တိရစာၦန္ေဆးကု ဆရာဝန္ကို မုဒိမ္းက်င့္ သတ္ခဲ့တယ္လို႔ ယူဆရသူေတြ အိႏၵိယရဲ ပစ္ခတ္လို႔ ေသ

 ရဲေတြကို ဂုဏ္ျပဳၿပီး ေက်ာင္းသားေတြက မုန္႔အခ်ိဳေတြ ေကြၽးၾကပါတယ္။
(Zawgyi)⤵⤵⤵
အိႏၵိယႏိုင္ငံ ဟိုက္ဒရာဘတ္ ျပည္နယ္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က တိရစာၦန္ေဆးကု ဆရာဝန္မေလးကို မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့တယ္လို႔ ယူဆရတဲ့ သံသယတရားခံ ေလးေယာက္ကို ရဲေတြက ပစ္သတ္ လိုက္ပါတယ္။

ရဲက ဖမ္းထားတဲ့ ဒီလူေလးေယာက္ကို မႈခင္းျဖစ္ခဲ့တဲ့ေနရာကို ျပန္ေခၚသြားၿပီး ျဖစ္စဥ္ဘယ္လို ျဖစ္ခဲ့တယ္ဆိုတာ ျပခိုင္းတဲ့ ဒီဇင္ဘာ ၆ ရက္ ေသာၾကာေန႔မွာ အခုလို ပစ္သတ္ခံခဲ့ရတာပါ။

သူတို႔ေတြက ရဲေတြလက္က ေသနတ္ေတြကို လုၿပီး ထြက္ေျပးဖို႔လုပ္လို႔ ေသနတ္နဲ႔ အပစ္ခံရတာလို႔ ဘီဘီစီ တယ္လူဂူ ဌာနကို ရဲက ေျပာပါတယ္။

ဒါေပမဲ့ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႕ အပါအဝင္ လူ႔အခြင့္အေရး အဖြဲ႕ေတြက ဒီပစ္ခတ္မႈဟာ တရားမဲ့ သတ္ျဖတ္မႈလား ဆိုတာ စစ္ေဆးေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

တရားလက္လြတ္ ဥပေဒမဲ့ သတ္ျဖတ္တာေတြက မုဒိမ္းမႈေတြကို ကာကြယ္တဲ့ အေျဖမဟုတ္ဘူးလို႔ အိႏၵိယႏိုင္ငံ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က အမႈေဆာင္ ဒါ႐ိုက္တာ အဗင္နက္ရွ္ ကူးမားက ေျပာပါတယ္။

မုဒိမ္းက်င့္ သတ္ျဖတ္ မီးရႈိ႕ခံရတဲ့ အသက္ ၂၇ အ႐ြယ္ တိရစာၦန္ေဆးကု ဆရာဝန္ အမ်ိဳးသမီးရဲ႕ ႐ုပ္အေလာင္းက မီးေသြးျပာေတြကို ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေတြ႕ခဲ့ပါတယ္။ အဲဒီေနာက္ ရဲေတြက ဒါကို အေရးမယူေပးဘူး ဆိုၿပီး လူေတြက ေဒါသထြက္ ဆႏၵျပခဲ့ၾကပါတယ္။

အဲဒီေနာက္ ရဲေတြက သံသယရွိသူေတြကို သတ္လိုက္ၿပီဆိုတဲ့ သတင္းထြက္ေပၚလာအၿပီးမွာ "တရားမွ်တမႈကို ရခဲ့ၿပီ" လို႔ ေသဆုံးသူ အမ်ိဳးသမီးရဲ႕ အေမက ဘီဘီစီကို ေျပာပါတယ္။

အဲဒီ အခ်ိန္မွာ အိမ္နီးနားခ်င္းေတြက မီးရႉးမီးပန္းေတြ ပစ္ေဖာက္ ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒါ့အျပင္ လူေထာင္ေပါင္းမ်ားစြာကလည္း လမ္းေတြေပၚထြက္လာၿပီး ရဲေတြကို ဂုဏ္ျပဳၾကပါတယ္။
ဘာေၾကာင့္ ပစ္ခဲ့တယ္လို႔ ရဲက ေျပာသလဲ

ဒီလူ ေလးေယာက္ကို လက္ထိပ္မခတ္ဘဲ မႈခင္းျဖစ္ရာဆီ လက္နက္ကိုင္ ရဲ ၁၀ ေယာက္က ေခၚလာခဲ့တယ္လို႔ ေဒသခံ ရဲမႉးခ်ဳပ္က ေျပာပါတယ္။
ရဲစခန္းေရွ႕ လာဆႏၵျပခဲ့ၾကသူေတြ

မႈခင္းျဖစ္ခဲတဲ့ တိုးဂိတ္ေနရာဟာ မိုက္ခ႐ိုေဆာ့ဖ္တို႔ ဂူဂဲလ္တို႔လို နည္းပညာ ကုမၸဏီႀကီးေတြရွိတဲ့ ၿမိဳ႕အစြန္အဖ်ားနဲ႔ နီးပါတယ္။

