ဇန္နဝါရီမွာ ယူနက္စကိုတင္မယ့္ ေျမာက္ဦးယဥ္ေက်းမႈနယ္ေျမထဲ လက္နက္ႀကီးက်ည္က်

လပိုင္းအတြင္း ယူနက္စကိုကို မူၾကမ္းတင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ လက္နက္ႀကီးက်ည္ေတြက်ခဲ့
(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ ေအေအတို႔ အခုရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေျမာက္ဦးယဥ္ေက်းမႈနယ္ေျမထဲက သမိုင္းဝင္အေဆာက္အအုံေတြနား လက္နက္ႀကီးက်ည္ေတြက်လို႔ ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ေရး- ယူနက္စကို အသိအမွတ္ျပဳခံရေရးကို ထိခိုက္ႏိုင္တယ္လို႔ ေရွးေဟာင္းသုေတသန ဌာနက ေျပာပါတယ္။

ဇန္နဝါရီလကုန္ပိုင္းမွာ ယူနက္စကိုကို ေျမာက္ဦးနယ္ေျမအတြက္ မူၾကမ္းတင္ႏိုင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ေရွးေဟာင္း အေမြအႏွစ္ေတြနားကို လက္နက္ႀကီးက်ည္ေတြက်ခဲ့တာ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၃ ရက္ ေသာၾကာေန႔ မနက္ပိုင္းက ေျမာက္ဦးၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၄ မိုင္ေလာက္အကြာ ေပါက္ေတာျပင္ေက်း႐ြာ အနီးက နဖူးသက်ၤစ္ေတာ္ဓာတ္ေစတီေတာ္ရွိတဲ့ ေတာင္ေပၚကို လက္နက္ႀကီးက်ည္ေတြ အမ်ားအျပားက်ေရာက္ ေပါက္ကြဲခဲ့ပါတယ္။

ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕ကို ေက်ာ္ၿပီး အဲဒီေတာင္ေပၚကို ပစ္ခတ္မႈေတြေၾကာင့္ ေျမာက္ဦးၿမိဳ႕ေပၚမွာလည္း စိုးရိမ္ထိတ္လန႔္ၿပီး ေက်ာင္းေတြ၊ ဆိုင္ေတြ ပိတ္ထားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေနာက္တစ္ေန႔ စေနေန႔ ဒီဇင္ဘာ ၁၄ ရက္မွာေတာ့ ပစ္ခတ္မႈေတြ မရွိေတာ့ေပမဲ့ ၿမိဳ႕က တိတ္ဆိတ္ၿငိမ္သက္ ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္ပြဲျဖစ္ခဲ့တာက ဒီဇင္ဘာ ၁၃ ရက္ မနက္ပိုင္းမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခု ေပါက္ေတာျပင္ေက်း႐ြာကိုေရာက္လာၿပီး သက်ၤစ္ေတာ္ေတာင္ေပၚကိုအတက္မွာ ေတာင္ေျခရင္းနားအေရာက္ ထိေတြ႕တိုက္ပြဲတစ္ခု မိနစ္အနည္းနယ္အၾကာ ျဖစ္ခဲ့တာလို႔ ႐ြာခံေတြက ေျပာပါတယ္။

အဲဒီတိုက္ပြဲေၾကာင့္ ေျမာက္ဦးၿမိဳ႕ေပၚမွာရွိတဲ့ တပ္ရင္းေတြကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေပါက္ေတာျပင္ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

သက်ၤစ္ေတာ္ေတာင္ဟာ ေတာင္ေအာက္ေျခကေန ေတာင္ေပၚဘုရားရွိတဲ့ေနရာကို တက္လမ္း တစ္မိုင္ေလာက္ျမင့္ပါတယ္။

အဲဒီေတာင္ေပၚမွာ သစ္ပင္ေတြလဲသြားတယ္၊ ေပါက္ကြဲခဲ့တဲ့ေနရာေတြကို အေဝးကေန လွမ္းျမင္ေနရတယ္လို႔ ေပါက္ေတာျပင္ ေက်း႐ြာသားက ေျပာပါတယ္။

ဒီလို ပစ္ခတ္မႈေတြ လြန္ခဲ့တဲ့ သုံးရက္ေလာက္ကတည္းက ျဖစ္ေနတာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။

