ကခ်င္မွာ အသစ္ေတြ႕တဲ့ ေျမရွားသတၱဳနဲ႔ တ႐ုတ္ေဈးကြက္

ကခ်င္ျပည္နယ္ ေျမာက္ပိုင္းက ေျမရွားသတၱဳတူးေဖာ္ေနတဲ့ လုပ္ငန္းခြင္ တစ္ခု
(Zawgyi)⤵⤵⤵
တ႐ုတ္-ျမန္မာနယ္စပ္ ပန္ဝါဂိတ္ကို ျမန္မာဘက္အျခမ္းက ကုန္ပစၥည္းေတြ တင္ပို႔မႈ ကန႔္သတ္လိုက္ၿပီးေနာက္ ကခ်င္ျပည္နယ္ထဲက ေျမရွားသတၱဳေတြဟာ တ႐ုတ္ဘက္အျခမ္းကို တင္ပို႔ဖို႔ အခက္ႀကဳံေနရၿပီး ေဈးႏႈန္းေတြလည္း တက္လာတဲ့အေပၚ စိုးရိမ္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံထဲမွာ တ႐ုတ္က လာေရာက္တရားမဝင္ သတၱဳတူးေဖာ္မႈေတြေၾကာင့္ သဘာ၀ ပတ္ဝန္းက်င္ ပ်က္စီးမႈနဲ႔ ပဋိပကၡေတြ ျဖစ္ေစတယ္လို႔ ျမန္မာဘက္က ရႈျမင္ၿပီး ျမန္မာဘက္က နယ္စပ္ကို ပိတ္လိုက္တာလို႔ ဒီဇင္ဘာ ၁၆ ရက္ေန႔ တ႐ုတ္ SMM သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာဘက္ကေတာ့ ေျမရွားသတၱဳေတြနဲ႔ ပတ္သက္လို႔ ကန႔္သတ္တာ မရွိဘူးလို႔ ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ဘက္က ဆိုင္းငံ့တာ မရွိပါဘူး၊ လက္ရွိမွာ အကုန္လုံးကို ခြင့္ျပဳထားပါတယ္၊ စနစ္တက်လုပ္ဖို႔ ကြၽန္ေတာ္တို႔က တိုက္တြန္းတဲ့ အဆင့္မွာပဲ ရွိပါတယ္" လို႔ ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးယဥ္ေက်ာ္ေအာင္က ေျပာပါတယ္။

ျပည္ေထာင္စုအဆင့္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ေအာက္မွာရွိတဲ့ သတၱဳတြင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးကိုကိုလႈိင္ကလည္း "တ႐ုတ္ကို ေျမရွားသတၱဳ တင္ပို႔မႈကို နဂိုကလည္း ပိတ္မထားဘူး၊ အခုလည္း မပိတ္ဘူး၊ ခိုးတူးတာမ်ိဳးရွိရင္ေတာ့ သြားဖမ္းတယ္၊ လုပ္ငန္းပိတ္တယ္၊ ဒီေလာက္ပါဘဲ" လို႔ ဘီဘီစီကို ေျပာပါတယ္။
ကခ်င္ျပည္နယ္ထဲ ေျမရွားသတၱဳေတြ ထြက္ေနၿပီလား

ကခ်င္ျပည္နယ္ေျမာက္ပိုင္းက ခ်ီေဖြ၊ ေဆာ့ေလာ္၊ ပန္ဝါ၊ လြယ္ဂ်ယ္ စတဲ့ ေဒသေတြမွာ ေျမရွားသတၱဳတူးေဖာ္မႈေတြ ရွိေနၿပီး ျပည္တြင္း ကုမၸဏီ တခ်ိဳ႕ကို တရားဝင္လုပ္ကြက္ေတြ ခ်ေပးထားပါတယ္။

ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာနရဲ႕ အခ်က္အလက္ေတြမွာေတာ့ "ေျမရွားသတၱဳ တရားဝင္ တူးေဖာ္ခြင့္လိုင္စင္ခ်ေပးထားတဲ့ ျပည္တြင္း ကုမၸဏီ ၂ ခုထဲက ျမန္မာမ်ိဳးကိုကို ကုမၸဏီဆိုရင္ ခ်ီေဖြမွာ လုပ္ကြက္ ၅ ကြက္၊ ေျမဧက ၁၄၀ ေက်ာ္မွာ တူးေဖာ္ေနၿပီး ေ႐ႊစပါးသတၱဳ တူးေဖာ္မႈေရး ကုမၸဏီဆိုရင္ လြယ္ဂ်ယ္မွာ ဧက ၁၅၀ ပတ္လည္ေလာက္မွာ တူးေဖာ္ဖို႔ လုပ္ေနတယ္" လို႔ ေဖာ္ျပပါတယ္။

တူးေဖာ္ခြင့္ေတာင္းထားတဲ့ ကုမၸဏီေတြကို ျပည္ေထာင္စုက ျပည္နယ္အစိုးရကို သေဘာထားမွတ္ခ်က္ေတာင္း၊ အဲ့ဒီကမွ ျပည္နယ္အစိုးရက လုပ္ကြက္ေတြထဲအထိ သြားေရာက္ စစ္ေဆးၿပီးမွ ခြင့္ျပဳေပးတာျဖစ္ပါတယ္။

"တခ်ိဳ႕ လုပ္ကြက္ေတြဆို လုံၿခဳံေရးအရ သြားလို႔မရ စစ္ေဆးလို႔ မရတာေတြ ရွိတယ္၊ အဲ့ဒီမွာ တ႐ုတ္ေတြ တူးေနတာ ရွိတယ္လို႔ေတာ့ သတင္းေတြ ရထားပါတယ္" လို႔ ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးယဥ္ေက်ာ္ေအာင္က ေျပာပါတယ္။

 ေျမရွားသတၱဳတူးေဖာ္ေနတဲ့ ေနရာအနီးက တ႐ုတ္ကားေတြနဲ႔ တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕

တခ်ိဳ႕ေနရာေတြဆို ကြၽန္ေတာ္တို႔ သြားစစ္ဖို႔ အခက္ခဲရွိတယ္၊ ခိုးတူးေနတဲ့ ေနရာေတြက ျပည္သူ႔စစ္ လက္နက္ကိုင္၊ နယ္ျခားေစာင့္ လက္နက္ကိုင္ ရွိတယ္၊ တပ္ ရိကၡာအေနနဲ႔ တပ္တြင္း လစာ ရိကၡာတို႔အတြက္ လုပ္တာမ်ိဳး သေဘာမ်ိဳးလည္း ရွိေနေတာ့ လုပ္ရ ကိုင္ရခက္တယ္လို႔ ကခ်င္ျပည္နယ္ သယံဇာတနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဒါရွီလဆိုင္းက ေျပာပါတယ္။

ေဆာ့ေလာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာဝူက "ဒီမွာက အစိုးရဆီ စာတင္ၿပီးသြားရင္ ခြင့္ျပဳမိန႔္ က်က် မက်က် ကိုယ့္ေနရာ ကိုယ္သတ္မွတ္ တူးေဖာ္ၾကေတာ့တာပဲ၊ ဇြန္လတုန္းကဆို ေျမရွားသတၱဳနဲ႔ ပတ္သက္လို႔ ေဒသခံေတြဆီက တိုင္ၾကားမႈေတြ ေတာ္ေတာ္မ်ားမ်ားရွိခဲ့တယ္" လို႔ ေျပာပါတယ္။
တ႐ုတ္ကို ေရာက္သြားတဲ့ ကခ်င္က ေျမရွားသတၱဳေတြ

ၿပီးခဲ့တဲ့ ေမလတုန္းက ျမန္မာႏိုင္ငံက ထြက္ရွိတဲ့ ေျမရွားသတၱဳေတြ ဝယ္ယူတင္သြင္းေနတာကို တ႐ုတ္က ပိတ္ပင္လိုက္တယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။

