ကတ္ရွ္မီးယားမွာ အိႏိၵယစစ္အင္အားတိုးခ်ဲ႕ဟု ပါကစၥတန္စြပ္စဲြ

ပါကစၥတန္ ႏုိင္ငံျခားေရး၀န္ႀကီး Shah Mehmood Qureshi
(Zawgyi/Unicode)

တင္းမာမႈေတြ ႀကီးထြားေနတဲ့ ကက္ရွ္မီးယားေဒသမွာ အိႏၵိယႏုိင္ငံက တာလတ္ပစ္ မစ္ဇုိင္းဒုံးေတြ အပါအ၀င္ စစ္အင္အား တုိးခ်ဲ႕ေနၿပီး နယ္စပ္ျဖတ္ေက်ာ္ တုိက္ခုိက္ဖုိ႔နဲ႔ ၿငိမ္းခ်မ္းေရးကို ထိခုိက္ေစမယ့္ လုပ္ရပ္ေတြကုိ တုိးျမွင့္လာေနေၾကာင္း ပါကစၥတန္က စြပ္စဲြလုိက္ပါတယ္။

ေဒသတြင္း လုံၿခံဳေရးအေပၚ အိႏၵိယႏုိင္ငံရဲ႕ ၿခိမ္းေျခာက္မႈအျဖစ္ စုိးရိမ္မႈကုိ ကုလသမဂၢ လုံၿခံဳေရးေကာင္စီကုိ စာေပးပုိ႔ထားေၾကာင္းလည္း ပါကစၥတန္ ႏုိင္ငံျခားေရး၀န္ႀကီး Shah Mehmood Qureshi က ဒီကေန႔ပဲ ဗြီဒီယုိနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ေျမျပင္က အေျခအေနကုိ ဘက္လုိက္မႈမရွိဘဲ ေစာင့္ၾကည့္အတည္ျပဳႏုိင္ဖုိ႔ ကုလသမဂၢက အကဲခတ္အဖဲြ႔ေတြ အိႏၵိယနဲ႔ ပါကစၥတန္ႏုိင္ငံေတြကုိ ေစလႊတ္ဖုိ႔နဲ႔ လုံၿခံဳေရး ေကာင္စီက အခ်က္အလက္ေတြကုိ စိစစ္ဖုိ႔ စာထဲမွာ ေတာင္းဆုိထားတယ္လုိ႔လည္း ေျပာပါတယ္။

၂ ႏုိင္ငံၾကား စစ္မဲ့ဇုန္ေဒသမွာ အိႏၵိယက ႀကီးမားတဲ့ စစ္ေရးလႈပ္ရွားမႈေတြနဲ႔ အင္အားျဖည့္တင္းမႈေတြ ရွိေနတာကုိ ေထာက္လွမ္းေရး သတင္းေတြအရ သိရွိရေၾကာင္းလည္း ပါကစၥတန္ ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။

အိႏၵိယႏုိင္ငံက တာလတ္ပစ္ Brahmos supersonic cruise မစ္ဇုိင္းဒုံးေတြ ခ်ထားေၾကာင္းလည္း စြပ္စဲြထားၿပီး ဒါဟာ ပါကစၥတန္ႏုိင္ငံအတြက္ အႀကီးအက်ယ္ စုိးရိမ္စရာ ျဖစ္ရေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

စစ္မဲ့ဇုန္က တခ်ဳိ႕ေနရာေတြမွာ အိႏၵိယစစ္တပ္က ၿခံစည္း႐ုိးေတြကုိ ဖယ္ရွားထားၿပီး ဒါဟာ မ႐ုိးသားတဲ့ ရည္ရြယ္ခ်က္ရွိတယ္ဆုိတာ ျပသရာေရာက္ေၾကာင္း ကုလသမဂၢ လုံၿခံဳေရးေကာင္စီကုိ ေပးပုိ႔တဲ့ စာထဲမွာ ေရးသားထားတယ္လုိ႔လည္း ပါကစၥတန္ ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။

စစ္မဲ့ဇုန္ ေဒသမွာ ျပႆနာေတြ အခ်ိန္မေရြး ေပၚေပါက္ႏုိင္သလုိ အိမ္နီးခ်င္း ပါကစၥတန္ႏုိင္ငံက တင္းမာမႈေတြ ႀကီးထြားေအာင္ ေသြးထုိးေနတယ္ဆုိၿပီး အိႏၵိယစစ္တပ္ ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး Bipin Rawat က ေျပာဆုိလုိက္ၿပီး ေနာက္တရက္မွာပဲ ပါကစၥတန္ႏုိင္ငံဘက္က သတိေပးခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

