ျခင္ကိုက္ခံရရင္ ဒီနည္းေလးေတြလုပ္ၾကည့္ပါ

(Zawgyi)⤵⤵⤵
ေနရာတကာမွာ ေရွာင္မရေအာင္ ႀကဳံေတြ႕ေနရတာ ျခင္အႏၲရာယ္ပါ။ ဘယ္လိုေရွာင္ေရွာင္ ျခင္ကိုေတာ့ ေရွာင္ဖို႔ ခက္တယ္ေနာ္။ ညဘက္မ်ားဆို ေတာ္ေတာ္ေလးကို ဆိုးပါတယ္။ ျခင္ကိုက္တဲ့အခါ အေရျပားေပၚမွာ က်န္ေနခဲ့တဲ့ အဖုေတြက ယားယံတဲ့အျပင္ ၾကည့္ရတာလည္း အရမ္း႐ုပ္ဆိုးပါတယ္။ ဒီေဆာင္းပါးေလးထဲမွာ ျခင္ကိုက္ဖုေတြျဖစ္ရင္ ဘယ္လိုလုပ္ရမလဲဆိုတာကို ေျပာျပေပးပါရေစ။

ျခင္ကိုက္ဖုေတြျဖစ္ခဲ့ရင္

ျခင္အပါအဝင္ အင္းဆက္ကိုက္ခံရတဲ့အခါ အေရျပားေပၚမွာ ယားဖုေသးေသးေလးေတြျဖစ္လာၿပီး တစ္ခါတေလ အရည္ၾကည္ဖုေလးေတြေတာင္ ျဖစ္လာပါတယ္။ အခ်ိဳ႕ယားဖုေတြက နာရီပိုင္းအတြင္းမွာ ေပ်ာက္ကင္းသက္သာသြားတတ္ေပမယ့္ လူတစ္ေယာက္ခ်င္းစီရဲ႕ တုံ႔ျပန္ပုံခ်င္းကေတာ့ မတူပါဘူး။ တကယ္လို႔အသားအေရက တုံ႔ျပန္လြယ္တဲ့အသားအေရ ပိုင္ရွင္ျဖစ္မယ္ဆိုရင္ အေရျပားမွာ ယားဖုျဖစ္တာက ရက္ေတာ္ေတာ္ေလးၾကာတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

ျခင္ကိုက္ဖုေတြက စိတ္ညစ္စရာေကာင္းသလို အေရျပားယားယံမႈကို ျဖစ္ေစပါေသးတယ္။ အခန္႔မသင့္ရင္ အေရျပားမွာ ၾကည့္ရဆိုးတဲ့ အမာ႐ြတ္တ ြေေနာင္က်န္ရစ္ခဲ့ေစႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အလွပ်က္ေစမဲ့ျခင္နဲ႔အင္းဆက္ ကိုက္ဖုေလးေတြမျဖစ္ေအာင္ သူတို႔ကိုႀကိဳတင္ ကာကြယ္ထားရပါမယ္။

ျခင္ေဆးထြန္းမယ္ -ျခင္ကိုက္မခံရေအာင္ကာကြယ္လို႔ရတဲ့ နည္းလမ္းတစ္ခုက ျခင္ေဆးထြန္းထား တာပါ။ ဒါေၾကာင့္ သင့္မိသားစုကို ျခင္အႏၲရာယ္မွ ထိေရာက္စြာကာကြယ္ေပးဖို႔ အရည္အေသြး အျပည့္အဝရွိတဲ့ အမွတ္တံဆိပ္ေတြကို သုံးရင္းကာကြယ္ႏိုင္ပါတယ္။

ျခင္ဖ်န္းစပေရးအသုံးျပဳမယ္ -ေနအိမ္မွာ ကေလးငယ္ေလးေတြ ရွိလို႔ျဖစ္ျဖစ္၊ ေလေအးေပးစက္ တပ္ထားလို႔ျဖစ္ျဖစ္ ျခင္ေဆးေခြ သုံးဖို႔အဆင္မေျပသူေတြအတြက္ ျခင္ဖ်န္း စပေရးကို အသုံးျပဳေပးလို႔ ရပါတယ္။

ဘယ္လိုသက္သာေအာင္လုပ္မလဲ

ျခင္ကိုက္တာနဲ႔ အျခားအင္းဆက္ေတြ ကိုက္တာေၾကာင့္ျဖစ္တဲ့ ယားဖုေတြျဖစ္လာခဲ့ရင္ အရင္ဆုံးလိုက္နာရမယ့္ အခ်က္က ယားဖုေတြကို မကုတ္ဖို႔ပါ။ ယားဖုေတြကိုကုတ္တဲ့အခါ ပိုဆိုးလာႏိုင္သလို ေရာဂါပိုးကူးစက္တာေတြျဖစ္ႏိုင္ပါတယ္။