စက္တင္ဘာလလယ္ေလာက္မွာေတာ့ ေျမရွားသတၱဳ အဓိက တင္သြင္းရာ ေနရာျဖစ္တဲ့ ယူနန္ျပည္နယ္ထဲက ထိန္ခ်ဳန္းနယ္စပ္ဂိတ္ကို ျပန္ဖြင့္ခဲ့တယ္လို႔ တ႐ုတ္သတင္းေတြမွာ ေဖာ္ျပပါတယ္။
တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္တစ္ေနရာ

ဒါေပမဲ့လည္း တ႐ုတ္ျပည္ထဲ ဝင္ေရာက္မႈ ဆိုင္းငံ့ထားခံရဆဲ ျဖစ္တာေၾကာင့္ ေျမရွား သတၱဳအမ်ိဳးအစား တစ္ခုျဖစ္တဲ့ terbium oxide ဟာ ေဈးကြက္ထဲမွာ ၁ ကီလိုဂရမ္ကို ယြမ္ေငြ ၃၄၉၅ ယြမ္ (ေဒၚလာ ၅၀၀ နီးပါး) ေဈးေပါက္ၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလနဲ႔ ႏႈိင္းယွဥ္ရင္ ၁ လထဲမွာပဲ ယြမ္ ၇၀ ( ၁၀ ေဒၚလာ) အထိ တက္လာပါတယ္။

ဒါ့အျပင္ dysprosium ဒိုင္ပ႐ိုစီယမ္ဟာလည္း ၁ ကီလိုဂရမ္ကို ယြမ္ေငြ ၃၄၉၅ ယြမ္ (ေဒၚလာ ၂၅၀ နီးပါး) ေဈးေပါက္ၿပီး ၁ လ တည္းမွာပဲ ယြမ္ ၁၀၀ ေလာက္ ေဈးတက္လာတယ္လို႔ တ႐ုတ္ SMM သတင္းမွာ ေဖာ္ျပပါတယ္။

တ႐ုတ္သတင္းေတြမွာေတာ့ ျမန္မာဟာ တ႐ုတ္ကို ေျမရွားသတၱဳ အဓိက ေထာက္ပံ့ေနတဲ့ စာရင္းထဲမွာပါၿပီး ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းက တ႐ုတ္ျပည္တြင္း သုံးစြဲမႈရဲ႕ ထက္ဝက္ေလာက္ဟာ ျမန္မာႏိုင္ငံက ေပးသြင္းမႈနဲ႔ ညီမွ်တယ္လို႔ ေဖာ္ျပၾကပါတယ္။
ေျမရွားသတၱဳျဒပ္စင္ေတြကို ဘယ္လိုထုတ္လဲ၊ ဘယ္မွာသုံးလဲ၊ ဘယ္ေလာက္ တန္ဖိုးရွိလဲ

ေျမရွားသတၱဳလို႔ ေျပာရင္ အရင္ကေတာ့ ဝျပည္ဘက္မွာ ထြက္ရွိတယ္ဆိုၿပီး လူသိမ်ားၾကပါတယ္။

အခုေတာ့ ကခ်င္ျပည္နယ္ေျမာက္ပိုင္းမွာ ထြက္ေနတယ္ဆိုတဲ့ သတင္းေတြက အခု ၁ ႏွစ္၊ ၂ ႏွစ္ အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

"ေျမရွားသတၱဳကို တ႐ုတ္လို 'ရွီထူ' လို႔ ေခၚတယ္၊ ေ႐ႊထက္ ေဈးႀကီးတယ္ေလ၊ အဆင့္ျမင့္တဲ့ သိပၸံစစ္လက္နက္ေတြ၊ ေမာင္းသူမဲ့ ေလယာဥ္ေတြမွာ ထုတ္လုပ္ရမွာ ေတာ္ေတာ္အသုံးျပဳတယ္" လို႔ ဝ ျပည္ေသြးစည္းညီၫြတ္ေရးပါတီ လား႐ိုးၿမိဳ႕ ဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရမ္းက ေျပာပါတယ္။

