စစ္ေဘးေဒသကေန ရန္ကုန္ေရာက္ သီလရွင္ငယ္ေလးေတြရဲ႕ အနာဂတ္အိပ္မက္

မဂၤလာ သိဒၶိ သီလရွင္ စာသင္တို္က္ရွိ သီလရွင္မ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္ေရးပဋိပကၡေတြၾကား နယ္စပ္ေဒသေတြက ေက်ာင္းေနအ႐ြယ္ ကေလးငယ္ေတြဟာ မိေ၀း၊ ဖေ၀း မို္င္ေပါင္းမ်ားစြာ ကြာေ၀းတဲ့ ျမိဳ႕ၾကီးေတြက ဘုန္းေတာ္ႀကီး စာသင္တုိက္ေတြနဲ႔ သီလရွင္စာသင္တိုက္ေတြမွာ ပညာသင္ၾကားေနၾကရပါတယ္။ သူတို႕ရဲ႕ အခက္အခဲေတြၾကားက အနာဂတ္ အိ္ပ္မက္ေတြက ဘာေတြျဖစ္ပါမလဲ။ AFP သတင္းေဆာင္းပါးကို အေျခခံျပီး မျမသဇင္ေအာင္က ေျပာျပေပးပါမယ္။

ရန္ကုန္ျမိဳ႕ ဆင္ေျခဖံုုး ေဒသတခုက မဂၤလာ သိဒၶိ သီလရွင္ စာသင္တို္က္မွာ အသက္ ၄ ႏွစ္ကေန ၁၈ နွစ္အတြင္းရွိတဲ့ သီလရွင္ ၆၆ ပါးရွိပါတယ္။ သူတို႕ဟာ လက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ စစ္တပ္ၾကား စစ္ေရး ပဋိပကၡေတြျဖစ္ပြားေနတဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ေမြးဖြားသူ ပေလာင္္လူမ်ိဳး ေတြပါ။ လြတ္လပ္ေရးရၿပီး ေနာက္ပိုင္းကတတည္းက ဗုဒၶဘာသာ၀င္ အမ်ားစုရွိတဲ့ ျမန္မာႏိုင္ငံ နယ္စပ္ ေဒသေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရလိုတာနဲ႔ သဘာ၀ သယံဇာတ ပစၥည္းေတြေၾကာင့္ လက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ အစိုးရစစ္တပ္ၾကား ပဋိပကၡေတြရွိခဲ့တာ နွစ္ေပါင္းမ်ားစြာ ရွိေနပါၿပီ။ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သား အစိ္ုးရလက္ထက္ ျပည္တြင္းျငိမ္းခ်မ္းေရး ေဖာ္ေဆာင္ဖို႕ၾကိဳးပမ္းေနေပမဲ့လည္း ေအာင္ျမင္မႈ မရေသးပဲ တိုက္ပြဲေတြ ဆက္ျဖစ္ေနဆဲပါ။ မတည္ျငိမ္တဲ့ ေဒသေတြမွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေက်ာင္းေတြလည္း ပိတ္ထားရတာပါ။

သီလရွင္စာသင္တိုက္ကို ေရာက္လာျပီး ပညာသင္ရတဲ့ အေၾကာင္းကို အသက္ ၁၇ႏွစ္အရြယ္ သီလရွင္ေလး မေခမာသီက အခုလိုေျပာပါတယ္။

“အဆင္ေျပတယ္ ။ ရြာမွာလည္း ဆရာမေတြက စာလာမသင္ရဲဘူး။ စစ္ကို ေၾကာက္ေတာ့ ျမန္မာဆရာမေတြက လာမသင္ရဲဘူး ။ ရြာမွာေနရင္ စစ္ကိုေၾကာက္ရတယ္ မေနခ်င္ဘူး။ မိဘေတြကိုေတာ့ သတိရတယ္။”

