တပ္မေတာ္က သိမ္းယူထားတဲ့ မြန္ျပည္သစ္ပါတီ စခန္းကိုျပန္ေပး

မြန္ျပည္သစ္ပါတီက တပ္ဖြဲ႕ဝင္ေတြ စစ္ေရးျပေနတာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တပ္မေတာ္က သိမ္းယူထားတဲ့ မြန္ျပည္သစ္ပါတီထိန္းခ်ဳပ္တဲ့ ဂ်ပန္ေရတြင္းစခန္းကို ျပန္လည္ေပးအပ္ခဲ့မယ့္ အဲ့ဒီစခန္းနဲ႔ ကိုက္ ၃၀၀ အကြာက ဟသၤာတိုင္ဂိတ္မွာ ဆက္လက္ေနရာယူထားတယ္လို႔ မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ ႏိုင္ေအာင္မေငးက ေျပာပါတယ္။

တပ္မေတာ္နဲ႔ မြန္ျပည္သစ္ပါတီ တပ္ေတြ နီးနီးကပ္ကပ္ ရွိေနတာေၾကာင့္ ေဒသခံ စစ္ေဘးဒုကၡသည္ေတြဟာ သူတို႔ေက်း႐ြာကို အားလုံးမျပန္ရဲေသးၾကဘူးလို႔ ကူညီေဆာင္႐ြက္ေပးသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္ ဂ်ပန္ေရတြင္းေက်း႐ြာနားမွာ တပ္မေတာ္နဲ႔ မြန္ျပည္သစ္ ပါတီတို႔ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီး မြန္ျပည္သစ္ပါတီစခန္းကို တပ္မေတာ္က သိမ္းယူခဲ့ပါတယ္။

ဒီလိုသိမ္းယူခဲ့တဲ့ ဂ်ပန္ေရတြင္းက မြန္ျပည္သစ္ပါတီစခန္းကို တပ္မေတာ္က ျပန္ေပးခဲ့ေပမယ့္ အဲစခန္းနဲ႔ ကိုက္ ၃၀၀ အကြာမွာ တပ္မေတာ္ဘက္က တပ္စြဲထားတယ္လို႔ မြန္ျပည္သစ္ပါတီဗဟိုေကာ္မတီဝင္ ႏိုင္ေအာင္မေငးက ေျပာပါတယ္။

“ အခုေလာေလာဆယ္ေတာ့ တပ္ကေနၿပီးေတာ့ ဟသၤာတိုင္စခန္းနားမွာရွိေနတုန္းဘဲ၊ အဲဒီနားက စခန္းတစ္ခု မွာလည္း ရွိေနတုန္းဘဲ၊ ႏွစ္ေနရာခြဲၿပီး ေနေနတယ္ေပါ့၊ ဒီလို႔လက္နက္ကိုင္ႏွစ္ဖြဲ႕ဟာ ကိုက္ ၃၀၀အကြာ မွာ နီးနီးကပ္ကပ္ရွိေနေတာ့ စိုးရိမ္စရာေပါ့ေနာ္ အကုန္လုံးေတာ့ မေျပာႏိုင္ေသးဘူး၊ အခုထိေတာ့ ဂ်ပန္ေရတြင္း ျပန္ေရာက္ကတည္းက ၿငိမ္သက္ေနတုန္းဘဲ”

မြန္ျပည္သစ္ပါတီနဲ႔ တပ္မေတာ္တို႔ ပစ္ခတ္မႈေတြေၾကာင့္ ဂ်ပန္ေရတြင္းအပါအဝင္ ေက်း႐ြာ ၃ ႐ြာေလာက္က စစ္ေဘးဒုကၡသည္ တစ္ေထာင္နီးပါးဟာ ထိုင္းႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ရပါတယ္။

မြန္ျပည္သစ္ပါတီက ဂ်ပန္ေရတြင္းကို ျပန္လည္ရယူၿပီး ေနာက္ေန႔မွာဘဲ ထိုင္းႏိုင္ငံဘက္က စစ္ေဘးဒုကၡသည္ စခန္းကို ပိတ္သိမ္းလိုက္ပါတယ္။

