အေျခခံဥပေဒ ျပင္ဆင္ေရး ၿပီးမယ့္အခ်ိန္ကို လႊတ္ေတာ္နာယက ထုတ္ေျပာ

 ေဆြးေႏြးမႈေတြမွာ နာယကကို စြပ္စြဲေျပာဆိုတာေတြရွိv
(Zawgyi)⤵⤵⤵
လႊတ္ေတာ္မွာ ေဆာင္႐ြက္ေနတဲ့ အေျခခံဥပေဒ ျပင္ဆင္ေရး ၿပီးစီးမယ့္အခ်ိန္ကို ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ဒီဇင္ဘာ ၃ ရက္ ေန႔ လႊတ္ေတာ္မွာ ထုတ္ေျပာလိုက္ပါတယ္။

အေျခခံ ဥပေဒ ျပင္ဆင္ေရးအတြက္ လမ္းေၾကာင္းၿပိဳင္ ေဆြးေႏြးမႈေတြ အားေကာင္းလာခ်ိန္မွာ လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ထုတ္ေျပာလိုက္တာ ျဖစ္ပါတယ္။

အခ်က္ေပါင္း ၃၇၀၀ ေက်ာ္ကို ျပင္ဆင္ဖို႔ တင္သြင္းထားၾကတဲ့ အခ်က္ေတြကို လႊတ္ေတာ္ ဥပေဒၾကမ္း ေကာ္မတီက စုစည္းေဆာင္႐ြက္ေနတဲ့၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ေရးကို လက္ရွိ လႊတ္ေတာ္သက္တမ္းအတြင္း အၿပီးေဆာင္႐ြက္သြားမယ္လို႔ ဦးတီခြန္ျမတ္ ေျပာပါတယ္ ။

ဒီဥပေဒ ျပင္ဆင္ေရးကို စတင္ကတည္းက လႊတ္ေတာ္ရဲ႕ လက္ရွိသက္တမ္းအတြင္း အၿပီးသတ္ျပင္ဆင္မယ္လို႔ စဥ္းစားၿပီး လက္ခံခဲ့တာ ျဖစ္တယ္လို႔လည္း ဒီဇင္ဘာလ ၃ရက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေျပာခဲ့ပါတယ္။

ဦးေသာင္းေအး က လႊတ္ေတာ္နည္းဥပေဒ၊ စည္းကမ္းခ်က္ေတြနဲ႔ မညီဘူးလို႔ေျပာ
အခုလက္ရွိ အေျခခံဥပေဒျပင္ဆင္ေရးလမ္းေၾကာင္း ႏွစ္ခု ရွိေနပါတယ္။

NLD ဦးေဆာင္တဲ့ အေျခခံ ဥပေဒ ျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီရဲ႕ လမ္းေၾကာင္းဟာ အခ်က္အလက္ ၃၇၀၀ ေက်ာ္ကို စုစည္းၿပီး ဥပေဒၾကမ္းတခု တင္သြင္းဖို႔ ရွိေနပါတယ္။

အဲဒီ အေျခခံ ဥပေဒျပင္ဆင္ေရး နည္းလမ္းဟာ လႊတ္ေတာ္ နည္းဥပေဒ စည္းကမ္းနဲ႔ မကိုက္ညီဘဲ အေရးအႀကီးအဆို တင္သြင္းၿပီး မဲခြဲ ဖြဲ႕စည္းခဲ့တာလို႔လည္း ေဝဖန္မႈေတြ ရွိပါတယ္။

ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ တင္သြင္းထားတဲ့ အေျခခံဥပေဒျပင္ဆင္ေရး မူၾကမ္းေတြဟာ ဥပေဒၾကမ္း အဆင့္ကို ေရာက္ရွိေနၿပီ ျဖစ္ၿပီးေတာ့ အဲဒီကိုယ္စားလွယ္ေတြက ဥပေဒၾကမ္း ေလးခု ကို လႊတ္ေတာ္မွာ တင္သြင္းခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ ဦးေသာင္းေအးကေတာ့ သူတို႔ ျပင္ဖို႔လုပ္ေနတဲ့ အေျခခံဥပေဒ ျပင္ဆင္ေရးဟာ ဆယ္တန္းေအာင္ထားတဲ့ အေျခအေနျဖစ္ၿပီး အေျခခံဥပေဒ ျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီက ျပင္ဆင္ေရးဟာ မူၾကမ္းထြက္ဖို႔ ဘယ္ေလာက္ၾကာမယ္ဆိုတာ မသိရလို႔ မူလတန္းအဆင့္သာ ရွိေသးၿပီး ဆယ္တန္းေအာင္တဲ့ သူက မူလတန္းကို တကၠသိုလ္ အတူတက္ဖို႔ ေစာင့္ေနရ သလို ျဖစ္ေနတယ္လို႔လည္း ထည့္သြင္း ေဆြးေႏြးခဲ့ပါတယ္။
အေျခခံဥပေဒ ျပင္ဆင္ေရး ဥပေဒမူၾကမ္း ဦးေဆာင္တင္သူ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္