ရန္ကုန္ သာသနာေရးနဲ႔ ယဥ္ေက်းမႈ ၀န္ၾကီးဌာန ညႊန္ၾကားေရးမႈး တဦးျဖစ္သူ ဦးစိန္ေမာ္ရဲ႕ ေျပာၾကားခ်က္ အရ နယ္စပ္ တိုက္ပြဲေတြရဲ႕ အက်ိဳးဆက္ ေၾကာင့္ ရန္ကုန္ျမိဳ႕က ဘုန္းေတာ္ၾကီး စာသင္တိုက္ေတြနဲ႕ သီလရွင္စာသင္တိုက္ေတြမွာ ကိုရင္ငယ္ေတြနဲ႔ သီလရွင္ေလးေတြ ၁၈၀၀၀ နီးပါး ပညာသင္ေနၾကရတယ္လို႕ သိရပါတယ္။ မဂၤလာ သိဒၶိ သီလရွင္ စာသင္တို္က္က သီလရွင္ေလးေတြ ဟာ မနက္ ၄ နာရီ အိပ္ယာထရၿပီး ၂ နာရီၾကာ ဘုရား၀တ္ျပဳ ဆုေတာင္း ၾကရပါတယ္။ ဒါ့အျပင္ ရန္ကုန္ျမိဳ႕ ထဲ ရပ္ကြက္ေတြမွာ တပတ္ ၂ ရက္ ဆြမ္းဆန္ခံထြက္ၾကရပါတယ္။ တျခားရက္ေတြမွာေတာ့ သူတို႕ဟာ အစိုးရေက်ာင္း သင္႐ိုးနဲ႔ အညီ ပရဟိတ စာလာသင္ေပးၾကတဲ့ ဆရာ၊ ဆရာမေတြဆီမွာ ပညာဆည္းပူးၾကရပါတယ္။ သူတို႕ေရာက္လာတုန္းက ျမန္မာစကား မေျပာတတ္ၾကသလို ေျပာဖို႔အတင္းအၾကပ္ တိုက္တြန္းတာလည္း မရွိဘူးလို႕ တိုက္အုပ္ သီလရွင္ၾကီး ေဒၚ၀ါရညာဏီ ကေျပာပါတယ္။ သီလရွင္ေလးေတြအေနနဲ႕ သူတို႕ ေမြးရပ္ေျမကို အလည္ ျပန္ၾကတာ လည္း မရွိသေလာက္ပါပဲလို႕ လည္းသီလရွင္ၾကီးက ေျပာပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ သီလရွင္ေလး ေခမာသီကေတာ့ အထက္တန္းဆင့္ထိ ပညာသင္ျပီးရင္ေတာင္ လူ၀တ္မလဲပဲ သီလရွင္အျဖစ္နဲ႔ ဆက္ေနသြားမယ္လို႔ ေျပာပါတယ္။

“လွတဲ့ မိန္းကေလးေတြကို ေတြ႔ရင္ ကိုယ္လည္းလူထြက္ခ်င္တယ္။ ဒါေပမယ့္ ထြက္ရင္ ကိုယ့္ဘ၀က သူမ်ားနဲ႔မွမတူတာ ၊ အဲဒါေၾကာင့္မို႔လို႔ မထြက္ေတာ့ဘူးလို႔ ဆရာေလးလိုပဲ ေနေတာ့မယ္လို႔။”

အသက္ ၁၈ ႏွစ္ရွိၿပီျဖစ္တဲ့ သီလရွင္ မဓမၼသိဂီ ၤရဲ႕ ငယ္ဘ၀အိမ္မက္ကေတာ့ အင္ဂ်င္နီယာျဖစ္ခ်င္ခဲ့ျပီး ေဘာလံုး အားကစားကို ႏွစ္သက္သူပါ။ အခက္အခဲေတြၾကားက သူ႔အနာဂတ္အိမ္မက္ကေရာ ဘယ္လိုပါလဲ။

“ဆြမ္းခံသြားတာ ေနပူဒဏ္ သိပ္မခံႏိုင္ဘူး။ ၁၀ တန္းေအာင္ၿပီးရင္ေတာ့ တကၠသိုလ္ေတြ ထပ္တက္မယ္။ ဘြဲ႔ရတဲ့အထိ လုပ္မယ္။ ဘြဲ႔ရရင္ေတာ့ အင္ဂ်င္နီယာႀကီးကို ျဖစ္ခ်င္တယ္။ ေဘာလံုးလည္း ကန္ခ်င္တယ္ လူထြက္ၿပီးေတာ့ ကန္တာ ေဘာလံုး ပထမဆု ရခဲ့တယ္။”