အဲဒီေနရာမွာ ရဲေတြက ဓားစာခံရဲ႕ ေပ်ာက္ေနတဲ့ ဖုန္း၊ ဖုန္းဘက္ထရီအပိုနဲ႔ နာရီတို႔ကို လာရွာတာပါ။

"ဒီလူေလးေယာက္က စၿပီး ရဲေတြကို တိုက္ခိုက္တယ္။ ေက်ာက္တုံးေတြ၊ တုတ္ေတြေတြနဲ႔ တိုက္ခိုက္တယ္။ ၿပီးေတာ့ ရဲႏွစ္ေယာက္ဆီက ေသနတ္ေတြကို လုၿပီး စပစ္ေတာ့တာပဲ" လို႔ ရဲမႉးခ်ဳပ္က ေျပာပါတယ္။

"ရဲေတြက သူတို႔ကို ျပန္မပစ္ဘဲနဲ႔ လက္နက္ခ်ဖို႔ ေျပာပါေသးတယ္။ ဒါေပမဲ့ သူတို႔က ဆက္ၿပီး ကြၽန္ေတာ္တို႔ကို ပစ္တယ္၊ တိုက္ခိုက္တယ္။ အဲဒါက ၁၅ မိနစ္ေလာက္ ၾကာတယ္။ ကြၽန္ေတာ္တို႔လည္း ျပန္ခုခံရတာေပါ့။ အဲဒီလိုနဲ႔ သူတို႔ ေလးေယာက္ ေသသြားတာ" လို႔ ေျပာပါတယ္။

ရဲႏွစ္ေယာက္လည္း ေခါင္းမွာ ဒဏ္ရာ ရသြားခဲ့ပါတယ္။ ဒါေပမဲ့ ေသနတ္ ဒဏ္ရာေတာ့ မဟုတ္ဘူးလို႔ သူက ေျပာပါတယ္။ အခုေတာ့ အဲဒီ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ေယာက္ကို ေဆး႐ုံမွာ ကုသေနတယ္လို႔ ေျပာပါတယ္။

"ေျပာပါရေစ။ သူ႔တရား သူစီရင္သြားတာပဲ" လို႔လည္း သူက ေျပာပါတယ္။

ဓားစာခံမိန္းကေလး ေပ်ာက္ဆုံးေနခ်ိန္မွာ ရဲေတြက ဘာမွ အေရးမယူေပးဘူးဆိုၿပီး သူ႔မိသားစုက စြပ္စြဲခဲ့ၿပီးေနာက္ အခု လူသတ္၊ မုဒိမ္းမႈအတြက္ ရဲေတြ ျပင္းျပင္းထန္ထန္ ေဝဖန္ခံခဲ့ရပါတယ္။

ရဲေတြက လက္လြန္သြားတဲ့ သတ္ျဖတ္မႈေတြ ဆိုတာ ဒီႏိုင္ငံ ဒီေဒသမွာ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ ရဲေတြ လုပ္ရင္း ကိုင္ရင္းနဲ႔ တရားလက္လြတ္ သတ္ျဖတ္မိတာေတြ ဒီေဒသမွာ ျဖစ္ေလ့ရွိပါတယ္။

၁၉၈၀ေက်ာ္ ႏွစ္ေတြကေန ၁၉၉၀ေက်ာ္ ႏွစ္ေတြအထိ ျဖစ္ခဲ့ ေမာ္ဝါဒီ သူပုန္ေတြနဲ႔ တိုက္ခိုက္မႈေတြမွာ အခုလို သတ္ျဖတ္မႈေတြ အမ်ားႀကီး ျဖစ္ခဲ့ပါတယ္။
မီးရႉးမီးပန္းနဲ႔ ေအာင္ပြဲခံၾကသူေတြ

ေဒသခံ ရဲမႉးခ်ဳပ္ကိုယ္တိုင္လည္း အရင္က ဒီလို အျဖစ္မ်ိဳးႀကဳံ ခဲ့ဖူးပါတယ္။

အဲဒီ အခ်ိန္တုန္းက သူက ရဲအုပ္ အျဖစ္နဲ႔ပါ။ အမ်ိဳးသမီးတစ္ေယာက္ကို အက္ဆစ္နဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ သံသယရွိသူ သုံးေယာက္ကို မႈခင္းေနရာဆီ ျပန္ေခၚသြားတုန္းမွာ အဲဒီလူေတြ ရဲလက္ခ်က္နဲ႔ ေသဆုံးခဲ့ပါတယ္။

အဲဒီတုန္းကလည္း အခုလိုပဲ သ႐ုပ္ျပဖို႔ ျပန္ေခၚသြားတုန္းမွာ အဲဒီလူေတြက ထြက္ေျပးဖို႔လုပ္လို႔ အသတ္ခံခဲ့ရတာပါ။

