ေျမာက္ဦးလက္နက္ႀကီးကိစၥ တပ္မေတာ္ျငင္း

ေျမာက္ဦးၿမိဳ႕နယ္ နလိပ္ေက်း႐ြာမွာ လက္နက္ႀကီးေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြကို ၂၀၁၉ ဒီဇင္ဘာ ၂ ရက္ေန႔က ‌ေဆး႐ုံပို႔ေဆာင္စဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ အလယ္ေဈးရပ္ကြက္ထဲမွာ မေန႔ညေနက လက္နက္ႀကီးေပါက္ကြဲလို႔ လူ သုံးဦး ေသဆုံးၿပီး ေလးဦး ဒဏ္ရာရခဲ့တဲ့ ျဖစ္ရပ္ဟာ သူတို႔လက္ခ်က္ မဟုတ္ဘူးလို႔ တပ္မေတာ္ဘက္က တုံ႔ျပန္ ေျပာဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ အစိုးရတပ္မေတာ္တို႔အၾကားျဖစ္ပြားေနတဲ့ တိုက္ပြဲကာလအတြင္း အရပ္သားေသဆုံးမႈ၊ ထိခိုက္ဒဏ္ရာရမႈေတြဟာ တစ္ေန႔ထက္တစ္ေန႔ မ်ားျပား လာေနပါတယ္။

မေန႔တုန္းက ေျမာက္ဦးၿမိဳ႕ရဲ႕ ၿမိဳ႕ေပၚရပ္ကြက္တစ္ခုျဖစ္တဲ့ အလယ္ေဈးရပ္ကြက္တြင္းသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲလို႔ ကေလးငယ္ ႏွစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ရၿပီး၊ ေနာက္ထပ္  ေလးဦးလည္း ထိခိုက္ဒဏ္ရာရရွိသြားၾကပါတယ္။

ေပါက္ကြဲမႈေၾကာင့္ အသက္တစ္ႏွစ္နဲ႔  ေလးႏွစ္အ႐ြယ္ ကေလးငယ္ႏွစ္ဦးဟာ အခင္းျဖစ္ေနရာမွာ ပြဲခ်င္းၿပီး ေသဆုံးၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ မႏုႏုဝင္းကေတာ့ မေန႔က ေဆး႐ုံမွာ ေသဆုံးသြားတာျဖစ္ပါတယ္။  ေသဆုံးသူ ေလးႏွစ္အ႐ြယ္ ေမာင္ဉာဏ္လင္းထက္နဲ႔ အသက္ ၂၄ ႏွစ္အ႐ြယ္ မႏုႏုဝင္းတို႔ဟာ သားအမိေတြျဖစ္ၾကပါတယ္။

ဒဏ္ရာရသူ ေလးဦးကိုေတာ့ အထူးကု ဆရာဝန္ေတြနဲ႔ ၾကပ္မတ္ကုသေနတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာခင္ေမာင္ရင္ ကေျပာပါတယ္။

“ေသတာက အားလုံး သုံးေယာက္ပါ။ ဒဏ္ရာရတာက ေလးေယာက္။ ေလးေယာက္မွာ သုံးေယာက္ကေတာ့ အေပၚယံဒဏ္ရာေတြပဲ။ တစ္ေယာက္ကေတာ့ ယာဘက္ေျခေထာက္ေအာက္ပိုင္း ျပတ္ထြက္သြားတယ္။ ကိုယ္ဝန္ သည္ကိုလည္း မစိုးရိမ္ရပါဘူး။ ကြၽန္ေတာ္တို႔က လိုအပ္တာေတြကို လုပ္ေပးေနပါတယ္။ ကြၽန္ေတာ္တို႔မွာ အထူးကုဆရာဝန္ေတြလည္း အကုန္ရွိပါတယ္”

ဒဏ္ရာရရွိသူ  ေျခာက္ဦးအနက္ ႏွစ္ဦးကေတာ့ သာမန္ပြန္းပဲ့ဒဏ္ရာေတြရရွိခဲ့တာလို႔ သိရပါတယ္။

တစ္ေနရာရာကေန ပစ္လိုက္တဲ့ လက္နက္ႀကီးက ၿခံဝင္းထဲ က်ေရာက္ေပါက္ကြဲတာလို႔ ယူဆေၾကာင္း သမီးနဲ႔ေျမးကို ဆုံးရႈံးခဲ့ရတဲ့ ဦးလွေမာင္သာ က ေျပာပါတယ္။