ျမန္မာႏိုင္ငံမွာ ေရွးအစဥ္အလာအရ သီလရွင္ေတြဟာ ဘုန္းေတာ္ၾကီးေတြေလာက္ ဦးစားေပးျခင္းမခံၾကရပါဘူး။ ဒါေပမဲ့ ဘုန္းေတာ္ၾကီးေတြနည္းတူ သီလရွင္ေတြမွာလည္း ေန႕စဥ္ ေစာင့္ထိန္းၾကရတဲ့ သီလ၊ က်င့္၀တ္ေတြ ရွိပါတယ္။ အခုလို စစ္ေရး ပဋိပကၡေတြနဲ႔ မတည္ျငိမ္တဲ့ ေဒသေတြကေက်ာင္းေနအရြယ္ ကေလးငယ္ေတြဟာ အခုလို စာသင္တိုက္ေတြမွာ ပညာဆည္းပူးရင္း ဘ၀ကိုေရွ႕ဆက္ၾကဖို႔ အိမ္မက္ေတြကိုယ္စီနဲ႕ ရွိေနၾကပါတယ္။


..............

စစ်ဘေးဒေသကနေ ရန်ကုန်ရောက် သီလရှင်ငယ်လေးတွေရဲ့ အနာဂတ်အိပ်မက်
(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြား နယ်စပ်ဒေသတွေက ကျောင်းနေအရွယ် ကလေးငယ်တွေဟာ မိဝေး၊ ဖဝေး မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မြို့ကြီးတွေက ဘုန်းတော်ကြီး စာသင်တိုက်တွေနဲ့ သီလရှင်စာသင်တိုက်တွေမှာ ပညာသင်ကြားနေကြရပါတယ်။ သူတို့ရဲ့ အခက်အခဲတွေကြားက အနာဂတ် အိပ်မက်တွေက ဘာတွေဖြစ်ပါမလဲ။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။

ရန်ကုန်မြို့ ဆင်ခြေဖုံး ဒေသတခုက မင်္ဂလာ သိဒ္ဓိ သီလရှင် စာသင်တိုက်မှာ အသက် ၄ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ သီလရှင် ၆၆ ပါးရှိပါတယ်။ သူတို့ဟာ လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်ကြား စစ်ရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မွေးဖွားသူ ပလောင်လူမျိုး တွေပါ။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကတတည်းက ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံ နယ်စပ် ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုတာနဲ့ သဘာ၀ သယံဇာတ ပစ္စည်းတွေကြောင့် လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရစစ်တပ်ကြား ပဋိပက္ခတွေရှိခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကြိုးပမ်းနေပေမဲ့လည်း အောင်မြင်မှု မရသေးပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ မတည်ငြိမ်တဲ့ ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းတွေလည်း ပိတ်ထားရတာပါ။

သီလရှင်စာသင်တိုက်ကို ရောက်လာပြီး ပညာသင်ရတဲ့ အကြောင်းကို အသက် ၁၇နှစ်အရွယ် သီလရှင်လေး မခေမာသီက အခုလိုပြောပါတယ်။

“အဆင်ပြေတယ် ။ ရွာမှာလည်း ဆရာမတွေက စာလာမသင်ရဲဘူး။ စစ်ကို ကြောက်တော့ မြန်မာဆရာမတွေက လာမသင်ရဲဘူး ။ ရွာမှာနေရင် စစ်ကိုကြောက်ရတယ် မနေချင်ဘူး။ မိဘတွေကိုတော့ သတိရတယ်။”

