လက္ရွိအစိုးရအေပၚ ကခ်င္လူထုစစ္တမ္း

ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ ဌာနခ်ဳပ္။ (သတင္းဓါတ္ပံု - courtesy photo/NLD)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္အတြင္းမွာ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ကခ်င္သတင္းဌာနတခုက ေကာက္ယူခဲ့တဲ့ စစ္တမ္းမွာ လက္ရွိအာဏာရ NLD အစိုးရဟာ ကခ်င္ျပည္နယ္ကို ပိုၿပီးတိုးတက္ေအာင္ လုပ္ေပးႏိုင္ေၾကာင္း ေတြ႔ရွိရတယ္လို႔ ေဖာ္ျပထားပါတယ္။ ကခ်င္ပါတီေတြကေတာ့ ဒါကို လက္မခံၾကပါဘူး။ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီနဲ႔ပတ္သက္ၿပီး ကခ်င္ပါတီေတြရဲ႕ သေဘာထားကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းထားပါတယ္။

ကခ်င္လူထုက လက္ရွိ NLD အစိုးရကို အရင္အစိုးရထက္ ပိုႏွစ္သက္ေၾကာင္းနဲ႔ ကခ်င္ျပည္နယ္ကို ပိုတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္တယ္လို႔ မၾကာေသးခင္ ေကာက္ယူခဲ့တဲ့ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဒီႏွစ္ ဇူလုိင္လကေန ႏိုဝင္ဘာလ အတြင္း ေကာက္ယူခဲ့တဲ့ ဒီစစ္တမ္းဟာ ကခ်င္ျပည္နယ္တခုလုံးရဲ႕ သေဘာဆႏၵကို မလႊမ္းၿခဳံႏိုင္ေပမဲ့ ပါတီႏိုင္ငံေရးမွာ ပါဝင္လႈပ္ရွားမႈ မရွိတဲ့ သာမန္ျပည္သူေတြကို ေကာက္ယူထားတဲ့ စစ္တမ္းျဖစ္လို႔ လက္ရွိအစိုးရကို ျပည္သူလူထုေတြ ေမွ်ာ္လင့္ခ်က္ ရွိေနေသးတယ္ဆိုတာ ေဖာ္ျပႏိုင္ေၾကာင္း စစ္တမ္းကို ဦးေဆာင္ေကာက္ယူခဲ့တဲ့ Kachinwave ရဲ႕အယ္ဒီတာ ကိုဂ်ာေနာ္က ဗြီအိုေအကို ေျပာပါတယ္။

“လက္ရွိ အစိုးရနဲ႔ က်ေနာ္တို႔ အရင္ သမၼတဦးသိန္းစိန္အစိုးရ ျပန္ၿပီးႏႈိင္းယွဥ္ခိုင္းတဲ့အခါမွာ သူတို႔က ဒီလက္ရွိ NLD ဦးေဆာင္တဲ့ အစိုးရကိုပဲ ပိုၿပီး ႀကိဳက္ႏွစ္သက္တဲ့ သေဘာေပါ့။ အဲံဒီအထဲမွာ အရင္အစိုးရနဲ႔ လက္ရွိအစိုးရ ယွဥ္ရင္ေတာ့ အမ်ားႀကီး ကြာဟၿပီးမွ လက္ရွိအစိုးရကိုေတာ့ အမွတ္ေပးထားတဲ့ အေနအထားေတာ့ က်ေနာ္တို႔ ေတြ႕ျမင္ရတယ္ေပါ့။"

NLD အစိုးရလက္ထက္မွာ လမ္းတံတား၊ က်န္းမာေရးနဲ႔ ပညာေရး ပိုတိုးတက္လာၿပီး အဂတိလိုက္စားမႈ ရွိေနေသးေပမဲ့ အရင္ကထက္ ပိုၿပီး ပြင့္လင္းလာတယ္လို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ကခ်င္ ၃ ပါတီ ေပါင္းစည္းထားတဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ရဲ႕ ဒုဥကၠ႒ ဒူဝါ ကြမ္ေဂါင္ေအာင္ခမ္းကေတာ့ ကခ်င္ျပည္နယ္မွာ အေျခခံအေဆာက္အအုံ ပိုတိုးတက္လာေပမဲ့ NLD ရဲ႕ ေ႐ြးေကာက္ပြဲ ကတိအတိုင္းေတာ့ ျဖစ္မလာေသးဘူးလို႔ ေျပာပါတယ္။

