ကခ်င္႐ိုးရာ မေနာပြဲကိုေဖေဖာ္ဝါရီမွာျပန္က်င္းပမယ္

လာမယ့္ေဖဖဝါရီလထဲမွာ ျပန္လည္က်င္းပဖိုရွိ
(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္ေန႔မွာ ပြဲေတာ္အမည္ကို ကခ်င္ဘာသာနဲ႔ ေရးသားတဲ့ေနရာမွာ အျငင္းပြား မႈရွိေန တာေၾကာင့္ မေနာပြဲထည့္သြင္းက်င္းပဖို႔အစီအစဥ္ကို ဖ်က္သိမ္းလိုက္ ေပမယ့္ လာမယ့္ေဖဖဝါရီလထဲမွာ ျပန္လည္ က်င္းပဖိုရွိတယ္လို႔ မေနာပြဲေတာ္ေကာ္မတီျဖစ္ေျမာက္ေရးဥကၠ႒ ဦးတန္ဂြန္း ဘီဘီစီကိုေျပာပါတယ္။

ေဖေဖာ္ဝါရီလမွာ မေနာပြဲေတာ္ကိုပြဲနာမည္နဲ႔ က်င္းပမယ့္ရက္ကိုျပန္လည္သတ္မွတ္ခဲ့ၿပီး အဲဒီပြဲကိုခြင့္ျပဳမိန႔္ရဖို႔ ဝန္ႀကီးခ်ဳပ္ကို တင္ျပထားတယ္လို႔ သိရပါတယ္။

လာမယ့္ဇန္နဝါရီလ ၁၀ ရက္မွာက်ေရာက္မယ့္ ၇၂ ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔နဲ႔ ႐ိုးရာမေနာပြဲေတာ္ က်င္းပေရးအစီအစဥ္ေတြကို ျပင္ဆင္ထားၿပီးျဖစ္ေပမယ့္ ပြဲေတာ္နဖူးစည္းစာတန္းမွာ ကခ်င္ဘာသာနဲ႔ ေရးသားရာမွာ လူမ်ိဳးစုတာဝန္ရွိသူေတြအၾကားမွာ သေဘာထားကြဲလြဲၿပီး ကခ်င္ျပည္နယ္အစိုးရက ကခ်င္ျပည္နယ္ေန႔မွာ မေနာပြဲမက်င္းပဖို႔ ဆုံးျဖတ္ခဲ့ တာပါ။

ဒါေၾကာင့္ ကခ်င္႐ိုးရာယဥ္ေက်းမႈ မေနာပြဲေတာ္နာမည္နဲ႔ မေနာပြဲကို ျမစ္ႀကီးနားၿမိဳ႕ရွိ မေနာကြင္းမွာ ႐ိုးရာပြဲေတာ္အျဖစ္ သပ္သပ္က်င္းပဖို႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ရက္သတ္မွတ္ထားတယ္လို႔ လည္း ဦးတန္ဂြန္းက ေျပာပါတယ္။

ဦးသိန္းစိန္လည္း မေနာပြဲ ကိုတက္ေရာက္ ခဲ့

၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၁၀ ရက္မွာ ကခ်င္ျပည္နယ္တည္ေထာင္ခဲ့တဲ့အထိမ္းအမွတ္အျဖစ္ ႏွစ္စဥ္ ကခ်င္ ျပည္နယ္ေန႔ နဲ႔ မေနာပြဲကို ျမစ္ႀကီးနားၿမိဳ႕ကမေနာကြင္းမွာ က်င္းပေလ့ရွိၿပီး မေနာအကအလွေတြနဲ႔ မေနာ ပြဲေတာ္ကိုထည့္သြင္းေလ့ရွိပါတယ္။

အရင္ပြဲေတြကေန ၂၀၁၇ ခုႏွစ္အထိ ပြဲေတာ္အမည္မွာ ဂ်ိန္းေဖာ ကခ်င္ျပည္နယ္ေန႔ လို႔ ကခ်င္ဘာသာနဲ႔ ေရးသားေဖာ္ျပခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္မွာေတာ့ ဂ်ိန္းေဖာ စာသားမထည့္ဘဲ ကခ်င္လို႔ ေရးသားခဲ့တဲ့အတြက္ မေက်နပ္သူေတြက ဆိုင္းဘုတ္ကို မီးရႈိ႕ခဲ့ တဲ့ျဖစ္စဥ္ရွိခဲ့ပါတယ္။