ရန်ကုန် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှုး တဦးဖြစ်သူ ဦးစိန်မော်ရဲ့ ပြောကြားချက် အရ နယ်စပ် တိုက်ပွဲတွေရဲ့ အကျိုးဆက် ကြောင့် ရန်ကုန်မြို့က ဘုန်းတော်ကြီး စာသင်တိုက်တွေနဲ့ သီလရှင်စာသင်တိုက်တွေမှာ ကိုရင်ငယ်တွေနဲ့ သီလရှင်လေးတွေ ၁၈၀၀၀ နီးပါး ပညာသင်နေကြရတယ်လို့ သိရပါတယ်။ မင်္ဂလာ သိဒ္ဓိ သီလရှင် စာသင်တိုက်က သီလရှင်လေးတွေ ဟာ မနက် ၄ နာရီ အိပ်ယာထရပြီး ၂ နာရီကြာ ဘုရားဝတ်ပြု ဆုတောင်း ကြရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ထဲ ရပ်ကွက်တွေမှာ တပတ် ၂ ရက် ဆွမ်းဆန်ခံထွက်ကြရပါတယ်။ တခြားရက်တွေမှာတော့ သူတို့ဟာ အစိုးရကျောင်း သင်ရိုးနဲ့ အညီ ပရဟိတ စာလာသင်ပေးကြတဲ့ ဆရာ၊ ဆရာမတွေဆီမှာ ပညာဆည်းပူးကြရပါတယ်။ သူတို့ရောက်လာတုန်းက မြန်မာစကား မပြောတတ်ကြသလို ပြောဖို့အတင်းအကြပ် တိုက်တွန်းတာလည်း မရှိဘူးလို့ တိုက်အုပ် သီလရှင်ကြီး ဒေါ်ဝါရညာဏီ ကပြောပါတယ်။ သီလရှင်လေးတွေအနေနဲ့ သူတို့ မွေးရပ်မြေကို အလည် ပြန်ကြတာ လည်း မရှိသလောက်ပါပဲလို့ လည်းသီလရှင်ကြီးက ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် သီလရှင်လေး ခေမာသီကတော့ အထက်တန်းဆင့်ထိ ပညာသင်ပြီးရင်တောင် လူဝတ်မလဲပဲ သီလရှင်အဖြစ်နဲ့ ဆက်နေသွားမယ်လို့ ပြောပါတယ်။

“လှတဲ့ မိန်းကလေးတွေကို တွေ့ရင် ကိုယ်လည်းလူထွက်ချင်တယ်။ ဒါပေမယ့် ထွက်ရင် ကိုယ့်ဘဝက သူများနဲ့မှမတူတာ ၊ အဲဒါကြောင့်မို့လို့ မထွက်တော့ဘူးလို့ ဆရာလေးလိုပဲ နေတော့မယ်လို့။”

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ သီလရှင် မဓမ္မသိဂီ ၤရဲ့ ငယ်ဘဝအိမ်မက်ကတော့ အင်ဂျင်နီယာဖြစ်ချင်ခဲ့ပြီး ဘောလုံး အားကစားကို နှစ်သက်သူပါ။ အခက်အခဲတွေကြားက သူ့အနာဂတ်အိမ်မက်ကရော ဘယ်လိုပါလဲ။

“ဆွမ်းခံသွားတာ နေပူဒဏ် သိပ်မခံနိုင်ဘူး။ ၁၀ တန်းအောင်ပြီးရင်တော့ တက္ကသိုလ်တွေ ထပ်တက်မယ်။ ဘွဲ့ရတဲ့အထိ လုပ်မယ်။ ဘွဲ့ရရင်တော့ အင်ဂျင်နီယာကြီးကို ဖြစ်ချင်တယ်။ ဘောလုံးလည်း ကန်ချင်တယ် လူထွက်ပြီးတော့ ကန်တာ ဘောလုံး ပထမဆု ရခဲ့တယ်။”

မြန်မာနိုင်ငံမှာ ရှေးအစဉ်အလာအရ သီလရှင်တွေဟာ ဘုန်းတော်ကြီးတွေလောက် ဦးစားပေးခြင်းမခံကြရပါဘူး။ ဒါပေမဲ့ ဘုန်းတော်ကြီးတွေနည်းတူ သီလရှင်တွေမှာလည်း နေ့စဉ် စောင့်ထိန်းကြရတဲ့ သီလ၊ ကျင့်ဝတ်တွေ ရှိပါတယ်။ အခုလို စစ်ရေး ပဋိပက္ခတွေနဲ့ မတည်ငြိမ်တဲ့ ဒေသတွေကကျောင်းနေအရွယ် ကလေးငယ်တွေဟာ အခုလို စာသင်တိုက်တွေမှာ ပညာဆည်းပူးရင်း ဘဝကိုရှေ့ဆက်ကြဖို့ အိမ်မက်တွေကိုယ်စီနဲ့ ရှိနေကြပါတယ်။

 ျမသဇင္ေအာင္/VOA Burmese
https://burmese.voanews.com
စစ္ေဘးေဒသကေန ရန္ကုန္ေရာက္ သီလရွင္ငယ္ေလးေတြရဲ႕ အနာဂတ္အိပ္မက္ စစ္ေဘးေဒသကေန ရန္ကုန္ေရာက္ သီလရွင္ငယ္ေလးေတြရဲ႕ အနာဂတ္အိပ္မက္ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.