“ဒီအစိုးရ ေပၚလစီအပိုင္းမွာ ဘာတခုမွ ေျပာင္းလဲျခင္း မရွိဘူး။ ဖက္ဒရယ္ေရးရာ တိုင္းရင္းသားေရးရာ ျပန္လည္သင့္ျမတ္ေရး ဆိုတဲ့ ေ႐ြးေကာက္ပြဲတုန္းက ခ်မွတ္ထားတဲ့ မူဝါဒကို တခုမွ အေကာင္အထည္ေဖာ္ျခင္း မရွိဘူး။ အစိုးရတရပ္အေနနဲ႔ သူေပးအပ္တဲ့ ကတိအတိုင္းလုပ္ဖို႔ လိုအပ္ပါတယ္။”

ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ KNC ဥကၠ႒ ေဒါက္တာ အမ္ေကာန္လကေတာ့ ေျမလြတ္ေျမ႐ိုင္း ဥပေဒေၾကာင့္ ေျမယာမဲ့ ပိုမ်ား လာသလို၊ ေက်ာက္မ်က္တူးေဖာ္ေရးနဲ႔ တစ္ရႈးငွက္ေပ်ာ ျပႆနာေတြက ကခ်င္ျပည္နယ္ရဲ႕ အဓိက စိန္ေခၚမႈျဖစ္ေၾကာင္း ေျပာပါတယ္။

“NLD က ႏိုင္ႏိုင္နင္းနင္း မလုပ္ႏိုင္ေသးဘူး၊ က်ေနာ္ျမင္တာက။ ဦးသိန္းစိန္အစိုးရ လက္ထက္နဲ႔စာရင္ ဖြံ႕ၿဖိဳးတိုးတက္မႈ ဘာမွ ပိုၿပီး ထူးမလာဘူးေပါ့ေနာ္။ ကခ်င္ျပည္နယ္ စီးပြားေရးမွာ ပိုဆိုးသြားတယ္။ ဘာလို႔ဆို ကခ်င္ျပည္နယ္ရဲ႕ စီးပြားေရဟာ ေက်ာက္စိမ္းနဲ႔ စိုက္ပ်ိဳးေရးအေပၚ မူတည္တယ္။ တတိုင္းျပည္လုံး အေနအထားဆိုရင္လည္း ၿငိမ္းခ်မ္းေရး NCA ထိုးထားတဲ့ ျပည္နယ္ေတြကို ကူညီဖို႔ ဂ်ပန္၊ ေတာင္ကိုရီးယား ဝင္လာတာကလြဲၿပီး က်န္တာက ဘာမွမရွိဘူး။”

ဒါ့အျပင္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကခ်င္ပါတီေတြသာ ကခ်င္ျပည္နယ္အတြင္း အႏိုင္ရဖို႔မ်ားတယ္လို႔ သူကေျပာပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္တို႔ ကခ်င္ပါတီေတြ ႏိုင္လိမ့္မယ္။ KNC လည္းႏိုင္လိမ့္မယ္၊ KSPP လည္းႏိုင္လိမ့္မယ္။ အဲဒီေတာ့ NLD ကေတာ့ ၂၀၂၀ ဆိုရင္ ႏိုင္မွာမဟုတ္ဘူး၊ USDP လည္း ၂၀၂၀ ဆိုႏိုင္မွာ မဟုတ္ဘူး။ ဒါကေတာ့ က်ေနာ္တို႔ ကခ်င္ျပည္နယ္မွာေပါ့ေနာ္။”

