ႏိုင္ငံသား ဥပေဒ ျပင္ဆင္ေရး - အိႏၵိယမွာ လူေသဆုံးတဲ့ထိ ဆႏၵျပမႈေတြျဖစ္

ကိုလ္ကတၱားၿမိဳ႕က ဆႏၵျပမႈေတြမွာ ဝန္ႀကီးခ်ဳပ္ မိုဒီရဲ႕ ပုံတူအ႐ုပ္ကို မီးရႈိ႕ေနၾကသူေတြ
(Zawgyi)⤵⤵⤵
လူေသဆုံးတဲ့အထိ ျဖစ္ပြားခဲ့တဲ့ အိႏၵိယက အျငင္းပြားဖြယ္ ႏိုင္ငံသား ဥပေဒ ျပင္ဆင္ေရး ဥပေဒနဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ကိုလ္ကတၱားၿမိဳ႕မွာ ဒုတိယေန႔ ဆက္ျဖစ္ေနပါတယ္။

ဒီဥပေဒသစ္က မြတ္ဆလင္ အမ်ားစု အိမ္နီးခ်င္းသုံးႏိုင္ငံက မြတ္ဆလင္ မဟုတ္သူေတြ ဘာသာေရး ဖိႏွိပ္ခံရမႈေတြ ရင္ဆိုင္ရလာရင္ သူတို႔ကို ႏိုင္ငံသားျပဳခြင့္ေပးမယ့္ ဥပေဒ ျဖစ္ပါတယ္။

ဒီလို ျပဳျပင္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး အေနာက္ဘန္ေဂါရဲ႕ ၿမိဳ႕ေတာ္ ကိုလ္ကတၱားမွာ ဒီဇင္ဘာ ၁၄ ရက္ စေနေန႔မွာ ဆႏၵျပသူေတြက ကားလမ္းေတြပိတ္၊ ရထားေတြနဲ႔ ဘူတာေတြကို တိုက္ခိုက္ ဆႏၵျပခဲ့ၾကပါတယ္။

ဒါေၾကာင့္ အာသံျပည္နယ္ရဲ႕ အႀကီးဆုံးၿမိဳ႕ ျဖစ္တဲ့ ဂူဝါေဟတီၿမိဳ႕မွာလည္း ညမထြက္ရ အမိန႔္ထုတ္ထားရပါတယ္။ အဲဒီၿမိဳ႕မွာ ၿပီးခဲ့သီတင္းပတ္အတြင္း ဆႏၵျပတာေတြေၾကာင့္ လူႏွစ္ေယာက္ေသဆုံးအၿပီး အခုလို ညမထြက္ရ အမိန႔္ထုတ္ထားလိုက္တာပါ။

ဆႏၵျပသူေတြကေတာ့ စေနေန႔ ညေနမွာ ဒီညမထြက္ရ အမိန႔္ကို ဖီဆန္ၾကမယ္လို႔ ေျပာပါတယ္။

ဒီလို အေျခအေနေတြေၾကာင့္ အဲဒီေဒသေတြကို ခရီးသြားမယ့္ ယူေက၊ အေမရိကန္နဲ႔ ကေနဒါ ႏိုင္ငံသားေတြကို သတိထားၾကဖို႔ သူတို႔ ႏိုင္ငံေတြက သတိေပးထားပါတယ္။

ဒါ့အျပင္ အိႏၵိယႏိုင္ငံထဲက တျခားေနရာေတြမွာလည္း ဆႏၵျပမႈေတြ ျဖစ္ေနပါတယ္။

ေသာၾကာေန႔မွာ ေက်ာင္းသားအမ်ားစု ပါဝင္တဲ့ ဆႏၵျပသူေတြနဲ႔ နယူးေဒလီၿမိဳ႕က ရဲေတြ အၾကား ပဋိပကၡ ျဖစ္ခဲ့ပါတယ္။

အဲဒါနဲ႔ တစ္ခ်ိန္တည္းမွာပဲ ဆႏၵျပသူေတက ဘန္ေဂါၿမိဳ႕မွာ ဘူတာ႐ုံတစ္ခုက အေဆာက္အအုံေတြကို မီးရႈိ႕ခဲ့ၾကပါတယ္။