(၁) သြားတိုက္ေဆး

သြားတိုက္ေဆးမွာ ပူရွိန္းပါဝင္တာေၾကာင့္ အေရျပားမွာျဖစ္တဲ့ ယားယံမႈေတြကိုေလ်ာ့ပါး သက္သာေစႏိုင္ပါတယ္။ သြားတိုက္ေဆးရဲ႕ ေနာက္ထပ္အာနိသင္ေတြက ေသြးတိတ္ေစတာနဲ႔ အေရျပားေရာင္ရမ္းနာက်င္ တာေတြကို ေလ်ာ့ပါးသက္သာေစတာပါ။ ဒါေၾကာင့္ျခင္ကိုက္ခံရတဲ့ အခါျခင္ကိုက္ဖုေလး အေပၚကု သြားတိုက္ေဆးခပ္ပါးပါးေလး လိမ္းလိုက္ပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္ေလာက္ လိမ္းေပးလို႔ရပါတယ္။

(၂) ပ်ားရည္

ပ်ားရည္က အေသးစားေရာဂါေတြအတြက္ သဘာဝေဆးတစ္မ်ိဳးပါ။ ပ်ားရည္မွာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ေရာဂါပိုးကူးစက္ခံရတာကို ကာကြယ္ေပးႏိုင္သလို နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစႏိုင္ၿပီး အနာက်က္ေစႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ျခင္ကိုက္ခံရတာေၾကာင့္ျဖစ္တဲ့ ယားဖုေတြကိုျမန္ျမန္သက္သာ ေစႏိုင္တာပါ။ ျခင္ကိုက္ဖုေတြျဖစ္တဲ့အခါ ယားဖုေပၚမွာ ပ်ားရည္ခပ္ပါးပါးေလးလူးေပးလိုက္ပါ။

(၃) သံပ႐ိုသီး

ျခင္ကိုက္ဖုေတြအတြက္ သက္သာေစတဲ့ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ ေနအိမ္မွာေတြမွာ အလြယ္တကူ ရရွိႏိုင္တဲ့ သံပ႐ိုသီးပါ။ သံပ႐ိုသီးမွာ အက္ဆစ္ဓာတ္ပါဝင္ေနၿပီး ျခင္ကိုက္တာေၾကာင့္ျဖစ္တဲ့ နာက်င္ေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ေနာက္ထပ္ တစ္ခ်က္က ျခင္ကိုက္ဖုရဲ႕ ယားယံမႈကိုပါ သက္သာေစတာပါ။ ဒါေၾကာင့္ျခင္ကိုက္ခံရၿပီး အေရျပားမွာ အဖုအပိမ့္ေတြျဖစ္မယ္ဆိုရင္ သံပ႐ိုသီးကို ထက္ျခမ္းျခမ္းလိုက္ၿပီး ျခင္ကိုက္ဖုေပၚကို သံပ႐ိုျခမ္းနဲ႔ ပြတ္တိုက္လိုက္ၿပီး ၅ မိနစ္ကေန ၁၀ မိနစ္အထိထားလိုက္ပါ။ ျခင္ကိုက္ခံရၿပီးၿပီးခ်င္းလုပ္ေလ ထိေရာက္မႈပိုမ်ားေလေလပါ။

(၄)ေရခဲ

ေအးျမမႈနဲ႔ေရခဲတို႔က အေရျပားေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ အေအးဓာတ္က အေရျပားကို ထုံသြားေစၿပီး ခဏေလာက္ေတာ့ သက္သာမႈရေစပါတယ္။ ဒါေၾကာင့္ျခင္ကိုက္ခံရတဲ့အခါ အေရျပားယားယံမႈကို သက္သာေစဖို႔အတြက္ ေရခဲအိတ္ကပ္ေပးတာ ဒါမွမဟုတ္ ေရခဲေရနဲ႔ ျပန္ေဆးခ်တာမ်ိဳးလုပ္လိုက္ပါ။ ေရခဲကပ္တဲ့အခါ ၅ မိနစ္ထက္ပိုမကပ္ပါနဲ႔။ အေရျပားထိခိုက္ ပ်က္စီးႏိုင္တာေၾကာင့္ပါ။ ေရခဲကပ္တဲ့အခါမွာလည္း အေရျပားကိုတိုက္႐ိုက္ကပ္တာမ်ိဳး မလုပ္သင့္ပါဘူး။ အဝတ္စသန္႔သန္႔ေလးတစ္ခုနဲ႔ ေရခဲေတြကို ထုပ္ၿပီးကပ္ေပးပါ။

