ဆိုမာလီယာႏိုင္ငံ ၿမိဳ႕ေတာ္၌ အေသခံဗုံးခြဲမႈျဖစ္ပြား လူ ၇၉ ဦးေသဆုံးၿပီး ၁၄၉ ဦး ဒဏ္ရာရ

ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးၿမိဳ႕၌ ဒီဇင္ဘာ ၂၈ ရက္တြင္ ျဖစ္ပြားေသာ ဗုံးခြဲတိုက္ခိုက္မႈအတြင္း ဒဏ္ရာရသူမ်ားအား ကယ္ဆယ္ေရးေဆာင္႐ြက္ေနစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    မိုဂါဒစ္ရႉး ၊ ဒီဇင္ဘာ ၂၉ ရက္(ဆင္ဟြာ)

    ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးၿမိဳ႕ေတာ္၌ ဒီဇင္ဘာ ၂၈ ရက္တြင္ ျဖစ္ပြားခဲ့ေသာ အေသခံကားဗုံးခြဲတိုက္ခိုက္မႈအတြင္း လူေပါင္း ၇၉ ဦးေသဆုံးၿပီး ၁၄၉ ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း အစိုးရအရာရွိတစ္ဦးက အတည္ျပဳခဲ့သည္။

ဆိုမာလီယာအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Ismael Mukhtar Omar က မိုဂါဒစ္ရႉးၿမိဳ႕အျပင္ Afgoye လမ္းမေပၚရွိ စစ္ေဆးေရးဂိတ္တစ္ခု၌ ျဖစ္ပြားေသာ အေသခံဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ လူအမ်ားအျပားေသဆုံးခဲ့ေၾကာင္း ဆိုသည္။“ ေသဆုံးသူ ၇၉ ဦးနဲ႔ ဒဏ္ရာရသူ ၁၄၉ ဦး ရွိသြားပါၿပီ ။ ဆိုမာလီယာဝန္ႀကီးခ်ဳပ္ Hassan Ali Khaire က ခန႔္အပ္တာဝန္ေပးထားတဲ့ ေကာ္မရွင္တစ္ခုဟာ ေဆး႐ုံကိုသြားေရာက္ၿပီး ဒဏ္ရာရသူေတြကို ၾကည့္ရႈေနပါတယ္။ ဒီလိုအၾကမ္းဖက္တိုက္ခိုက္မႈမ်ိဳးကို အစိုးရက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ပါတယ္” ဟု Omar က ဆင္ဟြာသို႔ေျပာၾကားခဲ့သည္။
ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးၿမိဳ႕၌ ဒီဇင္ဘာ ၂၈ ရက္တြင္ ျဖစ္ပြားေသာ ဗုံးခြဲတိုက္ခိုက္မႈအတြင္း ဒဏ္ရာရသူမ်ားအား ကယ္ဆယ္ေရးေဆာင္႐ြက္ေနစဥ္(ဆင္ဟြာ)

ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးၿမိဳ႕၌ ဒီဇင္ဘာ ၂၈ ရက္တြင္ ျဖစ္ပြားေသာ ဗုံးခြဲတိုက္ခိုက္မႈအတြင္း ဒဏ္ရာရသူမ်ားအား ကယ္ဆယ္ေရးေဆာင္႐ြက္ေနစဥ္(ဆင္ဟြာ)

ဆိုမာလီယာႏိုင္ငံသမၼတ Mohamed Abdullahi Farmajo ႏွင့္ ကမာၻ႔ကုလသမဂၢအဖြဲ႕က တိုက္ခိုက္မႈအေပၚရႈတ္ခ်ေၾကာင္း ဒီဇင္ဘာ ၂၈ ရက္ အေစာပိုင္းတြင္ ေၾကညာခဲ့သည္။သမၼတ Farmajo ကေသဆုံးသူမ်ားအတြက္ ဝမ္းနည္းေၾကကြဲေၾကာင္း ႏွင့္ ဒဏ္ရာရသူမ်ားအတြက္ အျမန္ဆုံးျပန္လည္ နလံထူႏိုင္ရန္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္း ဆိုခဲ့သည္။ အၾကမ္းဖက္သမားမ်ားက  အျပစ္မဲ့ကေလးငယ္မ်ား ၊ မိခင္မ်ား ႏွင့္ ဖခင္မ်ားအား ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း ၎ကဆိုသည္။ေသဆုံးသူမ်ားထဲတြင္ လမ္းတည္ေဆာက္ေရးလုပ္ကိုင္ေနေသာ ႏိုင္ငံျခားသားမ်ားလည္း ပါဝင္ေၾကာင္း သတင္းအရင္းအျမစ္က ဆိုသည္။ ထို႔ျပင္ မီနီဘန္ကားတစ္စီးျဖင့္ ခရီးသြားေနၾကသည့္ Banadir တကၠသိုလ္မွ ေက်ာင္းသားေက်ာင္းသူ အနည္းဆုံး ၁၅ ဦးေသဆုံးခဲ့ေၾကာင္းလည္း သတင္းအရင္းအျမစ္မ်ားစြာက ဆိုၾကသည္။