"ဂ်ိန္းေဖာဆိုတာ ကခ်င္မ်ိဳးႏြယ္စုထဲက တစ္မ်ိဳးေပါ့။ အားလုံးကို သူက ကိုယ္စားမျပဳႏိုင္ဘူး။ ဂ်ိန္းေဖာ မ်ိဳးႏြယ္ပဲ ကိုယ္စားျပဳတာေပါ့။ က်န္တဲ့ကခ်င္ငါးမ်ိဳးကို ကိုယ္စားမျပဳႏိုင္ဘူးေပါ့။ ကြၽန္ေတာ္တို႔အခ်င္းခ်င္း မေပ်ာ္ၾကမွာစိုးရိမ္လို႔ပါ။ မႏွစ္က ပြဲမွာ စာတမ္းမီးရႈိ႕ခံရတာက ဂ်ိန္းေဖာပြဲလို႔မေရးလို႔ေပါ့။ အဲဒီမွာ ကြၽန္ေတာ္ တို႔ က ဝန္ႀကီးခ်ဳပ္ေတာင္းဆိုလို႔ ျပန္ေရးေပးလိုက္ပါတယ္" ကခ်င္႐ိုးရာယဥ္ေက်းမႈအသင္းအတြင္းေရးမႉး ဦးဖရယ္ေခါလုတ္က ဘီဘီစီကို ေျပာပါတယ္။

ဟိုးအရင္က အေျခအေန နဲ႔ အခု အေျခအေနေတြ ကြာလာေတာ့ က်န္တဲ့မ်ိဳးႏြယ္စုေတြကလည္းေထာက္ျပၾကေတာ့ ကြၽန္ေတာ္တို႔ၾကားထဲ အျငင္းပြားမႈေတြျဖစ္ခဲ့တာပါလို႔လည္း ကခ်င္လူမ်ိဳးမ်ား ႐ိုးရာယဥ္ေက်းမႈအသင္း အတြင္းေရးမႉးျဖစ္သူ ဦးေခါလုတ္ ကေျပာပါတယ္၊

ကခ်င္ျပည္နယ္ေန႔ႏွင့္အတူ တစ္ခ်ိန္တည္း က်င္းပေလ့ရွိ

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပီးခဲ့တဲ့ (၇၁)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားကို တက္ေရာက္ခဲ့သလို သမၼတေဟာင္း ဦးသိန္းစိန္လည္း မေနာပြဲ ကိုတက္ေရာက္ ခဲ့တဲ့ အစဥ္လာေတြ ရွိပါတယ္။

ကခ်င္မ်ိဳးႏြယ္စု မွာ ဂ်ိန္းေဖာ၊ လခ်ိတ္၊ လေဝၚ၊ ဇိုင္ဝါး၊ ရဝမ္၊ လီဆူး စတဲ့ မ်ိဳးႏြယ္စု ေျခာက္ခုရွိၿပီး ယင္းမ်ိဳးႏြယ္စု အားလုံးပါဝင္ တဲ့ မေနာပြဲကို ျမစ္ႀကီးနားၿမိဳ႕ စီတာပူ မေနာကြင္း မွာ ဇန္နဝါရီ ၁၀ ရက္ မွာက်ေရာက္တဲ့ ကခ်င္ျပည္နယ္ေန႔ႏွင့္အတူ တစ္ခ်ိန္တည္း က်င္းပေလ့ရွိပါတယ္။

ေဖဖဝါရီလထဲမွာ မေနာပြဲေတာ္ ပြဲမိန႔္တင္တဲ့ထဲမွာေတာ မ်ိဳးႏြယ္စု ၆ ခုကိုယ္စားလွယ္နဲ႔ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳး ႐ိုးရာယဥ္ေက်းမႈအသင္းတို႔က လက္မွတ္ထိုးၿပီးတင္ျပခဲ့တာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကချင်ရိုးရာ မနောပွဲကိုဖေဖော်ဝါရီမှာပြန်ကျင်းပမယ်

ဓာတ်ပုံ မူပိုင် MOI
Image caption လာမယ့်ဖေဖဝါရီလထဲမှာ ပြန်လည်ကျင်းပဖိုရှိ

ကချင်ပြည်နယ်နေ့မှာ ပွဲတော်အမည်ကို ကချင်ဘာသာနဲ့ ရေးသားတဲ့နေရာမှာ အငြင်းပွား မှုရှိနေ တာကြောင့် မနောပွဲထည့်သွင်းကျင်းပဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက် ပေမယ့် လာမယ့်ဖေဖဝါရီလထဲမှာ ပြန်လည် ကျင်းပဖိုရှိတယ်လို့ မနောပွဲတော်ကော်မတီဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးတန်ဂွန်း ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီလမှာ မနောပွဲတော်ကိုပွဲနာမည်နဲ့ ကျင်းပမယ့်ရက်ကိုပြန်လည်သတ်မှတ်ခဲ့ပြီး အဲဒီပွဲကိုခွင့်ပြုမိန့်ရဖို့ ဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ သိရပါတယ်။

