ေ႐ႊေတာင္ဦးဘုရား ေရဆိပ္ဆင္းလမ္းတြင္ မိန္းကေလး တစ္ဦးအသတ္ခံရ

(Zawgyi)⤵⤵⤵
ယင္းမာပင္၊ဒီဇင္ဘာ-၁၆

ယင္းမာပင္ၿမိဳ႕နယ္ ေ႐ႊေတာင္ဦးဘုရားေတာင္ေျခ ခ်င္းတြင္းျမစ္ ေရဆိပ္ဆင္းလမ္း ၿခဳံပုတ္ တစ္ခု တြင္ မိန္းကေလးတစ္ဦး အေလာင္းကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒီဇင္ဘာ ၁၅ ရက္ ညေန ၅ နာရီေက်ာ္ကေတြ႕ခဲ့ေၾကာင္း သတင္းရရွိသည္။

အသက္ ၃၀ အ႐ြယ္၎အမ်ိဳးသမီးသည္ေယာက်ာၤးေလးဝတ္ စပို႔ရွပ္လက္ရွည္အျဖဴေရာင္ျဖင့္ လည္ပင္းအား ရစ္ပတ္ညႇစ္သတ္ခံထားရသည့္အေနအထားျဖင့္ ေသဆုးံေနသည္ ယင္းမာပင္ၿမိဳ႕မရဲစခန္း စခန္းမႉး ဒုရဲမႉးတင္ထြန္း ကေျပာသည္။

“ အသတ္ခံရတဲ့ မိန္းကေလးက ဘယ္သူဘယ္ဝါမွန္း မသိေသးဘူး၊ အုပ္ခ်ဳပ္ေရးမႉးေတြကို ေတာ့ ဓာတ္ပုံျဖန႔္ထားတယ္၊အေလာင္းေတြ႕ခ်ိန္မွာေသဆုးံတာေတာ့ ၂၄ နာရီမေက်ာ္ေသးဘူးလို႔ မႈခင္းဆရာဝန္ႀကီးကေျပာတယ္၊” ဟု ယေန႔ဆက္သြယ္ေမးျမန္းတြင္ေျဖၾကားသည္။

အသတ္ခံရသည့္မိန္းကေလးအေလာင္းကို ေရသန႔္ဗူးခြံလိုက္ေကာက္သည့္ အမ်ိဳးသမီးႏွစ္ဦးမွ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ဆိုသည္။

ယင္းအမႈကို ယင္းမာပင္ၿမိဳ႕မရဲစခန္းတြင္ လူသတ္မႈ ပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ထားသည္။

ေအာင္ထြန္း
Monywa Gazette
https://www.facebook.com/monywagazette/
------------
(Unicode)⤵⤵⤵
 ရွှေတောင်ဦးဘုရား ရေဆိပ်ဆင်းလမ်းတွင် မိန်းကလေး တစ်ဦးအသတ်ခံရ

ယင်းမာပင်၊ဒီဇင်ဘာ-၁၆

ယင်းမာပင်မြို့နယ် ရွှေတောင်ဦးဘုရားတောင်ခြေ ချင်းတွင်းမြစ် ရေဆိပ်ဆင်းလမ်း ခြုံပုတ် တစ်ခု တွင် မိန်းကလေးတစ်ဦး အလောင်းကို မြို့နယ်ရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီကျော်ကတွေ့ခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၃၀ အရွယ်၎င်းအမျိုးသမီးသည်ယောကျာၤးလေးဝတ် စပို့ရှပ်လက်ရှည်အဖြူရောင်ဖြင့် လည်ပင်းအား ရစ်ပတ်ညှစ်သတ်ခံထားရသည့်အနေအထားဖြင့် သေဆုးံနေသည် ယင်းမာပင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးတင်ထွန်း ကပြောသည်။

“ အသတ်ခံရတဲ့ မိန်းကလေးက ဘယ်သူဘယ်ဝါမှန်း မသိသေးဘူး၊ အုပ်ချုပ်ရေးမှူးတွေကို တော့ ဓာတ်ပုံဖြန့်ထားတယ်၊အလောင်းတွေ့ချိန်မှာသေဆုးံတာတော့ ၂၄ နာရီမကျော်သေးဘူးလို့ မှုခင်းဆရာဝန်ကြီးကပြောတယ်၊” ဟု ယနေ့ဆက်သွယ်မေးမြန်းတွင်ဖြေကြားသည်။

အသတ်ခံရသည့်မိန်းကလေးအလောင်းကို ရေသန့်ဗူးခွံလိုက်ကောက်သည့် အမျိုးသမီးနှစ်ဦးမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဆိုသည်။

ယင်းအမှုကို ယင်းမာပင်မြို့မရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားသည်။

Monywa Gazette
https://www.facebook.com/monywagazette/
ေ႐ႊေတာင္ဦးဘုရား ေရဆိပ္ဆင္းလမ္းတြင္ မိန္းကေလး တစ္ဦးအသတ္ခံရ  ေ႐ႊေတာင္ဦးဘုရား ေရဆိပ္ဆင္းလမ္းတြင္ မိန္းကေလး တစ္ဦးအသတ္ခံရ Reviewed by THITHTOOLWIN on 06:50 Rating: 5
Powered by Blogger.