ျမန္မာစစ္ရာဇဝတ္မႈေတြကို စုံစမ္းဖို႔ ႏွစ္ႏွစ္စာ ေဒၚလာ ၂၇ သန္း လ်ာထား

(Zawgyi)⤵⤵⤵
 ျမန္မာအတြက္ ႏွစ္ႏွစ္စာ ေဒၚလာ ၂၇ သန္းသုံးဖို႔ ခြဲေဝလ်ာထား
(Zawgyi)⤵⤵⤵
ျမန္မာနဲ႔ ဆီရီးယားက စစ္ရာဇဝတ္မႈေတြကို စုံစမ္းစစ္ေဆးဖို႔အပါအဝင္ ကုလသမဂၢရဲ႕ စုံစမ္းေရး လုပ္ငန္း စဥ္ေတြမွာ သုံးစြဲဖို႔ အေမရိကန္ေဒၚလာ ၃ ဘီလ်ံေက်ာ္ ဘတ္ဂ်တ္ကို ကုလသမဂၢ အေထြေထြ ညီလာခံမွာ ဒီဇင္ဘာ ၂၇ ရက္က အတည္ျပဳလိုက္ပါတယ္။

ဒီဘတ္ဂ်တ္ကို ျမန္မာ၊ ဆီးရီးယား ၊ ႐ုရွနဲ႔ ေျမာက္ကိုရီးယားအပါအဝင္ ၇ ႏိုင္ငံက ကန႔္ကြက္မဲေပးခဲ့ေပမယ့္ ကုလသမဂၢညီလာခံက မဲခြဲ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီဘတ္ဂ်တ္ ၃ ဘီလ်ံေက်ာ္ထဲက ျမန္မာအတြက္ ၂ႏွစ္စာ ကန္ေဒၚလာ ၂၇ သန္းေက်ာ္သုံးစြဲဖို႔ ကုလသမဂၢက ခြဲေဝလ်ာထားလိုက္တာပါ။

အခုလို ျမန္မာစစ္ရာဇဝတ္မႈေတြကိုစုံစမ္းဖို႔ ဆိုၿပီး ဘတ္ဂ်တ္ ရန္ပုံေငြ သတ္မွတ္လိုက္တာ ပထမဆုံးလည္းျဖစ္ပါတယ္။

ျမန္မာ့အေရးကို လုံၿခဳံေရးေကာင္စီမွာမဲခြဲဆုံးျဖတ္လို႔မရႏိုင္တဲ့အတြက္ အခုလိုမ်ိဳး mandate (အခြင့္အာဏာ) ေတြေက်ာ္ၿပီးလုပ္တာတဲ့အေပၚ စိုးရိမ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ဘီဘီစီကိုေျပာပါတယ္။

ဘဂၤလားေဒ့ရွ္က ဒုကၡသည္ေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးခ်မ္းေအး

"ရွင္းရွင္းေျပာရရင္ လုံၿခဳံေရးေကာင္စီမွာ လုပ္လို႔မရလို႔ ဒီဟာေတြကို ဒီဘက္မွာ လာလုပ္တာ။ အေရးယူမႈ mandate ကို လုံၿခဳံေရးေကာင္စီကပဲယူထားတာေလ။ ယူထားတဲ့ဟာကို အေထြေထြညီလာခံမွာ mechanism ခ်ျပၿပီး လုပ္လာေတာ့ ကုလသမဂၢရဲ႕ အခ်က္အလက္ရွာေဖြေရးမစ္ရွင္က စုံစမ္းစစ္ေဆးတာအျပင္ အေရးယူတဲ့အဆင့္အထိ ေဆာင္႐ြက္လာတာေပါ့"လို႔ သူကေျပာပါတယ္။

အရင္က ျမန္မာအတြက္ ရန္ပုံေငြကို ေစတနာအေလ်ာက္ထည့္ဝင္တဲ့ ေငြေၾကးေတြကေန ကုလသမဂၢက သုံးစြဲတာျဖစ္ပါတယ္။ အခုလို ဘတ္ဂ်တ္ သီးသန႔္ခြဲေဝၿပီး လ်ာထားလိုက္တဲ့အတြက္ ယူအန္အဖြဲ႕ဝင္ ၁၉၃ ႏိုင္ငံရဲ႕ ထည့္ဝင္မႈေတြကေန သုံးစြဲမွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယူအန္အဖြဲ႕ဝင္ ႏိုင္ငံျဖစ္တဲ့ျမန္မာအေနနဲ႔ ေငြေၾကးထည့္ဝင္မႈရွိမရွိေမးတဲ့အခါ ဦးခ်မ္းေအးက ဒါကို လတ္တေလာမွာ မေျပာႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