လာမယ့်ဇန်နဝါရီလ ၁၀ ရက်မှာကျရောက်မယ့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့နဲ့ ရိုးရာမနောပွဲတော် ကျင်းပရေးအစီအစဉ်တွေကို ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ပွဲတော်နဖူးစည်းစာတန်းမှာ ကချင်ဘာသာနဲ့ ရေးသားရာမှာ လူမျိုးစုတာဝန်ရှိသူတွေအကြားမှာ သဘောထားကွဲလွဲပြီး ကချင်ပြည်နယ်အစိုးရက ကချင်ပြည်နယ်နေ့မှာ မနောပွဲမကျင်းပဖို့ ဆုံးဖြတ်ခဲ့ တာပါ။

ဒါကြောင့် ကချင်ရိုးရာယဉ်ကျေးမှု မနောပွဲတော်နာမည်နဲ့ မနောပွဲကို မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ ရိုးရာပွဲတော်အဖြစ် သပ်သပ်ကျင်းပဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရက်သတ်မှတ်ထားတယ်လို့ လည်း ဦးတန်ဂွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MOI
Image caption ဦးသိန်းစိန်လည်း မနောပွဲ ကိုတက်ရောက် ခဲ့

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ ကချင်ပြည်နယ်တည်ထောင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကချင် ပြည်နယ်နေ့ နဲ့ မနောပွဲကို မြစ်ကြီးနားမြို့ကမနောကွင်းမှာ ကျင်းပလေ့ရှိပြီး မနောအကအလှတွေနဲ့ မနော ပွဲတော်ကိုထည့်သွင်းလေ့ရှိပါတယ်။

အရင်ပွဲတွေကနေ ၂၀၁၇ ခုနှစ်အထိ ပွဲတော်အမည်မှာ ဂျိန်းဖော ကချင်ပြည်နယ်နေ့ လို့ ကချင်ဘာသာနဲ့ ရေးသားဖော်ပြခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဂျိန်းဖော စာသားမထည့်ဘဲ ကချင်လို့ ရေးသားခဲ့တဲ့အတွက် မကျေနပ်သူတွေက ဆိုင်းဘုတ်ကို မီးရှို့ခဲ့ တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

"ဂျိန်းဖောဆိုတာ ကချင်မျိုးနွယ်စုထဲက တစ်မျိုးပေါ့။ အားလုံးကို သူက ကိုယ်စားမပြုနိုင်ဘူး။ ဂျိန်းဖော မျိုးနွယ်ပဲ ကိုယ်စားပြုတာပေါ့။ ကျန်တဲ့ကချင်ငါးမျိုးကို ကိုယ်စားမပြုနိုင်ဘူးပေါ့။ ကျွန်တော်တို့အချင်းချင်း မပျော်ကြမှာစိုးရိမ်လို့ပါ။ မနှစ်က ပွဲမှာ စာတမ်းမီးရှို့ခံရတာက ဂျိန်းဖောပွဲလို့မရေးလို့ပေါ့။ အဲဒီမှာ ကျွန်တော် တို့ က ဝန်ကြီးချုပ်တောင်းဆိုလို့ ပြန်ရေးပေးလိုက်ပါတယ်" ကချင်ရိုးရာယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးဖရယ်ခေါလုတ်က ဘီဘီစီကို ပြောပါတယ်။

ဟိုးအရင်က အခြေအနေ နဲ့ အခု အခြေအနေတွေ ကွာလာတော့ ကျန်တဲ့မျိုးနွယ်စုတွေကလည်းထောက်ပြကြတော့ ကျွန်တော်တို့ကြားထဲ အငြင်းပွားမှုတွေဖြစ်ခဲ့တာပါလို့လည်း ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူးဖြစ်သူ ဦးခေါလုတ် ကပြောပါတယ်၊
ဓာတ်ပုံ မူပိုင် MyitKyinar News Journal
Image caption ကချင်ပြည်နယ်နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပလေ့ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်လည်း မနောပွဲ ကိုတက်ရောက် ခဲ့တဲ့ အစဉ်လာတွေ ရှိပါတယ်။

ကချင်မျိုးနွယ်စု မှာ ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူး စတဲ့ မျိုးနွယ်စု ခြောက်ခုရှိပြီး ယင်းမျိုးနွယ်စု အားလုံးပါဝင် တဲ့ မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း မှာ ဇန်နဝါရီ ၁၀ ရက် မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပလေ့ရှိပါတယ်။

ဖေဖဝါရီလထဲမှာ မနောပွဲတော် ပွဲမိန့်တင်တဲ့ထဲမှာတော မျိုးနွယ်စု ၆ ခုကိုယ်စားလှယ်နဲ့မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းတို့က လက်မှတ်ထိုးပြီးတင်ပြခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကခ်င္႐ိုးရာ မေနာပြဲကိုေဖေဖာ္ဝါရီမွာျပန္က်င္းပမယ္ ကခ်င္႐ိုးရာ မေနာပြဲကိုေဖေဖာ္ဝါရီမွာျပန္က်င္းပမယ္ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.