 မြတ္ဆလင္ဆႏၵျပသူေတြက ေသာၾကာေန႔ ဝတ္ျပဳဆုေတာင္းတာကို ဥပေဒကို ဆန္႔က်င္တယ္ဆိုတဲ့ စာတန္းေရွ႕မွာ လုပ္ခဲ့ၾက

တျခား ဆႏၵျပမႈေတြလည္း ႏိုင္ငံေတာင္ပိုင္းျပည္နယ္ေတြ ျဖစ္တဲ့ ကာရာလာနဲ႔ ကာနာတာကာတို႔မွာ ျဖစ္ခဲ့ပါတယ္။

မြတ္ဆလင္ လူဦးေရ သုံးပုံတစ္ပုံနီးပါးရွိတဲ့ အေနာက္ဘန္ေဂါျပည္နယ္ ဝန္ႀကီးခ်ဳပ္ မာမာတာ ဘန္နာဂ်ီက ဒီဥပေဒကို ဆန႔္က်င္ၿပီး ဒါကို အေကာင္အထည္ေဖာ္မွာလည္း မဟုတ္ဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ လာမယ့္ သီတင္းပတ္မွာ ဆႏၵျပတာေတြ ပိုလုပ္ၾကဖို႔လည္း သူက ေျပာလိုက္ပါတယ္။

ပန္ဂ်ပ္၊ ကာရာလာ၊ မတ္ဒရာ ပရာဒက္ရွ္နဲ႔ စစ္တေကာင္းျပည္နယ္ေတြက ဝန္ႀကီးခ်ဳပ္ေတြကလည္း ဒီဥပေဒကို အေကာင္အထည္ မေဖာ္ဘူးလို႔ ေျပာပါတယ္။
ဒီဥပေဒ ဘာလို႔ အျငင္းပြားဖြယ္ ျဖစ္တာလဲ

အခု သီတင္းပတ္မွာ အတည္ျပဳလိုက္တဲ့ ႏိုင္ငံသားျပဳခြင့္ကို ျပင္ဆင္တဲ့ ဥပေဒက ပါကစၥတန္၊ အာဖဂန္နစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြက မြတ္ဆလင္မဟုတ္တဲ့သူေတြ ဘာသာေရး ဖိႏွိပ္ခံရရင္ အိႏၵိယက ႏိုင္ငံသားေပးဖို႔ ျပင္ဆင္လိုက္တဲ့ ဥပေဒ ျဖစ္ပါတယ္။

အဲဒီထဲမွာ ဟိႏၵဴေတြနဲ႔အတူ ခရစ္ယာန္၊ဗုဒၶဘာသာ၊ဆစ္ခ္၊ ဂ်ိန္းနဲ႔ ဖာရစီ ေတြ ႏိုင္ငံသားျပဳခြင့္ရဖို႔ ပါဝင္ပါတယ္။

အဲဒီ ဘာသာဝင္မ်ိဳးႏြယ္စုေတြဟာ အိႏၵိယကို တရားမဝင္ေရာက္လာသူေတြ ျဖစ္ရင္ေတာင္ သူတို႔ဟာ ပါကစၥတန္၊ အာဖဂန္နစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြကပါလို႔ အေထာက္အထားျပႏိုင္ရင္ အိႏၵိယ ႏိုင္ငံသား ျပဳခြင့္ရမွာ ျဖစ္ပါတယ္။

ႏိုင္ငံတစ္လႊားက မြတ္ဆလင္ အခြင့္အေရးေတာင္းဆိုသူေတြနဲ႔ အတိုက္အခံ ႏိုင္ငံေရးပါတီကေတာ့ ဒီဥပေဒက ဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီရဲ႕ ဟိႏၵဴမ်ိဳးခ်စ္ဝါဒရဲ႕ အစိတ္အပိုင္းတစ္ရပ္ျဖစ္တယ္လို႔ေျပာပါတယ္။

