အ႐ိုးအဆစ္ေတြကို ထိခိုက္ေစႏိုင္တဲ့ အျပဳအမူ (၁၀) မ်ိဳး

(Zawgyi)⤵⤵⤵
မေတာ္တဆထိခိုက္မိတာေတြ၊ ထိခိုက္ဒဏ္ရာေတြေၾကာင့္ အ႐ိုးအဆစ္ေတြကို ထိခိုက္ႏိုင္တယ္လို႔ သိထားၾကပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေတြေၾကာင့္လည္း အ႐ိုးထိခိုက္ႏိုင္တယ္ဆိုတာ Hello ဆရာဝန္ ပရိသတ္တို႔ သိၾကရဲ႕လားေနာ္ –

ကိုယ္အေလးခ်ိန္ ဝန္ပိတာ

အ႐ိုးေတြကို ခ်ိတ္ဆက္ေပးထားတဲ့ အဆစ္ေတြဟာ ေလးလံတဲ့ဝန္ကို ထမ္းပိုးရတာ သိပ္မခံႏိုင္တတ္ၾကပါဘူး။ ဝန္အပိဆုံးက ဒူးပါပဲ။ အ႐ြတ္ေတြကိုပ်က္ယြင္းေစၿပီး ခါး၊ တင္ပါးဆုံနဲ႔ ေျခက်င္းဝတ္တို႔ကိုလည္း ထိခိုက္ႏိုင္ပါတယ္။ ဒီလိုျဖစ္ေစတဲ့အေၾကာင္းရင္းထဲမွာ ကိုယ္အေလးခ်ိန္မ်ားျခင္းက ေရွ႕ကပါဝင္တာမို႔ ထိန္းသင့္ပါတယ္။

ဖုန္းပဲအၿမဲႏွိပ္ေနတာ

ဖုန္းေလးကိုင္ၿပီး တစ္ခ်ိန္လုံးႏွိပ္ေနမယ္ဆိုရင္ေတာ့ လက္ေခ်ာင္းအဆစ္ေတြ ျပႆနာတက္ပါလိမ့္မယ္။ လက္မအ႐ြတ္ေတြထိခိုက္ႏိုင္တယ္၊ ဖုန္းကိုၾကည့္လြန္းလို႔ လည္ပင္းဇက္ေၾကာနဲ႔ပခုံးအတြက္လည္း မေကာင္းပါဘူး။

ေဒါက္ျမင့္ဖိနပ္အၿမဲစီးတာ

ေဒါက္ျမင့္ဖိနပ္စီးထားတာ လွေပမယ့္ ေျခေထာက္ကို ေျဖာင့္တန္းေနေစဖို႔ ေပါင္ႂကြက္သားေတြက ပိုအလုပ္လုပ္ရပါတယ္။ ေဒါက္ကျမင့္ေလ ဒူးမွာ ဖိအားပိုမ်ားေစတယ္။ အၿမဲ သို႔မဟုတ္ ၾကာၾကာစီးထားမယ္ဆိုရင္ အဆစ္နာေရာဂါျဖစ္လာႏိုင္ေျခကို တိုးေစပါတယ္။

လက္ဆစ္ခ်ိဳးတာ

ေဖ်ာက္ေဖ်ာက္နဲ႔ လက္ဆစ္ခ်ိဳးလိုက္ရတာကို သေဘာက်ၾကပါတယ္။ တခ်ိဳ႕လူႀကီးေတြ သတိေပးသလို က်ိဳးတာ၊ အဆစ္လြဲတာေတာ့မျဖစ္ေစႏိုင္ေပမယ့္ အက်င့္ပါလာရင္ လက္ကိုေရာင္ရမ္းေစတာ၊ လက္ရဲ႕ဆုပ္အားေလ်ာ့နည္းေစတာေတြ ျဖစ္လာေစႏိုင္ပါတယ္။

အိတ္အႀကီးႀကီးလြယ္တာ

အိတ္အေလးႀကီးေတြလြယ္ထားတာ၊ ဆြဲတာေတြက ဇက္ေၾကာနဲ႔ပခုံးေၾကာ၊ အဆစ္ေတြနာက်င္မႈကို ျဖစ္ေစတဲ့အေၾကာင္းရင္းေတြပါ။ ပခုံးမွာ အေလးအပင္ျဖစ္ေစရာကေန ခႏၶာကိုယ္ဟန္ခ်က္ထိန္းႏိုင္စြမ္းနဲ႔ လမ္းေလွ်ာက္ပုံကို ပ်က္ယြင္းေစႏိုင္ပါတယ္။ တစ္ဖက္ပဲသန္လို႔ တစ္ဖက္ပဲ ေတာက္ေလွ်ာက္ဝန္ပိေစမယ္ဆို အ႐ိုးအဆစ္ေဝဒနာတစ္ခုခုျဖစ္လာႏိုင္ပါတယ္။