“မေန႔က အခင္းျဖစ္တဲ့ေနရာက ကြၽန္ေတာ္တို႔အိမ္နဲ႔ဆို ေပ ၃၀၀ ေလာက္ေဝးတယ္။ ကြၽန္ေတာ့သမီးက မ်က္လုံး မွာ အမႈန႔္တစ္ခုဝင္ေနတယ္ဆိုၿပီး အဲဒီဘက္အိမ္က တစ္ေယာက္ကို ထုတ္ခိုင္းဖို႔သြားတာ။ သူထြက္သြားလို႔ ငါးမိနစ္ေလာက္အတြင္းမွာ ဂ်ိန္းခနဲ႔တစ္ခုၾကားတာနဲ႔ ႐ြာသားေတြက ဦးေလးသမီး လဲသြားၿပီလို႔ လွမ္းေအာ္ ၾကတယ္။ ဘယ္ဘက္ကက်လို႔ ေပါက္ကြဲသလဲဆိုတာ ကြၽန္ေတာ္လည္း မေျပာတတ္ဘူး။ ကြၽန္ေတာ္သြားၾကည့္ ေတာ့ သမီးက မ်က္လုံးႏွစ္ဖက္ျပဳတ္ထြက္ေနၿပီ။ ေပါက္ကြဲတဲ့ေနရာက ရပ္ကြက္ထဲမွာပဲ”

ေပါက္ကြဲမႈဟာ အလယ္ေဈးရပ္ကြက္ ခ်င္းပ်ံေတာေက်ာင္းနဲ႔ ဘီလူးကန္ေက်ာင္းၾကားက ေနအိမ္ေတြေရွ႕မွာ ျဖစ္ပြားခဲ့တာပါ။

ေသဆုံးခဲ့သူ သုံးဦးရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ဒီေန႔ေန႔လယ္မွာ ေျမာက္ဦးသုသာန္မွာ ဂူသြင္းသၿဂႋဳဟ္ခဲ့ၾက ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA က ျမန္မာ့တပ္မေတာ္ဟာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွာ အမႈရင္ဆိုင္ေနရခ်ိန္ျဖစ္ သည့္တိုင္ ေျမာက္ဦးၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာေတြကိုသာမက ၿမိဳ႕ေပၚရပ္ကြက္ကိုပါ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီးေတာ့ စစ္ရာဇဝတ္မႈေတြကို ေပၚေပၚတင္တင္ က်ဴးလြန္ေနေၾကာင္း ဒီေန႔ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ေၾကညာ ခ်က္မွာ ေဖာ္ျပထားပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ မေန႔ကျဖစ္ရပ္ဟာ တပ္မေတာ္က ပစ္ခတ္တာမဟုတ္သလို အဲဒီနားမွာ တိုက္ပြဲျဖစ္တာလည္းမရွိဘူးလို႔လည္း ဆိုပါတယ္။

မေန႔ကျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက အခုလိုဆက္ေျပာပါတယ္။

“ကြၽန္ေတာ္ အၾကမ္းဖ်င္း စုံစမ္းၾကည့္တာကေတာ့ သူ႔ဟာသူ ဟိုးအရင္ကတည္းက ဘုန္းႀကီးေက်ာင္းက မေပါက္ ကြဲေသးတဲ့ ဗုံးသီးတစ္ခုကို ေတြ႕ၿပီးေတာ့မွ အမ်ိဳးသမီးတစ္ေယာက္ကေနၿပီးေတာ့မွ ဒီဗုံးသီးကိုထုတဲ့အခါမွာ ထကြဲတာပဲ။ အဲဒါေၾကာင့္မို႔လို႔ မိုင္းလား၊ ဗုံးသီးလား ဆိုတာေတာ့ ဘယ္သူမွ တိတိက်က်မသိရေသး။ ကြၽန္ေတာ္ တို႔လည္း အဲဒါကိုေမးခိုင္းထားတယ္။ စစ္ေဆးခိုင္းထားတယ္။ ေသခ်ာတာကေတာ့ ေပါက္ကြဲမႈတစ္ခုခုျဖစ္လို႔ သာလွ်င္ အဲဒါေတြသည္ ထိခိုက္ဒဏ္ရာရၿပီးေတာ့မွ ေသဆုံးမႈေတြျဖစ္ရတာေပါ့။ ဒီဟာကို ဗုံးသီးလား၊ ဒုံးသီးလား ဒါမွမဟုတ္ မိုင္းလားဆိုတာကေတာ့ ရဲေတြဘာေတြနဲ႔ စစ္ခိုင္းထားတုန္းရွိေသးတယ္။ သိရရင္လည္း သတင္း ထုတ္ျပန္ေပးပါဦးမယ္ေနာ္”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလေလာက္က စတင္ျပင္းထန္လာခဲ့တဲ့ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ အစိုးရတပ္မေတာ္တို႔အၾကား တိုက္ပြဲေတြဟာ အခုဆိုရင္ အခ်ိန္တစ္ႏွစ္တိတိၾကာျမင့္လာခဲ့ၿပီျဖစ္သလို တိုက္ပြဲေတြဟာလည္း တစ္ေန႔ထက္တစ္ေန႔  ပိုလို႔သာျပင္းထန္လာေနတာျဖစ္ပါတယ္။