ဒါဟာ မြတ္ဆလင္ေတြကို ႏွိမ္ခ်ေသးသိမ္ အေရးမစိုက္လုပ္တာလို႔ လည္း သူတို႔က ေျပာပါတယ္။

ဒါေပမဲ့ မိုဒီကေတာ့ ဒါကိုျငင္းပါတယ္။ မြတ္ဆလင္ေတြကို ဒီဥပေဒထဲမွာ မထည့္ထားတာက သူတို႔ေတြက အဲဒီသုံးႏိုင္ငံမွာ လူနည္းစုေတြမဟုတ္တဲ့တြက္ အိႏၵိယက သူတို႔ကို အကာအကြယ္ေပးစရာမလိုတဲ့အတြက္ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ ေဝဖန္သူေတြကေတာ့ တကယ္လို႔ ဒီဥပေဒက လူနည္းစုေတြကို အကာအကြယ္ေပးဖို႔ ရည္႐ြယ္တာသာ အမွန္ျဖစ္မယ္ဆိုရင္ ဥပမာအားျဖင့္ ကိုယ့္ႏိုင္ငံထဲမွာကိုယ္ ဖိႏွိပ္ခံရတဲ့ ပါကစၥတန္က အာမက္ဒီယား မြတ္ဆလင္ လူနည္းစုေတြကိုလည္း ထည့္သြင္းသင့္တယ္လို႔ ေျပာပါတယ္။
ဥပေဒ ဆန္႔က်င္ေၾကာင္း ေခါင္းစည္းစာတန္းနဲ႔ ဘန္ဂေလာၿမိဳ႕က ဆႏၵျပသူ
ဒါ့အျပင္ ဒီဥပေဒဟာ အေျခခံဥပေဒက ေလးစားလိုက္နာတဲ့ ဘာသာေရးမစြက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြျဖစ္တဲ့ ႏိုင္ငံသားေတြအေပၚ ဘာသာေရးခြဲျခားဆက္ဆံတာကို တားျမစ္ထားတာကို ခ်ိဳးေဖာက္ရာလည္း ေရာက္တယ္လို႔ ေဝဖန္သူေတြက ေျပာပါတယ္။

ဘာသာေရးအျပင္ ဒီဥပေဒနဲ႔ ပတ္သက္ၿပီး ေ႐ႊ႕ေျပာင္းဝင္လာသူေတြကို ဆန႔္က်င္တဲ့ ဆႏၵျပတာေတြလည္း ျဖစ္ေနပါတယ္။

အာသံမွာျဖစ္တဲ့ ဆႏၵျပမႈေတြကေတာ့ ဘာသာေရးခြဲျခားတာတို႔၊ ဘာသာေရးမစြက္တဲ့ ႏိုင္ငံစနစ္ကို ထိပါးတာတို႔ ဆိုတဲ့ ကိစၥေတြထက္စာရင္ ႏိုင္ငံထဲကို ယဥ္ေက်းမႈနဲ႔ဓေလ့မတူသူေတြ အမ်ားအျပားဝင္လာမွာကို ဆႏၵျပတာက ပိုမ်ားတယ္လို႔ ဘီဘီစီ အိႏၵိယဌာနက ဆိုတစ္ခ္ ဘီစ္ဝါစ္က ေျပာပါတယ္။

ဒါေပမဲ့ အာသံကလူေတြကို ဒါ့အတြက္ မစိုးရိမ္ၾကဖို႔ ဝန္ႀကီးခ်ဳပ္ မိုဒီက ေျပာပါတယ္။

အဲဒါနဲ႔ ပတ္သက္ၿပီး ဒီဇင္ဘာ ၁၂ ရက္မွာ ဗဟိုအစိုးရနဲ႔ ကြၽန္ေတာ္ဟာ အာသံကလူေတြရဲ႕ ႏိုင္ငံေရး၊ ဘာသာစကား၊ ယဥ္ေက်းမႈနဲ႔ ေျမယာပိုင္ဆိုင္ခြင့္အတြက္ အေျခခံဥပေဒအရ ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ အျပည့္အဝလုပ္ေနတယ္လို႔ တြစ္တာမွာ ေရးတင္ခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီေဒသမွာ မိုဘိုင္းလ္ဖုန္းေတြနဲ႔ အင္တာနက္ သုံးစြဲတာေတြကို အပိတ္ခံထားရတဲ့အတြက္ သူဒီလိုေျပာတာကို ေဒသခံေတြ သိပါ့မလားဆိုတာ မေသခ်ာပါဘူး။