(၅) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္က အေရျပားအတြက္ေကာင္းတယ္ဆိုတာ အေထြအထူးေတာင္ေျပာစရာမလိုပါဘူး။ ရွားေစာင္းလက္ပပ္ရဲ႕ အတြင္းသားက နာက်င္ေရာင္ရမ္းမႈကိုေလ်ာ့ပါး သက္သာေစႏိုင္ပါတယ္။ ေနာက္တစ္ခုက အနာက်က္ေစႏိုင္ၿပီးေရာဂါ ကူးစက္ခံရႏိုင္ေျခက်ဆင္းေစတာပါ။ ျခင္နဲ႔ အင္းဆက္ကိုက္တာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ျခင္ကိုက္ခံရတဲ့အခါ ရွားေစာင္းလက္ပပ္အတြင္းသားကို မထူမပါးေလး လွီးၿပီး ျခင္ကိုက္ဖုေပၚမွာ ပြတ္တိုက္လိုက္ပါ။ ေျခာက္တဲ့အထိထားလိုက္႐ုံပါ။ သက္သာလာပါလိမ့္မယ္။ေျခာက္သြားတိုင္းထပ္လူးေပးလို႔ရပါတယ္။

(၆) မုန္႔ဖုတ္ဆိုဒါ

မီးဖိုေခ်ာင္ထဲက ေဆးတစ္မ်ိဳးပါ။ မုန္႔ဖုတ္ဆိုဒါကို အေရျပားျပႆနာ ေတာ္ေတာ္မ်ားမ်ားအတြက္ အသုံးျပဳလို႔ရပါတယ္။ မုန္႔ဖုတ္ဆိုဒါက ျခင္ကိုက္တာေၾကာင့္ျဖစ္တဲ့ ယားယံမႈကိုလည္း သက္သာေစပါတယ္။ ျခင္ကိုက္ခံရတဲ့အခါ မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာကို ေရနဲ႔ခပ္ပ်စ္ပ်စ္ေလး ေဖ်ာ္ၿပီးျခင္ကိုက္ဖုေပၚမွာ လူးေပးပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားၿပီး ေရနဲ႔ေဆးခ်ေပးလိုက္ပါ။

ျခင္ကိုက္ခံရတဲ့အခါ ယားဖုေတြေၾကာင့္ စိတ္ညစ္ခံမေနပါနဲ႔။ အခုေျပာခဲ့တဲ့နည္းလမ္းေလးေတြ အတိုင္းလုပ္ၾကည့္ၿပီး ျခင္ကိုက္ဖုေတြကို သက္သာေအာင္ လုပ္ၾကည့္ၾကဖို႔ တိုက္တြန္းပါရေစ။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

နေရာတကာမှာ ရှောင်မရအောင် ကြုံတွေ့နေရတာ ခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ ရှောင်ဖို့ ခက်တယ်နော်။ ညဘက်များဆို တော်တော်လေးကို ဆိုးပါတယ်။ ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင် ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ခြင်ကိုက်ဖုတွေဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါရစေ။

ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင်

ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင် ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာ ပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေ ပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိ ဖြစ်နိုင်ပါတယ်။

ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကို ဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တ ွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့် အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။

ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုက ခြင်ဆေးထွန်းထား တာပါ။ ဒါကြောင့် သင့်မိသားစုကို ခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့ အရည်အသွေး အပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကို သုံးရင်းကာကွယ်နိုင်ပါတယ်။

ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေ ရှိလို့ဖြစ်ဖြစ်၊ လေအေးပေးစက် တပ်ထားလို့ဖြစ်ဖြစ် ခြင်ဆေးခွေ သုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကို အသုံးပြုပေးလို့ ရပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ခြင်ကိုက်တာနဲ့ အခြားအင်းဆက်တွေ ကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ ပိုဆိုးလာနိုင်သလို ရောဂါပိုးကူးစက်တာတွေဖြစ်နိုင်ပါတယ်။

(၁) သွားတိုက်ဆေး

သွားတိုက်ဆေးမှာ ပူရှိန်းပါဝင်တာကြောင့် အရေပြားမှာဖြစ်တဲ့ ယားယံမှုတွေကိုလျော့ပါး သက်သာစေနိုင်ပါတယ်။ သွားတိုက်ဆေးရဲ့ နောက်ထပ်အာနိသင်တွေက သွေးတိတ်စေတာနဲ့ အရေပြားရောင်ရမ်းနာကျင် တာတွေကို လျော့ပါးသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့ အခါခြင်ကိုက်ဖုလေး အပေါ်ကု သွားတိုက်ဆေးခပ်ပါးပါးလေး လိမ်းလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက် လိမ်းပေးလို့ရပါတယ်။