အခုဆိုရင္ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကို ေရာက္ေနတဲ့ ဥပေဒမူၾကမ္းေတြဟာ တပ္မေတာ္သားကိုယ္စားလွယ္ေတြက ႏွစ္ခု၊ ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ေတြ ႏွစ္ခု ေပါင္းေလးခုရွိပါတယ္။ ဒါ့အျပင္ အေျခခံဥပေဒတစ္ခုလုံးက အခ်က္ေပါင္း၃၀၀၀ ေက်ာ္ကို ဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက စိစစ္ေနတာလည္း ရွိပါတယ္။

ႏိုင္ငံေရး ပါတီ၊ အစုအဖြဲ႕အသီးသီးနဲ႔ တစ္သီးပုဂၢလကိုယ္စားလွယ္ေတြက တင္ျပခဲ့တဲ့ အခန္းလိုက္ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ဖို႔ အႀကံျပဳခ်က္ေတြအေပၚ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္း ေရးဆြဲဖို႔ စိစစ္ေနတာဟာ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ နိဒါန္းအပါအဝင္ အခန္း(၁) ႏိုင္ငံေတာ္အေျခခံမူမ်ား၊ အခန္း(၂) ႏိုင္ငံေတာ္ ဖြဲ႕စည္းတည္ေဆာက္ပုံ၊ အခန္း(၃) ႏိုင္ငံေတာ္ အႀကီးအကဲ၊ အခန္း(၄) ဥပေဒျပဳေရး နဲ႔ အခန္း(၅) အုပ္ခ်ဳပ္ေရးအခန္းေတြ ၿပီးျပတ္ေအာင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း နဲ႔ အခန္း(၆)ကို ဆက္လက္ေဆာင္႐ြက္ေန တယ္လို႔ လႊတ္ေတာ္က ႏိုဝင္ဘာလ ၂၈ ရက္ က သတင္း ထုတ္ျပန္ထားပါတယ္။

ပူးေပါင္းေကာ္မတီ အစည္းအေဝးေတြကို လႊတ္ေတာ္က်င္းပစဥ္ကာလနဲ႔ လႊတ္ေတာ္ရပ္နားထားတဲ့ကာလေတြမွာ အပတ္စဥ္ ဆက္တိုက္က်င္းပေဆာင္႐ြက္ေနတယ္လို႔လည္းလႊတ္ေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

အေျခခံ ဥပေဒဟာ အခန္း ၁၅ ခန္းပါရွိၿပီး အားလုံးၿပီးဖို႔ဆိုရင္ ေနာက္အခန္း၉ ခန္း ၿပီးမွ ဥပေဒၾကမ္း တစ္ခုျဖစ္လာဖို႔ ရွိပါတယ္။

က်င္းပဆဲ လႊတ္ေတာ္ ရဲ႕ သက္တမ္းဟာ လာမယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ကုန္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္လို႔ အေျခခံဥပေဒျပင္ဆင္ေရးဟာ အခ်ိန္ကာလအားျဖင့္ တစ္ႏွစ္ေလာက္သာက်န္ပါေတာ့တယ္။

ပူးေပါင္းေကာ္မတီရဲ႕ ဥပေဒၾကမ္း ၿပီးတဲ့အခါမွာ ျပည္ခိုင္ၿဖိဳးနဲ႔ တပ္က တင္ထားတဲ့ ဒီဥပေဒ မူၾကမ္းေလးခုစလုံးကို သီးျခားစီ တၿပိဳင္တည္း ေဆြးေႏြးဖို႔ လႊတ္ေတာ္ဥပေဒၾကမ္း ေကာ္မတီက အႀကံေပးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
အခြေခံဥပဒေ ပြင်ဆင်ရေး ပြီးမယ့်အချိန်ကို လွှတ်တော်နာယက ထုတ်ပြော

ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption ဆွေးနွေးမှုတွေမှာ နာယကကို စွပ်စွဲပြောဆိုတာတွေရှိ

လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပြီးစီးမယ့်အချိန်ကို ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီဇင်ဘာ ၃ ရက် နေ့ လွှတ်တော်မှာ ထုတ်ပြောလိုက်ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လမ်းကြောင်းပြိုင် ဆွေးနွေးမှုတွေ အားကောင်းလာချိန်မှာ လွှတ်တော် နာယက ဦးတီခွန်မြတ်က ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

အချက်ပေါင်း ၃၇၀၀ ကျော်ကို ပြင်ဆင်ဖို့ တင်သွင်းထားကြတဲ့ အချက်တွေကို လွှတ်တော် ဥပဒေကြမ်း ကော်မတီက စုစည်းဆောင်ရွက်နေတဲ့၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ဦးတီခွန်မြတ် ပြောပါတယ် ။

ဒီဥပဒေ ပြင်ဆင်ရေးကို စတင်ကတည်းက လွှတ်တော်ရဲ့ လက်ရှိသက်တမ်းအတွင်း အပြီးသတ်ပြင်ဆင်မယ်လို့ စဉ်းစားပြီး လက်ခံခဲ့တာ ဖြစ်တယ်လို့လည်း ဒီဇင်ဘာလ ၃ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption ဦးသောင်းအေး က လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်တွေနဲ့ မညီဘူးလို့ပြော