ေမွာက္အိပ္တာ

ေမွာက္အိပ္တာက ေဟာက္တာေတာ့ သက္သာေစႏိုင္ေပမယ့္ ေက်ာ႐ိုးကိုေတာ့ ဖိအားျဖစ္ေစႏိုင္ပါတယ္။ ဦးေခါင္းကိုလည္း ပက္လက္အိပ္တာထက္ ပိုၿပီးလိမ္ေခါက္ေစ၊ ဆြဲဆန႔္ထားသလို ျဖစ္ေစတာေၾကာင့္ တျခားအဆစ္နဲ႔ႂကြက္သားေတြအေပၚ ဖိအားျဖစ္ေစပါတယ္။

အေၾကာမေလွ်ာ့တာ

ေလ့က်င့္ခန္းလုပ္လုပ္မလုပ္လုပ္ အေၾကာေလွ်ာ့တာေတာ့လုပ္သင့္ပါတယ္။ ေလ့က်င့္ခန္းမလုပ္ခင္မွာ အေၾကာေလွ်ာ့တာက အေၾကာအျခင္ေတြကို ေပ်ာ့ေပ်ာင္းေစတယ္၊ အဆစ္ေတြကို လႈပ္ရွားရလြယ္ေစတယ္၊ ႂကြက္သားေတြလႈပ္ရွားမႈ ပိုေကာင္းေစတယ္။ ေတာင့္တင္းေနတဲ့ အ႐ိုးအဆစ္ေတြကို အတင္းလႈပ္ရွားေစမယ္ဆိုရင္ ကိုယ္လက္လႈပ္ရွားမႈအက်ိဳးကိုရမယ့္အစား ထိခိုက္မႈပါ ရလာပါလိမ့္မယ္။

ေကာင္းေကာင္းမအိပ္တာ

အိပ္စက္ျခင္းက သင့္အဆစ္ေတြကို ထိခိုက္ႏိုင္တယ္ဆိုတာ အံ့ဩေကာင္းအံ့ဩပါလိမ့္မယ္။ သုေတသနအရ ညဘက္ေကာင္းေကာင္းမအိပ္ခဲ့ရရင္ အဆစ္နာေဝဒနာရွိသူေတြမွာ နာက်င္မႈ ပိုခံစားရတတ္တယ္လို႔ ဆိုပါတယ္။

ေနပုံထိုင္ပုံ ပုံစံမက်တာ

မတ္တပ္ရပ္တဲ့အခါ လက္ျပင္ကုန္းၿပီး ထိုင္တဲ့အခါ ခႏၶာကိုယ္က ပုံစံမက်တာမ်ိဳးေတြက ၾကာလာရင္ ထိခိုက္ေစႏိုင္ပါတယ္။ ခုံမွာပဲထိုင္ထိုင္၊ ကားေပၚမွာပဲထိုင္ထိုင္ ကိုယ္ေနဟန္ထားမွန္ကန္မွ ႂကြက္သားနဲ႔အဆစ္ေတြကို ဝန္မပိေစမွာျဖစ္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

မတော်တဆထိခိုက်မိတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့် အရိုးအဆစ်တွေကို ထိခိုက်နိုင်တယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်လည်း အရိုးထိခိုက်နိုင်တယ်ဆိုတာ Hello ဆရာဝန် ပရိသတ်တို့ သိကြရဲ့လားနော် –

ကိုယ်အလေးချိန် ဝန်ပိတာ

အရိုးတွေကို ချိတ်ဆက်ပေးထားတဲ့ အဆစ်တွေဟာ လေးလံတဲ့ဝန်ကို ထမ်းပိုးရတာ သိပ်မခံနိုင်တတ်ကြပါဘူး။ ဝန်အပိဆုံးက ဒူးပါပဲ။ အရွတ်တွေကိုပျက်ယွင်းစေပြီး ခါး၊ တင်ပါးဆုံနဲ့ ခြေကျင်းဝတ်တို့ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ကိုယ်အလေးချိန်များခြင်းက ရှေ့ကပါဝင်တာမို့ ထိန်းသင့်ပါတယ်။

ဖုန်းပဲအမြဲနှိပ်နေတာ

ဖုန်းလေးကိုင်ပြီး တစ်ချိန်လုံးနှိပ်နေမယ်ဆိုရင်တော့ လက်ချောင်းအဆစ်တွေ ပြဿနာတက်ပါလိမ့်မယ်။ လက်မအရွတ်တွေထိခိုက်နိုင်တယ်၊ ဖုန်းကိုကြည့်လွန်းလို့ လည်ပင်းဇက်ကြောနဲ့ပခုံးအတွက်လည်း မကောင်းပါဘူး။