လူမ်ိဳးေရးထက္ ဒီမိုကေရစီ စနစ္အေပၚ တည္ေဆာက္ထားတဲ့ ႏိုင္ငံေရးစနစ္ကို လိုလားတယ္လို႔ ကခ်င္ပါတီေတြက ေျပာပါတယ္။ Kachinwave သတင္း႒ာနဟာ ဗန္းေမာ္၊ ခ်ီေဖြ၊ တႏိုင္း၊ ဖားကန႔္၊ မခ်မ္းေဘာ့၊ မိုးေကာင္း၊ မိုးညႇင္း၊ ျမစ္ႀကီးနား၊ ပူတာအို၊ ဆြမ္ပရာဘြန္ စတဲ့ၿမိဳ႕နယ္ ဆယ္ ခုက ေဒသခံ ၅၀၀ ေလာက္ကို ႏိုင္ငံေရး၊ စီးပြားေရး၊ ပညာေရးနဲ႔ သက္ဆိုင္တဲ့ ေမးခြန္း ခုႏွစ္ ခု ေမးျမန္းၿပီး စစ္တမ္း လုပ္ခဲ့တာ ျဖစ္ပါတယ္။

[Unicode Version]

လက်ရှိအစိုးရအပေါ် ကချင်လူထုစစ်တမ်း

ကချင်ပြည်နယ်အတွင်းမှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ကချင်သတင်းဌာနတခုက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ လက်ရှိအာဏာရ NLD အစိုးရဟာ ကချင်ပြည်နယ်ကို ပိုပြီးတိုးတက်အောင် လုပ်ပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ ကချင်ပါတီတွေကတော့ ဒါကိုလက်မခံကြပါဘူး။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ပတ်သက်ပြီး ကချင်ပါတီတွေရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းထားပါတယ်။

ကချင်လူထုက လက်ရှိ NLD အစိုးရကို အရင်အစိုးရထက် ပိုနှစ်သက်ကြောင်းနဲ့ ကချင်ပြည်နယ်ကို ပိုတိုးတက်အောင် လုပ်ဆောင်နိုင်တယ်လို့ မကြာသေးခင် ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီနှစ် ဇူလိုင်လကနေ နိုဝင်ဘာလ အတွင်း ကောက်ယူခဲ့တဲ့ ဒီစစ်တမ်းဟာ ကချင်ပြည်နယ်တခုလုံးရဲ့ သဘောဆန္ဒကို မလွှမ်းခြုံနိုင်ပေမဲ့ ပါတီနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှု မရှိတဲ့ သာမန်ပြည်သူတွေကို ကောက်ယူထားတဲ့ စစ်တမ်းဖြစ်လို့ လက်ရှိအစိုးရကို ပြည်သူလူထုတွေ မျှော်လင့်ချက် ရှိနေသေးတယ်ဆိုတာ ဖော်ပြနိုင်ကြောင်း စစ်တမ်းကို ဦးဆောင်ကောက်ယူခဲ့တဲ့ Kachinwave ရဲ့အယ်ဒီတာ ကိုဂျာနော်က ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ အစိုးရနဲ့ ကျနော်တို့ အရင် သမ္မတဦးသိန်းစိန်အစိုးရ ပြန်ပြီးနှိုင်းယှဉ်ခိုင်းတဲ့အခါမှာ သူတို့ကဒီလက်ရှိ NLD ဦးဆောင်တဲ့ အစိုးရကိုပဲ ပိုပြီး ကြိုက်နှစ်သက်တဲ့သဘောပေါ့။ အဲံဒီအထဲမှာ အရင်အစိုးရနဲ့ လက်ရှိအစိုးရ ယှဉ်ရင်တော့ အများကြီး ကွာဟပြီးမှ လက်ရှိအစိုးရကိုတော့ အမှတ်ပေးထားတဲ့ အနေအထားတော့ ကျနော်တို့ တွေ့မြင်ရတယ်ပေါ့။"

NLD အစိုးရလက်ထက်မှာ လမ်းတံတား၊ ကျန်းမာရေးနဲ့ ပညာရေး ပိုတိုးတက်လာပြီးအဂတိလိုက်စားမှု ရှိနေသေးပေမဲ့ အရင်ကထက်ပိုပြီး ပွင့်လင်းလာတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကချင် ၃ပါတီပေါင်းစည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ရဲ့ ဒုဥက္ကဋ္ဌ ဒူဝါ ကွမ်ဂေါင်အောင်ခမ်းကတော့ ကချင်ပြည်နယ်မှာ အခြေခံအဆောက်အအုံ ပိုတိုးတက်လာပေမဲ့ NLD ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်းတော့ ဖြစ်မလာသေးဘူးလို့ ပြောပါတယ်။

