စစ္ေရွာင္ေတြအေရး ထည့္သြင္းမေဖာ္ျပထားတဲ့ သမၼတရဲ႕ ရခိုင္ျပည္နယ္ေန႔ သဝဏ္လႊာ

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ တင္းထိန္ကန္ေက်း႐ြာမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြကို ေတြ႕ရစဥ္ / Photo: Min Thein Aung/RFA
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ရခိုင္ျပည္နယ္ ေအးခ်မ္းတည္ၿငိမ္ေရးကို ႀကိဳးပမ္းေနသလို ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ စီးပြားေရးဇုန္ေတြနဲ႔ ဖြံ႕ၿဖိဳးေရးစီမံကိန္းေတြကို ေဆာင္႐ြက္ေနတယ္လို႔ ဒီေန႔ က်ေရာက္တဲ့ ရခိုင္ျပည္ နယ္ေန႔အတြက္ ေပးပို႔တဲ့ သဝဏ္လႊာမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အဲဒီသဝဏ္လႊာမွာ ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရးကို ေဆာင္႐ြက္ေနတယ္လို႔ ေျပာထားေပမယ့္ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔အၾကား တိုက္ပြဲေတြရပ္စဲေရးနဲ႔ ပတ္သက္ၿပီး အစိုးရဘက္က အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခ်က္ေတြကို အက်ယ္တဝင့္ ေျပာထားတာမရွိပါဘူး။

ဖြံ႕ၿဖိဳးေရးလုပ္ငန္း ေဆာင္႐ြက္မႈေတြကိုသာ အဓိကထား ေျပာထားပါတယ္။ အဲဒီလုပ္ငန္းေတြထဲမွာ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္နဲ႔ ေရနက္ဆိပ္ကမ္းစီမံကိန္း၊ ကညင္ေခ်ာင္း စီးပြားေရးဇုန္စီမံကိန္း၊ ကုလားတန္ျမစ္ ဘက္စုံဖြံ႕ၿဖိဳးေရးစီမံကိန္းေတြကို အေကာင္အထည္ေဖာ္ေနတယ္လို႔ ဆိုပါတယ္။

ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ စီမံကိန္းဟာ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းလို႔ ေျပာလို႔ရေလာက္ေအာင္ ေဒသခံေတြအတြက္ ထိေရာက္တဲ့ အစီအမံနဲ႔ ေဆာင္႐ြက္ထားတာ မရွိဘူးလို႔ ေက်ာက္ျဖဴ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရးအသင္းက ဦးထြန္းၾကည္က ေျပာပါတယ္။

“ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္လိုဟာမ်ိဳးေတြက ေဒသဖြံ႕ၿဖိဳးေရး စီမံကိန္းေတြ မဟုတ္ပါဘူး။ အစိုးရ ဖြံ႕ၿဖိဳးေရးပဲျဖစ္တယ္။ ေဒသခံေတြ ဖြံ႕ၿဖိဳးလာေလာက္ေအာင္လည္း ဘာမွအစီအမံေတြရွိမေနဘူး။ ေနာက္တစ္ခုက ဒါလည္းလက္ရွိအခ်ိန္မွာ စတင္အေကာင္အထည္ေဖာ္ႏိုင္တဲ့ အဆင့္လည္း မရွိေသးဘူး။ ရခိုင္ျပည္မွာ ပကတိအေျခအေန ဒီေန႔ ရခိုင္ျပည္နယ္မွာျဖစ္ေနတာ လူေတြအမ်ားႀကီး အသက္ခံေနရတယ္။ ဗုံးေတြႀကဲေနတယ္။ တိုက္ပြဲေတြျဖစ္ေနတယ္။ ဒီေလာက္ပဲ က်ေနာ္တို႔က ေတြ႕ေနရတယ္။ ရခိုင္ေတြ ျပည္ပထြက္ၿပီးလုပ္ေနတာ ရခိုင္ျပည္နယ္မွာ အေျခခ်ၿပီးလုပ္ႏိုင္မယ့္ အလုပ္အကိုင္အခြင့္အလမ္း မရွိလို႔ပါ”

ဦးထြန္းၾကည္တို႔အသင္းဟာ ေက်ာက္ျဖဴ အထူးစီပြားေရးဇုန္ တည္ေဆာက္ၿပီးေနာက္ပိုင္း ျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးဆက္ေတြကို ေလ့လာၿပီး အစီရင္ခံစာေတြ ထုတ္ျပန္ေနတဲ့အဖြဲ႕ပါ။