သူကိုလည္း အင္မတန္ ေျမႇာက္စားခ်ီးက်ဴးခဲ့ၾကၿပီး သူရဲေကာင္း ျဖစ္လာပါတယ္။
ဓားစာခံ အမ်ိဳးသမီး မိသားစုက ဘယ္လို တုံ႔ျပန္သလဲ

"ေျပာမျပတတ္ေအာင္ပဲ။ ဝမ္းလည္း ဝမ္းသာတယ္။ ဝမ္းလည္းနည္းတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္မသမီးေလးက အိမ္ကို ဘယ္ေတာ့ ျပန္လာႏိုင္မွာ မဟုတ္လို႔ပါ" လို႔ ေသဆုံးသူရဲ႕ အေမက ေျပာပါတယ္။

"သမီးက အခုေတာ့ ၿငိမ္းခ်မ္းသြားၿပီေပါ့။ တရားမွ်တမႈကိုလည္း ရခဲ့ပါၿပီ။ ဒီလို တရားမွ်တမႈ ျပန္ရလာလိမ့္မယ္လို႔ ကြၽန္မ လုံးဝ ထင္မထားပါဘူး" လို႔ သူက ေျပာပါတယ္။

လိင္အၾကမ္းဖက္မႈနဲ႔ မုဒိမ္းမႈေတြအတြက္ ဥပေဒေတြ ပိုတင္းတင္းၾကပ္ၾကပ္ ရွိသင့္တယ္လို႔လည္း သူက ေျပာပါတယ္။

"သူတို႔ေတြ အျပစ္ေပးခံရမယ္ဆိုတာသိရင္ ေယာက္်ားေတြက မိန္းမေတြကို စိုက္ၾကည့္ဖို႔ေတာင္ ေၾကာက္ေနရမွာ" လို႔လည္း သူက ေျပာပါတယ္။
လူအမ်ားရဲ႕ တုံ႔ျပန္မႈ

အခု ရဲေတြရဲ႕ လုပ္ရပ္ကို ဆိုရွယ္မီဒီယာေတြေပၚမွာ အမ်ားအျပား ခ်ီးက်ဴးေအာင္ပြဲခံေနၾကပါတယ္။
ဓားစာခံအေလာင္းေတြ႕တဲ့ေနရာနားကို စုေဝးေရာက္ရွိလာသူေတြ

လူေတာ္ေတာ္မ်ားမ်ားက တြစ္တာနဲ႔ ေဖ့စ္ဘြတ္ခ္မွာ "တရားမွ်တမႈကို ေဆာင္ၾကဥ္းေပးခဲ့ၿပီ" လို႔ ရဲေတြကို ခ်ီးက်ဴးၾကပါတယ္။

၂၀၁၂ တုန္းက ၿမိဳ႕ေတာ္ ေဒလီမွာ ဘတ္စ္ကားေပၚ မုဒိမ္းက်င့္ခံရၿပီး ေသဆုံးသြားတဲ့ ေက်ာင္းသူေလးရဲ႕ အေမကလည္း အခုလို ရဲေတြက ပစ္သတ္လိုက္တာကို ခ်ီးက်ဴးခဲ့ပါတယ္။

"အခုလို အျပစ္ေပးလိုက္တာကို ကြၽန္မ အရမ္း အရမ္းကို ဝမ္းသာတယ္။ ရဲေတြက အင္မတန္ ေတာ္တယ္" လို႔ ANI သတင္း ေအဂ်င္စီကို ေျပာပါတယ္။

အဲဒီလူေတြ သတ္ျဖတ္ခံရတဲ့ ေနရာမွာ လူ ၂၀၀၀ ေလာက္ ေရာက္ေနၿပီး ကားေတြလည္း ပိတ္ကုန္တယ္လို႔ အဲဒီေနရာကို ေရာက္ေနတဲ့ ဘီဘီစီ သတင္းေထာက္ ဆာတစ္ရွ္ ေဘာ္လာက ေျပာပါတယ္။ လူေတြက ရဲေတြကို ႏွင္းဆီပြင့္ဖတ္ေတြ ႀကဲခ် ေနၾကတယ္လို႔ ေျပာပါတယ္။

ရဲေတြက ဒီလူေတြကို ပစ္မသတ္မိေအာင္ လုပ္လို႔ရလား

လူတခ်ိဳ႕ကေတာ့ ရဲေတြ ျပန္ေျပာျပတာအေပၚ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရးမွာ အဓိကေနရာက ပါခဲ့တဲ့ အၿငိမ္းစား ရဲအရာရွိ ပရာကက္ရွ္က အခုလို ပစ္သတ္တာမ်ိဳး မျဖစ္ေအာင္ လုပ္ကို လုပ္ႏိုင္တယ္လို႔ ေျပာပါတယ္။
သံသယရွိသူေတြ အသတ္ခံရတဲ့ေနရာကို လူေတြ စုေဝးေရာက္လာၾက