ဝျပည္နယ္ထဲက ေျမရွားသတၱဳေတြနဲ႔ ကခ်င္ျပည္နယ္ထဲက ေျမရွားသတၱဳ ထြက္ရွိေနတဲ့အေၾကာင္းကိုေတာ့ သူက မွတ္ခ်က္မေပးပါဘူး။
သတၱဳတူးေဖာ္တဲ့ လုပ္ငန္းခြင္ တစ္ခုကို လာေရာက္စစ္ေဆးေနတဲ့ ကခ်င္ဝန္ႀကီး ဦးဒါရွီလဆိုင္း

လက္ရွိမွာ သတ္မွတ္ထားတဲ့ ေျမရွား သတၱဳ ျဒပ္စင္က ၁၇ မ်ိဳး ရွိပါတယ္။ အဲ့ဒီထဲမွာ ကခ်င္ျပည္နယ္ေျမာက္ပိုင္းမွာ ၅ မ်ိဳးေလာက္ ထြက္ရွိေနၿပီး Lanthanum၊ Dysprosium Oxide စတဲ့ ျဒပ္စင္ေတြ ပါပါတယ္။

"Lanthanum ေပါ့၊ ဓာတ္ခဲေတြမွာ သုံးတယ္၊ အဲ့ဒီ ျဒပ္စင္ပါရင္ ပိုၿပီးေတာ့မွ ေကာင္းတယ္၊ အားပိုခံတယ္၊ ေသးေသးနဲ႔ စြမ္းေဆာင္ရည္ ျမင့္တယ္၊ Dysprosium Oxide ဆိုတဲ့ သတၱဳကေတာ့ လွ်ပ္စစ္ေမာ္တာေတြမွာ ေၾကးသတၱဳ နဲ႔ ကြိဳင္ပတ္စရာ မလိုဘဲ သံလိုက္ေလးနဲ႔ ထားႏိုင္တယ္၊ ေသးေသးေလးေတြနဲ႔ စြမ္းေဆာင္ရည္ေတြ ျမင့္မားၾကတယ္" လို႔ သတၱဳတြင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးကိုကိုလႈိင္က ေျပာပါတယ္။

"သုံးပုံ သုံးနည္းကေတာ့ ေျမႀကီးထဲကို အက္ဆစ္ကို က်င္းတူးၿပီးေတာ့ ေလာင္းထည့္လိုက္တယ္၊ ျပန္ထြက္လာတဲ့ အရည္ေတြကို ျပန္ၿပီး ဆယ္ယူတာေပါ့" လို႔လည္း ဦးကိုကိုလႈိင္က ဆက္ရွင္းျပပါတယ္။
ေျမရွား သတၱဳတူးဖို႔ တ႐ုတ္ေတြ ဘယ္လိုေရာက္လာၾကလဲ

တကယ္ေတာ့ ေျမရွားသတၱဳထြက္တဲ့ ျမန္မာျပည္ေျမာက္ပိုင္းက ေဒသအမ်ားစုဟာ တ႐ုတ္နဲ႔ နယ္ခ်င္းဆက္ေနတာ ျဖစ္ပါတယ္။ သတၱဳလုပ္ကြက္ေတြကို ျပည္တြင္းနဲ႔ တိုင္းရင္းသားကုမၸဏီတခ်ိဳ႕က ခ်ထားေပမယ့္ ခိုးတူးတာေတြ ရွိေနပါတယ္။
ပန္ဝါက ေျမရွားသတၱဳတူးေဖာ္ေရးလုပ္ငန္းခြင္အနီးက တ႐ုတ္ကုန္တင္ကားမ်ား