သက်ၤစ္ေတာ္ေတာင္ေပၚက ေရွးေဟာင္းေစတီအနီးမွာ လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲတဲ့သတင္းကို ၾကားရေပမဲ့ ေဒသအေျခအေနအရ ကြင္းဆင္းမစစ္ေဆးရေသးဘူးလို႔ ေရွးေဟာင္းသုေတသနဌာန ေျမာက္ဦးဌာနခြဲ၊ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က ေျပာပါတယ္။

"ယဥ္ေက်းမႈ အေမြအႏွစ္ဇုန္ထဲမွာ ဒီလိုပစ္ခတ္မႈေတြ၊ ထိခိုက္မႈေတြရွိတာေတာ့ မေကာင္းဘူးေပါ့ေလ။ ေနာက္ဆုံးမူၾကမ္းကို ဇန္နဝါရီ ၃၀ ဆိုရင္ ကြၽန္ေတာ္တို႔က တင္ေတာ့မွာ။ ၾကားကာလမွာ ဒီလိုေတြျဖစ္တာကေတာ့ ထိခိုက္မႈ၊ သက္ေရာက္မႈေတာ့ ရွိတာေပါ့"လို႔ သူက ေျပာပါတယ္။

လက္ရွိမွာ တိုက္ပြဲေတြ ျဖစ္ေနတဲ့အတြက္ ဌာနအေနနဲ႔ အေမြအႏွစ္ေတြကို ကြင္းဆင္းစစ္ေဆးတဲ့အခါမွာ သက္ဆိုင္ရာ ေဒသအာဏာပိုင္ေတြရဲ႕ လုံၿခဳံေရးမရရွိတာေၾကာင့္ လုပ္ငန္းေဆာင္႐ြက္မႈ အဆင္မေျပတာေတြလည္း ရွိေနတယ္လို႔ ဆိုပါတယ္။

တပ္မေတာ္အေနနဲ႔ သမိုင္းဝင္အေမြအႏွစ္ေတြကို ပစ္ခတ္တာမ်ိဳးမဟုတ္ဘဲ တိုက္ပြဲျဖစ္တဲ့ ေနရာေတြကို ပစ္တာျဖစ္တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာခြင့္ရသူ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔က ေရွးေဟာင္းေစတီေတြ ရွိတဲ့ေနရာကို ပစ္တာမဟုတ္ဘူး။ သက်ၤစ္ေတာင္ ဝန္းက်င္တစ္ဝိုက္မွာ တိုက္ပြဲျဖစ္ေနတာ ႏွစ္ရက္ရွိၿပီ။ ေအေအေသာင္းက်န္းသူေတြက ေရွးေဟာင္းေစတီပုထိုးေတြကို အကာအကြယ္ယူၿပီးေတာ့ ပစ္ခတ္ေနတာ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ေျမျပင္တပ္ရဲ႕စစ္ဆင္ေရး လိုအပ္ခ်က္အရ လက္နက္ႀကီး ပစ္ကူေပးေနတာ။ ရန္သူရွိတဲ့ ေနရာေတြကိုပဲ ပစ္တာ"လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

သက်ၤစ္ေတာ္ေတာင္ဟာ ေပါက္ေတာျပင္ေက်း႐ြာရဲ႕ အေရွ႕ဘက္မွာ ရွိပါတယ္။ အဲ့ဒီေတာင္ေပၚမွာ တပ္မေတာ္က ေနရာယူထားတာ လအတန္ၾကာေနၿပီျဖစ္ၿပီး မၾကာခဏ တိုက္ပြဲျဖစ္ေလ့ရွိတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၆၀၀ ေက်ာ္က တည္ထားခဲ့တဲ့ေရွးေဟာင္းနယ္ေျမတစ္ခုျဖစ္ၿပီး သက်ၤစ္ေတာ္ေစတီဟာ ေျမာက္ဦးထက္ေစာတဲ့ ေဝသာလီေခတ္က လက္ရာလည္းျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲျဖစ္ပြားမႈ တစ္ႏွစ္တာကာလအတြင္းမွာ သက်ၤစ္ေတာ္ ေစတီ တည္ရွိတဲ့ေနရာအျပင္ အဲ့ဒီအနီးက ေဝသာလီၿမိဳ႕ေတာ္ေဟာင္းေနရာကိုလည္း အခုလိုမ်ိဳး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ မၾကာခဏ ျဖစ္ေနတဲ့အတြက္ ထိခိုက္ပ်က္စီးမႈ ေတာ္ေတာ္မ်ားမ်ား ရွိေန ႏိုင္တယ္လို႔ ေျမာက္ဦးယဥ္ေက်းမႈ အေမြအႏွစ္ထိန္းသိမ္းေရးအဖြဲ႕ ဥကၠဌ ေဒၚခင္သန္းက ေျပာပါတယ္။

