ဘိလပ္ေျမစက္႐ုံကိစၥ ေအာင္သေျပရာအိမ္မႉးကို ေထာင္တစ္ႏွစ္ခ်

ေအာင္သေျပေက်း႐ြာ ရာအိမ္မႉး ကိုမိုးလင္းကို ပုသိမ္ႀကီးၿမိဳ႕နယ္ တရား႐ုံးမွာ ၂၀၁၉ ဒီဇင္ဘာ ၂၇ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲဆိုခံထားရတဲ့ မႏၲေလးတိုင္း ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပ ေက်း႐ြာက ရာအိမ္မႉး ကိုမိုးလင္းကို ဒီကေန႔ ပုသိမ္ႀကီးၿမိဳ႕နယ္ တရား႐ုံးက အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္ အမိန႔္ခ်မွတ္လိုက္ပါတယ္။

ကိုမိုးလင္းဟာ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သေျပေက်း႐ြာအနီးမွာ တည္ေဆာက္ေနတဲ့ ေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံကို အခုႏွစ္ ေမလက ဆန႔္က်င္ကန႔္ကြက္ေနတဲ့ ေဒသခံေတြရဲ႕ ဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႕နဲ႔ ဆႏၵျပသူေတြအၾကား ပဋိပကၡျဖစ္ပြားရာမွာ ၾကားဝင္ညႇိႏႈိင္းေပးရာကေန ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) အပါအဝင္ ပုဒ္မ သုံးခုနဲ႔ တရားစြဲခံထားရတာ ျဖစ္ပါတယ္။

ဒီပုဒ္မအရဆိုရင္ အလုပ္မဲ့ ေထာင္ဒဏ္ပဲရွိေပမယ့္ အခုက အလုပ္နဲ႔ ေထာင္ဒဏ္လို႔ အမိန႔္ခ်လိုက္တာ လြဲေနတယ္လို႔ ကိုမိုးလင္းရဲ႕ ေရွ႕ေန ကိုစည္သူက ေျပာပါတယ္။

"အမ်ားျပည္သူကို ပါဝင္ေအာင္ လႈံ႕ေဆာ္တယ္ဆိုၿပီးေတာ့ ႐ုံးကေနစြဲခ်က္တင္တယ္။ တင္ထားၿပီး ဒီေန႔ အမိန႔္ခ်တဲ့အခါမွာ အလုပ္နဲ႔ ေထာင္ဒဏ္ခ်တယ္။ ခ်မွတ္တာက လြဲမွားတယ္။ ရာအိမ္မႉးတစ္ေယာက္က ဝင္ေရာက္ၿပီးေတာ့ ျဖန္ေျဖေပးတဲ့သေဘာပါ။"

ဒီအမႈမွာ ကိုမိုးလင္းအျပင္ ႐ြာသား ကိုးေယာက္လည္း တရားစြဲခံထားရၿပီး သူတို႔ကိုေတာ့ တရားခံေျပးအျဖစ္ တရား႐ုံးက သတ္မွတ္ထားပါတယ္။

အဲဒါနဲ႔ပတ္သက္လို႔ ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္ထားတာပါ။

အယူခံတင္သြားမယ္လို႔ ကိုမိုးလင္းကေျပာပါတယ္။

“တာဝန္ရွိစြာနဲ႔လုပ္လိုက္တာ၊ အခုက မတရား အမိန႔္ခ်လိုက္တာျဖစ္ပါတယ္။ အျပစ္မရွိလို႔ ေက်နပ္ျခင္း မရွိပါဘူး၊ ကြၽန္ေတာ္က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္မလုပ္ခဲ့ပါဘူး"

ကိုမိုးလင္းဟာ ရာအိမ္မႉးတာဝန္ထမ္းေဆာင္ေနတာ တစ္ႏွစ္ခန႔္ၾကာၿပီျဖစ္ပါတယ္။

ကိုမိုးလင္းရဲ႕ ဇနီးျဖစ္သူ မယဥ္ယဥ္ေမြးကလည္း

"ရာအိမ္မႉး တစ္ေယာက္အေနနဲ႔ ထမ္းေဆာင္ရမယ့္ တာဝန္ပဲမဟုတ္လား၊ အခုလို ခ်လိုက္တာ မေက်နပ္ပါဘူး"