"အခ်ဳပ္ထဲကလူေတြကို တရား႐ုံးထုတ္တာတို႔ အခင္းျဖစ္ရာဆီ ျပန္ေခၚသြားတာတို႔မွာ ေသခ်ာ သတိႀကီးႀကီးထားၿပီး လုပ္သင့္တယ္"

"သူတို႔ကို ေသခ်ာ လုံၿခဳံေရး ေပးရမယ္။ လက္ထိပ္ခတ္ထားရမယ္။ အျပင္မထုတ္သြားခင္ ေသခ်ာ စစ္ေဆးရွာေဖြရမယ္။ ရဲေတြ ေသခ်ာ သတိမထားရင္ ဘာမဆို ျဖစ္သြားႏိုင္တယ္" လို႔ ေျပာပါတယ္။

ဒါေပမဲ့ အခု ျဖစ္ရပ္က တရားလက္လြတ္ သတ္လိုက္တာလားဆိုတာကို ေျပာဖို႔ေတာ့ အရမ္း ေစာလြန္းေသးတယ္လို႔ သူက ေျပာပါတယ္။

အဲဒီ မုဒိမ္းက်င့္၊ လူသတ္မႈ ျဖစ္အၿပီး ေနာက္ရက္ေတြမွာ ဟိုက္ဒရာဘတ္ ရဲစခန္းေရွ႕မွာ လူေတြ ေထာင္နဲ႔ခ်ီ ၿပီး ဆႏၵလာျပၾကပါတယ္။ လူသတ္သမားေတြကို ေသဒဏ္ေပးရမယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ ေတာင္းဆိုၾကပါတယ္။

ေဘာလီးဝုဒ္ သ႐ုပ္ေဆာင္ေဟာင္း အခု အထက္လႊတ္ေတာ္အမတ္ ဂ်ယား ဘတ္ခ်န္းက အခု သံသယရွိသူေတြကို လူအုပ္က ဝိုင္းအျပစ္ေပး စီရင္သင့္တယ္လို႔ ဒီသီတင္းပတ္ အေစာပိုင္းမွာ ေျပာခဲ့ပါတယ္။

အခုလို ရက္ရက္စက္စက္ အုပ္စုဖြဲ႕ မုဒိမ္းက်င့္ သတ္ျဖတ္တာကို တျခား အမတ္အေတာ္မ်ားမ်ားကလည္း ဝိုင္းၿပီး ရႈတ္ခ်ခဲ့ၾကပါတယ္။

ႏိုင္ငံထဲက တျခားေနရာေတြမွာလည္း ဆႏၵျပေတာင္းဆိုမႈေတြ၊ ဓားစာခံအတြက္ ဆုေတာင္းပြဲေတြ လုပ္ခဲ့ၾကပါတယ္။

အိႏၵိယ ဥပေဒအရ ဓားစာခံ မိန္းကေလး ဘယ္သူ ဘယ္ဝါဆိုတာကိုေတာ့ ထုတ္ေျပာ မရပါဘူး။
 ေသဆုံးသူ အမ်ိဳးသမီးအတြက္ ၿမိဳ႕ေတာ္ ေဒလီမွာ ဆုေတာင္းပြဲ လုပ္ခဲ့ၾက

ဒီမိန္းကေလး ဘယ္လို အသတ္ခံခဲ့ရတာလဲ

သူဟာ ညေန ၆ နာရီေလာက္မွာ ဆိုင္ကယ္နဲ႔ အိမ္က ထြက္သြားခဲ့ပါတယ္။

ေနာက္ေတာ့ သူ႔ဆိုင္ကယ္ဘီး ေလမရွိေတာ့လို႔ ေလာ္ရီကားေမာင္းသမားတစ္ေယာက္က သူ႔ကို ကူညီေနတယ္လို႔ အိမ္ကို ဖုန္းဆက္လွမ္းေျပာခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း သူ႔ဆီကို ဘယ္လိုမွ ထပ္ဆက္သြယ္လို႔ မရေတာ့ပါဘူး။ ေနာက္ေတာ့ ၿပီးခဲ့တဲ့ အပတ္ ၾကာသပေတးေန႔မွာ ခုန္းေက်ာ္ကားလမ္းေအာက္မွာ သူ႔အေလာင္းကိုပဲ ျပန္ေတြ႕ခဲ့ရပါတယ္။

အဲဒီေနာက္မွာေတာ့ ရဲ သုံးေယာက္လည္း တာဝန္က ေခတၱရပ္ထားခံရပါတယ္။ ဒီမိန္းကေလး ေပ်ာက္ဆုံးတာကို မိသားစုက ရဲကို သြားတိုင္တဲ့အခါ ရဲေတြက ျမန္ျမန္ဆန္ဆန္ အေရးမယူေပးဘူးဆိုၿပီး မိသားစုက စြပ္စြဲခဲ့တဲ့ အတြက္ အေရးယူခံရတာပါ။