ဒီဥပေဒဘာဆက္ျဖစ္မလဲ

ႏိုင္ငံေရးပါတီတစ္ခုျဖစ္တဲ့ အိႏၵိယမြတ္ဆလင္ အဖြဲ႕ခ်ဳပ္ပါတီက ဒီဥပေဒကို တရားမဝင္ေၾကာင္း ေၾကညာေပးဖို႔ ႏိုင္ငံရဲ႕ အျမင့္ဆုံးတရား႐ုံးကို ေလွ်ာက္ထားေတာင္းဆိုထားပါတယ္။

ဒီဥပေဒဟာ ႏိုင္ငံသားေတြရဲ႕ အခြင့္အေရးညီမွ်မႈ၊ အေျခခံ အခြင့္ေရးနဲ႔ ဘဝရွင္သန္ခြင့္ေတြကို ခ်ိဳးေဖာက္တယ္ဆိုၿပီး တရား႐ုံးခ်ဳပ္ကို သူတို႔ တင္သြင္းတဲ့ထဲမွာ ထည့္သြင္းထားပါတယ္။

ထင္ရွားတဲ့ ဥပေဒပညာရွင္ေတြ၊ ေရွ႕ေနေတြ၊ ပညာရွင္ေတြ၊ သ႐ုပ္ေဆာင္ေတြပါဝင္တဲ့ လူ ၇၀၀ ေလာက္က ဒီဥပေဒကို ျပင္းျပင္းထန္ထန္ လုံးဝ ရႈတ္ခ်တယ္ဆိုၿပီး လက္မွတ္ထိုး ထုတ္ျပန္ေၾကညာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
နိုင်ငံသား ဥပဒေ ပြင်ဆင်ရေး - အိန္ဒိယမှာ လူသေဆုံးတဲ့ထိ ဆန္ဒပြမှုတွေဖြစ်

ဓာတ်ပုံ မူပိုင် EPA
Image caption ကိုလ်ကတ္တားမြို့က ဆန္ဒပြမှုတွေမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ပုံတူအရုပ်ကို မီးရှို့နေကြသူတွေ

လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယက အငြင်းပွားဖွယ် နိုင်ငံသား ဥပဒေ ပြင်ဆင်ရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ကိုလ်ကတ္တားမြို့မှာ ဒုတိယနေ့ ဆက်ဖြစ်နေပါတယ်။

ဒီဥပဒေသစ်က မွတ်ဆလင် အများစု အိမ်နီးချင်းသုံးနိုင်ငံက မွတ်ဆလင် မဟုတ်သူတွေ ဘာသာရေး ဖိနှိပ်ခံရမှုတွေ ရင်ဆိုင်ရလာရင် သူတို့ကို နိုင်ငံသားပြုခွင့်ပေးမယ့် ဥပဒေ ဖြစ်ပါတယ်။

ဒီလို ပြုပြင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အနောက်ဘန်ဂေါရဲ့ မြို့တော် ကိုလ်ကတ္တားမှာ ဒီဇင်ဘာ ၁၄ ရက် စနေနေ့မှာ ဆန္ဒပြသူတွေက ကားလမ်းတွေပိတ်၊ ရထားတွေနဲ့ ဘူတာတွေကို တိုက်ခိုက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါကြောင့် အာသံပြည်နယ်ရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ ဂူဝါဟေတီမြို့မှာလည်း ညမထွက်ရ အမိန့်ထုတ်ထားရပါတယ်။ အဲဒီမြို့မှာ ပြီးခဲ့သီတင်းပတ်အတွင်း ဆန္ဒပြတာတွေကြောင့် လူနှစ်ယောက်သေဆုံးအပြီး အခုလို ညမထွက်ရ အမိန့်ထုတ်ထားလိုက်တာပါ။

ဆန္ဒပြသူတွေကတော့ စနေနေ့ ညနေမှာ ဒီညမထွက်ရ အမိန့်ကို ဖီဆန်ကြမယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေကြောင့် အဲဒီဒေသတွေကို ခရီးသွားမယ့် ယူကေ၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံသားတွေကို သတိထားကြဖို့ သူတို့ နိုင်ငံတွေက သတိပေးထားပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံထဲက တခြားနေရာတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။