သမၼတရဲ႕ ဒီေန႔ သဝဏ္လႊာထဲမွာ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္ရွိတဲ့အနက္ ၁၆ ၿမိဳ႕နယ္ကို ႏိုင္ငံေတာ္ဓာတ္အားစနစ္ကေန လွ်ပ္စစ္ေပးႏိုင္ခဲ့ၿပီးျဖစ္ၿပီး က်န္ရွိေနတဲ့ မာန္ေအာင္ၿမိဳ႕နယ္မွာ လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္ ဆိုလာ၊ ဒီဇယ္နဲ႔ စြမ္းအင္သိုေလွာင္မႈစနစ္ ဓာတ္အားေပးစက္႐ုံ တည္ေဆာက္ေရးစီမံကိန္းကို အေကာင္အထည္ ေဖာ္ေနၿပီလို႔ ေျပာထားပါတယ္။

အဲဒီစီမံကိန္း ပထမအပိုင္းကေန ဒီလထဲ ၿမိဳ႕ေပၚ ရပ္ကြက္ ငါးခုနဲ႔ ေက်း႐ြာ သုံး႐ြာကို မီးေပးႏိုင္ေတာ့မယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္-စစ္ေတြ ကားလမ္းမေပၚ၊ ေျမပုံ-မင္းျပား လမ္းမေပၚနဲ႔ မင္းဘူး-အမ္း- စစ္ေတြ လမ္းမေပၚေတြမွာ တံတားေတြ တည္ေဆာက္တာနဲ႔ အဆင့္ျမႇင့္တင္တာေတြ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ဒါေတြဟာ အစိုးရက ဝန္ေဆာင္မႈေပးရမယ့္ အေျခခံကိစၥရပ္ေတြျဖစ္တယ္လို႔ ေဒသဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ဆိုပါတယ္။ လက္ေတြ႕ေျမျပင္မွာေတာ့ ဒီလိုေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ကိစၥေတြမွာ လိုအပ္ခ်က္ေတြ ရွိတယ္ဆိုတာကို ကိုယ္စားလွယ္တစ္ဦးအေနနဲ႔ တင္ျပတာေတာင္ မရရွိခဲ့တဲ့ အေျခအေနရွိတယ္လို႔ ရခိုင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတ္ာ ကိုယ္စားလွယ္ ေဒၚထုေမက ေျပာပါတယ္။

“တကယ္တမ္းလက္ေတြ႕ က်မရဲ႕ မဲဆႏၵနယ္ကို အေျခခံၿပီးေျပာမယ္ဆိုရင္ ေက်ာက္နီေမာ္ လမ္းတပိုင္း ၂၅ မိုင္ေက်ာ္ရွိတဲ့အထဲမွာ အဲဒီေက်ာက္နီေမာ္လမ္းပိုင္းက တစ္ႏွစ္ကို တစ္မိုင္ႏႈန္းေတာင္မွ ကတၱရာ ဒါမွမဟုတ္ ကြန္ကရစ္ မခင္းႏိုင္ဘူး။ ဒီ ၂၅ မိုင္လမ္းတစ္လမ္းကိုေတာင္မွ လႊတ္ေတာ္မွာ ေမးခြန္းေမးတဲ့အခါ လမ္းခင္းဖို႔ ၂၅ ႏွစ္ေစာင့္ရမလိုျဖစ္တယ္။ ဒီေတာ့ က်မ ၿမိဳ႕နယ္ထဲမွာ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လမ္းတစ္လမ္းေတာင္းတာေတာင္ ၂၅ ႏွစ္ၾကာဦးမွာျဖစ္ပါတယ္”

ေဒၚထုေမဟာ အမ္းနဲ႔ ရမ္းၿဗဲၿမိဳ႕ေတြကို ကိုယ္စားျပဳတဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ပါ။

လက္ရွိမွာေတာ့ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ အစိုးရ တပ္မေတာ္တို႔ရဲ႕ တစ္ႏွစ္ၾကာ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္တစ္သိန္းနီးပါး ရွိေနပါၿပီ။

ဒီဒုကၡသည္ေတြအေပၚ အစိုးရက ဥပကၡာျပဳလြန္းတယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“စစ္ပြဲေတြျဖစ္တာနဲ႔အတူ အခုဒုကၡသည္ သိန္းခ်ီရွိေနၿပီ။ ဒီမွာလည္း အစိုးရက ဥပကၡာျပဳလြန္းတယ္လို႔ က်ေနာ္တို႔ျမင္တယ္။ အကူအညီ အေထာက္ပံ့မေပးဘူး။ NGO ေတြ CSO ေတြ အလႉရွင္ေတြ သူ႔ဘာသူ ေထာက္ပံ့ဖို႔ႀကိဳးစားတာေတာင္ ခြင့္မျပဳတာေတြလည္းရွိတယ္။ ဒါဟာမျဖစ္သင့္ဘူးလို႔ က်ေနာ္တို႔ျမင္တယ္။ စစ္ေဘးစစ္ဒဏ္သင့္ေနတဲ့ ျပည္သူေတြကို ကုစားေပးဖို႔ အစိုးရမွာ တာဝန္ရွိပါတယ္”