အဲဒီတုန္းက ရဲေတြက ဒီအမ်ိဳးသမီး ခ်စ္သူေနာက္ လိုက္သြားတာ ျဖစ္မယ္လို႔ ေျပာခဲ့တဲ့အေၾကာင္း သူ႔ေဆြမ်ိဳးေတြက အစိုးရဖြဲ႕ေပးထားတဲ့ အမ်ိဳးသမီးေရးရာ ေကာ္မရွင္ကို ေျပာခဲ့ပါတယ္။
အိႏၵိယမွာ အမ်ိဳးသမီးေတြ လုံၿခဳံလား

၂၀၁၂ ဒီဇင္ဘာ မွာ မိန္းကေလးငယ္ေလးတစ္ေယာက္ ၿမိဳ႕ေတာ္ ေဒလီက ဘတ္စ္ကားေပၚမွာ အုပ္စုဖြဲ႕ မုဒိမ္းက်င့္ခံရၿပီးေနာက္ လိင္အၾကမ္းဖက္မႈနဲ႔ မုဒိမ္းမႈ ဆန႔္က်င္တိုက္ဖ်က္ေရးကို အိႏၵိယမွာ အာ႐ုံစိုက္လုပ္ေနပါတယ္။

ဒါေပမဲ့ မိန္းကေလးေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ေလ်ာ့က်သြားမယ့္ အရိပ္အေယာင္ မျမင္ရေသးပါဘူး။

အစိုးရက ထုတ္တဲ့ အခ်က္အလက္ေတြအရ ၂၀၁၇ မွာ အိႏၵိယမွာ မုဒိမ္း ၃၃,၆၅၈ မႈ ျဖစ္ခဲ့ပါတယ္။ အဲဒါဟာ ေန႔တိုင္း မုဒိမ္းမႈ ၉၂ မႈ ပ်မ္းမွ် ျဖစ္ေနတယ္ဆိုတဲ့ သေဘာပါပဲ။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
တိရစ္ဆာန်ဆေးကု ဆရာဝန်ကို မုဒိမ်းကျင့် သတ်ခဲ့တယ်လို့ ယူဆရသူတွေ အိန္ဒိယရဲ ပစ်ခတ်လို့ သေ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရဲတွေကို ဂုဏ်ပြုပြီး ကျောင်းသားတွေက မုန့်အချိုတွေ ကျွေးကြပါတယ်။

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တိရစ္ဆာန်ဆေးကု ဆရာဝန်မလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ သံသယတရားခံ လေးယောက်ကို ရဲတွေက ပစ်သတ် လိုက်ပါတယ်။

ရဲက ဖမ်းထားတဲ့ ဒီလူလေးယောက်ကို မှုခင်းဖြစ်ခဲ့တဲ့နေရာကို ပြန်ခေါ်သွားပြီး ဖြစ်စဉ်ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ပြခိုင်းတဲ့ ဒီဇင်ဘာ ၆ ရက် သောကြာနေ့မှာ အခုလို ပစ်သတ်ခံခဲ့ရတာပါ။

သူတို့တွေက ရဲတွေလက်က သေနတ်တွေကို လုပြီး ထွက်ပြေးဖို့လုပ်လို့ သေနတ်နဲ့ အပစ်ခံရတာလို့ ဘီဘီစီ တယ်လူဂူ ဌာနကို ရဲက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ဒီပစ်ခတ်မှုဟာ တရားမဲ့ သတ်ဖြတ်မှုလား ဆိုတာ စစ်ဆေးပေးဖို့ တောင်းဆိုနေကြပါတယ်။

တရားလက်လွတ် ဥပဒေမဲ့ သတ်ဖြတ်တာတွေက မုဒိမ်းမှုတွေကို ကာကွယ်တဲ့ အဖြေမဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အမှုဆောင် ဒါရိုက်တာ အဗင်နက်ရှ် ကူးမားက ပြောပါတယ်။

မုဒိမ်းကျင့် သတ်ဖြတ် မီးရှို့ခံရတဲ့ အသက် ၂၇ အရွယ် တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးရဲ့ ရုပ်အလောင်းက မီးသွေးပြာတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တွေ့ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက ဒါကို အရေးမယူပေးဘူး ဆိုပြီး လူတွေက ဒေါသထွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက် ရဲတွေက သံသယရှိသူတွေကို သတ်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာအပြီးမှာ "တရားမျှတမှုကို ရခဲ့ပြီ" လို့ သေဆုံးသူ အမျိုးသမီးရဲ့ အမေက ဘီဘီစီကို ပြောပါတယ်။

အဲဒီ အချိန်မှာ အိမ်နီးနားချင်းတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် အောင်ပွဲခံခဲ့ကြပါတယ်။