ဒါေပမယ့္ တပ္မေတာ္နဲ႔ မြန္ျပည္သစ္ပါတီ လက္နက္ကိုင္ႏွစ္ဖြဲ႕ဟာ ကိုက္ ၃၀၀ အကြာမွာ နီးနီးကပ္ကပ္ ရွိေနတာေၾကာင့္ တိုက္ပြဲေတြ ျပန္ျဖစ္မွာစိုးရိမ္ၿပီး ေဒသခံ႐ြာသား ထက္ဝက္ေက်ာ္ဟာ ေနအိမ္မျပန္ရဲၾကေသးဘဲ နယ္စပ္မွာဘဲ ရွိေနေသးတယ္လို႔ သူတို႔ကိုအကူညီေပးေနတဲ့ မြန္လူ႔အခြင့္ေရးေဖာင္ေဒးရွင္းအဖြဲ႕က ႏိုင္ကေဆာ့မြန္ကေျပာပါတယ္။

“မြန္တပ္ကေတာ့ သူတို႔အရင္ေနတဲ့ေနရာကို ျပန္ေရာက္သြားၿပီေပါ့ေနာ္၊ သူတို႔ေနတဲ့ေနရာနဲ႔ ကိုက္ ၃၀၀ ေလာက္အကြာမွာ စစ္တပ္ကလည္း တပ္ခ်တုန္းဘဲ၊ အင္အား၂၀ေလာက္နဲ႔ ခလရ ၂၈၃က အေျခခ်ထား တုန္းဘဲဆိုေတာ့ ႐ြာသားေတြက အားလုံးေတာ့မျပန္ရဲေသးဘူး၊ တပ္ႏွစ္ဘက္က ဒီလိုမ်ိဳး နီးနီးကပ္ကပ္ ျဖစ္ေနေတာ့ ႐ြာသားေတြေၾကာက္ေနတာ တိုက္ပြဲျပန္ျဖစ္မွာ သူတို႔စိုးရိမ္ေနတာ”

မြန္ျပည္သစ္ပါတီ ဂ်ပန္ေရတြင္းစခန္းနားမွာ တပ္မေတာ္က တပ္စြဲထားတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ေမာင္ေမာင္လတ္ကို ေမးျမန္းရာမွာေတာ့ NCA စာခ်ဳပ္ ထဲမွာပါတဲ့ ေနရာေတြကို ဒီဇင္ဘာလ ၃ ရက္ေန႔ထဲက ျပန္ေပးထားေၾကာင္း RFA ကို ဒီေန႔ ေျပာပါတယ္။

“က်ေနာ္တို႔က NCA စာခ်ဳပ္မွာပါတဲ့ေနရာေတြကို သူတို႔ေနရာသူတို႔ ျပန္ေပးထားတယ္ဗ်၊ NCA စာခ်ဳပ္မွာပါတဲ့ ဂ်ပန္ေရတြင္းက သူတို႔ ခြဲ႐ုံးစိုက္တဲ့ေနရာ ျဖစ္ပါတယ္ဗ်၊ ဟသၤာတိုင္က NCA စာခ်ဳပ္မွာ သူတို႔ေနရာ မဟုတ္ဘူးေလ”

မြန္ျပည္သစ္ပါတီဟာ တပ္မေတာ္နဲ႔ ၁၉၉၆ ခုႏွစ္ကတည္း အပစ္ရပ္ဖို႔သေဘာတူၿပီးေနာက္ပိုင္း တပ္မေတာ္နဲ႔ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ျခင္းမရွိဘဲ NCA လက္မွတ္ေရးထိုးၿပီး ပထမဆုံး ပစ္ခတ္မႈျဖစ္တာျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႔ အခုလိုေဆာင္႐ြက္ခ်က္ဟာ NCA စာခ်ဳပ္အေပၚ  တိုင္းရင္းသားေတြဘက္က ယုံၾကည္မႈ က်ဆင္းေစႏိုင္တယ္လို႔ မြန္အရပ္ဘက္အဖြဲ႕က မင္းေအာင္ထူးကေျပာပါတယ္။