တိုက္ပြဲကာလအတြင္း အခုလို အရပ္သားေတြ ေသဆုံးရတာေတြဟာ ရာဂဏန္းနီးပါး ရွိေနၿပီျဖစ္သလို ထိခိုက္ဒဏ္ရာရသူဦးေရကေတာ့ အခုအခ်ိန္အထိ ၁၄၀ ထက္မနည္းရွိေနႏိုင္တယ္လို႔ ေဒသခံေတြက ခန႔္မွန္းၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
မြောက်ဦးလက်နက်ကြီးကိစ္စ တပ်မတော်ငြင်း

မြောက်ဦးမြို့နယ် နလိပ်ကျေးရွာမှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ၂၀၁၉ ဒီဇင်ဘာ ၂ ရက်နေ့က ‌ဆေးရုံပို့ဆောင်စဉ်
ဓါတ်ပုံ - နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ထဲမှာ မနေ့ညနေက လက်နက်ကြီးပေါက်ကွဲလို့ လူ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေဟာ တစ်နေ့ထက်တစ်နေ့ များပြား လာနေပါတယ်။

မနေ့တုန်းက မြောက်ဦးမြို့ရဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ဈေးရပ်ကွက်တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးငယ် နှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ နောက်ထပ်  လေးဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြပါတယ်။

ပေါက်ကွဲမှုကြောင့် အသက်တစ်နှစ်နဲ့  လေးနှစ်အရွယ် ကလေးငယ်နှစ်ဦးဟာ အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးပြီး အသက် ၂၄ နှစ်အရွယ် မနုနုဝင်းကတော့ မနေ့က ဆေးရုံမှာ သေဆုံးသွားတာဖြစ်ပါတယ်။  သေဆုံးသူ လေးနှစ်အရွယ် မောင်ဉာဏ်လင်းထက်နဲ့ အသက် ၂၄ နှစ်အရွယ် မနုနုဝင်းတို့ဟာ သားအမိတွေဖြစ်ကြပါတယ်။

ဒဏ်ရာရသူ လေးဦးကိုတော့ အထူးကု ဆရာဝန်တွေနဲ့ ကြပ်မတ်ကုသနေတယ်လို့ မြောက်ဦးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင် ကပြောပါတယ်။

“သေတာက အားလုံး သုံးယောက်ပါ။ ဒဏ်ရာရတာက လေးယောက်။ လေးယောက်မှာ သုံးယောက်ကတော့ အပေါ်ယံဒဏ်ရာတွေပဲ။ တစ်ယောက်ကတော့ ယာဘက်ခြေထောက်အောက်ပိုင်း ပြတ်ထွက်သွားတယ်။ ကိုယ်ဝန် သည်ကိုလည်း မစိုးရိမ်ရပါဘူး။ ကျွန်တော်တို့က လိုအပ်တာတွေကို လုပ်ပေးနေပါတယ်။ ကျွန်တော်တို့မှာ အထူးကုဆရာဝန်တွေလည်း အကုန်ရှိပါတယ်”

ဒဏ်ရာရရှိသူ  ခြောက်ဦးအနက် နှစ်ဦးကတော့ သာမန်ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။

တစ်နေရာရာကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက ခြံဝင်းထဲ ကျရောက်ပေါက်ကွဲတာလို့ ယူဆကြောင်း သမီးနဲ့မြေးကို ဆုံးရှုံးခဲ့ရတဲ့ ဦးလှမောင်သာ က ပြောပါတယ်။