ဒါ့အပြင် လူထောင်ပေါင်းများစွာကလည်း လမ်းတွေပေါ်ထွက်လာပြီး ရဲတွေကို ဂုဏ်ပြုကြပါတယ်။
ဘာကြောင့် ပစ်ခဲ့တယ်လို့ ရဲက ပြောသလဲ

ဒီလူ လေးယောက်ကို လက်ထိပ်မခတ်ဘဲ မှုခင်းဖြစ်ရာဆီ လက်နက်ကိုင် ရဲ ၁၀ ယောက်က ခေါ်လာခဲ့တယ်လို့ ဒေသခံ ရဲမှူးချုပ်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲစခန်းရှေ့ လာဆန္ဒပြခဲ့ကြသူတွေ

မှုခင်းဖြစ်ခဲတဲ့ တိုးဂိတ်နေရာဟာ မိုက်ခရိုဆော့ဖ်တို့ ဂူဂဲလ်တို့လို နည်းပညာ ကုမ္ပဏီကြီးတွေရှိတဲ့ မြို့အစွန်အဖျားနဲ့ နီးပါတယ်။

အဲဒီနေရာမှာ ရဲတွေက ဓားစာခံရဲ့ ပျောက်နေတဲ့ ဖုန်း၊ ဖုန်းဘက်ထရီအပိုနဲ့ နာရီတို့ကို လာရှာတာပါ။

"ဒီလူလေးယောက်က စပြီး ရဲတွေကို တိုက်ခိုက်တယ်။ ကျောက်တုံးတွေ၊ တုတ်တွေတွေနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ ရဲနှစ်ယောက်ဆီက သေနတ်တွေကို လုပြီး စပစ်တော့တာပဲ" လို့ ရဲမှူးချုပ်က ပြောပါတယ်။

"ရဲတွေက သူတို့ကို ပြန်မပစ်ဘဲနဲ့ လက်နက်ချဖို့ ပြောပါသေးတယ်။ ဒါပေမဲ့ သူတို့က ဆက်ပြီး ကျွန်တော်တို့ကို ပစ်တယ်၊ တိုက်ခိုက်တယ်။ အဲဒါက ၁၅ မိနစ်လောက် ကြာတယ်။ ကျွန်တော်တို့လည်း ပြန်ခုခံရတာပေါ့။ အဲဒီလိုနဲ့ သူတို့ လေးယောက် သေသွားတာ" လို့ ပြောပါတယ်။

ရဲနှစ်ယောက်လည်း ခေါင်းမှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ် ဒဏ်ရာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ အခုတော့ အဲဒီ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို ဆေးရုံမှာ ကုသနေတယ်လို့ ပြောပါတယ်။

"ပြောပါရစေ။ သူ့တရား သူစီရင်သွားတာပဲ" လို့လည်း သူက ပြောပါတယ်။

ဓားစာခံမိန်းကလေး ပျောက်ဆုံးနေချိန်မှာ ရဲတွေက ဘာမှ အရေးမယူပေးဘူးဆိုပြီး သူ့မိသားစုက စွပ်စွဲခဲ့ပြီးနောက် အခု လူသတ်၊ မုဒိမ်းမှုအတွက် ရဲတွေ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

ရဲတွေက လက်လွန်သွားတဲ့ သတ်ဖြတ်မှုတွေ ဆိုတာ ဒီနိုင်ငံ ဒီဒေသမှာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရဲတွေ လုပ်ရင်း ကိုင်ရင်းနဲ့ တရားလက်လွတ် သတ်ဖြတ်မိတာတွေ ဒီဒေသမှာ ဖြစ်လေ့ရှိပါတယ်။

၁၉၈၀ကျော် နှစ်တွေကနေ ၁၉၉၀ကျော် နှစ်တွေအထိ ဖြစ်ခဲ့ မော်ဝါဒီ သူပုန်တွေနဲ့ တိုက်ခိုက်မှုတွေမှာ အခုလို သတ်ဖြတ်မှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မီးရှူးမီးပန်းနဲ့ အောင်ပွဲခံကြသူတွေ

ဒေသခံ ရဲမှူးချုပ်ကိုယ်တိုင်လည်း အရင်က ဒီလို အဖြစ်မျိုးကြုံ ခဲ့ဖူးပါတယ်။

အဲဒီ အချိန်တုန်းက သူက ရဲအုပ် အဖြစ်နဲ့ပါ။ အမျိုးသမီးတစ်ယောက်ကို အက်ဆစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ သုံးယောက်ကို မှုခင်းနေရာဆီ ပြန်ခေါ်သွားတုန်းမှာ အဲဒီလူတွေ ရဲလက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။

အဲဒီတုန်းကလည်း အခုလိုပဲ သရုပ်ပြဖို့ ပြန်ခေါ်သွားတုန်းမှာ အဲဒီလူတွေက ထွက်ပြေးဖို့လုပ်လို့ အသတ်ခံခဲ့ရတာပါ။