"ေဝသာလီဟာ ကြၽန္မတို႔ရဲ႕ ေရွးေဟာင္းၿမိဳ႕ေတာ္တစ္ခုပါ။ ေနာက္ၿပီးေတာ့ သက်ၤစ္ေတာ္ဘုရားဟာလဲ ေဝသာလီေခတ္က ဘုရားပါ။ ဆိုေတာ့ ျဖစ္တဲ့လူေတြကလည္း ဗုဒၶဘာသာ၊ ေနာက္ၿပီးေတာ့ ႏိုင္ငံေတာ္ရဲ႕ အေမြအႏွစ္ေတြ၊ ေရွးေဟာင္းယဥ္ ေက်းမႈ အေမြအႏွစ္ေတြကို ထိခိုက္ေနတဲ့အတြက္ လြန္စြာဝမ္းနည္းမိပါတယ္"

"အခုဆိုရင္ သက်ၤစ္ေတာ္ေတာင္ကိုထိသြား တယ္။ အဲ့ဒီနားက ေဝသာလီေခတ္ ယဥ္ေက်းမႈအေမြအႏွစ္ေတြလည္းပဲ ေတာ္ေတာ္ကို ထိခိုက္နစ္နာမယ္ဆိုတာကေတာ့ ကြၽန္မတို႔ မ်က္ျမင္အေနနဲ႔ေျပာတာပါ။ ဘယ္ေလာက္ထိခိုက္တယ္ဆိုတာကိုေတာ့ ေျပာလို႔မရေသးဘူး"လို႔ ေဒၚခင္သန္းက ေျပာပါတယ္။

လက္ရွိမွာေတာ့ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ အေနနဲ႔ သြားေရာက္ၿပီး ကြင္းဆင္းမစစ္ႏိုင္ေသးတဲ့အတြက္ ထိခိုက်ဆုံးရႈံးမႈ ရာခိုင္ႏႈန္းကိုေတာ့ မသိရေသးဘူးလို႔ ေျမာက္ဦးယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးအဖြဲ႕က ေျပာပါတယ္။

၂၀၁၉ ႏွစ္စပိုင္းကလည္း ေျမာက္ဦးၿမိဳ႕တြင္းမွာ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တဲ့အတြက္ သမိုင္းဝင္ အေမြအႏွစ္တစ္ခုျဖစ္တဲ့ အေနာက္ေျမထဲေစတီကို လက္နက္ႀကီးက်ည္ေတြ က်ခဲ့ပါတယ္။

ေျမာက္ဦး ယဥ္ေက်းမႈဇုန္ဟာ ရာနဲ႔ခ်ီတဲ့ သဘာဝ ေတာင္ကုန္းေတာင္တန္းေတြ ၾကားထဲမွာ တည္ရွိေနတဲ့ ၿမိဳ႕ေတာ္ေဟာင္း တစ္ခုျဖစ္ၿပီး အဲ့ဒီရာနဲ႔ခ်ီတဲ့ ေတာင္ကုန္းေတာင္တန္းေတြအနက္ သမိုင္းအေမြအႏွစ္မရွိတဲ့ေတာင္ သုံးလုံးပဲရွိပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဇန်နဝါရီမှာ ယူနက်စကိုတင်မယ့် မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲ လက်နက်ကြီးကျည်ကျ


Image caption လပိုင်းအတွင်း ယူနက်စကိုကို မူကြမ်းတင်ဖို့ ပြင်ဆင်နေချိန်မှာ လက်နက်ကြီးကျည်တွေကျခဲ့

