ရန္ကုန္မိုးပ်ံလမ္း ပထမပိုင္း သုံးႏွစ္အတြင္း အၿပီးေဆာက္မယ္လို႔ဆို

 လမ္းပိုင္း တစ္ျခမ္း ၁၇ မိုင္ ေလာက္ အရွည္ကို ပထမပိုင္းအေနနဲ႔ ေဆာက္မယ္လို႔ဆို
(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕ကို စက္ဝိုင္းပုံစံပတ္မယ့္ ရန္ကုန္ မိုးပ်ံ အျမန္လမ္းရဲ႕ လမ္းပိုင္း တစ္ျခမ္းျဖစ္တဲ့ လမ္းပိုင္း ပထမပိုင္းကို သုံးႏွစ္အတြင္း အၿပီးေဆာက္မယ္လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက သိရပါတယ္။

ဒီပထမလမ္းပိုင္းက ေဒါပုံနဲ႔ ပုဇြန္ေတာင္ကိုဆက္ထားတဲ့ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရး တံတားအဆင္းကေနစၿပီး ဒညင္းကုန္းလမ္းဆုံအထိ ၁၇ မိုင္ေလာက္ ရွည္မယ့္ အပိုင္းျဖစ္ပါတယ္။

ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရး တံတား အဆင္းမွာ လမ္းပိုင္းစၿပီး ၾကက္ဘဲေဈးနား၊ အဲဒီကေန ညာဖက္ကိုခ်ိဳးၿပီး သုဝဏၰလမ္းဆုံ၊ ေနာက္ ေဝဇယႏၲာလမ္းတေလွ်ာက္ ေျမာက္ဥကၠလာပအထိသြားၿပီး ခေရပင္လမ္းဆုံ၊ ခေရပင္လမ္းကေန ေအာက္မဂၤလာဒုံ ဒညင္းကုန္းလမ္းဆုံမွာ အဆုံးသတ္မယ့္ အပိုင္း ျဖစ္ပါတယ္။

ဒီပထမပိုင္း စီမံကိန္း ကုန္က်ႏိုင္မယ့္ ပမာဏက အေမရိကန္ ေဒၚလာ သန္း ၆၀၀ ေက်ာ္ ကုန္က်ႏိုင္တယ္လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ခန႔္မွန္းထားပါတယ္။

လမ္းပိုင္းေဆာက္လုပ္ဖို႔ ေ႐ြးခ်ယ္ထားတဲ့ အက်ိဳးတူ ပူးေပါင္းထားတဲ့ ကုမၸဏီအဖြဲ႕ ၁၀ ခုထဲမွာေတာ့ တ႐ုတ္၊ ထိုင္း၊ ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံက ကုမၸဏီေတြ ပါဝင္ေနၿပီး ႏိုင္ငံတကာမွာ အေျခစိုက္တဲ့ တ႐ုတ္ကုမၸဏီေတြ အမ်ားဆုံးပါတယ္လို႔ သိရပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈ အေျခအေန အခက္အခဲမျဖစ္ဖို႔နဲ႔ စီမံကိန္း အတြက္ သင့္ေလ်ာ္တဲ့ ကုမၸဏီေတြကို ေ႐ြးခ်ယ္ခဲ့တဲ့ ပုံစံနဲ႔ ပတ္သက္ၿပီး "သူတို႔ တင္ကတည္းကေန ဘ႑ာေရးအရ အင္အားေတာင့္တင္းမႈ အာမခံခ်က္ေတြ အကုန္ေတာင္းထားတယ္"လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန လမ္းဦးစီးဌာနက ဒုတိယၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ဘီဘီစီကို ေျပာပါတယ္။

"IFC က ေနာက္ေၾကာင္းလိုက္တာေပါ့ သူတို႔ကို အာမခံခ်က္ေပးတဲ့ ဘဏ္ေတြ၊ ေငြေၾကးအဖြဲ႕အစည္းေတြရဲ႕ အင္အားေတာင့္တင္းမႈေတြ အဲဒါေတြအကုန္လုံး လိုက္ၿပီးမႈ ေ႐ြးတာပါ" လို႔ ဦးၾကည္ေဇာ္ျမင့္က ေျပာပါတယ္။

မိုးပ်ံလမ္း စီမံကိန္း တည္ေဆာက္မႈ အေျခအေနနဲ႔ ပတ္သက္ၿပီး " မိုးပ်ံလမ္း ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ရန္ကုန္တိုင္း ေဒသႀကီးအတြက္လည္း လိုအပ္တယ္။