သူကိုလည်း အင်မတန် မြှောက်စားချီးကျူးခဲ့ကြပြီး သူရဲကောင်း ဖြစ်လာပါတယ်။
ဓားစာခံ အမျိုးသမီး မိသားစုက ဘယ်လို တုံ့ပြန်သလဲ

"ပြောမပြတတ်အောင်ပဲ။ ဝမ်းလည်း ဝမ်းသာတယ်။ ဝမ်းလည်းနည်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်မသမီးလေးက အိမ်ကို ဘယ်တော့ ပြန်လာနိုင်မှာ မဟုတ်လို့ပါ" လို့ သေဆုံးသူရဲ့ အမေက ပြောပါတယ်။

"သမီးက အခုတော့ ငြိမ်းချမ်းသွားပြီပေါ့။ တရားမျှတမှုကိုလည်း ရခဲ့ပါပြီ။ ဒီလို တရားမျှတမှု ပြန်ရလာလိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားပါဘူး" လို့ သူက ပြောပါတယ်။

လိင်အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေအတွက် ဥပဒေတွေ ပိုတင်းတင်းကြပ်ကြပ် ရှိသင့်တယ်လို့လည်း သူက ပြောပါတယ်။

"သူတို့တွေ အပြစ်ပေးခံရမယ်ဆိုတာသိရင် ယောက်ျားတွေက မိန်းမတွေကို စိုက်ကြည့်ဖို့တောင် ကြောက်နေရမှာ" လို့လည်း သူက ပြောပါတယ်။
လူအများရဲ့ တုံ့ပြန်မှု

အခု ရဲတွေရဲ့ လုပ်ရပ်ကို ဆိုရှယ်မီဒီယာတွေပေါ်မှာ အများအပြား ချီးကျူးအောင်ပွဲခံနေကြပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဓားစာခံအလောင်းတွေ့တဲ့နေရာနားကို စုဝေးရောက်ရှိလာသူတွေ

လူတော်တော်များများက တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်မှာ "တရားမျှတမှုကို ဆောင်ကြဉ်းပေးခဲ့ပြီ" လို့ ရဲတွေကို ချီးကျူးကြပါတယ်။

၂၀၁၂ တုန်းက မြို့တော် ဒေလီမှာ ဘတ်စ်ကားပေါ် မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသူလေးရဲ့ အမေကလည်း အခုလို ရဲတွေက ပစ်သတ်လိုက်တာကို ချီးကျူးခဲ့ပါတယ်။

"အခုလို အပြစ်ပေးလိုက်တာကို ကျွန်မ အရမ်း အရမ်းကို ဝမ်းသာတယ်။ ရဲတွေက အင်မတန် တော်တယ်" လို့ ANI သတင်း အေဂျင်စီကို ပြောပါတယ်။

အဲဒီလူတွေ သတ်ဖြတ်ခံရတဲ့ နေရာမှာ လူ ၂၀၀၀ လောက် ရောက်နေပြီး ကားတွေလည်း ပိတ်ကုန်တယ်လို့ အဲဒီနေရာကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဆာတစ်ရှ် ဘော်လာက ပြောပါတယ်။ လူတွေက ရဲတွေကို နှင်းဆီပွင့်ဖတ်တွေ ကြဲချ နေကြတယ်လို့ ပြောပါတယ်။

ရဲတွေက ဒီလူတွေကို ပစ်မသတ်မိအောင် လုပ်လို့ရလား

လူတချို့ကတော့ ရဲတွေ ပြန်ပြောပြတာအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိကနေရာက ပါခဲ့တဲ့ အငြိမ်းစား ရဲအရာရှိ ပရာကက်ရှ်က အခုလို ပစ်သတ်တာမျိုး မဖြစ်အောင် လုပ်ကို လုပ်နိုင်တယ်လို့ ပြောပါတယ်။
Image caption သံသယရှိသူတွေ အသတ်ခံရတဲ့နေရာကို လူတွေ စုဝေးရောက်လာကြ

"အချုပ်ထဲကလူတွေကို တရားရုံးထုတ်တာတို့ အခင်းဖြစ်ရာဆီ ပြန်ခေါ်သွားတာတို့မှာ သေချာ သတိကြီးကြီးထားပြီး လုပ်သင့်တယ်"

"သူတို့ကို သေချာ လုံခြုံရေး ပေးရမယ်။ လက်ထိပ်ခတ်ထားရမယ်။ အပြင်မထုတ်သွားခင် သေချာ စစ်ဆေးရှာဖွေရမယ်။ ရဲတွေ သေချာ သတိမထားရင် ဘာမဆို ဖြစ်သွားနိုင်တယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ အခု ဖြစ်ရပ်က တရားလက်လွတ် သတ်လိုက်တာလားဆိုတာကို ပြောဖို့တော့ အရမ်း စောလွန်းသေးတယ်လို့ သူက ပြောပါတယ်။