သောကြာနေ့မှာ ကျောင်းသားအများစု ပါဝင်တဲ့ ဆန္ဒပြသူတွေနဲ့ နယူးဒေလီမြို့က ရဲတွေ အကြား ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။

အဲဒါနဲ့ တစ်ချိန်တည်းမှာပဲ ဆန္ဒပြသူတေက ဘန်ဂေါမြို့မှာ ဘူတာရုံတစ်ခုက အဆောက်အအုံတွေကို မီးရှို့ခဲ့ကြပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption မွတ်ဆလင်ဆန္ဒပြသူတွေက သောကြာနေ့ ဝတ်ပြုဆုတောင်းတာကို ဥပဒေကို ဆန့်ကျင်တယ်ဆိုတဲ့ စာတန်းရှေ့မှာ လုပ်ခဲ့ကြ

တခြား ဆန္ဒပြမှုတွေလည်း နိုင်ငံတောင်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ ကာရာလာနဲ့ ကာနာတာကာတို့မှာ ဖြစ်ခဲ့ပါတယ်။

မွတ်ဆလင် လူဦးရေ သုံးပုံတစ်ပုံနီးပါးရှိတဲ့ အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီက ဒီဥပဒေကို ဆန့်ကျင်ပြီး ဒါကို အကောင်အထည်ဖော်မှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လာမယ့် သီတင်းပတ်မှာ ဆန္ဒပြတာတွေ ပိုလုပ်ကြဖို့လည်း သူက ပြောလိုက်ပါတယ်။

ပန်ဂျပ်၊ ကာရာလာ၊ မတ်ဒရာ ပရာဒက်ရှ်နဲ့ စစ်တကောင်းပြည်နယ်တွေက ဝန်ကြီးချုပ်တွေကလည်း ဒီဥပဒေကို အကောင်အထည် မဖော်ဘူးလို့ ပြောပါတယ်။
ဒီဥပဒေ ဘာလို့ အငြင်းပွားဖွယ် ဖြစ်တာလဲ

အခု သီတင်းပတ်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံသားပြုခွင့်ကို ပြင်ဆင်တဲ့ ဥပဒေက ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက မွတ်ဆလင်မဟုတ်တဲ့သူတွေ ဘာသာရေး ဖိနှိပ်ခံရရင် အိန္ဒိယက နိုင်ငံသားပေးဖို့ ပြင်ဆင်လိုက်တဲ့ ဥပဒေ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဟိန္ဒူတွေနဲ့အတူ ခရစ်ယာန်၊ဗုဒ္ဓဘာသာ၊ဆစ်ခ်၊ ဂျိန်းနဲ့ ဖာရစီ တွေ နိုင်ငံသားပြုခွင့်ရဖို့ ပါဝင်ပါတယ်။

အဲဒီ ဘာသာဝင်မျိုးနွယ်စုတွေဟာ အိန္ဒိယကို တရားမဝင်ရောက်လာသူတွေ ဖြစ်ရင်တောင် သူတို့ဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကပါလို့ အထောက်အထားပြနိုင်ရင် အိန္ဒိယ နိုင်ငံသား ပြုခွင့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်လွှားက မွတ်ဆလင် အခွင့်အရေးတောင်းဆိုသူတွေနဲ့ အတိုက်အခံ နိုင်ငံရေးပါတီကတော့ ဒီဥပဒေက ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဟိန္ဒူမျိုးချစ်ဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ပြောပါတယ်။

ဒါဟာ မွတ်ဆလင်တွေကို နှိမ်ချသေးသိမ် အရေးမစိုက်လုပ်တာလို့ လည်း သူတို့က ပြောပါတယ်။

ဒါပေမဲ့ မိုဒီကတော့ ဒါကိုငြင်းပါတယ်။ မွတ်ဆလင်တွေကို ဒီဥပဒေထဲမှာ မထည့်ထားတာက သူတို့တွေက အဲဒီသုံးနိုင်ငံမှာ လူနည်းစုတွေမဟုတ်တဲ့တွက် အိန္ဒိယက သူတို့ကို အကာအကွယ်ပေးစရာမလိုတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ တကယ်လို့ ဒီဥပဒေက လူနည်းစုတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာသာ အမှန်ဖြစ်မယ်ဆိုရင် ဥပမာအားဖြင့် ကိုယ့်နိုင်ငံထဲမှာကိုယ် ဖိနှိပ်ခံရတဲ့ ပါကစ္စတန်က အာမက်ဒီယား မွတ်ဆလင် လူနည်းစုတွေကိုလည်း ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဥပဒေ ဆန့်ကျင်ကြောင်း ခေါင်းစည်းစာတန်းနဲ့ ဘန်ဂလောမြို့က ဆန္ဒပြသူ

