![]() |
ျမန္မာႏိုင္ငံမွာ ေ႐ႊကို စုတဲ့ သူေတြက အတုံးလိုက္ ဝယ္ၾကတာပါ။ |
ဗဟိုဘဏ္က အသစ္ျပန္လည္ ေရးဆြဲထားတဲ့ ႏိုင္ငံျခား သုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒၾကမ္းမွာ ေ႐ႊနဲ႔ လက္ဝတ္ ရတနာမ်ား ေရာင္းဝယ္ျခင္း အတြက္ ဗဟိုဘဏ္ ခြင့္ျပဳခ်က္ရယူဖို႔ သတ္မွတ္ခ်က္ေတြ ထည့္သြင္းထားပါတယ္။
အဲဒီဥပေဒဟာ ျပည္ေထာင္စုလႊတ္ေတာ္ကိုေရာက္ေနၿပီးေတာ့ေဈးကြက္ထဲမွာေရာင္းဝယ္ေနၾကတဲ့ စံခ်ိန္မီေ႐ႊ ေ႐ႊအရည္ေသြး ၉၉.၅ ရွိတဲ့ ေ႐ႊတုံးမ်ိဳးေတြပိုင္ဆိုင္ျခင္းကို ဗဟိုဘဏ္ရဲ႕ ခြင့္ျပဳခ်က္ရယူ မယ္ဆိုၿပီးအဆိုပါ ဥပေဒၾကမ္းမွာ ထည့္ထားတာပါ။
အသစ္ျပန္စမယ့္လႊတ္ေတာ္ အစည္းေဝးေတြမွာဒီဥပေဒၾကမ္းကိုေဆြးေႏြးဖို႔လည္း ရွိေနပါတယ္။
ဒါေပမယ့္ ဥပေဒၾကမ္းအဆင့္ပဲရွိေသးတာျဖစ္သလို လုပ္ထုံးလုပ္နည္း နဲ႔နည္းဥပေဒေတြထြက္လာရင္လည္း ေျပာင္းလာႏိုင္တာေၾကာင့္ စံခ်ိန္မီေ႐ႊ အားလုံးမဟုတ္ဘဲ နဲ႔ ပမာဏ တစ္ခု သတ္မွတ္ေကာင္း သတ္မွတ္ႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ဥကၠ႒ ဦေက်ာ္ဝင္းကေျပာပါတယ္။
![]() |
အခုရက္ပိုင္း ေ႐ႊေစ်းတက္ |
စံခ်ိန္မီေ႐ႊကို ေ႐ႊသန႔္စင္မႈ ၉၉ ဒသမ ၅ ရာခိုင္ႏႈန္း နဲ႔ အထက္ရွိတဲ့ ေ႐ႊေခ်ာင္း၊ ေ႐ႊတုံးေတြ ျဖစ္ေၾကာင္း ဗဟိုဘဏ္ ဥပေဒၾကမ္း မွာ သတ္မွတ္ထားပါတယ္။
"စံခ်ိန္မီေ႐ႊ ကို ႏိုင္ငံျခားေငြလို႔ သတ္မွက္လိုက္တာပါ၊ အဲဒီလို သတ္မွက္လိုက္လို႔ ဗဟိုဘဏ္ ခြင့္ျပဳခ်က္လိုကို လို တယ္ျဖစ္တယ္ဆိုတဲ့သေဘာပါ"လို႔ ျမန္မာႏိုင္ငံ ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ဥကၠ႒ ဦေက်ာ္ဝင္းကေျပာပါတယ္။
အခုလက္ရွိမွာ ေတာ့ရန္ကုန္ၿမိဳ႕ေ႐ႊဘုံသာလမ္းနဲ႔ မႏၲေလးေ႐ႊလုပ္ငန္းရွင္ အသင္းတို႔မွာ စံခ်ိန္မွီ ေ႐ႊေတြကို ေန႔စဥ္ ပိသာနဲ႔ခ်ီၿပီးလြတ္လြတ္လပ္လပ္ေရာင္းဝယ္ေနၾကတာျဖစ္ပါတယ္။
စံခ်ိန္မီေ႐ႊကို ျပည္တြင္းမွာ ပမာဏအလိုက္ မခြဲျခားဖူးဆိုရင္ ေတာ့ ေ႐ႊကို ဝယ္ယူစုေဆာင္းတဲ့ သူေတြပါ ဗဟိုဘဏ္ကို ခြင့္ျပဳခ်က္ယူရ မယ့္သေဘာမ်ိဳးျဖစ္ေနပါတယ္လို႔ မႏၲေလးကေ႐ႊလုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။
![]() |
မူဆယ္နယ္စပ္ကကိုးေလးလုံးေ႐ႊေတြ ျမန္မာျပည္ထဲကို ဝင္လာေန |
ဒီ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒၾကမ္း မွာရွင္းရွင္းလင္းလင္း မကြဲျပားတာက ေ႐ႊဆိုင္မ်ားတြင္ လာေရာက္ ေရာင္းဝယ္ တာ ကို ခြင့္ျပဳခ်က္ လိုမလို ဆိုတာျဖစ္ပါတယ္ ။