ျမန္မာႏိုင္ငံမွာ ခ်င္းျပည္နယ္ၿပီးရင္ ဖြံ႕ၿဖိဳးမႈအနည္းဆုံး ျပည္နယ္ဟာ ရခိုင္ျပည္နယ္ပါ။ ဖြံ႕ၿဖိဳးမႈမရွိတဲ့ ဒီလိုျပည္နယ္ေတြအတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈျမန္ဆန္ေစဖို႔ ဗဟိုအစိုးရက ျပည္နယ္အစိုးရေတြထံ အာဏာခြဲေဝမႈ အျပည့္အဝေပးဖို႔ လိုအပ္တယ္လို႔ ေထာက္ျပၾကပါတယ္။

ဖြံ႕ၿဖိဳးမႈ နည္းပါးၿပီး နယ္ေျမတည္ၿငိမ္မႈမရွိလို႔ လူဦးေရတစ္သိန္းနီးပါး စစ္ေရွာင္ဘ၀ ေရာက္ေနတဲ့ ရခိုင္ျပည္နယ္အတြက္ ဦးစားေပးေဆာင္႐ြက္ရမယ့္ကိစၥဟာ တည္ၿငိမ္ေအးခ်မ္းမႈ ရွိဖို႔ျဖစ္ၿပီး အဲဒီကိစၥကို အစိုးရအေနနဲ႔ ထိထိေရာက္ေရာက္နဲ႔ အရင္ဆုံး အေကာင္အထည္ေဖာ္သင့္တယ္လို႔လည္း ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
စစ်ရှောင်တွေအရေး ထည့်သွင်းမဖော်ပြထားတဲ့ သမ္မတရဲ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် / Photo: Min Thein Aung/RFA

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို ကြိုးပမ်းနေသလို ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးဇုန်တွေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်နေတယ်လို့ ဒီနေ့ ကျရောက်တဲ့ ရခိုင်ပြည် နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီသဝဏ်လွှာမှာ ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေတယ်လို့ ပြောထားပေမယ့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေရပ်စဲရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က အကောင်အထည်ဖော် ဆောင်ရွက်ချက်တွေကို အကျယ်တဝင့် ပြောထားတာမရှိပါဘူး။

ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုတွေကိုသာ အဓိကထား ပြောထားပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကညင်ချောင်း စီးပွားရေးဇုန်စီမံကိန်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလို့ ပြောလို့ရလောက်အောင် ဒေသခံတွေအတွက် ထိရောက်တဲ့ အစီအမံနဲ့ ဆောင်ရွက်ထားတာ မရှိဘူးလို့ ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက ဦးထွန်းကြည်က ပြောပါတယ်။

“ကျောက်ဖြူ အထူးစီးပွားရေးဇုန်လိုဟာမျိုးတွေက ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ မဟုတ်ပါဘူး။ အစိုးရ ဖွံ့ဖြိုးရေးပဲဖြစ်တယ်။ ဒေသခံတွေ ဖွံ့ဖြိုးလာလောက်အောင်လည်း ဘာမှအစီအမံတွေရှိမနေဘူး။ နောက်တစ်ခုက ဒါလည်းလက်ရှိအချိန်မှာ စတင်အကောင်အထည်ဖော်နိုင်တဲ့ အဆင့်လည်း မရှိသေးဘူး။ ရခိုင်ပြည်မှာ ပကတိအခြေအနေ ဒီနေ့ ရခိုင်ပြည်နယ်မှာဖြစ်နေတာ လူတွေအများကြီး အသက်ခံနေရတယ်။ ဗုံးတွေကြဲနေတယ်။ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီလောက်ပဲ ကျနော်တို့က တွေ့နေရတယ်။ ရခိုင်တွေ ပြည်ပထွက်ပြီးလုပ်နေတာ ရခိုင်ပြည်နယ်မှာ အခြေချပြီးလုပ်နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်း မရှိလို့ပါ”

ဦးထွန်းကြည်တို့အသင်းဟာ ကျောက်ဖြူ အထူးစီပွားရေးဇုန် တည်ဆောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့အဖွဲ့ပါ။

သမ္မတရဲ့ ဒီနေ့ သဝဏ်လွှာထဲမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၆ မြို့နယ်ကို နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ပေးနိုင်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေတဲ့ မာန်အောင်မြို့နယ်မှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆိုလာ၊ ဒီဇယ်နဲ့ စွမ်းအင်သိုလှောင်မှုစနစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည် ဖော်နေပြီလို့ ပြောထားပါတယ်။

