ်တင်မှု လုပ်ဖို့အတွက် လုံလောက်တဲ့အကြောင်းတရားတွေဖြစ်ပါတယ်။ ကျွန်မတို့မှာ ရွေးချယ်စရာမရှိပါဘူး” ဟုဆိုသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်၌ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

အဆိုမဲခွဲမှုနှင့်ပတ်သက်၍ သမ္မတထရမ့်က ဒီမိုကရက်တစ်များ၏ စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုသည် ရီဘတ်ပလီကန်ပါတီအပါအဝင် တစ်နိုင်ငံလုံးအပေါ် “ စော်ကားမှုတစ်ခုပဲ  ” ဟူ၍ တွစ်တာမှတစ်ဆင့် တုံ့ပြန်ရေးသားခဲ့သည်။

သမ္မတအပေါ်အယုံအကြည်မရှိ အဆိုကို အတည်ပြုရန် ဆီးနိတ်အထက်လွှတ်တော်၌ ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံးထောက်ခံမဲ သုံးပုံနှစ်ပုံ (သို့မဟုတ်) ဆီးနိတ်လွှတ်တော်အမတ် ၆၇ ဦး၏ ထောက်ခံမဲ လိုအပ်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
သမၼတထရမ့္အား စြပ္စြဲျပစ္တင္ရန္ အေမရိကန္ေအာက္လႊတ္ေတာ္၌ မဲခြဲဆုံးျဖတ္ သမၼတထရမ့္အား စြပ္စြဲျပစ္တင္ရန္ အေမရိကန္ေအာက္လႊတ္ေတာ္၌ မဲခြဲဆုံးျဖတ္ Reviewed by THITHTOOLWIN on 02:32 Rating: 5
Powered by Blogger.