တပ်မတော်နဲ့ အေအေတို့ အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲက သမိုင်းဝင်အဆောက်အအုံတွေနား လက်နက်ကြီးကျည်တွေကျလို့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး- ယူနက်စကို အသိအမှတ်ပြုခံရရေးကို ထိခိုက်နိုင်တယ်လို့ ရှေးဟောင်းသုတေသန ဌာနက ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ ယူနက်စကိုကို မြောက်ဦးနယ်မြေအတွက် မူကြမ်းတင်နိုင်ဖို့ ပြင်ဆင်နေချိန်မှာ ရှေးဟောင်း အမွေအနှစ်တွေနားကို လက်နက်ကြီးကျည်တွေကျခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့ မနက်ပိုင်းက မြောက်ဦးမြို့ရဲ့ မြောက်ဘက် ၄ မိုင်လောက်အကွာ ပေါက်တောပြင်ကျေးရွာ အနီးက နဖူးသင်္ကျစ်တော်ဓာတ်စေတီတော်ရှိတဲ့ တောင်ပေါ်ကို လက်နက်ကြီးကျည်တွေ အများအပြားကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့ကို ကျော်ပြီး အဲဒီတောင်ပေါ်ကို ပစ်ခတ်မှုတွေကြောင့် မြောက်ဦးမြို့ပေါ်မှာလည်း စိုးရိမ်ထိတ်လန့်ပြီး ကျောင်းတွေ၊ ဆိုင်တွေ ပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်တစ်နေ့ စနေနေ့ ဒီဇင်ဘာ ၁၄ ရက်မှာတော့ ပစ်ခတ်မှုတွေ မရှိတော့ပေမဲ့ မြို့က တိတ်ဆိတ်ငြိမ်သက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တာက ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခု ပေါက်တောပြင်ကျေးရွာကိုရောက်လာပြီး သင်္ကျစ်တော်တောင်ပေါ်ကိုအတက်မှာ တောင်ခြေရင်းနားအရောက် ထိတွေ့တိုက်ပွဲတစ်ခု မိနစ်အနည်းနယ်အကြာ ဖြစ်ခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် မြောက်ဦးမြို့ပေါ်မှာရှိတဲ့ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပေါက်တောပြင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

သင်္ကျစ်တော်တောင်ဟာ တောင်အောက်ခြေကနေ တောင်ပေါ်ဘုရားရှိတဲ့နေရာကို တက်လမ်း တစ်မိုင်လောက်မြင့်ပါတယ်။

အဲဒီတောင်ပေါ်မှာ သစ်ပင်တွေလဲသွားတယ်၊ ပေါက်ကွဲခဲ့တဲ့နေရာတွေကို အဝေးကနေ လှမ်းမြင်နေရတယ်လို့ ပေါက်တောပြင် ကျေးရွာသားက ပြောပါတယ်။

ဒီလို ပစ်ခတ်မှုတွေ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဖြစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

သင်္ကျစ်တော်တောင်ပေါ်က ရှေးဟောင်းစေတီအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတဲ့သတင်းကို ကြားရပေမဲ့ ဒေသအခြေအနေအရ ကွင်းဆင်းမစစ်ဆေးရသေးဘူးလို့ ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

"ယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲမှာ ဒီလိုပစ်ခတ်မှုတွေ၊ ထိခိုက်မှုတွေရှိတာတော့ မကောင်းဘူးပေါ့လေ။ နောက်ဆုံးမူကြမ်းကို ဇန်နဝါရီ ၃၀ ဆိုရင် ကျွန်တော်တို့က တင်တော့မှာ။ ကြားကာလမှာ ဒီလိုတွေဖြစ်တာကတော့ ထိခိုက်မှု၊ သက်ရောက်မှုတော့ ရှိတာပေါ့"လို့ သူက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဌာနအနေနဲ့ အမွေအနှစ်တွေကို ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ လုံခြုံရေးမရရှိတာကြောင့် လုပ်ငန်းဆောင်ရွက်မှု အဆင်မပြေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ သမိုင်းဝင်အမွေအနှစ်တွေကို ပစ်ခတ်တာမျိုးမဟုတ်ဘဲ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို ပစ်တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က ရှေးဟောင်းစေတီတွေ ရှိတဲ့နေရာကို ပစ်တာမဟုတ်ဘူး။ သင်္ကျစ်တောင် ဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်ရက်ရှိပြီ။ အေအေသောင်းကျန်းသူတွေက ရှေးဟောင်းစေတီပုထိုးတွေကို အကာအကွယ်ယူပြီးတော့ ပစ်ခတ်နေတာ။ အဲ့ဒါကြောင့် ကျွန်တော်တို့က မြေပြင်တပ်ရဲ့စစ်ဆင်ရေး လိုအပ်ချက်အရ လက်နက်ကြီး ပစ်ကူပေးနေတာ။ ရန်သူရှိတဲ့ နေရာတွေကိုပဲ ပစ်တာ"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