“ဒီအစိုးရ ပေါ်လစီအပိုင်းမှာ ဘာတခုမှ ပြောင်းလဲခြင်းမရှိဘူး။ ဖက်ဒရယ်ရေးရာ တိုင်းရင်းသားရေးရာ ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ရွေးကောက်ပွဲတုန်းက ချမှတ်ထားတဲ့ မူဝါဒကို တခုမှ အကောင်အထည်ဖော်ခြင်း မရှိဘူး။ အစိုးရတရပ်အနေနဲ့ သူပေးအပ်တဲ့ ကတိအတိုင်းလုပ်ဖို့ လိုအပ်ပါတယ်။”

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကတော့ မြေလွတ်မြေရိုင်း ဥပဒေကြောင့် မြေယာမဲ့ ပိုများလာသလို၊ ကျောက်မျက်တူးဖော်ရေးနဲ့ တစ်ရှုးငှက်ပျော ပြဿနာတွေက ကချင်ပြည်နယ်ရဲ့ အဓိက စိန်ခေါ်မှုဖြစ်ကြောင်း ပြောပါတယ်။

“NLD က နိုင်နိုင်နင်းနင်း မလုပ်နိုင်သေးဘူး၊ ကျနော်မြင်တာက။ ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့စာရင် ဖွံ့ဖြိုးတိုးတက်မှု ဘာမှပိုပြီးထူးမလာဘူးပေါ့နော်။ ကချင်ပြည်နယ် စီးပွားရေးမှာ ပိုဆိုးသွားတယ်။ ဘာလို့ဆို ကချင်ပြည်နယ်ရဲ့ စီးပွားရေဟာ ကျောက်စိမ်းနဲ့ စိုက်ပျိုးရေးအပေါ် မူတည်တယ်။ တတိုင်းပြည်လုံး အနေအထားဆိုရင်လည်း ငြိမ်းချမ်းရေး NCA ထိုးထားတဲ့ ပြည်နယ်တွေကို ကူညီဖို့ ဂျပန်၊ တောင်ကိုရီးယား ဝင်လာတာကလွဲပြီး ကျန်တာက ဘာမှမရှိဘူး။”

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပါတီတွေသာ ကချင်ပြည်နယ်အတွင်း အနိုင်ရဖို့များတယ်လို့ သူကပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ကချင်ပါတီတွေ နိုင်လိမ့်မယ်။ KNC လည်းနိုင်လိမ့်မယ်၊ KSPP လည်းနိုင်လိမ့်မယ်။ အဲဒီတော့ NLD ကတော့ ၂၀၂၀ ဆိုရင် နိုင်မှာမဟုတ်ဘူး၊ USDP လည်း ၂၀၂၀ ဆိုနိုင်မှာမဟုတ်ဘူး။ ဒါကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာပေါ့နော်။”

လူမျိုးရေးထက် ဒီမိုကရေစီ စနစ်အပေါ် တည်ဆောက်ထားတဲ့ နိုင်ငံရေးစနစ်ကို လိုလားတယ်လို့ ကချင်ပါတီတွေက ပြောပါတယ်။ Kachinwave သတင်းဋ္ဌာနဟာ ဗန်းမော်၊ ချီဖွေ၊ တနိုင်း၊ ဖားကန့်၊ မချမ်းဘော့၊ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ပူတာအို၊ ဆွမ်ပရာဘွန် စတဲ့မြို့နယ် ၁၀ ခုက ဒေသခံ ၅၀၀ လောက်ကို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး နဲ့သက်ဆိုင်တဲ့ မေးခွန်း ၇ ခု မေးမြန်းပြီး စစ်တမ်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
လက္ရွိအစိုးရအေပၚ ကခ်င္လူထုစစ္တမ္း လက္ရွိအစိုးရအေပၚ ကခ်င္လူထုစစ္တမ္း Reviewed by THITHTOOLWIN on 22:12 Rating: 5
Powered by Blogger.