ေမလ ၁၅ ရက္ေန႔က ဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႕က အင္အားသုံးၿပီး ရာဘာက်ည္နဲ႔ ပစ္ခတ္ လူစုခြဲခဲ့ရပါတယ္။ အဲဒီျဖစ္စဥ္မွာ ႐ြာသား ၂၀ ခန႔္ ထိခိုက္ဒဏ္ရာရခဲ့ၿပီး ႐ြာသား ၅၀ ေက်ာ္က တရားစြဲဆိုခံထားရပါတယ္။ အဲဒီထဲမွာ ၁၀ ေယာက္ေက်ာ္က အိုးဘိုအက်ဥ္းေထာင္ထဲကေန တရားရင္ဆိုင္ေနရပါတယ္။

ဒီစီမံကိန္းဟာ သဘာဝပတ္ဝန္းက်င္ကိုထိခိုက္ပ်က္စီးေစတယ္ဆိုၿပီး ေဒသခံေတြက နည္းလမ္းမ်ိဳးစုံနဲ႔ ကန႔္ကြက္ခဲ့ ၾကတာေၾကာင့္ ပုဒ္မ ၃၃၃ ျပည္သူ႔ဝန္ထမ္းကို ဝတၱရားေႏွာင့္ယွက္မႈ၊ ပုဒ္မ ၄၃၅ ဆုံးရႈံးေစရန္အႀကံနဲ႔ အက်ိဳး ဖ်က္ဆီးမႈ၊ ပုဒ္မ ၁၁၄ ျပစ္မႈက်ဴးလြန္ရာမွာ အားေပးကူညီမႈတို႔နဲ႔ တရားစြဲဆိုခံထားရတာပါ။

ေမလ ၁၅ ရက္ေန႔က ဆႏၵျပပြဲကို ၿဖိဳခြဲခဲ့တဲ့ အမွတ္ ၃ လုံၿခဳံေရးရဲကြပ္ကဲေရးမႉး ရဲမႉးခ်ဳပ္ ဝင္းဗိုလ္ က ရဲတပ္ဖြဲ႕ဟာ သတ္မွတ္ထားတဲ့ အဆင့္အတိုင္း ကိုင္တြယ္ေျဖရွင္းခဲ့တာျဖစ္ၿပီး၊ ဒီလိုေျဖရွင္းတာဟာလည္း ျမန္မာျပည္မွာ ရင္းႏွီးျမႇဳပ္ႏွံသူ ဘယ္သူကိုမဆို ကာကြယ္ေပးတာ ျဖစ္တယ္လို႔ အဲဒီအခ်ိန္က တုံ႔ျပန္ေျပာၾကားထားပါတယ္။

အဲဒီေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံစီမံကိန္းကို ျမန္မာႏိုင္ငံသားပိုင္ ျမင့္ ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီက ၄၅ ရာခိုင္ႏႈန္းနဲ႔ တ႐ုတ္ႏိုင္ငံသားပိုင္ Anhui Conch ဘိလပ္ေျမကုမၸဏီက ၅၅ ရာခိုင္ႏႈန္းအျဖစ္ အက်ိဳးအျမတ္ ခြဲေဝထားၿပီး တစ္ရက္ကို တန္ငါးေထာင္ ထြက္ဖို႔လ်ာထားတဲ့ စီမံကိန္းျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဘိလပ်မြေစက်ရုံကိစ္စ အောင်သပြေရာအိမ်မှူးကို ထောင်တစ်နှစ်ချ

အောင်သပြေကျေးရွာ ရာအိမ်မှူး ကိုမိုးလင်းကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Kaymani Win/ RFA

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာက ရာအိမ်မှူး ကိုမိုးလင်းကို ဒီကနေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

ကိုမိုးလင်းဟာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို အခုနှစ် မေလက ဆန့်ကျင်ကန့်ကွက်နေတဲ့ ဒေသခံတွေရဲ့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ ကြားဝင်ညှိနှိုင်းပေးရာကနေ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ သုံးခုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

ဒီပုဒ်မအရဆိုရင် အလုပ်မဲ့ ထောင်ဒဏ်ပဲရှိပေမယ့် အခုက အလုပ်နဲ့ ထောင်ဒဏ်လို့ အမိန့်ချလိုက်တာ လွဲနေတယ်လို့ ကိုမိုးလင်းရဲ့ ရှေ့နေ ကိုစည်သူက ပြောပါတယ်။

