ထိုင္းႏုိင္ငံ အနိမ့္ဆံုးလုပ္အားခ ထပ္တိုး

ျမန္မာႏိုင္ငံမွ ေရြ႕ေျပာင္းအလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းႏုိင္ငံမွာ အလုပ္သမားတဦးရဲ႕ အနိမ့္ဆံုး တေန႔လုပ္အားခကို ၃၁၀ ဘတ္ကေန ၃၃၆ ဘတ္အထိ တိုးေပးဖို႔ ထိုင္းအလုပ္သမားဝန္ႀကီးဌာနက ဆံုးျဖတ္လိုက္ပါတယ္။ လုပ္ငန္းအမ်ဳိးအစားအလိုက္ အဆင့္ ၁၀ ဆင့္ ခြဲထားၿပီး ခၽြန္ဘူရီနဲ႔ ဖူးခက္ခ႐ိုင္ေတြမွာေတာ့ အခုတိုးေပးတဲ့ လုပ္အားခအတိုင္း ရၾကမွာျဖစ္ပါတယ္။ ဒါေပမယ့္ တာ့ခ္ခ႐ိုင္တြင္းမွာေတာ့ လက္ရွိ အနိမ့္ဆံုးလုပ္အားခကိုေတာင္ မရၾကဘူးလို႔ အလုပ္သမားအေရး လုပ္ေဆာင္သူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံတြင္းမွာ အေျခခံ အလုပ္သမားတဦးရဲ ့တေန႔ လုပ္အားခကုိ ဘတ္ေငြ ၃၃၆ ဘတ္အထိ တုိးျမွင့္ေပးဖို႔ ဆံုးျဖတ္လိုက္ေၾကာင္းထိုင္းအလုပ္သမားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထုိင္းအလုပ္သမား၀န္ႀကီးဌာန ဘက္ကေျပာေရးဆိုခြင့္ရွိသူ ႏိုင္ဆူတီိဆူကုိဆိုလ္္ ကေတာ့ထိုင္းဘာသာနဲ႔ အခု လိုေျပာဆုိသြားပါတယ္။

“အလုပ္သမားေတြရဲ ့လုပ္အားခ တိုးေပးဖို႕ ဆံုးျဖတ္လိုက္တာဟာ အာရွႏိုင္ငံေတြရဲ ့ စံခ်ိန္စံညြန္းနဲ႔ အညီရရွိေအာင္ လုပ္အားခ တုိးေပးလိုက္တာျဖစ္တယ္” လို႔ ေျပာဆုိသြားတာပါ။

လုပ္ငန္း အမ်ိဳးအစားလိုက္ Level ၁၀ခုခဲြၿပီး တေန႔ လုပ္အားခကို တိုးျမွင့္ေပးသြားမွာ ျဖစ္တယ္လို႔ လည္း ဆုိပါတယ္။ လုပ္အားခ အမ်ားဆံုးရတဲ့ ခရိုင္ေတြက က ေတာ့ခၽြန္ဘူရီနဲ႔ ဖူးခက္ျဖစ္ျပီး တေန႔ ၃၃၆ ဘတ္ထိ ရမွာျဖစ္ျပီး ထိုင္းေတာင္ပုိင္းခရိုင္ ေတြျဖစ္တဲ့ နာရာသီ၀ ဖထပ္နီ စတဲ့ေနရာေတြမွာ အႏွိမ့္ဆံုးလုပ္အားခ ဟာ ၃၁၃ ဘတ္ ထိေတာ့ရရွိမွာျဖစ္ပါတယ္ က်န္တဲ့ ခရိုင္အမ်ားစုကိုေတာ့ ၃၃၆ထိတုိးေပးထားပါတယ္။ ဒီဆံုးျဖတ္ခ်က္ကို ထိုင္းလႊတ္ေတာ္ကအတည္ျပဳမယ္ဆိုရင္ေတာ့၂၀၂၀ ဇန္န၀ါရီလ ကေန စတင္ အသက္၀င္မွာျဖစ္ပါတယ္။