"ပန္ဝါ၊ ခ်ီေဖြတို႔ဘက္မွာဆို ေတာင္တိုင္းမွာ လိုလို တူးေနတာ ရွိတယ္၊ ေရာက္သြားရင္ လုပ္ငန္းေတြ ရပ္ဆိုင္းထားတယ္၊ ခိုးထုတ္ေနတာ လက္ပူး လက္ၾကပ္မိရင္ေတာ့ ျပည္ေထာင္စုကို တင္ျပပါတယ္" လို႔ ကခ်င္ျပည္နယ္ သယံဇာတနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဒါရွီလဆိုင္းက ေျပာပါတယ္။

ဒီဇင္ဘာလ ၉ ရက္ေန႔တုန္းကလည္း ကခ်င္ျပည္နယ္ ေျမာက္ပိုင္း ပန္ဝါေဒသမွာ ေျမရွားသတၱဳ တရားမဝင္ တူးေဖာ္ေနတဲ့ လုပ္ကြက္ ၃ကြက္ ထက္မနည္းနဲ႔အတူ တ႐ုတ္စာေတြနဲ႔ ေရးထားတဲ့ ကုန္တင္ကားေတြကို ျပည္နယ္သတၱဳတြင္း ဦးစီးဌာနက စစ္ေဆးမႈေတြ လုပ္ခဲ့ရပါတယ္။

"တ႐ုတ္ေတြက လစ္ရင္ လစ္သလို ဝင္တူးၾကတာ၊ ကုမၸဏီေတြမွာလည္း တ႐ုတ္လူမ်ိဳးေတြက ပညာရွင္အျဖစ္ ႀကီးၾကပ္ေနၿပီး၊ ေအာက္ေျခအလုပ္သမားေတြက တိုင္းရင္းသားေတြ သူတို႔ကို တူးခိုင္းေနတာ" လို႔ ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေစာယုကလည္း ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကချင်မှာ အသစ်တွေ့တဲ့ မြေရှားသတ္တုနဲ့ တရုတ်ဈေးကွက်

ဓာတ်ပုံ မူပိုင် Department of Mines, Kachin State
Image caption ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု

တရုတ်-မြန်မာနယ်စပ် ပန်ဝါဂိတ်ကို မြန်မာဘက်အခြမ်းက ကုန်ပစ္စည်းတွေ တင်ပို့မှု ကန့်သတ်လိုက်ပြီးနောက် ကချင်ပြည်နယ်ထဲက မြေရှားသတ္တုတွေဟာ တရုတ်ဘက်အခြမ်းကို တင်ပို့ဖို့ အခက်ကြုံနေရပြီး ဈေးနှုန်းတွေလည်း တက်လာတဲ့အပေါ် စိုးရိမ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ တရုတ်က လာရောက်တရားမဝင် သတ္တုတူးဖော်မှုတွေကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပဋိပက္ခတွေ ဖြစ်စေတယ်လို့ မြန်မာဘက်က ရှုမြင်ပြီး မြန်မာဘက်က နယ်စပ်ကို ပိတ်လိုက်တာလို့ ဒီဇင်ဘာ ၁၆ ရက်နေ့ တရုတ် SMM သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာဘက်ကတော့ မြေရှားသတ္တုတွေနဲ့ ပတ်သက်လို့ ကန့်သတ်တာ မရှိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ဘက်က ဆိုင်းငံ့တာ မရှိပါဘူး၊ လက်ရှိမှာ အကုန်လုံးကို ခွင့်ပြုထားပါတယ်၊ စနစ်တကျလုပ်ဖို့ ကျွန်တော်တို့က တိုက်တွန်းတဲ့ အဆင့်မှာပဲ ရှိပါတယ်" လို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်ကျော်အောင်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်ကလည်း "တရုတ်ကို မြေရှားသတ္တု တင်ပို့မှုကို နဂိုကလည်း ပိတ်မထားဘူး၊ အခုလည်း မပိတ်ဘူး၊ ခိုးတူးတာမျိုးရှိရင်တော့ သွားဖမ်းတယ်၊ လုပ်ငန်းပိတ်တယ်၊ ဒီလောက်ပါဘဲ" လို့ ဘီဘီစီကို ပြောပါတယ်။
ကချင်ပြည်နယ်ထဲ မြေရှားသတ္တုတွေ ထွက်နေပြီလား