“မနေ့က အခင်းဖြစ်တဲ့နေရာက ကျွန်တော်တို့အိမ်နဲ့ဆို ပေ ၃၀၀ လောက်ဝေးတယ်။ ကျွန်တော့သမီးက မျက်လုံး မှာ အမှုန့်တစ်ခုဝင်နေတယ်ဆိုပြီး အဲဒီဘက်အိမ်က တစ်ယောက်ကို ထုတ်ခိုင်းဖို့သွားတာ။ သူထွက်သွားလို့ ငါးမိနစ်လောက်အတွင်းမှာ ဂျိန်းခနဲ့တစ်ခုကြားတာနဲ့ ရွာသားတွေက ဦးလေးသမီး လဲသွားပြီလို့ လှမ်းအော် ကြတယ်။ ဘယ်ဘက်ကကျလို့ ပေါက်ကွဲသလဲဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်သွားကြည့် တော့ သမီးက မျက်လုံးနှစ်ဖက်ပြုတ်ထွက်နေပြီ။ ပေါက်ကွဲတဲ့နေရာက ရပ်ကွက်ထဲမှာပဲ”

ပေါက်ကွဲမှုဟာ အလယ်ဈေးရပ်ကွက် ချင်းပျံတောကျောင်းနဲ့ ဘီလူးကန်ကျောင်းကြားက နေအိမ်တွေရှေ့မှာ ဖြစ်ပွားခဲ့တာပါ။

သေဆုံးခဲ့သူ သုံးဦးရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့နေ့လယ်မှာ မြောက်ဦးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြ ပါတယ်။

ရက္ခိုင့်တပ်တော် AA က မြန်မာ့တပ်မတော်ဟာ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ အမှုရင်ဆိုင်နေရချိန်ဖြစ် သည့်တိုင် မြောက်ဦးမြို့နယ် အတွင်းရှိ ကျေးရွာတွေကိုသာမက မြို့ပေါ်ရပ်ကွက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့ကဖြစ်ရပ်ဟာ တပ်မတော်က ပစ်ခတ်တာမဟုတ်သလို အဲဒီနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့လည်း ဆိုပါတယ်။

မနေ့ကဖြစ်ရပ်နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုဆက်ပြောပါတယ်။

“ကျွန်တော် အကြမ်းဖျင်း စုံစမ်းကြည့်တာကတော့ သူ့ဟာသူ ဟိုးအရင်ကတည်းက ဘုန်းကြီးကျောင်းက မပေါက် ကွဲသေးတဲ့ ဗုံးသီးတစ်ခုကို တွေ့ပြီးတော့မှ အမျိုးသမီးတစ်ယောက်ကနေပြီးတော့မှ ဒီဗုံးသီးကိုထုတဲ့အခါမှာ ထကွဲတာပဲ။ အဲဒါကြောင့်မို့လို့ မိုင်းလား၊ ဗုံးသီးလား ဆိုတာတော့ ဘယ်သူမှ တိတိကျကျမသိရသေး။ ကျွန်တော် တို့လည်း အဲဒါကိုမေးခိုင်းထားတယ်။ စစ်ဆေးခိုင်းထားတယ်။ သေချာတာကတော့ ပေါက်ကွဲမှုတစ်ခုခုဖြစ်လို့ သာလျှင် အဲဒါတွေသည် ထိခိုက်ဒဏ်ရာရပြီးတော့မှ သေဆုံးမှုတွေဖြစ်ရတာပေါ့။ ဒီဟာကို ဗုံးသီးလား၊ ဒုံးသီးလား ဒါမှမဟုတ် မိုင်းလားဆိုတာကတော့ ရဲတွေဘာတွေနဲ့ စစ်ခိုင်းထားတုန်းရှိသေးတယ်။ သိရရင်လည်း သတင်း ထုတ်ပြန်ပေးပါဦးမယ်နော်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က စတင်ပြင်းထန်လာခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေဟာ အခုဆိုရင် အချိန်တစ်နှစ်တိတိကြာမြင့်လာခဲ့ပြီဖြစ်သလို တိုက်ပွဲတွေဟာလည်း တစ်နေ့ထက်တစ်နေ့  ပိုလို့သာပြင်းထန်လာနေတာဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း အခုလို အရပ်သားတွေ သေဆုံးရတာတွေဟာ ရာဂဏန်းနီးပါး ရှိနေပြီဖြစ်သလို ထိခိုက်ဒဏ်ရာရသူဦးရေကတော့ အခုအချိန်အထိ ၁၄၀ ထက်မနည်းရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

RFA Burmese
https://www.rfa.org
ေျမာက္ဦးလက္နက္ႀကီးကိစၥ တပ္မေတာ္ျငင္း ေျမာက္ဦးလက္နက္ႀကီးကိစၥ တပ္မေတာ္ျငင္း Reviewed by THITHTOOLWIN on 06:08 Rating: 5
Powered by Blogger.