"အများပြည်သူကို ပါဝင်အောင် လှုံ့ဆော်တယ်ဆိုပြီးတော့ ရုံးကနေစွဲချက်တင်တယ်။ တင်ထားပြီး ဒီနေ့ အမိန့်ချတဲ့အခါမှာ အလုပ်နဲ့ ထောင်ဒဏ်ချတယ်။ ချမှတ်တာက လွဲမှားတယ်။ ရာအိမ်မှူးတစ်ယောက်က ဝင်ရောက်ပြီးတော့ ဖြန်ဖြေပေးတဲ့သဘောပါ။"

ဒီအမှုမှာ ကိုမိုးလင်းအပြင် ရွာသား ကိုးယောက်လည်း တရားစွဲခံထားရပြီး သူတို့ကိုတော့ တရားခံပြေးအဖြစ် တရားရုံးက သတ်မှတ်ထားပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ထားတာပါ။

အယူခံတင်သွားမယ်လို့ ကိုမိုးလင်းကပြောပါတယ်။

“တာဝန်ရှိစွာနဲ့လုပ်လိုက်တာ၊ အခုက မတရား အမိန့်ချလိုက်တာဖြစ်ပါတယ်။ အပြစ်မရှိလို့ ကျေနပ်ခြင်း မရှိပါဘူး၊ ကျွန်တော်က နိုင်ငံတော် အကြည်ညိုပျက်အောင်မလုပ်ခဲ့ပါဘူး"

ကိုမိုးလင်းဟာ ရာအိမ်မှူးတာဝန်ထမ်းဆောင်နေတာ တစ်နှစ်ခန့်ကြာပြီဖြစ်ပါတယ်။

ကိုမိုးလင်းရဲ့ ဇနီးဖြစ်သူ မယဉ်ယဉ်မွေးကလည်း

"ရာအိမ်မှူး တစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ပဲမဟုတ်လား၊ အခုလို ချလိုက်တာ မကျေနပ်ပါဘူး"

မေလ ၁၅ ရက်နေ့က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ရွာသား ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွာသား ၅၀ ကျော်က တရားစွဲဆိုခံထားရပါတယ်။ အဲဒီထဲမှာ ၁၀ ယောက်ကျော်က အိုးဘိုအကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရပါတယ်။

ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေတယ်ဆိုပြီး ဒေသခံတွေက နည်းလမ်းမျိုးစုံနဲ့ ကန့်ကွက်ခဲ့ ကြတာကြောင့် ပုဒ်မ ၃၃၃ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ အကျိုး ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ တရားစွဲဆိုခံထားရတာပါ။

မေလ ၁၅ ရက်နေ့က ဆန္ဒပြပွဲကို ဖြိုခွဲခဲ့တဲ့ အမှတ် ၃ လုံခြုံရေးရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် ဝင်းဗိုလ် က ရဲတပ်ဖွဲ့ဟာ သတ်မှတ်ထားတဲ့ အဆင့်အတိုင်း ကိုင်တွယ်ဖြေရှင်းခဲ့တာဖြစ်ပြီး၊ ဒီလိုဖြေရှင်းတာဟာလည်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံသူ ဘယ်သူကိုမဆို ကာကွယ်ပေးတာ ဖြစ်တယ်လို့ အဲဒီအချိန်က တုံ့ပြန်ပြောကြားထားပါတယ်။

အဲဒီကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို မြန်မာနိုင်ငံသားပိုင် မြင့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံသားပိုင် Anhui Conch ဘိလပ်မြေကုမ္ပဏီက ၅၅ ရာခိုင်နှုန်းအဖြစ် အကျိုးအမြတ် ခွဲဝေထားပြီး တစ်ရက်ကို တန်ငါးထောင် ထွက်ဖို့လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ဘိလပ္ေျမစက္႐ုံကိစၥ ေအာင္သေျပရာအိမ္မႉးကို ေထာင္တစ္ႏွစ္ခ် ဘိလပ္ေျမစက္႐ုံကိစၥ ေအာင္သေျပရာအိမ္မႉးကို ေထာင္တစ္ႏွစ္ခ် Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.