တာ့ခရိုင္မဲေဆာက္ၿမိဳ ့အေျခစိုက္ေရာင္ျခည္ဦးအလုပ္သမားအဖဲြ ့က ရံုးတာ၀န္ခံဦးမုိးေက်ာ္ကေတာ့ တာ့ခရိုင္ထဲမွာေတာ့ ဥပေဒပါလုပ္အားခေပးတဲ့စက္ရံုေတြ နည္းပါးေၾကာင္း အခုလိုေျပာပါတယ္။

“ မဲေဆာက္ေဒသတြင္းမွာ ရွိတဲ့ လုပ္ငန္းခြင္အသီးသီးမွာ လုပ္ေနၾကတဲ့အလုပ္သမား အမ်ားစုကေတာ့ ထုိင္းအစိုးရ အလုပ္သမား ၀န္ႀကီးဌာနက ျပဌာန္းထားတဲ့ ၃၁၀ဘတ္ကုိရတဲ့ အလုပ္သမားဦးေရက နည္းေနပါေသးတယ္။ အခု ေနာက္ထပ္ ထပ္တိုးမဲ့ ၃၁၀အျပင္ ထပ္တုိးမယ့္အေျခအေနကလည္း ေရႊ႕ေျပာင္းအလုပ္သမားေတြ အတြက္ အခြင့္အလန္းေကာင္းဆုိေပမဲ့လည္း ေဒသတြင္းမွာရွိတဲ့ စက္ရံု လုပ္ငန္းရွင္ေတြ အေနနဲ႔ ရင္းႏွီးျမဳပ္ႏွံေနတဲ့ သူေတြအေနနဲ႔ ဒီဥပေဒအတိုင္း လုိက္ပါေဆာင္ရြက္မူရွိ ၊ မရွိဆုိတာက ေစာင့္ၾကည့္ရအုန္းမွာျဖစ္ပါတယ္။”

ထုိင္း- ျမန္မာနယ္စပ္ျဖစ္တဲ့ တာ့ခရိုင္မွာေတာ ့ ျမန္မာေရႊေျပာင္းအလုပ္သမား ၅သိန္းထက္မနည္းရွိေနတာပါ။ ထိုင္းႏို္င္ငံ မွာ၂၀၁၉ခုႏွစ္အတြင္းမွာစက္ရံုေတြ ပိတ္လို ့အလုပ္သမားတခ်ိဳ ့ဟာ ေနရပ္ျပန္ရတဲ့ အေျခအေနရွိေနသလို ထိုင္းႏိုင္ငံမွာ အလုပ္အကိုင္အခြင့္အလန္းေတြ ရရွိမလားဆုိတဲ့ေမ်ွာ္မွန္းးခ်က္ ေတြနဲ႔ ထုိင္းႏို္င္ငံထဲကုိ ေန႔စဥ္၀င္ေရာက္ေနၾကသူေတြလည္း အမ်ားအျပား ရွိေနဆဲျဖစ္ပါတယ္။

.................

ထိုင်းနိုင်ငံ အနိမ့်ဆုံးလုပ်အားခ ထပ်တိုး

(Unicode)

ထိုင်းနိုင်ငံမှာ အလုပ်သမားတဦးရဲ့ အနိမ့်ဆုံး တနေ့လုပ်အားခကို ၃၁၀ ဘတ်ကနေ ၃၃၆ ဘတ်အထိ တိုးပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် အဆင့် ၁၀ ဆင့် ခွဲထားပြီး ချွန်ဘူရီနဲ့ ဖူးခက်ခရိုင်တွေမှာတော့ အခုတိုးပေးတဲ့ လုပ်အားခအတိုင်း ရကြမှာဖြစ်ပါတယ်။ ဒါပေမယ့် တာ့ခ်ခရိုင်တွင်းမှာတော့ လက်ရှိ အနိမ့်ဆုံးလုပ်အားခကိုတောင် မရကြဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ အခြေခံ အလုပ်သမားတဦးရဲ့တနေ့ လုပ်အားခကို ဘတ်ငွေ ၃၃၆ ဘတ်အထိ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်းထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ဘက်ကပြောရေးဆိုခွင့်ရှိသူ နိုင်ဆူတီဆူကိုဆိုလ် ကတော့ထိုင်းဘာသာနဲ့ အခု လိုပြောဆိုသွားပါတယ်။