ကချင်ပြည်နယ်မြောက်ပိုင်းက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ လွယ်ဂျယ် စတဲ့ ဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုတွေ ရှိနေပြီး ပြည်တွင်း ကုမ္ပဏီ တချို့ကို တရားဝင်လုပ်ကွက်တွေ ချပေးထားပါတယ်။

ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနရဲ့ အချက်အလက်တွေမှာတော့ "မြေရှားသတ္တု တရားဝင် တူးဖော်ခွင့်လိုင်စင်ချပေးထားတဲ့ ပြည်တွင်း ကုမ္ပဏီ ၂ ခုထဲက မြန်မာမျိုးကိုကို ကုမ္ပဏီဆိုရင် ချီဖွေမှာ လုပ်ကွက် ၅ ကွက်၊ မြေဧက ၁၄၀ ကျော်မှာ တူးဖော်နေပြီး ရွှေစပါးသတ္တု တူးဖော်မှုရေး ကုမ္ပဏီဆိုရင် လွယ်ဂျယ်မှာ ဧက ၁၅၀ ပတ်လည်လောက်မှာ တူးဖော်ဖို့ လုပ်နေတယ်" လို့ ဖော်ပြပါတယ်။

တူးဖော်ခွင့်တောင်းထားတဲ့ ကုမ္ပဏီတွေကို ပြည်ထောင်စုက ပြည်နယ်အစိုးရကို သဘောထားမှတ်ချက်တောင်း၊ အဲ့ဒီကမှ ပြည်နယ်အစိုးရက လုပ်ကွက်တွေထဲအထိ သွားရောက် စစ်ဆေးပြီးမှ ခွင့်ပြုပေးတာဖြစ်ပါတယ်။

"တချို့ လုပ်ကွက်တွေဆို လုံခြုံရေးအရ သွားလို့မရ စစ်ဆေးလို့ မရတာတွေ ရှိတယ်၊ အဲ့ဒီမှာ တရုတ်တွေ တူးနေတာ ရှိတယ်လို့တော့ သတင်းတွေ ရထားပါတယ်" လို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်ကျော်အောင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Department of Mines, Kachin State
Image caption မြေရှားသတ္တုတူးဖော်နေတဲ့ နေရာအနီးက တရုတ်ကားတွေနဲ့ တရုတ်နိုင်ငံသားတချို့

တချို့နေရာတွေဆို ကျွန်တော်တို့ သွားစစ်ဖို့ အခက်ခဲရှိတယ်၊ ခိုးတူးနေတဲ့ နေရာတွေက ပြည်သူ့စစ် လက်နက်ကိုင်၊ နယ်ခြားစောင့် လက်နက်ကိုင် ရှိတယ်၊ တပ် ရိက္ခာအနေနဲ့ တပ်တွင်း လစာ ရိက္ခာတို့အတွက် လုပ်တာမျိုး သဘောမျိုးလည်း ရှိနေတော့ လုပ်ရ ကိုင်ရခက်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒါရှီလဆိုင်းက ပြောပါတယ်။

ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက "ဒီမှာက အစိုးရဆီ စာတင်ပြီးသွားရင် ခွင့်ပြုမိန့် ကျကျ မကျကျ ကိုယ့်နေရာ ကိုယ်သတ်မှတ် တူးဖော်ကြတော့တာပဲ၊ ဇွန်လတုန်းကဆို မြေရှားသတ္တုနဲ့ ပတ်သက်လို့ ဒေသခံတွေဆီက တိုင်ကြားမှုတွေ တော်တော်များများရှိခဲ့တယ်" လို့ ပြောပါတယ်။
တရုတ်ကို ရောက်သွားတဲ့ ကချင်က မြေရှားသတ္တုတွေ

ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေရှားသတ္တုတွေ ဝယ်ယူတင်သွင်းနေတာကို တရုတ်က ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