"ျမန္မာ ကေ႐ႊႀကိဳက္ေတာ့ ေ႐ႊတုံးေလးတစ္က်ပ္ သားႏွစ္က်ပ္သားေလးဝယ္တာနဲ႔ ဗဟိုဘဏ္ လက္မွက္မပါရင္ ဒုကၡေရာက္မယ္ဆိုတာက ေတာ့ ျပည္သူျပည္သားအတြက္ ေတာ့ အခက္အခဲရွိမွာေပါ့ ဒီဥပေဒကို ထုတ္ရတဲ့ အဓိက ရည္႐ြယ္ခ်က္ က ဘာကို ရည္႐ြယ္တာလဲဆိုတာေပါ့မွာ မူတည္တာေပါ့ "လို႔ ေအာင္သမာဓိေ႐ႊဆိုင္ပိုင္ရွင္ ဦးေအာင္ ကေျပာပါတယ္။
အခု ဥပေဒၾကမ္းဟာ ျပည္တြင္း ေ႐ႊလုပ္ငန္း လုပ္ကိုင္ေနတဲ့ ရန္ကုန္၊ မႏၲေလး လုပ္ငန္းရွင္ ေတြ နဲ႔ အသင္းအဖြဲ႕ေတြကို ေဆြးေႏြး တိုင္ပင္ျခင္း မရွိဘဲ ေရးဆြဲထားတာေၾကာင့္ ေဈးကြက္ အေျခအေန ေတြနဲ႔ ကိုက္ညီမႈမရွိဘူးလို႔လည္း လုပ္ငန္းရွင္ ေတြကေျပာပါတယ္။
ဒါေပမယ့္လက္ရွိအခ်ိန္ မွာ ဥပေဒၾကမ္းအဆင့္သာ ရွိေသးတာေၾကာင့္ ေ႐ႊေဈးကြက္အေပၚကို ႐ိုက္ခတ္ႏိုင္ေခ် မရွိေသးဘူးလို႔လည္းလုပ္ငန္းရွင္မ်ားက ေျပာပါတယ္။
BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရွှေဈေးကွက်ကို ဥပဒေပြုပြီးအစိုးရက ထိန်းချုပ်ဖို့ကြိုးစားနေ
ဓာတ်ပုံ မူပိုင် YGEA
Image caption မြန်မာနိုင်ငံမှာ ရွှေကို စုတဲ့ သူတွေက အတုံးလိုက် ဝယ်ကြတာပါ။
ဗဟိုဘဏ်က အသစ်ပြန်လည် ရေးဆွဲထားတဲ့ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်းမှာ ရွှေနဲ့ လက်ဝတ် ရတနာများ ရောင်းဝယ်ခြင်း အတွက် ဗဟိုဘဏ် ခွင့်ပြုချက်ရယူဖို့ သတ်မှတ်ချက်တွေ ထည့်သွင်းထားပါတယ်။
အဲဒီဥပဒေဟာ ပြည်ထောင်စုလွှတ်တော်ကိုရောက်နေပြီးတော့ဈေးကွက်ထဲမှာရောင်းဝယ်နေကြတဲ့ စံချိန်မီရွှေ ရွှေအရည်သွေး ၉၉.၅ ရှိတဲ့ ရွှေတုံးမျိုးတွေပိုင်ဆိုင်ခြင်းကို ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရယူ မယ်ဆိုပြီးအဆိုပါ ဥပဒေကြမ်းမှာ ထည့်ထားတာပါ။
အသစ်ပြန်စမယ့်လွှတ်တော် အစည်းဝေးတွေမှာဒီဥပဒေကြမ်းကိုဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ဒါပေမယ့် ဥပဒေကြမ်းအဆင့်ပဲရှိသေးတာဖြစ်သလို လုပ်ထုံးလုပ်နည်း နဲ့နည်းဥပဒေတွေထွက်လာရင်လည်း ပြောင်းလာနိုင်တာကြောင့် စံချိန်မီရွှေ အားလုံးမဟုတ်ဘဲ နဲ့ ပမာဏ တစ်ခု သတ်မှတ်ကောင်း သတ်မှတ်နိုင်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦကျော်ဝင်းကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Huw Evans picture agency
Image caption အခုရက်ပိုင်း ရွှေဈေးတက်
