တမူးၿမိဳ႕ အမ်ိဳးသားလႊတ္ေတာ္အမတ္အိမ္ လက္ပစ္ဗုးံပစ္သြင္းခံရ

(Zawgyi)⤵⤵⤵
တမူး၊ဒီဇင္ဘာ-၃

အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕ ေဈးတန္း ၂ ရပ္ကြက္ ၊မာဃလမ္း ရွိ အမ်ဳးိသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ေနအိမ္ သို႔ ယေန႔ည ၇ နာရီ ခန႔္က လူႏွစ္ဦးမွ လက္ပစ္ဗုးံပစ္သြင္း၍ ထြက္ေျပးသြားေၾကာင္း ေဒသခံမ်ား ကေျပာသည္။

"ဒုးံခနဲ႔ အသံၾကားလို႔ အိမ္က လူေတြ ထြက္ၾကည့္ေတာ့ ဆိုင္ကယ္နဲ႔ လူႏွစ္ေယာက္ေမာင္းေျပးသြားတာလို႔သိရတယ္၊ ဗုးံက မကြဲေတာ့ဘယ္သူမွေတာ့ထိခိုက္မႈမရွိဘူး၊တပ္က လာသိမ္းသြားတယ္" ဟု တမူးၿမိဳ႕ မွ စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ဦးျမင့္ႏိုင္ ဦးက ေျပာသည္။

လက္ပစ္ဗုးံမွာ အိမ္ၿခံစည္း႐ိုး ႏွင့္အနည္းငယ္အကြာတြင္ ေတြ႕ရၿပီး ၎အနီးတြင္ ကလစ္တံကို သိမ္းဆည္းရမိခဲ့ေၾကာင္း တမူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေျပာသည္။

ဦးေမာင္ေမာင္လတ္ မွာ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးတက္ေရာက္ခ်ိန္ျဖစ္၍ ေနအိမ္တြင္ ရွိမေနဘဲ ၎၏ မိခင္ႏွင့္ ညီမ ျဖစ္သူတို႔သာ ရွိေၾကာင္း သိရသည္။

ၿခံဝန္းအတြင္းမွ ေတြ႕ရေသာ လက္ပစ္ဗုးံအား နယ္ေျမခံတပ္မွ သိမ္းဆည္းခဲ့သည္။

Monywa Gazette
https://www.facebook.com/monywagazette
---------------
(Unicode)⤵⤵⤵
တမူးမြို့ အမျိုးသားလွှတ်တော်အမတ်အိမ် လက်ပစ်ဗုးံပစ်သွင်းခံရ
=============================================

တမူး၊ဒီဇင်ဘာ-၃

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ဈေးတန်း ၂ ရပ်ကွက် ၊မာဃလမ်း ရှိ အမျုးိသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်နေအိမ် သို့ ယနေ့ည ၇ နာရီ ခန့်က လူနှစ်ဦးမှ လက်ပစ်ဗုးံပစ်သွင်း၍ ထွက်ပြေးသွားကြောင်း ဒေသခံများ ကပြောသည်။

"ဒုးံခနဲ့ အသံကြားလို့ အိမ်က လူတွေ ထွက်ကြည့်တော့ ဆိုင်ကယ်နဲ့ လူနှစ်ယောက်မောင်းပြေးသွားတာလို့သိရတယ်၊ ဗုးံက မကွဲတော့ဘယ်သူမှတော့ထိခိုက်မှုမရှိဘူး၊တပ်က လာသိမ်းသွားတယ်" ဟု တမူးမြို့ မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမြင့်နိုင် ဦးက ပြောသည်။

လက်ပစ်ဗုးံမှာ အိမ်ခြံစည်းရိုး နှင့်အနည်းငယ်အကွာတွင် တွေ့ရပြီး ၎င်းအနီးတွင် ကလစ်တံကို သိမ်းဆည်းရမိခဲ့ကြောင်း တမူးမြို့နယ်ရဲတပ်ဖွဲ့ကပြောသည်။

ဦးမောင်မောင်လတ် မှာ အမျိုးသားလွှတ်တော်အစည်းအဝေးတက်ရောက်ချိန်ဖြစ်၍ နေအိမ်တွင် ရှိမနေဘဲ ၎င်း၏ မိခင်နှင့် ညီမ ဖြစ်သူတို့သာ ရှိကြောင်း သိရသည်။

ခြံဝန်းအတွင်းမှ တွေ့ရသော လက်ပစ်ဗုးံအား နယ်မြေခံတပ်မှ သိမ်းဆည်းခဲ့သည်။

Monywa Gazette
https://www.facebook.com/monywagazette
တမူးၿမိဳ႕ အမ်ိဳးသားလႊတ္ေတာ္အမတ္အိမ္ လက္ပစ္ဗုးံပစ္သြင္းခံရ တမူးၿမိဳ႕ အမ်ိဳးသားလႊတ္ေတာ္အမတ္အိမ္ လက္ပစ္ဗုးံပစ္သြင္းခံရ Reviewed by THITHTOOLWIN on 05:21 Rating: 5
Powered by Blogger.