စက်တင်ဘာလလယ်လောက်မှာတော့ မြေရှားသတ္တု အဓိက တင်သွင်းရာ နေရာဖြစ်တဲ့ ယူနန်ပြည်နယ်ထဲက ထိန်ချုန်းနယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်နေရာ

ဒါပေမဲ့လည်း တရုတ်ပြည်ထဲ ဝင်ရောက်မှု ဆိုင်းငံ့ထားခံရဆဲ ဖြစ်တာကြောင့် မြေရှား သတ္တုအမျိုးအစား တစ်ခုဖြစ်တဲ့ terbium oxide ဟာ ဈေးကွက်ထဲမှာ ၁ ကီလိုဂရမ်ကို ယွမ်ငွေ ၃၄၉၅ ယွမ် (ဒေါ်လာ ၅၀၀ နီးပါး) ဈေးပေါက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရင် ၁ လထဲမှာပဲ ယွမ် ၇၀ ( ၁၀ ဒေါ်လာ) အထိ တက်လာပါတယ်။

ဒါ့အပြင် dysprosium ဒိုင်ပရိုစီယမ်ဟာလည်း ၁ ကီလိုဂရမ်ကို ယွမ်ငွေ ၃၄၉၅ ယွမ် (ဒေါ်လာ ၂၅၀ နီးပါး) ဈေးပေါက်ပြီး ၁ လ တည်းမှာပဲ ယွမ် ၁၀၀ လောက် ဈေးတက်လာတယ်လို့ တရုတ် SMM သတင်းမှာ ဖော်ပြပါတယ်။

တရုတ်သတင်းတွေမှာတော့ မြန်မာဟာ တရုတ်ကို မြေရှားသတ္တု အဓိက ထောက်ပံ့နေတဲ့ စာရင်းထဲမှာပါပြီး ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက တရုတ်ပြည်တွင်း သုံးစွဲမှုရဲ့ ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံက ပေးသွင်းမှုနဲ့ ညီမျှတယ်လို့ ဖော်ပြကြပါတယ်။
မြေရှားသတ္တုဒြပ်စင်တွေကို ဘယ်လိုထုတ်လဲ၊ ဘယ်မှာသုံးလဲ၊ ဘယ်လောက် တန်ဖိုးရှိလဲ

မြေရှားသတ္တုလို့ ပြောရင် အရင်ကတော့ ဝပြည်ဘက်မှာ ထွက်ရှိတယ်ဆိုပြီး လူသိများကြပါတယ်။

အခုတော့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ ထွက်နေတယ်ဆိုတဲ့ သတင်းတွေက အခု ၁ နှစ်၊ ၂ နှစ် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

"မြေရှားသတ္တုကို တရုတ်လို 'ရှီထူ' လို့ ခေါ်တယ်၊ ရွှေထက် ဈေးကြီးတယ်လေ၊ အဆင့်မြင့်တဲ့ သိပ္ပံစစ်လက်နက်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေမှာ ထုတ်လုပ်ရမှာ တော်တော်အသုံးပြုတယ်" လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ဝပြည်နယ်ထဲက မြေရှားသတ္တုတွေနဲ့ ကချင်ပြည်နယ်ထဲက မြေရှားသတ္တု ထွက်ရှိနေတဲ့အကြောင်းကိုတော့ သူက မှတ်ချက်မပေးပါဘူး။
ဓာတ်ပုံ မူပိုင် Department of Mines, Kachin State
Image caption သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင် တစ်ခုကို လာရောက်စစ်ဆေးနေတဲ့ ကချင်ဝန်ကြီး ဦးဒါရှီလဆိုင်း

လက်ရှိမှာ သတ်မှတ်ထားတဲ့ မြေရှား သတ္တု ဒြပ်စင်က ၁၇ မျိုး ရှိပါတယ်။ အဲ့ဒီထဲမှာ ကချင်ပြည်နယ်မြောက်ပိုင်းမှာ ၅ မျိုးလောက် ထွက်ရှိနေပြီး Lanthanum၊ Dysprosium Oxide စတဲ့ ဒြပ်စင်တွေ ပါပါတယ်။