အဲဒီစီမံကိန်း ပထမအပိုင်းကနေ ဒီလထဲ မြို့ပေါ် ရပ်ကွက် ငါးခုနဲ့ ကျေးရွာ သုံးရွာကို မီးပေးနိုင်တော့မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်၊ မြေပုံ-မင်းပြား လမ်းမပေါ်နဲ့ မင်းဘူး-အမ်း- စစ်တွေ လမ်းမပေါ်တွေမှာ တံတားတွေ တည်ဆောက်တာနဲ့ အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါတွေဟာ အစိုးရက ဝန်ဆောင်မှုပေးရမယ့် အခြေခံကိစ္စရပ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။ လက်တွေ့မြေပြင်မှာတော့ ဒီလိုဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ လိုအပ်ချက်တွေ ရှိတယ်ဆိုတာကို ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တင်ပြတာတောင် မရရှိခဲ့တဲ့ အခြေအနေရှိတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တေ်ာ ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

“တကယ်တမ်းလက်တွေ့ ကျမရဲ့ မဲဆန္ဒနယ်ကို အခြေခံပြီးပြောမယ်ဆိုရင် ကျောက်နီမော် လမ်းတပိုင်း ၂၅ မိုင်ကျော်ရှိတဲ့အထဲမှာ အဲဒီကျောက်နီမော်လမ်းပိုင်းက တစ်နှစ်ကို တစ်မိုင်နှုန်းတောင်မှ ကတ္တရာ ဒါမှမဟုတ် ကွန်ကရစ် မခင်းနိုင်ဘူး။ ဒီ ၂၅ မိုင်လမ်းတစ်လမ်းကိုတောင်မှ လွှတ်တော်မှာ မေးခွန်းမေးတဲ့အခါ လမ်းခင်းဖို့ ၂၅ နှစ်စောင့်ရမလိုဖြစ်တယ်။ ဒီတော့ ကျမ မြို့နယ်ထဲမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းတစ်လမ်းတောင်းတာတောင် ၂၅ နှစ်ကြာဦးမှာဖြစ်ပါတယ်”

ဒေါ်ထုမေဟာ အမ်းနဲ့ ရမ်းဗြဲမြို့တွေကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရ တပ်မတော်တို့ရဲ့ တစ်နှစ်ကြာ တိုက်ပွဲတွေကြောင့် စစ်ရှောင်တစ်သိန်းနီးပါး ရှိနေပါပြီ။

ဒီဒုက္ခသည်တွေအပေါ် အစိုးရက ဥပက္ခာပြုလွန်းတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“စစ်ပွဲတွေဖြစ်တာနဲ့အတူ အခုဒုက္ခသည် သိန်းချီရှိနေပြီ။ ဒီမှာလည်း အစိုးရက ဥပက္ခာပြုလွန်းတယ်လို့ ကျနော်တို့မြင်တယ်။ အကူအညီ အထောက်ပံ့မပေးဘူး။ NGO တွေ CSO တွေ အလှူရှင်တွေ သူ့ဘာသူ ထောက်ပံ့ဖို့ကြိုးစားတာတောင် ခွင့်မပြုတာတွေလည်းရှိတယ်။ ဒါဟာမဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ ပြည်သူတွေကို ကုစားပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်”

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဟာ ရခိုင်ပြည်နယ်ပါ။ ဖွံ့ဖြိုးမှုမရှိတဲ့ ဒီလိုပြည်နယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်စေဖို့ ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေထံ အာဏာခွဲဝေမှု အပြည့်အဝပေးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

ဖွံ့ဖြိုးမှု နည်းပါးပြီး နယ်မြေတည်ငြိမ်မှုမရှိလို့ လူဦးရေတစ်သိန်းနီးပါး စစ်ရှောင်ဘ၀ ရောက်နေတဲ့ ရခိုင်ပြည်နယ်အတွက် ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စဟာ တည်ငြိမ်အေးချမ်းမှု ရှိဖို့ဖြစ်ပြီး အဲဒီကိစ္စကို အစိုးရအနေနဲ့ ထိထိရောက်ရောက်နဲ့ အရင်ဆုံး အကောင်အထည်ဖော်သင့်တယ်လို့လည်း ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
စစ္ေရွာင္ေတြအေရး ထည့္သြင္းမေဖာ္ျပထားတဲ့ သမၼတရဲ႕ ရခိုင္ျပည္နယ္ေန႔ သဝဏ္လႊာ စစ္ေရွာင္ေတြအေရး ထည့္သြင္းမေဖာ္ျပထားတဲ့ သမၼတရဲ႕ ရခိုင္ျပည္နယ္ေန႔ သဝဏ္လႊာ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.