အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံျဖင့္ ေငြစကၠဴထုတ္ေဝမည္

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ၂၀ ဒီဇင္ဘာ

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံျဖင့္ ေငြစကၠဴပုံစံသစ္အမ်ိဳးမ်ိဳးကို ထုတ္ေဝရန္ေဆာင္႐ြက္လ်က္ရွိရာ တစ္ေထာင္က်ပ္တန္ပုံစံသစ္ ေငြစကၠဴကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ စတင္ထုတ္ေဝပါမည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ေထာင္က်ပ္တန္ေငြစကၠဴအ႐ြယ္အစားမွာ အလ်ား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရွိပါသည္။ ေငြစကၠဴသည္ ေပၚလြင္ေသာ အျပာေရာင္ရွိၿပီး ေငြစကၠဴ၏အေပၚဘက္တြင္ "ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္" စာတန္း ႐ိုက္ႏွိပ္ထားပါသည္။

တစ္ေထာင္က်ပ္တန္ေငြစကၠဴ၏ မ်က္ႏွာစာဘက္တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ႐ိုက္ႏွိပ္ထားၿပီး ေငြစကၠဴ၏ လက္ယာဘက္တြင္ ေငြစကၠဴ၏တန္ဖိုးကို ျမန္မာစာသားျဖင့္ "တစ္ေထာင္က်ပ္" ဟု ေဖာ္ျပထားပါသည္။ ေထာင့္သုံးေထာင့္တြင္လည္း ေငြစကၠဴ၏တန္ဖိုးကို ဂဏန္းမ်ားျဖင့္ ႐ိုက္ႏွိပ္ထားပါသည္။

ေငြစကၠဴနံပါတ္ကို ျမန္မာအကၡရာ ျမန္မာဂဏန္းျဖင့္ အလ်ားလိုက္၊ အဂၤလိပ္ အကၡရာ အဂၤလိပ္ဂဏန္းျဖင့္ ေဒါင္လိုက္႐ိုက္ႏွိပ္ထားပါသည္။ ေငြစကၠဴ၏လက္ဝဲဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ေရစာပါရွိပါသည္။ ေငြစကၠဴတြင္ လုံၿခဳံေရးႀကိဳးကို ေဒါင္လိုက္ ျမႇဳပ္ႏွံထည့္သြင္းထားပါသည္။ ေငြစကၠဴ၏ ဘယ္ညာအစြန္းမ်ားတြင္ ေဖာင္းႂကြလိုင္းတိုမ်ား ႐ိုက္ႏွိပ္ထားပါသည္။

တစ္ေထာင္က်ပ္တန္ ေငြစကၠဴ၏ ေက်ာဘက္တြင္ လႊတ္ေတာ္အေဆာက္အဦပုံ ႐ိုက္ႏွိပ္ထားၿပီး အေပၚပိုင္း၌ " CENTRAL BANK OF MYANMAR" စာတန္း ေအာက္ပိုင္း၌ "ONE THOUSAND KYATS" ဟူေသာ စာတန္းမ်ား ႐ိုက္ႏွိပ္ထားပါသည္။ ေထာင့္သုံးေထာင့္တြင္ ေငြစကၠဴ၏တန္ဖိုးမ်ားကို ဂဏန္းမ်ားျဖင့္ ႐ိုက္ႏွိပ္ထားပါသည္။

လက္ရွိသုံးစြဲလ်က္ရွိေသာ တစ္ေထာင္က်ပ္တန္ ေငြစကၠဴမ်ားသည္လည္း တရားဝင္ေငြအျဖစ္ ဆက္လက္တည္ရွိမည္ျဖစ္ပါသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူထုတ်ဝေမည်

နေပြည်တော် ၂၀ ဒီဇင်ဘာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေရန်ဆောင်ရွက်လျက်ရှိရာ တစ်ထောင်ကျပ်တန်ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိပါသည်။ ငွေစက္ကူသည် ပေါ်လွင်သော အပြာရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားပါသည်။

တစ်ထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် "တစ်ထောင်ကျပ်" ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပါသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားပါသည်။

တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ " CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်း၌ "ONE THOUSAND KYATS" ဟူသော စာတန်းများ ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံျဖင့္ ေငြစကၠဴထုတ္ေဝမည္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံျဖင့္ ေငြစကၠဴထုတ္ေဝမည္ Reviewed by THITHTOOLWIN on 02:20 Rating: 5
Powered by Blogger.