လက္နက္ႀကီးက်လို႔ ယိုးတ႐ုပ္႐ြာခံ သုံးေထာင္ေက်ာ္ ထြက္ေျပးေနရ

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုပ္ေက်း႐ြာကို ျမင္ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုပ္႐ြာမွာ မေန႔ညက လက္နက္ႀကီးက်ည္က်လို႔ ေဒသခံ သုံးေထာင္ေက်ာ္ေလာက္ အိုးအိမ္စြန႔္ခြာထြက္ေျပးေနၾကပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုပ္႐ြာမွာ မေန႔ညက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲသံေတြေၾကာင့္ ေဒသခံေတြ ေၾကာက္လန႔္ၿပီး ထြက္ေျပးသြားၾကတယ္လို႔ ရခိုင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ က ေျပာပါတယ္။

“ဒီလ ၂၃ ရက္ေန႔ထဲက ေရာက္ေနတာ စစ္ေၾကာင္းက အဲဒီရဲစခန္းနားမွာပဲေနတယ္၊ ရဲစခန္းနားကအိမ္ေတြက လူမေနေတာ့ဘူး အဲမွာ တပ္ကရွိတယ္၊ ပစ္တာခတ္တာက မေန႔ည ၁၀ နာရီကျဖစ္တာ၊ ၂၃ ရက္ေန႔ ကတည္းက နည္းနည္းေျပးေနၾကၿပီ။ ေျပးသြားတဲ့အိမ္ေတြမွာ တပ္ကဝင္ေနတယ္ ရဲစခန္းနားက ႐ြာတစ္ပိုင္း လုံးေျပးတာပဲ၊ လူတစ္ေယာက္မွ မရွိေတာ့ဘူး”

စစ္ေၾကာင္းေရာက္ေနခ်ိန္ထဲက ယိုးတ႐ုပ္ ရဲစခန္းအနီး ေနထိုင္သူေတြက ထြက္ေျပးတိမ္းေရွာင္ေနၾကတာ ျဖစ္တယ္လို႔ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

ယိုးတ႐ုပ္႐ြာမွာ အိမ္ေထာင္စုေပါင္း ၁၂၀၀ ေက်ာ္ရွိၿပီး လူဦးေရ ေျခာက္ေထာင္ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ယိုးတ႐ုပ္ ေဒသခံ သုံးေထာင္ေက်ာ္ဟာ ပုဏၰားကြၽန္းၿမိဳ႕နဲ႔ စစ္ေတြၿမိဳ႕ေတြကို သြားေရာက္ၾကၿပီး ယိုးတ႐ုပ္ ရဲစခန္းအနီးက ေနအိမ္ေတာ္ေတာ္မ်ားမ်ားမွာ လူမရွိသေလာက္ျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လူမရွိေတာ့တဲ့ေနအိမ္ေတြမွာ တပ္မေတာ္က ဝင္ေရာက္ေနရာယူထားတယ္လို႔လည္း ေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းဟာ ယိုးတ႐ုပ္႐ြာမွာ ဒီဇင္ဘာ ၂၃ ရက္ေန႔ကတည္းက တပ္စြဲထားတာျဖစ္ၿပီး ေန႔စဥ္ပစ္ခတ္သံေတြ ၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္ပြဲျဖစ္တာမ်ိဳး မဟုတ္ဘဲ တပ္မေတာ္ တပ္စြဲထားတဲ့ေနရာကေန ပစ္ခတ္ေနတာလို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

“တစ္ဖက္သတ္ပစ္တယ္ဆိုတာ သူတို႔ေနတဲ့ေနရာ ႐ြာႀကီးအေရွ႕ဘက္ကပဲ၊ စခန္းဘက္က ေသနတ္သံေတြ ၾကားေနရၿပီး က်န္တစ္ဘက္က ဘာမွအသံမၾကားရဘူး အဲဘက္ကပဲ ၾကားေနရေတာ့ တစ္ဖက္သတ္ ပစ္တာေပါ့ဗ်ာ၊ အရင္တစ္ရက္ႏွစ္ရက္က လက္နက္ငယ္သံေတြပဲၾကားေနရေတာ့ သတိမထားမိဘူး၊ မေန႔ညက လက္နက္ ေတာ္ေတာ္ႀကီးႀကီး ေလးခ်က္ေလာက္ေပါက္ၿပီး က်ည္ကေလးေတြ အလုံး ၁၀၀ အထက္ေလာက္ ပစ္ေနတာ”

AA ေျပာခြင့္ရသူ ခိုင္သုခ ကလည္း ယိုးတ႐ုပ္႐ြာမွာ တိုက္ပြဲမရွိဘူးလို႔ ေျပာပါတယ္။ 

“ယိုးတ႐ုပ္ဘက္မွာ တိုက္ပြဲျဖစ္တာ မရွိဘူး၊ မေန႔ညက ဗမာစစ္တပ္ဘက္က ယိုးတ႐ုတ္႐ြာကို ဝိုင္းထားၿပီးေတာ့ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာရွိတယ္၊ အဲဒါ ဗမာစစ္တပ္ဘက္က တစ္ဖက္သတ္ပစ္ခတ္တာ၊ ကြၽန္ေတာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာ မရွိဘူး”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးနဲ႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းတို႔ကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