လက္ရွိ အေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈလည္း ေသခ်ာေနၿပီ။ ေဈးကြက္ေသခ်ာၿပီေပါ့။ ေသခ်ာတဲ့အေနအထားေလး ေရာက္တဲ့အခ်ိန္မွာ စတာပါ။

၂၀၁၇ မွာ IFC (ကမာၻ႔ဘဏ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕) နဲ႔ စာခ်ဳပ္ ခ်ဳပ္ပါတယ္။ သူတို႔ကို consultant အေနနဲ႔ ငွားၿပီး အဲဒီက စလုပ္တာပါ"

အဲဒီ လမ္းပိုင္း ပထမအပိုင္း ေဆာက္ေနခ်ိန္မွာပဲ ဒုတိယ အပိုင္း ၁၂မိုင္ ေက်ာ္ေလာက္ ရွည္တဲ့ ေအာက္မဂၤလာဒုံလမ္းကေန ရန္ကုန္ၿမိဳ႕ထဲထိ ဆက္သြယ္ထားတဲ့ ကမ္းနားလမ္းတေလွ်ာက္ ေဆာက္လုပ္ဖို႔ကို တင္ဒါေခၚယူမယ္လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက သိရပါတယ္။

မိုးပ်ံလမ္း စီမံကိန္းလုပ္ဖို႔ စိတ္ဝင္စားတဲ့ ကုမၸဏီေတြကို ၂၀၁၈ခုႏွစ္ ဇြန္လကစၿပီး ဖိတ္ေခၚခဲ့တာ ကုမၸဏီ ၅၀ေက်ာ္ လာေရာက္တင္ျပခဲ့ပါတယ္။

အဲဒီကုမၸဏီေတြထဲက အရည္အခ်င္းျပည့္မီတဲ့ အစုအဖြဲ႕ကုမၸဏီေတြ စုေပါင္းၿပီး အဖြဲ႕ ၁၀ဖြဲ႕က ေဆာက္လုပ္ေရးဝန္ႀကီးဌာနကို တင္ျပထားပါတယ္။

အဲဒီအဖြဲ႕ ၁၀ခုကို ဒီဇင္ဘာလ အကုန္မွာ ဝန္ႀကီးဌာနက ထုတ္ျပန္ေပးမယ္လို႔ သိရပါတယ္။

အဲဒီ အဖြဲ႕ ၁၀ခုက မတ္လ ပထမအပတ္အတြင္း ရင္းႏွီးျမႇပ္ႏွံလုပ္ကိုင္ႏိုင္မယ့္ အေျခအေနကို အစီရင္ခံ တင္ျပရမွာျဖစ္ၿပီး ဧၿပီလပထမပတ္မွာေတာ့ လုပ္ကိုင္ခြင့္ရရွိမယ့္ ကုမၸဏီအဖြဲ႕ကို ထုတ္ျပန္ေပးမယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရန်ကုန်မိုးပျံလမ်း ပထမပိုင်း သုံးနှစ်အတွင်း အပြီးဆောက်မယ်လို့ဆို

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လမ်းပိုင်း တစ်ခြမ်း ၁၇ မိုင် လောက် အရှည်ကို ပထမပိုင်းအနေနဲ့ ဆောက်မယ်လို့ဆို

ရန်ကုန်မြို့ကို စက်ဝိုင်းပုံစံပတ်မယ့် ရန်ကုန် မိုးပျံ အမြန်လမ်းရဲ့ လမ်းပိုင်း တစ်ခြမ်းဖြစ်တဲ့ လမ်းပိုင်း ပထမပိုင်းကို သုံးနှစ်အတွင်း အပြီးဆောက်မယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

ဒီပထမလမ်းပိုင်းက ဒေါပုံနဲ့ ပုဇွန်တောင်ကိုဆက်ထားတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေး တံတားအဆင်းကနေစပြီး ဒညင်းကုန်းလမ်းဆုံအထိ ၁၇ မိုင်လောက် ရှည်မယ့် အပိုင်းဖြစ်ပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေး တံတား အဆင်းမှာ လမ်းပိုင်းစပြီး ကြက်ဘဲဈေးနား၊ အဲဒီကနေ ညာဖက်ကိုချိုးပြီး သုဝဏ္ဏလမ်းဆုံ၊ နောက် ဝေဇယန္တာလမ်းတလျှောက် မြောက်ဥက္ကလာပအထိသွားပြီး ခရေပင်လမ်းဆုံ၊ ခရေပင်လမ်းကနေ အောက်မင်္ဂလာဒုံ ဒညင်းကုန်းလမ်းဆုံမှာ အဆုံးသတ်မယ့် အပိုင်း ဖြစ်ပါတယ်။