ဒေါက်မြင့်ဖိနပ်အမြဲစီးတာ

ဒေါက်မြင့်ဖိနပ်စီးထားတာ လှပေမယ့် ခြေထောက်ကို ဖြောင့်တန်းနေစေဖို့ ပေါင်ကြွက်သားတွေက ပိုအလုပ်လုပ်ရပါတယ်။ ဒေါက်ကမြင့်လေ ဒူးမှာ ဖိအားပိုများစေတယ်။ အမြဲ သို့မဟုတ် ကြာကြာစီးထားမယ်ဆိုရင် အဆစ်နာရောဂါဖြစ်လာနိုင်ခြေကို တိုးစေပါတယ်။

လက်ဆစ်ချိုးတာ

ဖျောက်ဖျောက်နဲ့ လက်ဆစ်ချိုးလိုက်ရတာကို သဘောကျကြပါတယ်။ တချို့လူကြီးတွေ သတိပေးသလို ကျိုးတာ၊ အဆစ်လွဲတာတော့မဖြစ်စေနိုင်ပေမယ့် အကျင့်ပါလာရင် လက်ကိုရောင်ရမ်းစေတာ၊ လက်ရဲ့ဆုပ်အားလျော့နည်းစေတာတွေ ဖြစ်လာစေနိုင်ပါတယ်။

အိတ်အကြီးကြီးလွယ်တာ

အိတ်အလေးကြီးတွေလွယ်ထားတာ၊ ဆွဲတာတွေက ဇက်ကြောနဲ့ပခုံးကြော၊ အဆစ်တွေနာကျင်မှုကို ဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ ပခုံးမှာ အလေးအပင်ဖြစ်စေရာကနေ ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ လမ်းလျှောက်ပုံကို ပျက်ယွင်းစေနိုင်ပါတယ်။ တစ်ဖက်ပဲသန်လို့ တစ်ဖက်ပဲ တောက်လျှောက်ဝန်ပိစေမယ်ဆို အရိုးအဆစ်ဝေဒနာတစ်ခုခုဖြစ်လာနိုင်ပါတယ်။

မှောက်အိပ်တာ

မှောက်အိပ်တာက ဟောက်တာတော့ သက်သာစေနိုင်ပေမယ့် ကျောရိုးကိုတော့ ဖိအားဖြစ်စေနိုင်ပါတယ်။ ဦးခေါင်းကိုလည်း ပက်လက်အိပ်တာထက် ပိုပြီးလိမ်ခေါက်စေ၊ ဆွဲဆန့်ထားသလို ဖြစ်စေတာကြောင့် တခြားအဆစ်နဲ့ကြွက်သားတွေအပေါ် ဖိအားဖြစ်စေပါတယ်။

အကြောမလျှော့တာ

လေ့ကျင့်ခန်းလုပ်လုပ်မလုပ်လုပ် အကြောလျှော့တာတော့လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ အကြောလျှော့တာက အကြောအခြင်တွေကို ပျော့ပျောင်းစေတယ်၊ အဆစ်တွေကို လှုပ်ရှားရလွယ်စေတယ်၊ ကြွက်သားတွေလှုပ်ရှားမှု ပိုကောင်းစေတယ်။ တောင့်တင်းနေတဲ့ အရိုးအဆစ်တွေကို အတင်းလှုပ်ရှားစေမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုအကျိုးကိုရမယ့်အစား ထိခိုက်မှုပါ ရလာပါလိမ့်မယ်။

ကောင်းကောင်းမအိပ်တာ

အိပ်စက်ခြင်းက သင့်အဆစ်တွေကို ထိခိုက်နိုင်တယ်ဆိုတာ အံ့ဩကောင်းအံ့ဩပါလိမ့်မယ်။ သုတေသနအရ ညဘက်ကောင်းကောင်းမအိပ်ခဲ့ရရင် အဆစ်နာဝေဒနာရှိသူတွေမှာ နာကျင်မှု ပိုခံစားရတတ်တယ်လို့ ဆိုပါတယ်။

နေပုံထိုင်ပုံ ပုံစံမကျတာ

မတ်တပ်ရပ်တဲ့အခါ လက်ပြင်ကုန်းပြီး ထိုင်တဲ့အခါ ခန္ဓာကိုယ်က ပုံစံမကျတာမျိုးတွေက ကြာလာရင် ထိခိုက်စေနိုင်ပါတယ်။ ခုံမှာပဲထိုင်ထိုင်၊ ကားပေါ်မှာပဲထိုင်ထိုင် ကိုယ်နေဟန်ထားမှန်ကန်မှ ကြွက်သားနဲ့အဆစ်တွေကို ဝန်မပိစေမှာဖြစ်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အ႐ိုးအဆစ္ေတြကို ထိခိုက္ေစႏိုင္တဲ့ အျပဳအမူ (၁၀) မ်ိဳး အ႐ိုးအဆစ္ေတြကို ထိခိုက္ေစႏိုင္တဲ့ အျပဳအမူ (၁၀) မ်ိဳး Reviewed by THITHTOOLWIN on 07:04 Rating: 5
Powered by Blogger.