သင်္ကျစ်တော်တောင်ဟာ ပေါက်တောပြင်ကျေးရွာရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ အဲ့ဒီတောင်ပေါ်မှာ တပ်မတော်က နေရာယူထားတာ လအတန်ကြာနေပြီဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကျော်က တည်ထားခဲ့တဲ့ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပြီး သင်္ကျစ်တော်စေတီဟာ မြောက်ဦးထက်စောတဲ့ ဝေသာလီခေတ်က လက်ရာလည်းဖြစ်ပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်တာကာလအတွင်းမှာ သင်္ကျစ်တော် စေတီ တည်ရှိတဲ့နေရာအပြင် အဲ့ဒီအနီးက ဝေသာလီမြို့တော်ဟောင်းနေရာကိုလည်း အခုလိုမျိုး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ မကြာခဏ ဖြစ်နေတဲ့အတွက် ထိခိုက်ပျက်စီးမှု တော်တော်များများ ရှိနေ နိုင်တယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

"ဝေသာလီဟာ ကျွန်မတို့ရဲ့ ရှေးဟောင်းမြို့တော်တစ်ခုပါ။ နောက်ပြီးတော့ သင်္ကျစ်တော်ဘုရားဟာလဲ ဝေသာလီခေတ်က ဘုရားပါ။ ဆိုတော့ ဖြစ်တဲ့လူတွေကလည်း ဗုဒ္ဓဘာသာ၊ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေ၊ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်တွေကို ထိခိုက်နေတဲ့အတွက် လွန်စွာဝမ်းနည်းမိပါတယ်"

"အခုဆိုရင် သင်္ကျစ်တော်တောင်ကိုထိသွား တယ်။ အဲ့ဒီနားက ဝေသာလီခေတ် ယဉ်ကျေးမှုအမွေအနှစ်တွေလည်းပဲ တော်တော်ကို ထိခိုက်နစ်နာမယ်ဆိုတာကတော့ ကျွန်မတို့ မျက်မြင်အနေနဲ့ပြောတာပါ။ ဘယ်လောက်ထိခိုက်တယ်ဆိုတာကိုတော့ ပြောလို့မရသေးဘူး"လို့ ဒေါ်ခင်သန်းက ပြောပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ သွားရောက်ပြီး ကွင်းဆင်းမစစ်နိုင်သေးတဲ့အတွက် ထိခိုကျဆုံးရှုံးမှု ရာခိုင်နှုန်းကိုတော့ မသိရသေးဘူးလို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

၂၀၁၉ နှစ်စပိုင်းကလည်း မြောက်ဦးမြို့တွင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အတွက် သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်တဲ့ အနောက်မြေထဲစေတီကို လက်နက်ကြီးကျည်တွေ ကျခဲ့ပါတယ်။

မြောက်ဦး ယဉ်ကျေးမှုဇုန်ဟာ ရာနဲ့ချီတဲ့ သဘာဝ တောင်ကုန်းတောင်တန်းတွေ ကြားထဲမှာ တည်ရှိနေတဲ့ မြို့တော်ဟောင်း တစ်ခုဖြစ်ပြီး အဲ့ဒီရာနဲ့ချီတဲ့ တောင်ကုန်းတောင်တန်းတွေအနက် သမိုင်းအမွေအနှစ်မရှိတဲ့တောင် သုံးလုံးပဲရှိပါတယ်။

BBC Burmese
https://www.bbc.com
ဇန္နဝါရီမွာ ယူနက္စကိုတင္မယ့္ ေျမာက္ဦးယဥ္ေက်းမႈနယ္ေျမထဲ လက္နက္ႀကီးက်ည္က် ဇန္နဝါရီမွာ ယူနက္စကိုတင္မယ့္ ေျမာက္ဦးယဥ္ေက်းမႈနယ္ေျမထဲ လက္နက္ႀကီးက်ည္က် Reviewed by THITHTOOLWIN on 05:27 Rating: 5
Powered by Blogger.