အခုလို ျမန္မာကို ေခါင္းစဥ္တစ္ခုအေနနဲ႔ ဘတ္ဂ်တ္ခြဲေဝသုံးစြဲၿပီး စုံစမ္းစစ္ေဆးဖို႔ ႀကိဳးစားလာက ျမန္မာႏိုင္ငံအတြက္ ပိုခက္ခဲသြားႏိုင္မလားလို႔ ေမးတဲ့အခါ ဦးခ်မ္းေအးက ပူးေပါင္းေဆာင္႐ြက္မႈလည္းမရွိ၊ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကိုလည္း ဝင္ခြင့္မျပဳတဲ့အတြက္ ထူးၿပီး အခက္အခဲမႀကဳံႏိုင္ဘူးလို႔ ဆိုပါတယ္။

"ျပည္တြင္းမွာေဆာင္႐ြက္ေနတယ္။ ျပည္ပကေန ဒီလို mandate ကိုေက်ာ္ၿပီးလုပ္တာ ဘာမွအက်ိဳးမရွိဘူး။ သူတို႔က ဖိအားေပးတဲ့သေဘာနဲ႔ ယူဆၿပီး လုပ္တာေပါ့။ ဒါေပမဲ့ ဒီဖိအားေတြက ကြၽန္ေတာ္တို႔ကို မလိုလား အပ္တဲ့ရလဒ္ေတြပဲေပၚႏိုင္တယ္။ ဒီပိုက္ဆံသုံးတဲ့အတြက္ ဘာမွအက်ိဳးမရွိႏိုင္ဘူး။ တျခားအက်ိဳးရွိတဲ့ ေနရာေတြ မွာသုံးသင့္တယ္" လို႔ ဆိုပါတယ္။

ျပည္ပကေန ဝင္ေရာက္စုံစမ္းတာကို လက္ခံတဲ့ႏိုင္ငံ ကမာၻေပၚမွာ အေတာ္နည္းၿပီး ျမန္မာကလည္း ထိုနည္းတူသေဘာထားရွိေၾကာင္း ဦးခ်မ္းေအးက ေျပာပါတယ္။

ဒါေပမဲ့ ျမန္မာက ျပႆနာေတြကို လ်စ္လ်ဴရႈမထားဘူးလို႔ သူက ဆက္ေျပာပါတယ္။

"ကိုယ့္ျပည္တြင္းမွာ လုပ္သင့္လုပ္ထိုက္တဲ့ဟာေတြကို တိုးျမႇင့္ၿပီးေဆာင္႐ြက္ေနတယ္။ Accountability နဲ႔ပတ္သက္ၿပီးေတာ့ တပ္မေတာ္ကလည္းလုပ္ေနတယ္။ အစိုးရကလည္း ICOE(စုံစမ္းစစ္ေဆးေရးအဖြဲ႕) နဲ႔လုပ္ေနတယ္။ Result ေတြကလည္း မၾကာခင္ ထြက္လာေတာ့မွာ။ ဒါေတြကလည္း ေစာင့္ၾကည့္ဖို႔လိုတာေပါ့" လို႔ ဦးခ်မ္းေအးက ေျပာပါတယ္။

ဒီဇင္ဘာ ၂၇ ရက္က ျပဳလုပ္တဲ့ အဲဒီညီလာခံမွာပဲ ျမန္မာႏိုင္ငံအတြင္း ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြနဲ႔တကြ လူနည္းစုေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာ၊ ဖမ္းဆီးႏွိပ္စက္တာ၊ အဓမၼျပဳက်င့္တာနဲ႔ ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးခဲ့တာေတြအေပၚ ကုလသမဂၢ က ျပစ္တင္ရႈတ္ခ်တဲ့ အဆိုတစ္ရပ္ကို အတည္ျပဳခဲ့ပါတယ္။

လူနည္းစုေတြအေပၚ အမုန္းပြားလာေအာင္ လႈံ႕ေဆာ္မႈေတြကို ရပ္တန္႔ဖို႔ ေတာင္းဆိုတဲ့ အခ်က္လည္း အဲဒီ ကုလသမဂၢ ဆုံးျဖတ္ခ်က္ထဲမွာ ပါဝင္ခဲ့ပါတယ္။

၂၀၁၇ အတြင္း ျမန္မာ့တပ္မေတာ္ရဲ႕ လုံၿခဳံေရး ရွင္းလင္းမႈမွာ ႐ိုဟင္ဂ်ာေတြ ေထာင္နဲ႔ခ်ီ ေသဆုံးခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး ႐ိုဟင္ဂ်ာ ခုနစ္သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ရပါတယ္။

