ေတာင္ႀကီးမွာ လူငယ္ေတြအုပ္စုဖြဲ႕ရန္ျဖစ္ရာမွ ဓါးထိုးမႈ ျဖစ္ပြားၿပီး (၃)ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဒီဇင္ဘာ ၂၄

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕မွာ ဒီက‌ေန႔ ဒီဇင္ဘာလ ၂၄ရက္၊ ည‌ေနပိုင္းအခ်ိန္ကလူငယ္ေတြအုပ္စုဖြဲ႕ရန္ျဖစ္ရာမွ ဓါးထိုးမႈ ျဖစ္ပြားၿပီး (၃)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕မရဲစခန္းထံမွ သိရပါတယ္။

ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ နယ္ေျမ(၁)၊ သဇင္လမ္းမွာ လြင္သက္ပိုင္ထြန္း၊ ၁၇ႏွစ္၊ အဂၢ(ခ)ေမာင္စိုး၊ ၁၅ႏွစ္၊ ႏိုင္လင္းထက္၊ ၁၅ႏွစ္တို႔က ဟာစန္း၊ အိုဝိုစ္၊ အာမက္၊ ေဂ်ေဂ်နဲ႔ ငမဲတို႔နဲ႔ စကားမ်ားရန္ျဖစ္ရာ အုတ္ခဲပိုင္းနဲ႔ထု႐ိုက္တာေတြ၊ ေဂ်ေဂ်မွ ဓါးနဲ႔ထိုးတာေတြ ျပဳလုပ္ခဲ့ရာ လြင္သက္ပိုင္ထြန္း၊ အဂၢ(ခ)ေမာင္စိုး ၊ ႏိုင္လင္းထက္တို႔မွာ ဒဏ္ရာေတြ ရရွိခဲ့တဲ့အတြက္ စပ္စံထြန္းေဆး႐ုံကို တင္ပို႔ထားေၾကာင္း သိရပါတယ္။

"ေကာင္ေလးေတြ အုပ္စုဖြဲ႕ၿပီး ျဖစ္ၾကတာ။ သုံးေယာက္ဒဏ္ရာရလို႔ ေဆး႐ုံကို ပို႔ထားတယ္။ အေျခအေနက မစိုးရိမ္ရပါဘူး။ က်န္တာကေတာ့ ေျပာလို႔မရေသးဘူး"လို႔ ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီလိုျဖစ္ပြားမႈေၾကာင့္ လြင္သက္ပိုင္ထြန္းမွာ ဦးေခါင္းေပါက္ၿပဲဒဏ္ရာ တစ္ခ်က္၊ ဝဲဘက္လက္သန္းပြန္းပဲ့ ဒဏ္ရာတစ္ခ်က္၊ ႏိုင္လင္းထက္မွာ ဝဲဘက္တံေတာင္ဆစ္ဖူးေယာင္ ဒဏ္ရာတစ္ခ်က္နဲ႔ အဂၢ(ခ)ေမာင္စိုးမွာ ဝဲဘက္နံၾကားထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ဦးေခါင္းေႏွာက္ေစ့ဖူးေယာင္ ဒဏ္ရာတစ္ခ်က္တို႔ ရရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ ပါတ္သက္ၿပီး ဟာစန္း၊ အိုဝိုစ္၊ အာမက္၊ ေဂ်ေဂ်နဲ႔ ငမဲတို႔ကို ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွာ ဥပေဒအရ အမႈဖြင့္အေရးယူႏိုင္ရန္အတြက္ ေဆာင္႐ြက္လ်က္ရွိၿပီး အေသးစိတ္ကို စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
တောင်ကြီးမှာ လူငယ်တွေအုပ်စုဖွဲ့ရန်ဖြစ်ရာမှ ဓါးထိုးမှု ဖြစ်ပွားပြီး (၃)ဦးဒဏ်ရာရ

တောင်ကြီး၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီက‌နေ့ ဒီဇင်ဘာလ ၂၄ရက်၊ ည‌နေပိုင်းအချိန်ကလူငယ်တွေအုပ်စုဖွဲ့ရန်ဖြစ်ရာမှ ဓါးထိုးမှု ဖြစ်ပွားပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးမြို့မရဲစခန်းထံမှ သိရပါတယ်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁)၊ သဇင်လမ်းမှာ လွင်သက်ပိုင်ထွန်း၊ ၁၇နှစ်၊ အဂ္ဂ(ခ)မောင်စိုး၊ ၁၅နှစ်၊ နိုင်လင်းထက်၊ ၁၅နှစ်တို့က ဟာစန်း၊ အိုဝိုစ်၊ အာမက်၊ ဂျေဂျေနဲ့ ငမဲတို့နဲ့ စကားများရန်ဖြစ်ရာ အုတ်ခဲပိုင်းနဲ့ထုရိုက်တာတွေ၊ ဂျေဂျေမှ ဓါးနဲ့ထိုးတာတွေ ပြုလုပ်ခဲ့ရာ လွင်သက်ပိုင်ထွန်း၊ အဂ္ဂ(ခ)မောင်စိုး ၊ နိုင်လင်းထက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် စပ်စံထွန်းဆေးရုံကို တင်ပို့ထားကြောင်း သိရပါတယ်။

"ကောင်လေးတွေ အုပ်စုဖွဲ့ပြီး ဖြစ်ကြတာ။ သုံးယောက်ဒဏ်ရာရလို့ ဆေးရုံကို ပို့ထားတယ်။ အခြေအနေက မစိုးရိမ်ရပါဘူး။ ကျန်တာကတော့ ပြောလို့မရသေးဘူး"လို့ တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလိုဖြစ်ပွားမှုကြောင့် လွင်သက်ပိုင်ထွန်းမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်သန်းပွန်းပဲ့ ဒဏ်ရာတစ်ချက်၊ နိုင်လင်းထက်မှာ ဝဲဘက်တံတောင်ဆစ်ဖူးယောင် ဒဏ်ရာတစ်ချက်နဲ့ အဂ္ဂ(ခ)မောင်စိုးမှာ ဝဲဘက်နံကြားထိုးသွင်းဒဏ်ရာတစ်ချက်၊ ဦးခေါင်းနှောက်စေ့ဖူးယောင် ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ဟာစန်း၊ အိုဝိုစ်၊ အာမက်၊ ဂျေဂျေနဲ့ ငမဲတို့ကို တောင်ကြီးမြို့မရဲစခန်းမှာ ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေတာင္ႀကီးမွာ လူငယ္ေတြအုပ္စုဖြဲ႕ရန္ျဖစ္ရာမွ ဓါးထိုးမႈ ျဖစ္ပြားၿပီး (၃)ဦးဒဏ္ရာရ ေတာင္ႀကီးမွာ လူငယ္ေတြအုပ္စုဖြဲ႕ရန္ျဖစ္ရာမွ ဓါးထိုးမႈ ျဖစ္ပြားၿပီး (၃)ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 00:28 Rating: 5
Powered by Blogger.