“အလုပ်သမားတွေရဲ့လုပ်အားခ တိုးပေးဖို့ ဆုံးဖြတ်လိုက်တာဟာ အာရှနိုင်ငံတွေရဲ့ စံချိန်စံညွန်းနဲ့ အညီရရှိအောင် လုပ်အားခ တိုးပေးလိုက်တာဖြစ်တယ်” လို့ ပြောဆိုသွားတာပါ။

လုပ်ငန်း အမျိုးအစားလိုက် Level ၁၀ခုခွဲပြီး တနေ့ လုပ်အားခကို တိုးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ လုပ်အားခ အများဆုံးရတဲ့ ခရိုင်တွေက က တော့ချွန်ဘူရီနဲ့ ဖူးခက်ဖြစ်ပြီး တနေ့ ၃၃၆ ဘတ်ထိ ရမှာဖြစ်ပြီး ထိုင်းတောင်ပိုင်းခရိုင် တွေဖြစ်တဲ့ နာရာသီ၀ ဖထပ်နီ စတဲ့နေရာတွေမှာ အနှိမ့်ဆုံးလုပ်အားခ ဟာ ၃၁၃ ဘတ် ထိတော့ရရှိမှာဖြစ်ပါတယ် ကျန်တဲ့ ခရိုင်အများစုကိုတော့ ၃၃၆ထိတိုးပေးထားပါတယ်။ ဒီဆုံးဖြတ်ချက်ကို ထိုင်းလွှတ်တော်ကအတည်ပြုမယ်ဆိုရင်တော့၂၀၂၀ ဇန်နဝါရီလ ကနေ စတင် အသက်ဝင်မှာဖြစ်ပါတယ်။

တာ့ခရိုင်မဲဆောက်မြို့အခြေစိုက်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ရုံးတာဝန်ခံဦးမိုးကျော်ကတော့ တာ့ခရိုင်ထဲမှာတော့ ဥပဒေပါလုပ်အားခပေးတဲ့စက်ရုံတွေ နည်းပါးကြောင်း အခုလိုပြောပါတယ်။

“ မဲဆောက်ဒေသတွင်းမှာ ရှိတဲ့ လုပ်ငန်းခွင်အသီးသီးမှာ လုပ်နေကြတဲ့အလုပ်သမား အများစုကတော့ ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ ၃၁၀ဘတ်ကိုရတဲ့ အလုပ်သမားဦးရေက နည်းနေပါသေးတယ်။ အခု နောက်ထပ် ထပ်တိုးမဲ့ ၃၁၀အပြင် ထပ်တိုးမယ့်အခြေအနေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အခွင့်အလန်းကောင်းဆိုပေမဲ့လည်း ဒေသတွင်းမှာရှိတဲ့ စက်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ ရင်းနှီးမြုပ်နှံနေတဲ့ သူတွေအနေနဲ့ ဒီဥပဒေအတိုင်း လိုက်ပါဆောင်ရွက်မူရှိ ၊ မရှိဆိုတာက စောင့်ကြည့်ရအုန်းမှာဖြစ်ပါတယ်။”

ထိုင်း- မြန်မာနယ်စပ်ဖြစ်တဲ့ တာ့ခရိုင်မှာတော့ မြန်မာရွှေပြောင်းအလုပ်သမား ၅သိန်းထက်မနည်းရှိနေတာပါ။ ထိုင်းနိုင်ငံ မှာ၂၀၁၉ခုနှစ်အတွင်းမှာစက်ရုံတွေ ပိတ်လို့အလုပ်သမားတချို့ဟာ နေရပ်ပြန်ရတဲ့ အခြေအနေရှိနေသလို ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလန်းတွေ ရရှိမလားဆိုတဲ့မျှော်မှန်းးချက် တွေနဲ့ ထိုင်းနိုင်ငံထဲကို နေ့စဉ်ဝင်ရောက်နေကြသူတွေလည်း အများအပြား ရှိနေဆဲဖြစ်ပါတယ်။

ေအးေအးမာ/ VOA Burmese
https://burmese.voanews.com
ထိုင္းႏုိင္ငံ အနိမ့္ဆံုးလုပ္အားခ ထပ္တိုး ထိုင္းႏုိင္ငံ အနိမ့္ဆံုးလုပ္အားခ ထပ္တိုး Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.