(၂) ပျားရည်

ပျားရည်က အသေးစားရောဂါတွေအတွက် သဘာဝဆေးတစ်မျိုးပါ။ ပျားရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောဂါပိုးကူးစက်ခံရတာကို ကာကွယ်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။ နောက်တစ်ချက်က ခြင်ကိုက်ခံရတာကြောင့်ဖြစ်တဲ့ ယားဖုတွေကိုမြန်မြန်သက်သာ စေနိုင်တာပါ။ ခြင်ကိုက်ဖုတွေဖြစ်တဲ့အခါ ယားဖုပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။

(၃) သံပရိုသီး

ခြင်ကိုက်ဖုတွေအတွက် သက်သာစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ နေအိမ်မှာတွေမှာ အလွယ်တကူ ရရှိနိုင်တဲ့ သံပရိုသီးပါ။ သံပရိုသီးမှာ အက်ဆစ်ဓာတ်ပါဝင်နေပြီး ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နောက်ထပ် တစ်ချက်က ခြင်ကိုက်ဖုရဲ့ ယားယံမှုကိုပါ သက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရပြီး အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်ဆိုရင် သံပရိုသီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ခြင်ကိုက်ဖုပေါ်ကို သံပရိုခြမ်းနဲ့ ပွတ်တိုက်လိုက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်အထိထားလိုက်ပါ။ ခြင်ကိုက်ခံရပြီးပြီးချင်းလုပ်လေ ထိရောက်မှုပိုများလေလေပါ။

(၄)ရေခဲ

အေးမြမှုနဲ့ရေခဲတို့က အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အအေးဓာတ်က အရေပြားကို ထုံသွားစေပြီး ခဏလောက်တော့ သက်သာမှုရစေပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ အရေပြားယားယံမှုကို သက်သာစေဖို့အတွက် ရေခဲအိတ်ကပ်ပေးတာ ဒါမှမဟုတ် ရေခဲရေနဲ့ ပြန်ဆေးချတာမျိုးလုပ်လိုက်ပါ။ ရေခဲကပ်တဲ့အခါ ၅ မိနစ်ထက်ပိုမကပ်ပါနဲ့။ အရေပြားထိခိုက် ပျက်စီးနိုင်တာကြောင့်ပါ။ ရေခဲကပ်တဲ့အခါမှာလည်း အရေပြားကိုတိုက်ရိုက်ကပ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ ရေခဲတွေကို ထုပ်ပြီးကပ်ပေးပါ။

(၅) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က အရေပြားအတွက်ကောင်းတယ်ဆိုတာ အထွေအထူးတောင်ပြောစရာမလိုပါဘူး။ ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားက နာကျင်ရောင်ရမ်းမှုကိုလျော့ပါး သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုက အနာကျက်စေနိုင်ပြီးရောဂါ ကူးစက်ခံရနိုင်ခြေကျဆင်းစေတာပါ။ ခြင်နဲ့ အင်းဆက်ကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ရှားစောင်းလက်ပပ်အတွင်းသားကို မထူမပါးလေး လှီးပြီး ခြင်ကိုက်ဖုပေါ်မှာ ပွတ်တိုက်လိုက်ပါ။ ခြောက်တဲ့အထိထားလိုက်ရုံပါ။ သက်သာလာပါလိမ့်မယ်။ခြောက်သွားတိုင်းထပ်လူးပေးလို့ရပါတယ်။

(၆) မုန့်ဖုတ်ဆိုဒါ

မီးဖိုချောင်ထဲက ဆေးတစ်မျိုးပါ။ မုန့်ဖုတ်ဆိုဒါကို အရေပြားပြဿနာ တော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါက ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ ယားယံမှုကိုလည်း သက်သာစေပါတယ်။ ခြင်ကိုက်ခံရတဲ့အခါ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနဲ့ခပ်ပျစ်ပျစ်လေး ဖျော်ပြီးခြင်ကိုက်ဖုပေါ်မှာ လူးပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနဲ့ဆေးချပေးလိုက်ပါ။

ခြင်ကိုက်ခံရတဲ့အခါ ယားဖုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေ အတိုင်းလုပ်ကြည့်ပြီး ခြင်ကိုက်ဖုတွေကို သက်သာအောင် လုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ျခင္ကိုက္ခံရရင္ ဒီနည္းေလးေတြလုပ္ၾကည့္ပါ ျခင္ကိုက္ခံရရင္ ဒီနည္းေလးေတြလုပ္ၾကည့္ပါ Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.