"Lanthanum ပေါ့၊ ဓာတ်ခဲတွေမှာ သုံးတယ်၊ အဲ့ဒီ ဒြပ်စင်ပါရင် ပိုပြီးတော့မှ ကောင်းတယ်၊ အားပိုခံတယ်၊ သေးသေးနဲ့ စွမ်းဆောင်ရည် မြင့်တယ်၊ Dysprosium Oxide ဆိုတဲ့ သတ္တုကတော့ လျှပ်စစ်မော်တာတွေမှာ ကြေးသတ္တု နဲ့ ကွိုင်ပတ်စရာ မလိုဘဲ သံလိုက်လေးနဲ့ ထားနိုင်တယ်၊ သေးသေးလေးတွေနဲ့ စွမ်းဆောင်ရည်တွေ မြင့်မားကြတယ်" လို့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်က ပြောပါတယ်။

"သုံးပုံ သုံးနည်းကတော့ မြေကြီးထဲကို အက်ဆစ်ကို ကျင်းတူးပြီးတော့ လောင်းထည့်လိုက်တယ်၊ ပြန်ထွက်လာတဲ့ အရည်တွေကို ပြန်ပြီး ဆယ်ယူတာပေါ့" လို့လည်း ဦးကိုကိုလှိုင်က ဆက်ရှင်းပြပါတယ်။
မြေရှား သတ္တုတူးဖို့ တရုတ်တွေ ဘယ်လိုရောက်လာကြလဲ

တကယ်တော့ မြေရှားသတ္တုထွက်တဲ့ မြန်မာပြည်မြောက်ပိုင်းက ဒေသအများစုဟာ တရုတ်နဲ့ နယ်ချင်းဆက်နေတာ ဖြစ်ပါတယ်။ သတ္တုလုပ်ကွက်တွေကို ပြည်တွင်းနဲ့ တိုင်းရင်းသားကုမ္ပဏီတချို့က ချထားပေမယ့် ခိုးတူးတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် Department of Mines, Kachin State
Image caption ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ

"ပန်ဝါ၊ ချီဖွေတို့ဘက်မှာဆို တောင်တိုင်းမှာ လိုလို တူးနေတာ ရှိတယ်၊ ရောက်သွားရင် လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ ခိုးထုတ်နေတာ လက်ပူး လက်ကြပ်မိရင်တော့ ပြည်ထောင်စုကို တင်ပြပါတယ်" လို့ ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒါရှီလဆိုင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့တုန်းကလည်း ကချင်ပြည်နယ် မြောက်ပိုင်း ပန်ဝါဒေသမှာ မြေရှားသတ္တု တရားမဝင် တူးဖော်နေတဲ့ လုပ်ကွက် ၃ကွက် ထက်မနည်းနဲ့အတူ တရုတ်စာတွေနဲ့ ရေးထားတဲ့ ကုန်တင်ကားတွေကို ပြည်နယ်သတ္တုတွင်း ဦးစီးဌာနက စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။

"တရုတ်တွေက လစ်ရင် လစ်သလို ဝင်တူးကြတာ၊ ကုမ္ပဏီတွေမှာလည်း တရုတ်လူမျိုးတွေက ပညာရှင်အဖြစ် ကြီးကြပ်နေပြီး၊ အောက်ခြေအလုပ်သမားတွေက တိုင်းရင်းသားတွေ သူတို့ကို တူးခိုင်းနေတာ" လို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစောယုကလည်း ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကခ်င္မွာ အသစ္ေတြ႕တဲ့ ေျမရွားသတၱဳနဲ႔ တ႐ုတ္ေဈးကြက္ ကခ်င္မွာ အသစ္ေတြ႕တဲ့ ေျမရွားသတၱဳနဲ႔ တ႐ုတ္ေဈးကြက္ Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.