ျမန္မာဘက္ကေတာ့ အစြန္းေရာက္ အႏၲရာယ္ကို ကိုင္တြယ္ေနရတယ္ ဆိုၿပီး ျငင္းဆိုခဲ့ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံး သတ္ျဖတ္တယ္ ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ပယ္ခ်ေၾကာင္း အျပည္ျပည္ဆိုင္ရာ တရား႐ုံးမွာ ဒီလအေစာပိုင္းက ထြက္ဆိုထားပါတယ္။

အဲဒီအဆိုမူၾကမ္းကို ကုလသမဂၢရဲ႕ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းက ျပင္းျပင္းထန္ထန္ကန႔္ကြက္ခဲ့ပါတယ္။
 ကုလသမဂၢရဲ႕ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္း

ဒီအဆိုမူၾကမ္းဟာ ရႈပ္ေထြးတဲ့ရခိုင္ကိစၥကို လြဲမြားစြာ ပုံေဖာ္ထားၿပီး ဒါဟာ ျပႆနာကို ေျဖရွင္းႏိုင္မယ့္ လက္ေတြ႕က် တဲ့နည္းလမ္းမဟုတ္ဘူးလို႔ ကုလသမဂၢရဲ႕ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းက ဆိုပါတယ္။

ျမန္မာအစိုးရနဲ႔ ျပည္သူေတြ ႀကိဳးစားေဆာင္႐ြက္ေနတာကို အသိအမွတ္မျပဳဘဲ ေျမျပင္အေျခအေနေတြကို မသိက်ိဳးကြၽံျပဳထားတယ္လို႔ သူက ဆိုပါတယ္။

ဒါေၾကာင့္ ဒီအဆိုမူၾကမ္းဟာ ေဒသတြင္း မတူညီတဲ့အသိုက္အဝန္းေတြၾကား အႏိုင့္အထက္ျပဳမႈနဲ႔ ယုံၾကည္မႈကို ပ်က္ျပားေစဖို႔ အားေပးအားေျမႇာက္ျပဳ တယ္လို႔ သူက ဆက္ေျပာပါတယ္။
ဒုကၡသည္ေတြေနရပ္ျပန္ေရး ေတြ႕ဆုံေဆြးေႏြးတာ သုံးႀကိမ္ရွိပါၿပီ။
ရခိုင္ေဒသရဲ႕ထိရွလြယ္တဲ့ၿငိမ္းခ်မ္းေရးနဲ႔ သဟဇာတျဖစ္ေရးအျပင္ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္ေတြကိုပါ ဆုတ္ယုတ္ပ်က္ျပားေစတဲ့အျပင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ ျမန္မာၾကား သေဘာထားပိုမိုကြဲလြဲေစတဲ့အဆိုမူၾကမ္းလို႔လည္း ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ရခိုင္ေဒသကအသိုက္အဝန္းေတြၾကား ဆင္းရဲမႈ၊ မလုံၿခဳံမႈ၊ မလိုမုန္းတီးမႈ၊ ယုံၾကည္မႈ ကင္းမဲ့မႈနဲ႔ အေၾကာက္တရားလႊမ္းမိုးမႈေတြကို ကုစားေျဖရွင္းဖို႔ ဆက္လက္ေဆာင္႐ြက္မွာျဖစ္တယ္လို႔ ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ဒါေပမဲ့လည္း အဆိုကို ညီလာခံက မဲခြဲဆုံးျဖတ္တဲ့အခါမွာ ေထာက္ခံမဲမ်ားတဲ့အတြက္ အဆိုအတည္ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢစင္ျမင့္မွာ မၾကာခဏ ေဆြးေႏြးမႈေတြရွိၿပီး အဆိုေတြကိုမဲခြဲဆုံးျဖတ္အတည္ျပဳတာေတြလည္းရွိပါတယ္။ ဒါေပမဲ့ ဒီအဆိုေတြကို ကာယကံရွင္ႏိုင္ငံက လိုက္ပါအေကာင္အထည္ေဖာ္ဖို႔မေဖာ္ဖို႔အတြက္ ဥပေဒအရ သတ္မွတ္ခ်က္မရွိေပမယ့္ ႏိုင္ငံေရးနဲ႔ သံတမန္အေရးအရ သက္ဆိုင္ရာႏိုင္ငံကို ဖိအားေပးတဲ့သေဘာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
မြန်မာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်း လျာထား


Image caption မြန်မာအတွက် နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်းသုံးဖို့ ခွဲဝေလျာထား

