ပစ္ခတ္မႈျဖစ္လို႔ မင္းျပားၿမိဳ႕နယ္ စိတၱရ႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
မင္းျပား၊ ဒီဇင္ဘာ ၁၂-၂၀၁၉

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္းက စိတၱရေက်း႐ြာမွာ ၿပီးခဲ့တဲ့ ၁၁ ရက္ေန႔ည ၁၁ နာရီခြဲေလာက္မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းနဲ႔ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ေဒၚျဖဴျဖဴဝင္းတို႔ ေသဆုံးသြားခဲ့တယ္လို႔ ေက်း႐ြာသားတစ္ဦးကေျပာပါတယ္။

မေန႔ကည ၁၁ နာရီေလာက္မွာ စိတၱရေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုဝင္ေရာက္လာၿပီး အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းရဲ႕ေနအိမ္ကိုဝင္လာကာ အုပ္ခ်ဳပ္ေရးမႉးကိုေခၚေၾကာင္း အဲ့ဒီအခ်ိန္မွာ အုပ္ခ်ဳပ္ေရးမႉးက အိမ္ေနာက္ဘက္မွာ ဖုန္းေျပာေနရာကေန ထူးတဲ့အခ်ိန္မွာ ပစ္ခတ္လိုက္တာျဖစ္တယ္လို႔ ေက်း႐ြာသားကေျပာပါတယ္။

“မေန႔ညက ၁၁ နာရီခြဲ ေလာက္မွာ စစ္ေၾကာင္းကဝင္လာတယ္။ အုပ္ခ်ဳပ္ေရးမႉးအိမ္ကိုရွာၿပီးသြားတယ္။ အုပ္ခ်ဳပ္ေရးမႉးဖုန္းေျပာေနတဲ့အခ်ိန္မွာ ရမ္းသန္းၿပီးပစ္ခတ္တယ္။ လူေတြကိုလည္းဖမ္းသြားတယ္။ အမ်ိဳးသမီးတစ္ဦးလည္း ေသတယ္။”လို႔ ေက်း႐ြာသားတစ္ဦးကေျပာပါတယ္။

အဲ့ဒီစစ္ေၾကာင္းဟာ ခလရ ၃၇၉ ကစစ္ေၾကာင္းျဖစ္ၿပီး ေက်း႐ြာအတြင္းက ႐ြာသား ၇ ဦးကိုလည္း ဖမ္းဆီးသြားခဲ့တယ္လို႔ အဲ့ဒီေက်း႐ြာသားကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိေသးပါဘူး။

“အုပ္ခ်ဳပ္ေရးမႉးက အဲ့ဒီမွာေသဆုံးသြားတယ္။ ဒါေပမယ့္ သူ႔မွာ က်ည္ထိတဲ့ဒဏ္ရာမရွိဘူး။ ေသနတ္ေပါင္နဲ႔ ထု႐ိုက္သြားခဲ့ၾကတာပါ။ ဦးေခါင္းမွာဒဏ္ရာေတြရွိတယ္။ နား႐ြက္ႏွစ္ဖက္စလုံးမွာ ဒဏ္ရာေတြနဲ႔ေသဆုံးသြားတာပါ။”လို႔ မိသားစုဝင္တစ္ဦးကေျပာပါတယ္။

အဲ့ဒီေသဆုံးသူေတြရဲ႕အေလာင္းေတြကို မင္းျပားၿမိဳ႕ေဆး႐ုံႀကီးကိုပို႔ေဆာင္ေပးရမွာျဖစ္ေပမယ့္ သြားလာေရးအဆင္မေျပတာေၾကာင့္ ပို႔ေဆာင္ဖို႔ အခက္အခဲရွိေနတယ္လို႔ ေဆြမ်ိဳးေတြကေျပာပါတယ္။

ဒီကေန႔မနက္ပိုင္းမွာလည္း အဲ့ဒီစိတၱရေက်း႐ြာနဲ႔ အနီးဝန္းက်င္ေနရာတစ္ခုမွာ ပစ္ခတ္သံေတြကိုၾကားေနရၿပီး လက္နက္ႀကီးပစ္ခတ္မႈေတြလည္းရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ခိုင္လင္းစံ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)⤵⤵⤵
ပစ်ခတ်မှုဖြစ်လို့ မင်းပြားမြို့နယ် စိတ္တရရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

မင်းပြား၊ ဒီဇင်ဘာ ၁၂-၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက စိတ္တရကျေးရွာမှာ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ည ၁၁ နာရီခွဲလောက်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူဝင်းတို့ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

မနေ့ကည ၁၁ နာရီလောက်မှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့နေအိမ်ကိုဝင်လာကာ အုပ်ချုပ်ရေးမှူးကိုခေါ်ကြောင်း အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးက အိမ်နောက်ဘက်မှာ ဖုန်းပြောနေရာကနေ ထူးတဲ့အချိန်မှာ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ကျေးရွာသားကပြောပါတယ်။

“မနေ့ညက ၁၁ နာရီခွဲ လောက်မှာ စစ်ကြောင်းကဝင်လာတယ်။ အုပ်ချုပ်ရေးမှူးအိမ်ကိုရှာပြီးသွားတယ်။ အုပ်ချုပ်ရေးမှူးဖုန်းပြောနေတဲ့အချိန်မှာ ရမ်းသန်းပြီးပစ်ခတ်တယ်။ လူတွေကိုလည်းဖမ်းသွားတယ်။ အမျိုးသမီးတစ်ဦးလည်း သေတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ခလရ ၃၇၉ ကစစ်ကြောင်းဖြစ်ပြီး ကျေးရွာအတွင်းက ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ အဲ့ဒီကျေးရွာသားကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

“အုပ်ချုပ်ရေးမှူးက အဲ့ဒီမှာသေဆုံးသွားတယ်။ ဒါပေမယ့် သူ့မှာ ကျည်ထိတဲ့ဒဏ်ရာမရှိဘူး။ သေနတ်ပေါင်နဲ့ ထုရိုက်သွားခဲ့ကြတာပါ။ ဦးခေါင်းမှာဒဏ်ရာတွေရှိတယ်။ နားရွက်နှစ်ဖက်စလုံးမှာ ဒဏ်ရာတွေနဲ့သေဆုံးသွားတာပါ။”လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

အဲ့ဒီသေဆုံးသူတွေရဲ့အလောင်းတွေကို မင်းပြားမြို့ဆေးရုံကြီးကိုပို့ဆောင်ပေးရမှာဖြစ်ပေမယ့် သွားလာရေးအဆင်မပြေတာကြောင့် ပို့ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆွေမျိုးတွေကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း အဲ့ဒီစိတ္တရကျေးရွာနဲ့ အနီးဝန်းကျင်နေရာတစ်ခုမှာ ပစ်ခတ်သံတွေကိုကြားနေရပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခိုင်လင်းစံ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ပစ္ခတ္မႈျဖစ္လို႔ မင္းျပားၿမိဳ႕နယ္ စိတၱရ႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆုံး ပစ္ခတ္မႈျဖစ္လို႔ မင္းျပားၿမိဳ႕နယ္ စိတၱရ႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.