အခုလက်ရှိ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း နှစ်ခု ရှိနေပါတယ်။

NLD ဦးဆောင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ လမ်းကြောင်းဟာ အချက်အလက် ၃၇၀၀ ကျော်ကို စုစည်းပြီး ဥပဒေကြမ်းတခု တင်သွင်းဖို့ ရှိနေပါတယ်။

အဲဒီ အခြေခံ ဥပဒေပြင်ဆင်ရေး နည်းလမ်းဟာ လွှတ်တော် နည်းဥပဒေ စည်းကမ်းနဲ့ မကိုက်ညီဘဲ အရေးအကြီးအဆို တင်သွင်းပြီး မဲခွဲ ဖွဲ့စည်းခဲ့တာလို့လည်း ဝေဖန်မှုတွေ ရှိပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတွေဟာ ဥပဒေကြမ်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ အဲဒီကိုယ်စားလှယ်တွေက ဥပဒေကြမ်း လေးခု ကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးသောင်းအေးကတော့ သူတို့ ပြင်ဖို့လုပ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဆယ်တန်းအောင်ထားတဲ့ အခြေအနေဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီက ပြင်ဆင်ရေးဟာ မူကြမ်းထွက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိရလို့ မူလတန်းအဆင့်သာ ရှိသေးပြီး ဆယ်တန်းအောင်တဲ့ သူက မူလတန်းကို တက္ကသိုလ် အတူတက်ဖို့ စောင့်နေရ သလို ဖြစ်နေတယ်လို့လည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
Image caption အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း ဦးဆောင်တင်သူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်

အခုဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကို ရောက်နေတဲ့ ဥပဒေမူကြမ်းတွေဟာ တပ်မတော်သားကိုယ်စားလှယ်တွေက နှစ်ခု၊ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ နှစ်ခု ပေါင်းလေးခုရှိပါတယ်။ ဒါ့အပြင် အခြေခံဥပဒေတစ်ခုလုံးက အချက်ပေါင်း၃၀၀၀ ကျော်ကို ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက စိစစ်နေတာလည်း ရှိပါတယ်။

နိုင်ငံရေး ပါတီ၊ အစုအဖွဲ့အသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေက တင်ပြခဲ့တဲ့ အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အကြံပြုချက်တွေအပေါ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ရေးဆွဲဖို့ စိစစ်နေတာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်းအပါအဝင် အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ အခန်း(၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း(၃) နိုင်ငံတော် အကြီးအကဲ၊ အခန်း(၄) ဥပဒေပြုရေး နဲ့ အခန်း(၅) အုပ်ချုပ်ရေးအခန်းတွေ ပြီးပြတ်အောင်ဆောင်ရွက်ပြီးဖြစ်ကြောင်း နဲ့ အခန်း(၆)ကို ဆက်လက်ဆောင်ရွက်နေ တယ်လို့ လွှတ်တော်က နိုဝင်ဘာလ ၂၈ ရက် က သတင်း ထုတ်ပြန်ထားပါတယ်။

ပူးပေါင်းကော်မတီ အစည်းအဝေးတွေကို လွှတ်တော်ကျင်းပစဉ်ကာလနဲ့ လွှတ်တော်ရပ်နားထားတဲ့ကာလတွေမှာ အပတ်စဉ် ဆက်တိုက်ကျင်းပဆောင်ရွက်နေတယ်လို့လည်းလွှတ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အခြေခံ ဥပဒေဟာ အခန်း ၁၅ ခန်းပါရှိပြီး အားလုံးပြီးဖို့ဆိုရင် နောက်အခန်း၉ ခန်း ပြီးမှ ဥပဒေကြမ်း တစ်ခုဖြစ်လာဖို့ ရှိပါတယ်။

ကျင်းပဆဲ လွှတ်တော် ရဲ့ သက်တမ်းဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အခြေခံဥပဒေပြင်ဆင်ရေးဟာ အချိန်ကာလအားဖြင့် တစ်နှစ်လောက်သာကျန်ပါတော့တယ်။

ပူးပေါင်းကော်မတီရဲ့ ဥပဒေကြမ်း ပြီးတဲ့အခါမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်က တင်ထားတဲ့ ဒီဥပဒေ မူကြမ်းလေးခုစလုံးကို သီးခြားစီ တပြိုင်တည်း ဆွေးနွေးဖို့ လွှတ်တော်ဥပဒေကြမ်း ကော်မတီက အကြံပေးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
အေျခခံဥပေဒ ျပင္ဆင္ေရး ၿပီးမယ့္အခ်ိန္ကို လႊတ္ေတာ္နာယက ထုတ္ေျပာ အေျခခံဥပေဒ ျပင္ဆင္ေရး ၿပီးမယ့္အခ်ိန္ကို လႊတ္ေတာ္နာယက ထုတ္ေျပာ Reviewed by THITHTOOLWIN on 06:05 Rating: 5
Powered by Blogger.