ဒီပထမပိုင်း စီမံကိန်း ကုန်ကျနိုင်မယ့် ပမာဏက အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် ကုန်ကျနိုင်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

လမ်းပိုင်းဆောက်လုပ်ဖို့ ရွေးချယ်ထားတဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီအဖွဲ့ ၁၀ ခုထဲမှာတော့ တရုတ်၊ ထိုင်း၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီတွေ ပါဝင်နေပြီး နိုင်ငံတကာမှာ အခြေစိုက်တဲ့ တရုတ်ကုမ္ပဏီတွေ အများဆုံးပါတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခြေအနေ အခက်အခဲမဖြစ်ဖို့နဲ့ စီမံကိန်း အတွက် သင့်လျော်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တဲ့ ပုံစံနဲ့ ပတ်သက်ပြီး "သူတို့ တင်ကတည်းကနေ ဘဏ္ဍာရေးအရ အင်အားတောင့်တင်းမှု အာမခံချက်တွေ အကုန်တောင်းထားတယ်"လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနက ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဘီဘီစီကို ပြောပါတယ်။

"IFC က နောက်ကြောင်းလိုက်တာပေါ့ သူတို့ကို အာမခံချက်ပေးတဲ့ ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေရဲ့ အင်အားတောင့်တင်းမှုတွေ အဲဒါတွေအကုန်လုံး လိုက်ပြီးမှု ရွေးတာပါ" လို့ ဦးကြည်ဇော်မြင့်က ပြောပါတယ်။

မိုးပျံလမ်း စီမံကိန်း တည်ဆောက်မှု အခြေအနေနဲ့ ပတ်သက်ပြီး " မိုးပျံလမ်း ရင်းနှီးမြှုပ်နှံမှုသည် ရန်ကုန်တိုင်း ဒေသကြီးအတွက်လည်း လိုအပ်တယ်။

လက်ရှိ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုလည်း သေချာနေပြီ။ ဈေးကွက်သေချာပြီပေါ့။ သေချာတဲ့အနေအထားလေး ရောက်တဲ့အချိန်မှာ စတာပါ။

၂၀၁၇ မှာ IFC (ကမ္ဘာ့ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့) နဲ့ စာချုပ် ချုပ်ပါတယ်။ သူတို့ကို consultant အနေနဲ့ ငှားပြီး အဲဒီက စလုပ်တာပါ"

အဲဒီ လမ်းပိုင်း ပထမအပိုင်း ဆောက်နေချိန်မှာပဲ ဒုတိယ အပိုင်း ၁၂မိုင် ကျော်လောက် ရှည်တဲ့ အောက်မင်္ဂလာဒုံလမ်းကနေ ရန်ကုန်မြို့ထဲထိ ဆက်သွယ်ထားတဲ့ ကမ်းနားလမ်းတလျှောက် ဆောက်လုပ်ဖို့ကို တင်ဒါခေါ်ယူမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

မိုးပျံလမ်း စီမံကိန်းလုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ၂၀၁၈ခုနှစ် ဇွန်လကစပြီး ဖိတ်ခေါ်ခဲ့တာ ကုမ္ပဏီ ၅၀ကျော် လာရောက်တင်ပြခဲ့ပါတယ်။

အဲဒီကုမ္ပဏီတွေထဲက အရည်အချင်းပြည့်မီတဲ့ အစုအဖွဲ့ကုမ္ပဏီတွေ စုပေါင်းပြီး အဖွဲ့ ၁၀ဖွဲ့က ဆောက်လုပ်ရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။

အဲဒီအဖွဲ့ ၁၀ခုကို ဒီဇင်ဘာလ အကုန်မှာ ဝန်ကြီးဌာနက ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

အဲဒီ အဖွဲ့ ၁၀ခုက မတ်လ ပထမအပတ်အတွင်း ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်မယ့် အခြေအနေကို အစီရင်ခံ တင်ပြရမှာဖြစ်ပြီး ဧပြီလပထမပတ်မှာတော့ လုပ်ကိုင်ခွင့်ရရှိမယ့် ကုမ္ပဏီအဖွဲ့ကို ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္မိုးပ်ံလမ္း ပထမပိုင္း သုံးႏွစ္အတြင္း အၿပီးေဆာက္မယ္လို႔ဆို ရန္ကုန္မိုးပ်ံလမ္း ပထမပိုင္း သုံးႏွစ္အတြင္း အၿပီးေဆာက္မယ္လို႔ဆို Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.