
(Zawgyi)⤵⤵⤵
မြင်းမူ ဒီဇင်ဘာ ၁၀




အောင်စိုးဖေ(မြင်းမူ)
Myanmaalinn
---------------
(Unicode)⤵⤵⤵
မြင်းမူမြို့နယ်တွင်လူသတ်မှုဖြစ်ပွား
==============================

မြင်းမူ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ၊စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ် မေဂျာကျေးရွာတွင် ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲ က ရိုက်နှက်မှုခံရသဖြင့် လူသေဆုံးမှု ဖြစ်ပွားခဲ့သည်။

မြင်းမူမြို့နယ် မေဂျာကျေးရွာအနီးသရက်ခြံတော တဲအတွင်းအိပ်နေသူ ဦးသန်းကို အသက်(၆၅)နှစ် ၊မေဂျာကျေးရွာနေသူသည် အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ တူတော်စပ်သူ ကျော်ဇင်(၃၀)နှစ် က သံတူရွင်းဖြင့် ရိုက်နှက်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ၊ အရိုက်ခံရသူ ဦးသန်းကိုမှာ ဒဏ်ရာများရရှိကြောင်း တွေ့ရှိရ၍ မြင်းမူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဇင်(၃၀)နှစ်ခန့် မေဂျာကျေးရွာ နေသူ ကိုမြင်းမူမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြင်းမူမြို့နယ်တွင်လူသတ်မှုဖြစ်ပွား မြင်းမူမြို့နယ်တွင်လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.