ဒါ့အပြင် ဒီဥပဒေဟာ အခြေခံဥပဒေက လေးစားလိုက်နာတဲ့ ဘာသာရေးမစွက်တဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ နိုင်ငံသားတွေအပေါ် ဘာသာရေးခွဲခြားဆက်ဆံတာကို တားမြစ်ထားတာကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဘာသာရေးအပြင် ဒီဥပဒေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းဝင်လာသူတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြတာတွေလည်း ဖြစ်နေပါတယ်။

အာသံမှာဖြစ်တဲ့ ဆန္ဒပြမှုတွေကတော့ ဘာသာရေးခွဲခြားတာတို့၊ ဘာသာရေးမစွက်တဲ့ နိုင်ငံစနစ်ကို ထိပါးတာတို့ ဆိုတဲ့ ကိစ္စတွေထက်စာရင် နိုင်ငံထဲကို ယဉ်ကျေးမှုနဲ့ဓလေ့မတူသူတွေ အများအပြားဝင်လာမှာကို ဆန္ဒပြတာက ပိုများတယ်လို့ ဘီဘီစီ အိန္ဒိယဌာနက ဆိုတစ်ခ် ဘီစ်ဝါစ်က ပြောပါတယ်။

ဒါပေမဲ့ အာသံကလူတွေကို ဒါ့အတွက် မစိုးရိမ်ကြဖို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ဗဟိုအစိုးရနဲ့ ကျွန်တော်ဟာ အာသံကလူတွေရဲ့ နိုင်ငံရေး၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ မြေယာပိုင်ဆိုင်ခွင့်အတွက် အခြေခံဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ အပြည့်အဝလုပ်နေတယ်လို့ တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီဒေသမှာ မိုဘိုင်းလ်ဖုန်းတွေနဲ့ အင်တာနက် သုံးစွဲတာတွေကို အပိတ်ခံထားရတဲ့အတွက် သူဒီလိုပြောတာကို ဒေသခံတွေ သိပါ့မလားဆိုတာ မသေချာပါဘူး။

ဒီဥပဒေဘာဆက်ဖြစ်မလဲ

နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အိန္ဒိယမွတ်ဆလင် အဖွဲ့ချုပ်ပါတီက ဒီဥပဒေကို တရားမဝင်ကြောင်း ကြေညာပေးဖို့ နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကို လျှောက်ထားတောင်းဆိုထားပါတယ်။

ဒီဥပဒေဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးညီမျှမှု၊ အခြေခံ အခွင့်ရေးနဲ့ ဘဝရှင်သန်ခွင့်တွေကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးချုပ်ကို သူတို့ တင်သွင်းတဲ့ထဲမှာ ထည့်သွင်းထားပါတယ်။

ထင်ရှားတဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ပညာရှင်တွေ၊ သရုပ်ဆောင်တွေပါဝင်တဲ့ လူ ၇၀၀ လောက်က ဒီဥပဒေကို ပြင်းပြင်းထန်ထန် လုံးဝ ရှုတ်ချတယ်ဆိုပြီး လက်မှတ်ထိုး ထုတ်ပြန်ကြေညာပါတယ်။

BBC Burmese
https://www.bbc.com
ႏိုင္ငံသား ဥပေဒ ျပင္ဆင္ေရး - အိႏၵိယမွာ လူေသဆုံးတဲ့ထိ ဆႏၵျပမႈေတြျဖစ္ ႏိုင္ငံသား ဥပေဒ ျပင္ဆင္ေရး - အိႏၵိယမွာ လူေသဆုံးတဲ့ထိ ဆႏၵျပမႈေတြျဖစ္ Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.