စံချိန်မီရွှေကို ရွှေသန့်စင်မှု ၉၉ ဒသမ ၅ ရာခိုင်နှုန်း နဲ့ အထက်ရှိတဲ့ ရွှေချောင်း၊ ရွှေတုံးတွေ ဖြစ်ကြောင်း ဗဟိုဘဏ် ဥပဒေကြမ်း မှာ သတ်မှတ်ထားပါတယ်။
"စံချိန်မီရွှေ ကို နိုင်ငံခြားငွေလို့ သတ်မှက်လိုက်တာပါ၊ အဲဒီလို သတ်မှက်လိုက်လို့ ဗဟိုဘဏ် ခွင့်ပြုချက်လိုကို လို တယ်ဖြစ်တယ်ဆိုတဲ့သဘောပါ"လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦကျော်ဝင်းကပြောပါတယ်။
အခုလက်ရှိမှာ တော့ရန်ကုန်မြို့ရွှေဘုံသာလမ်းနဲ့ မန္တလေးရွှေလုပ်ငန်းရှင် အသင်းတို့မှာ စံချိန်မှီ ရွှေတွေကို နေ့စဉ် ပိသာနဲ့ချီပြီးလွတ်လွတ်လပ်လပ်ရောင်းဝယ်နေကြတာဖြစ်ပါတယ်။
စံချိန်မီရွှေကို ပြည်တွင်းမှာ ပမာဏအလိုက် မခွဲခြားဖူးဆိုရင် တော့ ရွှေကို ဝယ်ယူစုဆောင်းတဲ့ သူတွေပါ ဗဟိုဘဏ်ကို ခွင့်ပြုချက်ယူရ မယ့်သဘောမျိုးဖြစ်နေပါတယ်လို့ မန္တလေးကရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မူဆယ်နယ်စပ်ကကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေ
ဒီ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်း မှာရှင်းရှင်းလင်းလင်း မကွဲပြားတာက ရွှေဆိုင်များတွင် လာရောက် ရောင်းဝယ် တာ ကို ခွင့်ပြုချက် လိုမလို ဆိုတာဖြစ်ပါတယ် ။
"မြန်မာ ကရွှေကြိုက်တော့ ရွှေတုံးလေးတစ်ကျပ် သားနှစ်ကျပ်သားလေးဝယ်တာနဲ့ ဗဟိုဘဏ် လက်မှက်မပါရင် ဒုက္ခရောက်မယ်ဆိုတာက တော့ ပြည်သူပြည်သားအတွက် တော့ အခက်အခဲရှိမှာပေါ့ ဒီဥပဒေကို ထုတ်ရတဲ့ အဓိက ရည်ရွယ်ချက် က ဘာကို ရည်ရွယ်တာလဲဆိုတာပေါ့မှာ မူတည်တာပေါ့ "လို့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင် ကပြောပါတယ်။
အခု ဥပဒေကြမ်းဟာ ပြည်တွင်း ရွှေလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်၊ မန္တလေး လုပ်ငန်းရှင် တွေ နဲ့ အသင်းအဖွဲ့တွေကို ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ ရေးဆွဲထားတာကြောင့် ဈေးကွက် အခြေအနေ တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း လုပ်ငန်းရှင် တွေကပြောပါတယ်။
ဒါပေမယ့်လက်ရှိအချိန် မှာ ဥပဒေကြမ်းအဆင့်သာ ရှိသေးတာကြောင့် ရွှေဈေးကွက်အပေါ်ကို ရိုက်ခတ်နိုင်ချေ မရှိသေးဘူးလို့လည်းလုပ်ငန်းရှင်များက ပြောပါတယ်။
BBC Burmese
https://www.bbc.com
ေ႐ႊေဈးကြက္ကို ဥပေဒျပဳၿပီးအစိုးရက ထိန္းခ်ဳပ္ဖို႔ႀကိဳးစားေန
Reviewed by THITHTOOLWIN
on
04:02
Rating:
