အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ေတြ႕ရွိ


(Zawgyi)⤵⤵⤵
ဘုတလင္ ဒီဇင္ဘာ ၆

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဘုတလင္ၿမိဳ႕နယ္၊ လႊဲတဲေက်း႐ြာအုပ္စု၊ ေျမာက္ေတာႀကီးေက်း႐ြာအနီး ေညာင္ပင္ႀကီးေတာတိုက္ရွိ ကြမ္းၿခံအတြင္း၌ ဒီဇင္ဘာ (၅)ရက္၊ ေန႔လယ္(၂)နာရီ ခန႔္က အမ်ိဳးသမီး တစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ေတြ႕ရွိရေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ ေျမာက္ေတာႀကီးေက်း႐ြာအနီး ေညာင္ပင္ႀကီးေတာတိုက္ရွိ ဦးေက်ာ္သန္း၏ ကြမ္းၿခံ အတြင္း၌ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးေန ေၾကာင္း သတင္းအရ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးဝင္း၊ စခန္းမႉး ဒုတိယရဲမႉးညီညီေအာင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ား သြားေရာက္စစ္ေဆးရာ မရီရီသန႔္(၃၆ ႏွစ္)ႏွင့္ သမီးျဖစ္သူ မေအးသႏၲာထြန္း(ခ)မစုသႏၲာထြန္း(၂ ႏွစ္၊ ၈ လ)တို႔ ႏွစ္ဦးသည္ ေမွာက္လ်က္အေနအထားျဖင့္ ေသဆုံးေနၿပီး ေသဆုံးသူမ်ားႏွင့္ (၁၀)ေပခန႔္အကြာရွိ မုန႔္ဟင္းခါးခ်ိဳင့္ ခ်ထားသည့္ ျဖန႔္ခင္းထားေသာ ပုဆိုးေပၚတြင္ အရွည္(၁)ေပခြဲခန႔္၊ ဗ်က္(၃)လက္မ ခြဲခန႔္၊ လက္ကိုင္ဘက္တြင္ (၂)လက္မခန႔္ ရွိၿပီး အသုံးမျပဳရေသးေသာ အၾကမ္းျပဳလုပ္ထားသည့္ ေသြးစြန္း ေနေသာ ထြန္သြား(၁)ေခ်ာင္း ကိုလည္း ေတြ႕ရွိရသည္။

အဆိုပါ မရီရီသန႔္ႏွင့္ သမီးျဖစ္သူ မေအးသႏၲာထြန္း (ခ)မစုသႏၲာထြန္း တို႔အား ေသဆုံးေအာင္ ႐ိုက္ႏွက္သြားသည့္ တရားခံအား စုံစမ္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ ဘုတလင္ၿမိဳ႕မရဲစခန္းက အမႈဖြင့္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ၿမိဳ႕နယ္ျပန္/ဆက္(ဘုတလင္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ

ဘုတလင် ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ကွမ်းခြံအတွင်း၌ ဒီဇင်ဘာ (၅)ရက်၊ နေ့လယ်(၂)နာရီ ခန့်က အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်း၏ ကွမ်းခြံ အတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်း၊ စခန်းမှူး ဒုတိယရဲမှူးညီညီအောင်နှင့် ရဲတပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ မရီရီသန့်(၃၆ နှစ်)နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်း(၂ နှစ်၊ ၈ လ)တို့ နှစ်ဦးသည် မှောက်လျက်အနေအထားဖြင့် သေဆုံးနေပြီး သေဆုံးသူများနှင့် (၁၀)ပေခန့်အကွာရှိ မုန့်ဟင်းခါးချိုင့် ချထားသည့် ဖြန့်ခင်းထားသော ပုဆိုးပေါ်တွင် အရှည်(၁)ပေခွဲခန့်၊ ဗျက်(၃)လက်မ ခွဲခန့်၊ လက်ကိုင်ဘက်တွင် (၂)လက်မခန့် ရှိပြီး အသုံးမပြုရသေးသော အကြမ်းပြုလုပ်ထားသည့် သွေးစွန်း နေသော ထွန်သွား(၁)ချောင်း ကိုလည်း တွေ့ရှိရသည်။

အဆိုပါ မရီရီသန့်နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း (ခ)မစုသန္တာထွန်း တို့အား သေဆုံးအောင် ရိုက်နှက်သွားသည့် တရားခံအား စုံစမ်း ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဘုတလင်မြို့မရဲစခန်းက အမှုဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်(ဘုတလင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ေတြ႕ရွိ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ေတြ႕ရွိ Reviewed by THITHTOOLWIN on 02:40 Rating: 5
Powered by Blogger.