မြန်မာနဲ့ ဆီရီးယားက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ကုလသမဂ္ဂရဲ့ စုံစမ်းရေး လုပ်ငန်း စဉ်တွေမှာ သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် ဘတ်ဂျတ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီဇင်ဘာ ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။

ဒီဘတ်ဂျတ်ကို မြန်မာ၊ ဆီးရီးယား ၊ ရုရှနဲ့ မြောက်ကိုရီးယားအပါအဝင် ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံက မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဘတ်ဂျတ် ၃ ဘီလျံကျော်ထဲက မြန်မာအတွက် ၂နှစ်စာ ကန်ဒေါ်လာ ၂၇ သန်းကျော်သုံးစွဲဖို့ ကုလသမဂ္ဂက ခွဲဝေလျာထားလိုက်တာပါ။

အခုလို မြန်မာစစ်ရာဇဝတ်မှုတွေကိုစုံစမ်းဖို့ ဆိုပြီး ဘတ်ဂျတ် ရန်ပုံငွေ သတ်မှတ်လိုက်တာ ပထမဆုံးလည်းဖြစ်ပါတယ်။

မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာမဲခွဲဆုံးဖြတ်လို့မရနိုင်တဲ့အတွက် အခုလိုမျိုး mandate (အခွင့်အာဏာ) တွေကျော်ပြီးလုပ်တာတဲ့အပေါ် စိုးရိမ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကိုပြောပါတယ်။
Image caption ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေး

"ရှင်းရှင်းပြောရရင် လုံခြုံရေးကောင်စီမှာ လုပ်လို့မရလို့ ဒီဟာတွေကို ဒီဘက်မှာ လာလုပ်တာ။ အရေးယူမှု mandate ကို လုံခြုံရေးကောင်စီကပဲယူထားတာလေ။ ယူထားတဲ့ဟာကို အထွေထွေညီလာခံမှာ mechanism ချပြပြီး လုပ်လာတော့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်က စုံစမ်းစစ်ဆေးတာအပြင် အရေးယူတဲ့အဆင့်အထိ ဆောင်ရွက်လာတာပေါ့"လို့ သူကပြောပါတယ်။

အရင်က မြန်မာအတွက် ရန်ပုံငွေကို စေတနာအလျောက်ထည့်ဝင်တဲ့ ငွေကြေးတွေကနေ ကုလသမဂ္ဂက သုံးစွဲတာဖြစ်ပါတယ်။ အခုလို ဘတ်ဂျတ် သီးသန့်ခွဲဝေပြီး လျာထားလိုက်တဲ့အတွက် ယူအန်အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ထည့်ဝင်မှုတွေကနေ သုံးစွဲမှာဖြစ်ပါတယ်။

အဲဒါကြောင့် ယူအန်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့မြန်မာအနေနဲ့ ငွေကြေးထည့်ဝင်မှုရှိမရှိမေးတဲ့အခါ ဦးချမ်းအေးက ဒါကို လတ်တလောမှာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အခုလို မြန်မာကို ခေါင်းစဉ်တစ်ခုအနေနဲ့ ဘတ်ဂျတ်ခွဲဝေသုံးစွဲပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးစားလာက မြန်မာနိုင်ငံအတွက် ပိုခက်ခဲသွားနိုင်မလားလို့ မေးတဲ့အခါ ဦးချမ်းအေးက ပူးပေါင်းဆောင်ရွက်မှုလည်းမရှိ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဝင်ခွင့်မပြုတဲ့အတွက် ထူးပြီး အခက်အခဲမကြုံနိုင်ဘူးလို့ ဆိုပါတယ်။

"ပြည်တွင်းမှာဆောင်ရွက်နေတယ်။ ပြည်ပကနေ ဒီလို mandate ကိုကျော်ပြီးလုပ်တာ ဘာမှအကျိုးမရှိဘူး။ သူတို့က ဖိအားပေးတဲ့သဘောနဲ့ ယူဆပြီး လုပ်တာပေါ့။ ဒါပေမဲ့ ဒီဖိအားတွေက ကျွန်တော်တို့ကို မလိုလား အပ်တဲ့ရလဒ်တွေပဲပေါ်နိုင်တယ်။ ဒီပိုက်ဆံသုံးတဲ့အတွက် ဘာမှအကျိုးမရှိနိုင်ဘူး။ တခြားအကျိုးရှိတဲ့ နေရာတွေ မှာသုံးသင့်တယ်" လို့ ဆိုပါတယ်။