ရကၡိဳင့္တပ္ေတာ္ AA ဟာ ၿပီးခဲ့တဲ့ မတ္လက ယိုးတ႐ုပ္႐ြာမွာရွိတဲ့ ရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္လို႔ ရဲတပ္ဖြဲ႕ဝင္ ကိုးဦးက်ဆုံးခဲ့ၿပီး သုံးဦးဒဏ္ရာရရွိခဲ့ပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္ဟာ ရခိုင္ျပည္နယ္မွာ ညမထြက္ရအမိန႔္နဲ႔ အင္တာနက္ျဖတ္ေတာက္ခံထားရတဲ့ ၿမိဳ႕ေတြထဲပါဝင္တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ေျမပုံၿမိဳ႕နယ္ စညႇင္းေက်း႐ြာအုပ္စုက ေက်း႐ြာ ငါး႐ြာကေဒသခံ ၂၀၀၀ ေက်ာ္ ေနရပ္စြန္ခြာ ထြက္ေျပးေနရပါတယ္။

တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူေတြမ်ားျပားေနၿပီး စားနပ္ရိကၡာအခက္အခဲနဲ႔ ေနရာထိုင္ခင္း အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ ႏွစ္ဖက္တိုက္ပြဲေတြ တစ္ႏွစ္နီးပါး ၾကာျမင့္ေနၿပီ ျဖစ္တာေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံ တစ္သိန္းနီးပါးရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး REC ရဲ႕ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
လက်နက်ကြီးကျလို့ ယိုးတရုပ်ရွာခံ သုံးထောင်ကျော် ထွက်ပြေးနေရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို မြင်တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှာ မနေ့ညက လက်နက်ကြီးကျည်ကျလို့ ဒေသခံ သုံးထောင်ကျော်လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှာ မနေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံတွေကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

“ဒီလ ၂၃ ရက်နေ့ထဲက ရောက်နေတာ စစ်ကြောင်းက အဲဒီရဲစခန်းနားမှာပဲနေတယ်၊ ရဲစခန်းနားကအိမ်တွေက လူမနေတော့ဘူး အဲမှာ တပ်ကရှိတယ်၊ ပစ်တာခတ်တာက မနေ့ည ၁၀ နာရီကဖြစ်တာ၊ ၂၃ ရက်နေ့ ကတည်းက နည်းနည်းပြေးနေကြပြီ။ ပြေးသွားတဲ့အိမ်တွေမှာ တပ်ကဝင်နေတယ် ရဲစခန်းနားက ရွာတစ်ပိုင်း လုံးပြေးတာပဲ၊ လူတစ်ယောက်မှ မရှိတော့ဘူး”

စစ်ကြောင်းရောက်နေချိန်ထဲက ယိုးတရုပ် ရဲစခန်းအနီး နေထိုင်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ယိုးတရုပ်ရွာမှာ အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်ရှိပြီး လူဦးရေ ခြောက်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ယိုးတရုပ် ဒေသခံ သုံးထောင်ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေမြို့တွေကို သွားရောက်ကြပြီး ယိုးတရုပ် ရဲစခန်းအနီးက နေအိမ်တော်တော်များများမှာ လူမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမရှိတော့တဲ့နေအိမ်တွေမှာ တပ်မတော်က ဝင်ရောက်နေရာယူထားတယ်လို့လည်း ပြောပါတယ်။

တပ်မတော်စစ်ကြောင်းဟာ ယိုးတရုပ်ရွာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက တပ်စွဲထားတာဖြစ်ပြီး နေ့စဉ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘဲ တပ်မတော် တပ်စွဲထားတဲ့နေရာကနေ ပစ်ခတ်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ဖက်သတ်ပစ်တယ်ဆိုတာ သူတို့နေတဲ့နေရာ ရွာကြီးအရှေ့ဘက်ကပဲ၊ စခန်းဘက်က သေနတ်သံတွေ ကြားနေရပြီး ကျန်တစ်ဘက်က ဘာမှအသံမကြားရဘူး အဲဘက်ကပဲ ကြားနေရတော့ တစ်ဖက်သတ် ပစ်တာပေါ့ဗျာ၊ အရင်တစ်ရက်နှစ်ရက်က လက်နက်ငယ်သံတွေပဲကြားနေရတော့ သတိမထားမိဘူး၊ မနေ့ညက လက်နက် တော်တော်ကြီးကြီး လေးချက်လောက်ပေါက်ပြီး ကျည်ကလေးတွေ အလုံး ၁၀၀ အထက်လောက် ပစ်နေတာ”

AA ပြောခွင့်ရသူ ခိုင်သုခ ကလည်း ယိုးတရုပ်ရွာမှာ တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။ 

“ယိုးတရုပ်ဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူး၊ မနေ့ညက ဗမာစစ်တပ်ဘက်က ယိုးတရုတ်ရွာကို ဝိုင်းထားပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာရှိတယ်၊ အဲဒါ ဗမာစစ်တပ်ဘက်က တစ်ဖက်သတ်ပစ်ခတ်တာ၊ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ မတ်လက ယိုးတရုပ်ရွာမှာရှိတဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့်နဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့တွေထဲပါဝင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြေပုံမြို့နယ် စညှင်းကျေးရွာအုပ်စုက ကျေးရွာ ငါးရွာကဒေသခံ ၂၀၀၀ ကျော် နေရပ်စွန်ခွာ ထွက်ပြေးနေရပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေများပြားနေပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ နေရာထိုင်ခင်း အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲတွေ တစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သိန်းနီးပါးရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
လက္နက္ႀကီးက်လို႔ ယိုးတ႐ုပ္႐ြာခံ သုံးေထာင္ေက်ာ္ ထြက္ေျပးေနရ လက္နက္ႀကီးက်လို႔ ယိုးတ႐ုပ္႐ြာခံ သုံးေထာင္ေက်ာ္ ထြက္ေျပးေနရ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.