ရန္ကင္းၿမိဳ႕နယ္ရွိ ေငြလဲေကာင္တာတစ္ခု၌ ႏိုင္ငံျခားသား ႏွစ္ဦး ေဒၚလာေငြအတုျဖင့္ လိမ္လည္သြား

(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ ဒီဇင္ဘာ ၁၈ ရက္(ဆင္ဟြာ)

ရန္ကုန္တိုင္းေဒသႀကီး ရန္ကင္း ရန္ကင္းၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ တိုက္ အမွတ္(၂၁၇) ရွိေငြလဲေကာင္တာတစ္ခု ၌ ဒီဇင္ဘာ ၁၇ ရက္က ႏိုင္ငံျခားသား ႏွစ္ဦးမွ ေဒၚလာေငြစကၠဴအတုျဖင့္ လာေရာက္လိမ္လည္မႈ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

ျဖစ္စဥ္မွာ ႏိုင္ငံျခားသား ႏွစ္ဦးသည္ အခ်င္းျဖစ္ေငြလဲေကာင္တာသို႔ေရာက္ရွိလာၿပီး ျမန္မာေငြျဖင့္ အေမရိကန္ေဒၚလာ ၁ သိန္း ဝယ္ယူလဲလွယ္လိုေၾကာင္း ေျပာဆိုသျဖင့္ ဆိုင္ဝန္ထမ္းအမ်ိဳးသမီးမွ အေမရိကန္ေဒၚလာ ၁၀၀ တန္ ၁၀၀၀ ႐ြက္ (ေဒၚလာေငြ တစ္သိန္း) အား ေငြေရစက္ျဖင့္ ေရတြက္၍ ၎တို႔ထံေပးအပ္ခဲ့သည္ ဟုဆိုသည္။

၎အမ်ိဳးသားႏွစ္ဦးသည္ ေဒၚလာ ၁ သိန္းကို လက္ကိုင္အိတ္ တစ္လုံးအတြင္းသို႔ ထည့္ၿပီး ျပန္ထုတ္ကာ အျခားလက္ကိုင္အိတ္ တစ္လုံးအတြင္းသို႔ ေျပာင္းထည့္ခဲ့ေၾကာင္း ၊ ယင္းေနာက္ စရန္ေငြအျဖစ္ ျမန္မာက်ပ္ေငြ ၅ သိန္းအား ေငြလဲေကာင္တာမွ ဝန္ထမ္းအား ေပးအပ္ခဲ့ေၾကာင္း ႏွင့္ က်န္ေငြ ျမန္မာက်ပ္ ၁၅၀၅ သိန္းကို ၎တို႔၏ ကားထဲမွ သြားေရာက္ယူေဆာင္မည္ဟု ေျပာဆိုကာ ေဒၚလာမ်ား ထည့္ထားသည့္ လက္ကိုင္အိတ္ တစ္လုံးအားထား၍ ထြက္ခြာသြားရာမွ ျပန္လည္ေရာက္ရွိလာျခင္းမရွိသျဖင့္ ႏိုင္ငံျခားသား ၂ ဦး ထားခဲ့သည့္ လက္ကိုင္အိတ္အား ဖြင့္ၾကည့္ရာ ေဒၚလာ ၁ သိန္းမွာ အတုမ်ားျဖစ္ေနသည္ကို ေတြ႕ရွိခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္း ေဒၚလာ အတုမ်ား လိမ္လည္ လဲလွယ္ခဲ့ေသာ ႏိုင္ငံျခားသား ၂ ဦး(ဖမ္းမမိ)အား ရန္ကင္းၿမိဳ႕မရဲစခန္း (ပ)၉၇၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၈၉(ခ)(လိမ္လည္မႈ/ေငြစကၠဴအတုသုံးစြဲမႈ)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိေၾကာင္း ဝန္ႀကီးဌာနထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
---------
(Unicode)⤵⤵⤵
ရန်ကင်းမြို့နယ်ရှိ ငွေလဲကောင်တာတစ်ခု၌ နိုင်ငံခြားသား နှစ်ဦး ဒေါ်လာငွေအတုဖြင့် လိမ်လည်သွား

    ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း ရန်ကင်းမြို့နယ်၊ (၃)ရပ်ကွက်၊ တိုက် အမှတ်(၂၁၇) ရှိငွေလဲကောင်တာတစ်ခု ၌ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံခြားသား နှစ်ဦးမှ ဒေါ်လာငွေစက္ကူအတုဖြင့် လာရောက်လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖြစ်စဉ်မှာ နိုင်ငံခြားသား နှစ်ဦးသည် အချင်းဖြစ်ငွေလဲကောင်တာသို့ရောက်ရှိလာပြီး မြန်မာငွေဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်း ဝယ်ယူလဲလှယ်လိုကြောင်း ပြောဆိုသဖြင့် ဆိုင်ဝန်ထမ်းအမျိုးသမီးမှ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၁၀၀၀ ရွက် (ဒေါ်လာငွေ တစ်သိန်း) အား ငွေရေစက်ဖြင့် ရေတွက်၍ ၎င်းတို့ထံပေးအပ်ခဲ့သည် ဟုဆိုသည်။

၎င်းအမျိုးသားနှစ်ဦးသည် ဒေါ်လာ ၁ သိန်းကို လက်ကိုင်အိတ် တစ်လုံးအတွင်းသို့ ထည့်ပြီး ပြန်ထုတ်ကာ အခြားလက်ကိုင်အိတ် တစ်လုံးအတွင်းသို့ ပြောင်းထည့်ခဲ့ကြောင်း ၊ ယင်းနောက် စရန်ငွေအဖြစ် မြန်မာကျပ်ငွေ ၅ သိန်းအား ငွေလဲကောင်တာမှ ဝန်ထမ်းအား ပေးအပ်ခဲ့ကြောင်း နှင့် ကျန်ငွေ မြန်မာကျပ် ၁၅၀၅ သိန်းကို ၎င်းတို့၏ ကားထဲမှ သွားရောက်ယူဆောင်မည်ဟု ပြောဆိုကာ ဒေါ်လာများ ထည့်ထားသည့် လက်ကိုင်အိတ် တစ်လုံးအားထား၍ ထွက်ခွာသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် နိုင်ငံခြားသား ၂ ဦး ထားခဲ့သည့် လက်ကိုင်အိတ်အား ဖွင့်ကြည့်ရာ ဒေါ်လာ ၁ သိန်းမှာ အတုများဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ဒေါ်လာ အတုများ လိမ်လည် လဲလှယ်ခဲ့သော နိုင်ငံခြားသား ၂ ဦး(ဖမ်းမမိ)အား ရန်ကင်းမြို့မရဲစခန်း (ပ)၉၇၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၉(ခ)(လိမ်လည်မှု/ငွေစက္ကူအတုသုံးစွဲမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန္ကင္းၿမိဳ႕နယ္ရွိ ေငြလဲေကာင္တာတစ္ခု၌ ႏိုင္ငံျခားသား ႏွစ္ဦး ေဒၚလာေငြအတုျဖင့္ လိမ္လည္သြား ရန္ကင္းၿမိဳ႕နယ္ရွိ ေငြလဲေကာင္တာတစ္ခု၌ ႏိုင္ငံျခားသား ႏွစ္ဦး ေဒၚလာေငြအတုျဖင့္ လိမ္လည္သြား Reviewed by THITHTOOLWIN on 02:28 Rating: 5
Powered by Blogger.