စစ္တပ္က အျမင့္ဆုံးအဆင့္ အသင့္အေနထား ျပင္ဆင္ထားၿပီး ရင္ဆုိင္ရမယ့္ အေျခအေန အမ်ဳိးမ်ဳိးအတြက္ အေသးစိတ္ ျပင္ဆင္ထားေၾကာင္းလည္း အိႏၵိယစစ္ဦးစီးခ်ဳပ္ကုိ ကုိးကားၿပီး သတင္းေတြက ေဖာ္ျပၾကပါတယ္။

[Unicode Version]

ကတ်ရှ်မီးယားမှာ အိန္ဒိယစစ်အင်အားတိုးချဲ့ဟု ပါကစ္စတန်စွပ်စွဲ

တင်းမာမှုတွေ ကြီးထွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနိုင်ငံက တာလတ်ပစ် မစ်ဇိုင်းဒုံးတွေ အပါအဝင် စစ်အင်အား တိုးချဲ့နေပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ဖို့နဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို တိုးမြှင့်လာနေကြောင်း ပါကစ္စတန်က စွပ်စွဲလိုက်ပါတယ်။

ဒေသတွင်း လုံခြုံရေးအပေါ် အိန္ဒိယနိုင်ငံရဲ့ ခြိမ်းခြောက်မှုအဖြစ် စိုးရိမ်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စာပေးပို့ထားကြောင်းလည်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က ဒီကနေ့ပဲ ဗွီဒီယိုနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြေပြင်က အခြေအနေကို ဘက်လိုက်မှုမရှိဘဲ စောင့်ကြည့်အတည်ပြုနိုင်ဖို့ ကုလသမဂ္ဂက အကဲခတ်အဖွဲ့တွေ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကို စေလွှတ်ဖို့နဲ့ လုံခြုံရေး ကောင်စီက အချက်အလက်တွေကို စိစစ်ဖို့ စာထဲမှာ တောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။

၂ နိုင်ငံကြား စစ်မဲ့ဇုန်ဒေသမှာ အိန္ဒိယက ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အင်အားဖြည့်တင်းမှုတွေ ရှိနေတာကို ထောက်လှမ်းရေး သတင်းတွေအရ သိရှိရကြောင်းလည်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယနိုင်ငံက တာလတ်ပစ် Brahmos supersonic cruise မစ်ဇိုင်းဒုံးတွေ ချထားကြောင်းလည်း စွပ်စွဲထားပြီး ဒါဟာ ပါကစ္စတန်နိုင်ငံအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

စစ်မဲ့ဇုန်က တချို့နေရာတွေမှာ အိန္ဒိယစစ်တပ်က ခြံစည်းရိုးတွေကို ဖယ်ရှားထားပြီး ဒါဟာ မရိုးသားတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ပြသရာရောက်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပေးပို့တဲ့ စာထဲမှာ ရေးသားထားတယ်လို့လည်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စစ်မဲ့ဇုန် ဒေသမှာ ပြဿနာတွေ အချိန်မရွေး ပေါ်ပေါက်နိုင်သလို အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက တင်းမာမှုတွေ ကြီးထွားအောင် သွေးထိုးနေတယ်ဆိုပြီး အိန္ဒိယစစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က ပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ ပါကစ္စတန်နိုင်ငံဘက်က သတိပေးချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

စစ်တပ်က အမြင့်ဆုံးအဆင့် အသင့်အနေထား ပြင်ဆင်ထားပြီး ရင်ဆိုင်ရမယ့် အခြေအနေ အမျိုးမျိုးအတွက် အသေးစိတ် ပြင်ဆင်ထားကြောင်းလည်း အိန္ဒိယစစ်ဦးစီးချုပ်ကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

VOA Burmese
https://burmese.voanews.com
ကတ္ရွ္မီးယားမွာ အိႏိၵယစစ္အင္အားတိုးခ်ဲ႕ဟု ပါကစၥတန္စြပ္စဲြ ကတ္ရွ္မီးယားမွာ အိႏိၵယစစ္အင္အားတိုးခ်ဲ႕ဟု ပါကစၥတန္စြပ္စဲြ Reviewed by THITHTOOLWIN on 02:48 Rating: 5
Powered by Blogger.