တိုက္ခိုက္မႈအေပၚ မည္သည့္အဖြဲ႕ကမွ် ၎တို႔လက္ခ်က္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိေပ။သို႔ေသာ္ al-Shabab စစ္ေသြးႂကြအဖြဲ႕သည္ ယခင္က အလားတူ တိုက္ခိုက္မႈမ်ိဳး က်ဴးလြန္ခဲ့ဖူးေၾကာင္း သိရသည္။မိုဂါဒစ္ရႉးၿမိဳ႕၌ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလတြင္ ျဖစ္ပြားခဲ့ေသာ ထရက္ကားဗုံးခြဲတိုက္ခိုက္မႈအတြင္း  လူေပါင္း ၅၀၀ ေက်ာ္ေသဆုံးၿပီး အျခား ၃၀၀ ေက်ာ္ ဒဏ္ရာရသည့္ျဖစ္စဥ္မွာ ႏိုင္ငံအတြင္း လူေသဆုံးမႈအမ်ားဆုံး ျဖစ္ခဲ့ရသည့္ တိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ဆိုမာလီယာနိုင်ငံ မြို့တော်၌ အသေခံဗုံးခွဲမှုဖြစ်ပွား လူ ၇၉ ဦးသေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာရ

 
ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

    မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

    ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အသေခံကားဗုံးခွဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၇၉ ဦးသေဆုံးပြီး ၁၄၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

ဆိုမာလီယာအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ismael Mukhtar Omar က မိုဂါဒစ်ရှူးမြို့အပြင် Afgoye လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ဖြစ်ပွားသော အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ကြောင်း ဆိုသည်။“ သေဆုံးသူ ၇၉ ဦးနဲ့ ဒဏ်ရာရသူ ၁၄၉ ဦး ရှိသွားပါပြီ ။ ဆိုမာလီယာဝန်ကြီးချုပ် Hassan Ali Khaire က ခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်တစ်ခုဟာ ဆေးရုံကိုသွားရောက်ပြီး ဒဏ်ရာရသူတွေကို ကြည့်ရှုနေပါတယ်။ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု Omar က ဆင်ဟွာသို့ပြောကြားခဲ့သည်။

 ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

 ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံသမ္မတ Mohamed Abdullahi Farmajo နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က တိုက်ခိုက်မှုအပေါ်ရှုတ်ချကြောင်း ဒီဇင်ဘာ ၂၈ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။သမ္မတ Farmajo ကသေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း နှင့် ဒဏ်ရာရသူများအတွက် အမြန်ဆုံးပြန်လည် နလံထူနိုင်ရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဆိုခဲ့သည်။ အကြမ်းဖက်သမားများက  အပြစ်မဲ့ကလေးငယ်များ ၊ မိခင်များ နှင့် ဖခင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။သေဆုံးသူများထဲတွင် လမ်းတည်ဆောက်ရေးလုပ်ကိုင်နေသော နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။ ထို့ပြင် မီနီဘန်ကားတစ်စီးဖြင့် ခရီးသွားနေကြသည့် Banadir တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းအရင်းအမြစ်များစွာက ဆိုကြသည်။

တိုက်ခိုက်မှုအပေါ် မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။သို့သော် al-Shabab စစ်သွေးကြွအဖွဲ့သည် ယခင်က အလားတူ တိုက်ခိုက်မှုမျိုး ကျူးလွန်ခဲ့ဖူးကြောင်း သိရသည်။မိုဂါဒစ်ရှူးမြို့၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ထရက်ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း  လူပေါင်း ၅၀၀ ကျော်သေဆုံးပြီး အခြား ၃၀၀ ကျော် ဒဏ်ရာရသည့်ဖြစ်စဉ်မှာ နိုင်ငံအတွင်း လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ရသည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆိုမာလီယာႏိုင္ငံ ၿမိဳ႕ေတာ္၌ အေသခံဗုံးခြဲမႈျဖစ္ပြား လူ ၇၉ ဦးေသဆုံးၿပီး ၁၄၉ ဦး ဒဏ္ရာရ ဆိုမာလီယာႏိုင္ငံ ၿမိဳ႕ေတာ္၌ အေသခံဗုံးခြဲမႈျဖစ္ပြား လူ ၇၉ ဦးေသဆုံးၿပီး ၁၄၉ ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.