ပြည်ပကနေ ဝင်ရောက်စုံစမ်းတာကို လက်ခံတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ အတော်နည်းပြီး မြန်မာကလည်း ထိုနည်းတူသဘောထားရှိကြောင်း ဦးချမ်းအေးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာက ပြဿနာတွေကို လျစ်လျူရှုမထားဘူးလို့ သူက ဆက်ပြောပါတယ်။

"ကိုယ့်ပြည်တွင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို တိုးမြှင့်ပြီးဆောင်ရွက်နေတယ်။ Accountability နဲ့ပတ်သက်ပြီးတော့ တပ်မတော်ကလည်းလုပ်နေတယ်။ အစိုးရကလည်း ICOE(စုံစမ်းစစ်ဆေးရေးအဖွဲ့) နဲ့လုပ်နေတယ်။ Result တွေကလည်း မကြာခင် ထွက်လာတော့မှာ။ ဒါတွေကလည်း စောင့်ကြည့်ဖို့လိုတာပေါ့" လို့ ဦးချမ်းအေးက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်တဲ့ အဲဒီညီလာခံမှာပဲ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့တကွ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာနဲ့ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေအပေါ် ကုလသမဂ္ဂ က ပြစ်တင်ရှုတ်ချတဲ့ အဆိုတစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။

လူနည်းစုတွေအပေါ် အမုန်းပွားလာအောင် လှုံ့ဆော်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ အချက်လည်း အဲဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၇ အတွင်း မြန်မာ့တပ်မတော်ရဲ့ လုံခြုံရေး ရှင်းလင်းမှုမှာ ရိုဟင်ဂျာတွေ ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။

မြန်မာဘက်ကတော့ အစွန်းရောက် အန္တရာယ်ကို ကိုင်တွယ်နေရတယ် ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီလအစောပိုင်းက ထွက်ဆိုထားပါတယ်။

အဲဒီအဆိုမူကြမ်းကို ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် UN
Image caption ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း

ဒီအဆိုမူကြမ်းဟာ ရှုပ်ထွေးတဲ့ရခိုင်ကိစ္စကို လွဲမွားစွာ ပုံဖော်ထားပြီး ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် လက်တွေ့ကျ တဲ့နည်းလမ်းမဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေ ကြိုးစားဆောင်ရွက်နေတာကို အသိအမှတ်မပြုဘဲ မြေပြင်အခြေအနေတွေကို မသိကျိုးကျွံပြုထားတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒီအဆိုမူကြမ်းဟာ ဒေသတွင်း မတူညီတဲ့အသိုက်အဝန်းတွေကြား အနိုင့်အထက်ပြုမှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေဖို့ အားပေးအားမြှောက်ပြု တယ်လို့ သူက ဆက်ပြောပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ဒုက္ခသည်တွေနေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးတာ သုံးကြိမ်ရှိပါပြီ။

ရခိုင်ဒေသရဲ့ထိရှလွယ်တဲ့ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေကိုပါ ဆုတ်ယုတ်ပျက်ပြားစေတဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာကြား သဘောထားပိုမိုကွဲလွဲစေတဲ့အဆိုမူကြမ်းလို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ဒေသကအသိုက်အဝန်းတွေကြား ဆင်းရဲမှု၊ မလုံခြုံမှု၊ မလိုမုန်းတီးမှု၊ ယုံကြည်မှု ကင်းမဲ့မှုနဲ့ အကြောက်တရားလွှမ်းမိုးမှုတွေကို ကုစားဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါပေမဲ့လည်း အဆိုကို ညီလာခံက မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲများတဲ့အတွက် အဆိုအတည်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂစင်မြင့်မှာ မကြာခဏ ဆွေးနွေးမှုတွေရှိပြီး အဆိုတွေကိုမဲခွဲဆုံးဖြတ်အတည်ပြုတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေကို ကာယကံရှင်နိုင်ငံက လိုက်ပါအကောင်အထည်ဖော်ဖို့မဖော်ဖို့အတွက် ဥပဒေအရ သတ်မှတ်ချက်မရှိပေမယ့် နိုင်ငံရေးနဲ့ သံတမန်အရေးအရ သက်ဆိုင်ရာနိုင်ငံကို ဖိအားပေးတဲ့သဘောဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာစစ္ရာဇဝတ္မႈေတြကို စုံစမ္းဖို႔ ႏွစ္ႏွစ္စာ ေဒၚလာ ၂၇ သန္း လ်ာထား ျမန္မာစစ္ရာဇဝတ္မႈေတြကို စုံစမ္းဖို႔ ႏွစ္ႏွစ္စာ ေဒၚလာ ၂၇ သန္း လ်ာထား Reviewed by THITHTOOLWIN on 03:30 Rating: 5
Powered by Blogger.