အဲဒီ မုဒိမ်းကျင့်၊ လူသတ်မှု ဖြစ်အပြီး နောက်ရက်တွေမှာ ဟိုက်ဒရာဘတ် ရဲစခန်းရှေ့မှာ လူတွေ ထောင်နဲ့ချီ ပြီး ဆန္ဒလာပြကြပါတယ်။ လူသတ်သမားတွေကို သေဒဏ်ပေးရမယ်ဆိုပြီး ပြင်းပြင်းထန်ထန် တောင်းဆိုကြပါတယ်။

ဘောလီးဝုဒ် သရုပ်ဆောင်ဟောင်း အခု အထက်လွှတ်တော်အမတ် ဂျယား ဘတ်ချန်းက အခု သံသယရှိသူတွေကို လူအုပ်က ဝိုင်းအပြစ်ပေး စီရင်သင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အခုလို ရက်ရက်စက်စက် အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်တာကို တခြား အမတ်အတော်များများကလည်း ဝိုင်းပြီး ရှုတ်ချခဲ့ကြပါတယ်။

နိုင်ငံထဲက တခြားနေရာတွေမှာလည်း ဆန္ဒပြတောင်းဆိုမှုတွေ၊ ဓားစာခံအတွက် ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။

အိန္ဒိယ ဥပဒေအရ ဓားစာခံ မိန်းကလေး ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ်ပြော မရပါဘူး။
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူ အမျိုးသမီးအတွက် မြို့တော် ဒေလီမှာ ဆုတောင်းပွဲ လုပ်ခဲ့ကြ
ဒီမိန်းကလေး ဘယ်လို အသတ်ခံခဲ့ရတာလဲ

သူဟာ ညနေ ၆ နာရီလောက်မှာ ဆိုင်ကယ်နဲ့ အိမ်က ထွက်သွားခဲ့ပါတယ်။

နောက်တော့ သူ့ဆိုင်ကယ်ဘီး လေမရှိတော့လို့ လော်ရီကားမောင်းသမားတစ်ယောက်က သူ့ကို ကူညီနေတယ်လို့ အိမ်ကို ဖုန်းဆက်လှမ်းပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သူ့ဆီကို ဘယ်လိုမှ ထပ်ဆက်သွယ်လို့ မရတော့ပါဘူး။ နောက်တော့ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့မှာ ခုန်းကျော်ကားလမ်းအောက်မှာ သူ့အလောင်းကိုပဲ ပြန်တွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ရဲ သုံးယောက်လည်း တာဝန်က ခေတ္တရပ်ထားခံရပါတယ်။ ဒီမိန်းကလေး ပျောက်ဆုံးတာကို မိသားစုက ရဲကို သွားတိုင်တဲ့အခါ ရဲတွေက မြန်မြန်ဆန်ဆန် အရေးမယူပေးဘူးဆိုပြီး မိသားစုက စွပ်စွဲခဲ့တဲ့ အတွက် အရေးယူခံရတာပါ။

အဲဒီတုန်းက ရဲတွေက ဒီအမျိုးသမီး ချစ်သူနောက် လိုက်သွားတာ ဖြစ်မယ်လို့ ပြောခဲ့တဲ့အကြောင်း သူ့ဆွေမျိုးတွေက အစိုးရဖွဲ့ပေးထားတဲ့ အမျိုးသမီးရေးရာ ကော်မရှင်ကို ပြောခဲ့ပါတယ်။
အိန္ဒိယမှာ အမျိုးသမီးတွေ လုံခြုံလား

၂၀၁၂ ဒီဇင်ဘာ မှာ မိန်းကလေးငယ်လေးတစ်ယောက် မြို့တော် ဒေလီက ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီးနောက် လိင်အကြမ်းဖက်မှုနဲ့ မုဒိမ်းမှု ဆန့်ကျင်တိုက်ဖျက်ရေးကို အိန္ဒိယမှာ အာရုံစိုက်လုပ်နေပါတယ်။

ဒါပေမဲ့ မိန်းကလေးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လျော့ကျသွားမယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။

အစိုးရက ထုတ်တဲ့ အချက်အလက်တွေအရ ၂၀၁၇ မှာ အိန္ဒိယမှာ မုဒိမ်း ၃၃,၆၅၈ မှု ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ နေ့တိုင်း မုဒိမ်းမှု ၉၂ မှု ပျမ်းမျှ ဖြစ်နေတယ်ဆိုတဲ့ သဘောပါပဲ။

BBC Burmese
https://www.bbc.com
တိရစာၦန္ေဆးကု ဆရာဝန္ကို မုဒိမ္းက်င့္ သတ္ခဲ့တယ္လို႔ ယူဆရသူေတြ အိႏၵိယရဲ ပစ္ခတ္လို႔ ေသ တိရစာၦန္ေဆးကု ဆရာဝန္ကို မုဒိမ္းက်င့္ သတ္ခဲ့တယ္လို႔ ယူဆရသူေတြ အိႏၵိယရဲ ပစ္ခတ္လို႔ ေသ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.