“ၿငိမ္းခ်မ္းေရး လိုလားလို႔ျဖစ္ေစ၊ အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္ေစ၊ တိုင္းရင္းသားလက္နက္ကိုင္ ေတြကေတာ့ ျပႆနာမႀကီးၾကဘူးလို႔ က်ေနာ္ကေတာ့ ထင္တယ္၊ NCA ကေတာ့ လမ္းေၾကာင္းတစ္ခုရွိေနလို႔ အားလုံးကဝင္ပါေနရတာ၊ ဒါေပမဲ အေပၚမွာ တပ္ရဲ႕ ျပဳမႈပုံေတြက အားလုံးရဲ႕ ယုံၾကည္မႈကို တျဖည္းျဖည္း ပ်က္လာေစတယ္လို႔ က်ေနာ္ကေတာ့ အဲလို႔ျမင္တယ္”

အဲဒီေနရာဟာ ထိုင္း၊ ျမန္မာနယ္စပ္ ဘုရားသုံးဆူနားမွာရွိၿပီး  ႏွစ္ႏိုင္ငံနယ္ျခားမ်ဥ္း မသတ္မွတ္ရေသးတဲ့ ေနရာ တခ်ိဳ႕ က်န္ေနပါေသးတယ္။

အဲဒီေနရာကို တပ္မေတာ္ဘက္က လာခ်င္တယ္လို႔ ႏိုဝင္ဘာလ ၂၅ ရက္ေန႔က မြန္ျပည္သစ္ပါတီဆက္ဆံေရး႐ုံးကို အေၾကာင္းၾကားတဲ့အတြက္ မြန္ျပည္သစ္ပါတီ ဆက္ဆံေရး႐ုံး တာဝန္ခံက ဗဟိုေကာ္မတီကိုတင္ျပခဲ့ၿပီး တပ္ပုံစံနဲ႔ မဟုတ္ဘဲ အရပ္ဝတ္နဲ႔ သြားခြင့္ျပဳခဲ့တယ္လို႔ဆိုပါတယ္။

ဒါေပမဲ့ ၂၇ ရက္ေန႔မွာ  တပ္မေတာ္ဘက္က စစ္လက္နက္အျပည့္အစုံနဲ႔ ကရင္ျပည္နယ္ နယ္ျခားေစာင့္ BGF တပ္ဖြဲ႕ဝင္ေတြနဲ႔အတူ ေရာက္သြားတဲ့အတြက္ မြန္ျပည္သစ္ပါတီရဲ႕ တပ္ရင္း (၅) အဖြဲ႕ဝင္ေတြက စပစ္ၿပီး ႏွစ္ဖက္တိုက္ပြဲ ျဖစ္ခဲ့တာလို႔သိရပါတယ္။

ပစ္ခတ္မႈေတြျဖစ္ၿပီးေနာက္မွာ မြန္ျပည္သစ္ပါတီဘက္က စတင္ပစ္ခတ္ခဲ့တဲ့ ဂ်ပန္ေရတြင္း႐ြာ မြန္ျပည္သစ္ပါတီ ဂိတ္ကို တပ္မေတာ္က သိမ္းဆည္းခဲ့တာျဖစ္ပါတယ္။

ဒီကိစၥေတြကိုေျဖရွင္းဖို႔အတြက္ အရပ္သားကိုယ္စားလွယ္ေတြပါဝင္တဲ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရးေကာ္မတီ JMC(s) က ပဋိပကၡျဖစ္တဲ့ေနရာကို ဒီလအတြင္းသြားေရာက္စစ္ေဆးဖို႔ ျပင္ဆင္ ေနၿပီး ေတြ႕ရွိခ်က္ေတြကို NRPC နဲ႔ JMC(U)ကို တင္ျပသြားဖို႔ရွိတယ္လို႔ ႏိုင္ေအာင္မေငးက ေျပာပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်မတော်က သိမ်းယူထားတဲ့ မွန်ပြည်သစ်ပါတီ စခန်းကိုပြန်ပေး

မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတာကို တွေ့ရစဉ်
Photo: RFA

တပ်မတော်က သိမ်းယူထားတဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ဂျပန်ရေတွင်းစခန်းကို ပြန်လည်ပေးအပ်ခဲ့မယ့် အဲ့ဒီစခန်းနဲ့ ကိုက် ၃၀၀ အကွာက ဟင်္သာတိုင်ဂိတ်မှာ ဆက်လက်နေရာယူထားတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီ တပ်တွေ နီးနီးကပ်ကပ် ရှိနေတာကြောင့် ဒေသခံ စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ကျေးရွာကို အားလုံးမပြန်ရဲသေးကြဘူးလို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာနားမှာ တပ်မတော်နဲ့ မွန်ပြည်သစ် ပါတီတို့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မွန်ပြည်သစ်ပါတီစခန်းကို တပ်မတော်က သိမ်းယူခဲ့ပါတယ်။

ဒီလိုသိမ်းယူခဲ့တဲ့ ဂျပန်ရေတွင်းက မွန်ပြည်သစ်ပါတီစခန်းကို တပ်မတော်က ပြန်ပေးခဲ့ပေမယ့် အဲစခန်းနဲ့ ကိုက် ၃၀၀ အကွာမှာ တပ်မတော်ဘက်က တပ်စွဲထားတယ်လို့ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

“ အခုလောလောဆယ်တော့ တပ်ကနေပြီးတော့ ဟင်္သာတိုင်စခန်းနားမှာရှိနေတုန်းဘဲ၊ အဲဒီနားက စခန်းတစ်ခု မှာလည်း ရှိနေတုန်းဘဲ၊ နှစ်နေရာခွဲပြီး နေနေတယ်ပေါ့၊ ဒီလို့လက်နက်ကိုင်နှစ်ဖွဲ့ဟာ ကိုက် ၃၀၀အကွာ မှာ နီးနီးကပ်ကပ်ရှိနေတော့ စိုးရိမ်စရာပေါ့နော် အကုန်လုံးတော့ မပြောနိုင်သေးဘူး၊ အခုထိတော့ ဂျပန်ရေတွင်း ပြန်ရောက်ကတည်းက ငြိမ်သက်နေတုန်းဘဲ”

မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်တို့ ပစ်ခတ်မှုတွေကြောင့် ဂျပန်ရေတွင်းအပါအဝင် ကျေးရွာ ၃ ရွာလောက်က စစ်ဘေးဒုက္ခသည် တစ်ထောင်နီးပါးဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

မွန်ပြည်သစ်ပါတီက ဂျပန်ရေတွင်းကို ပြန်လည်ရယူပြီး နောက်နေ့မှာဘဲ ထိုင်းနိုင်ငံဘက်က စစ်ဘေးဒုက္ခသည် စခန်းကို ပိတ်သိမ်းလိုက်ပါတယ်။

ဒါပေမယ့် တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီ လက်နက်ကိုင်နှစ်ဖွဲ့ဟာ ကိုက် ၃၀၀ အကွာမှာ နီးနီးကပ်ကပ် ရှိနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်မှာစိုးရိမ်ပြီး ဒေသခံရွာသား ထက်ဝက်ကျော်ဟာ နေအိမ်မပြန်ရဲကြသေးဘဲ နယ်စပ်မှာဘဲ ရှိနေသေးတယ်လို့ သူတို့ကိုအကူညီပေးနေတဲ့ မွန်လူ့အခွင့်ရေးဖောင်ဒေးရှင်းအဖွဲ့က နိုင်ကဆော့မွန်ကပြောပါတယ်။

“မွန်တပ်ကတော့ သူတို့အရင်နေတဲ့နေရာကို ပြန်ရောက်သွားပြီပေါ့နော်၊ သူတို့နေတဲ့နေရာနဲ့ ကိုက် ၃၀၀ လောက်အကွာမှာ စစ်တပ်ကလည်း တပ်ချတုန်းဘဲ၊ အင်အား၂၀လောက်နဲ့ ခလရ ၂၈၃က အခြေချထား တုန်းဘဲဆိုတော့ ရွာသားတွေက အားလုံးတော့မပြန်ရဲသေးဘူး၊ တပ်နှစ်ဘက်က ဒီလိုမျိုး နီးနီးကပ်ကပ် ဖြစ်နေတော့ ရွာသားတွေကြောက်နေတာ တိုက်ပွဲပြန်ဖြစ်မှာ သူတို့စိုးရိမ်နေတာ”

မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်းစခန်းနားမှာ တပ်မတော်က တပ်စွဲထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်ကို မေးမြန်းရာမှာတော့ NCA စာချုပ် ထဲမှာပါတဲ့ နေရာတွေကို ဒီဇင်ဘာလ ၃ ရက်နေ့ထဲက ပြန်ပေးထားကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

“ကျနော်တို့က NCA စာချုပ်မှာပါတဲ့နေရာတွေကို သူတို့နေရာသူတို့ ပြန်ပေးထားတယ်ဗျ၊ NCA စာချုပ်မှာပါတဲ့ ဂျပန်ရေတွင်းက သူတို့ ခွဲရုံးစိုက်တဲ့နေရာ ဖြစ်ပါတယ်ဗျ၊ ဟင်္သာတိုင်က NCA စာချုပ်မှာ သူတို့နေရာ မဟုတ်ဘူးလေ”

မွန်ပြည်သစ်ပါတီဟာ တပ်မတော်နဲ့ ၁၉၉၆ ခုနှစ်ကတည်း အပစ်ရပ်ဖို့သဘောတူပြီးနောက်ပိုင်း တပ်မတော်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ NCA လက်မှတ်ရေးထိုးပြီး ပထမဆုံး ပစ်ခတ်မှုဖြစ်တာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အခုလိုဆောင်ရွက်ချက်ဟာ NCA စာချုပ်အပေါ်  တိုင်းရင်းသားတွေဘက်က ယုံကြည်မှု ကျဆင်းစေနိုင်တယ်လို့ မွန်အရပ်ဘက်အဖွဲ့က မင်းအောင်ထူးကပြောပါတယ်။

“ငြိမ်းချမ်းရေး လိုလားလို့ဖြစ်စေ၊ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေကတော့ ပြဿနာမကြီးကြဘူးလို့ ကျနော်ကတော့ ထင်တယ်၊ NCA ကတော့ လမ်းကြောင်းတစ်ခုရှိနေလို့ အားလုံးကဝင်ပါနေရတာ၊ ဒါပေမဲ အပေါ်မှာ တပ်ရဲ့ ပြုမှုပုံတွေက အားလုံးရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း ပျက်လာစေတယ်လို့ ကျနော်ကတော့ အဲလို့မြင်တယ်”

အဲဒီနေရာဟာ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူနားမှာရှိပြီး  နှစ်နိုင်ငံနယ်ခြားမျဉ်း မသတ်မှတ်ရသေးတဲ့ နေရာ တချို့ ကျန်နေပါသေးတယ်။

အဲဒီနေရာကို တပ်မတော်ဘက်က လာချင်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးကို အကြောင်းကြားတဲ့အတွက် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး တာဝန်ခံက ဗဟိုကော်မတီကိုတင်ပြခဲ့ပြီး တပ်ပုံစံနဲ့ မဟုတ်ဘဲ အရပ်ဝတ်နဲ့ သွားခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ၂၇ ရက်နေ့မှာ  တပ်မတော်ဘက်က စစ်လက်နက်အပြည့်အစုံနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်တွေနဲ့အတူ ရောက်သွားတဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ တပ်ရင်း (၅) အဖွဲ့ဝင်တွေက စပစ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာလို့သိရပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာ မွန်ပြည်သစ်ပါတီဘက်က စတင်ပစ်ခတ်ခဲ့တဲ့ ဂျပန်ရေတွင်းရွာ မွန်ပြည်သစ်ပါတီ ဂိတ်ကို တပ်မတော်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် အရပ်သားကိုယ်စားလှယ်တွေပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC(s) က ပဋိပက္ခဖြစ်တဲ့နေရာကို ဒီလအတွင်းသွားရောက်စစ်ဆေးဖို့ ပြင်ဆင် နေပြီး တွေ့ရှိချက်တွေကို NRPC နဲ့ JMC(U)ကို တင်ပြသွားဖို့ရှိတယ်လို့ နိုင်အောင်မငေးက ပြောပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org/burmese
တပ္မေတာ္က သိမ္းယူထားတဲ့ မြန္ျပည္သစ္ပါတီ စခန္းကိုျပန္ေပး တပ္မေတာ္က သိမ္းယူထားတဲ့ မြန္ျပည္သစ္ပါတီ စခန္းကိုျပန္ေပး Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.