ကိုေဆြဝင္းရဲ႕ေရွ႕ေန တရား႐ုံးမွာ ဆဲဆို၊ ၿခိမ္းေျခာက္ခံရ

Myanmar Now အယ္ဒီတာ ကိုေဆြဝင္းအမႈရဲ႕ တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
Myanmar Now အယ္ဒီတာ ကိုေဆြဝင္းအမႈရဲ႕ တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ကို မဘသ ဆရာေတာ္ ဦးဝီရသူ ေနာက္လိုက္ေတြက ဒီေန႔ မႏၲေလးတိုင္း တရားလႊတ္ေတာ္ဝင္းထဲမွာ ၿခိမ္းေျခာက္၊ ဆဲဆိုမႈေတြျပဳလုပ္ ခဲ့ေၾကာင္း သတင္းရရွိပါတယ္။

ျမန္မာေနာင္း အယ္ဒီတာက ထင္ရွားတဲ့ မြတ္စလင္ေရွ႕ေန ဦးကိုနီကို ေလဆိပ္မွာ ေသနတ္နဲ႔ ပစ္သတ္တဲ့ လုပ္ရပ္ကို ဦးဝီရသူက အားေပးတဲ့အတြက္ ပါရာစိက က်တယ္လို႔ ေရးသားခဲ့ပါတယ္။ ဒါကို ဦးဝီရသူ ေနာက္လိုက္ ေက်ာ္မ်ိဳးေ႐ႊဆိုသူက မေက်နပ္လို႔ မႏၲေလးက မဟာေအာင္ေျမ ၿမိဳ႕နယ္တရား႐ုံးမွာ ၿပီးခဲ့တဲ့ ၂၀၁၇ တုန္းက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ ဃ နဲ႔ တရားစြဲဆိုခဲ့ပါတယ္။

ဦးဝီရသူဟာ ႏိုင္ငံေတာ္ အတိုင္ပင္ခံကို ပုတ္ခတ္ေစာ္ကားလို႔ အစိုးရရဲ႕တရားစြဲဆိုျခင္းကို ခံရၿပီးေတာ့ လက္ရွိ အခ်ိန္မွာ ဖမ္းဝရမ္းထုတ္ခံထားရၿပီးေတာ့ ထြက္ေျပးလြတ္ေျမာက္ေနပါတယ္။

ရန္ကုန္မွာေနထိုင္တဲ့ ကိုေဆြဝင္း မႏၲေလးၿမိဳ႕နယ္ တရား႐ုံးကိုသြားၿပီး ႏွစ္ႏွစ္ဝန္းက်င္ အမႈရင္ဆိုင္ခဲ့ၿပီးေနာက္ ၿမိဳ႕နယ္တရား႐ုံးက အမႈကို ပလပ္ေပးလိုက္ပါတယ္။ ဒါကို မေက်နပ္လို႔ ေက်ာ္မ်ိဳးေ႐ႊက တိုင္းတရား႐ုံးကို ထပ္မံတင္ခဲ့ပါတယ္။

တိုင္းတရား႐ုံးက အမႈကိုျပန္စစ္ဖို႔ ခ်ေပးလိုက္တာကို ကိုေဆြဝင္းတို႔ဖက္က ျပန္လည္ေလွ်ာက္လဲခ်က္တင္ပါတယ္။ ဒီကေန႔ ႏွစ္ဖက္စလုံးက ၾကားနာမႈကို အၿပီးသတ္တင္ၿပီးလို႔၊ တရားခြင္အထြက္မွာ တရားစြဲသူ မဘသ ေနာက္လိုက္ေတြက အခုလို ဆဲဆို၊ ၿခိမ္းေျခာက္ခဲ့တာလို႔ တရားခြင္ကို သြားေရာက္နားေထာင္ခဲ့သူေတြက RFA ကို ေျပာျပပါတယ္။

“ေဒၚ႐ြက္ႏုေအာင္ရဲ႕တရားခြင္ထဲက ေလွ်ာက္လဲခ်က္ေတြကို မေက်နပ္တဲ့ ဦးဝီရသူရဲ႕သူေတြက ေဒၚ႐ြက္ႏုေအာင္ကို ဆဲဆိုၾကတယ္။ တရား႐ုံးကေန ထြက္မရေအာင္ပိတ္တယ္။ ကားေရွ႕မွာ ဆိုင္ကယ္ေတြ ပိတ္ရပ္ၿပီးဆဲၾကတယ္။ ေဒၚ႐ြက္ႏုေအာင္က တရား႐ုံးေနာက္ေပါက္ကေန ထြက္ရတယ္။ဒီအေျခေနကို ဓာတ္ပုံ႐ိုက္တဲ့သူရဲ႕ဖုန္းကိုဆြဲလုၿပီး ပုံေတြအားလုံး ဖ်က္သြားတယ္။ ျပႆနာျဖစ္မွာစိုးလို႔ ကြၽန္ေတာ္တို႔က ေရွာင္ထြက္ခဲ့ၾကရတယ္ “ လို႔ ဒီကေန႔ျဖစ္စဥ္မွာ ပါဝင္ခဲ့သူတစ္ေယာက္ ေျပာပါတယ္။

တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ကို RFA က ဒီကေန႔ ဖုန္းနဲ႔အႀကိမ္ႀကိမ္ဆက္သြယ္ေပမယ့္ လက္ခံေျဖဆိုျခင္း မရွိပါဘူး။

တရားလို ေက်ာ္မ်ိဳးေ႐ႊရဲ႕ ေရွ႕ေန ျဖစ္သူ ဦးေဇာ္ဝိတ္ကေတာ့ တရားခြင္မွာ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က တရားသူႀကီးကို တင္ျပရာမွာ ဆရာေတာ္ ဝီရသူဟာ ဝိနည္းသိကၡာနဲ႔ မညီတဲ့သူ၊ ရဟန္းနဲ႔မတူတဲ့အေၾကာင္း ေျပာသြားတဲ့အတြက္ ဝီရသူေနာက္လိုက္ေတြက မေက်နပ္ၾကလို႔ နည္းနည္းေလး ဆူသြားတယ္လို႔ ဆိုပါတယ္။

“ဆရာေတာ္နဲ႔ပတ္သက္ၿပီးေတာ့ ဝိနည္းသိကၡာနဲ႔မညီတာ၊ ရဟန္းမဟုတ္ဘူးဆိုတဲ့ ပုံစံမ်ိဳးကိုေျပာတဲ့အတြက္ ဒီဆရာေတာ္ရဲ႕တပည့္ သံဃာေတြကလည္း ၾကားနာေနတဲ့အခ်ိန္မွာ အဲဒီအေပၚမွာ မေက်နပ္ၾကတာ။ ဆရာေတာ္က တစ္ႏိုင္ငံလုံးက ဗုဒၶဘာသာေတြကလည္း ကိုးကြယ္ဆည္းကပ္ၾကတယ္။ သူစာသင္ေပးထားတဲ့ ရဟန္းသံဃာေတြ ေထာင္ေသာင္းခ်ီၿပီးရွိတယ္။ အဲလိုကိုးကြယ္ေနတဲ့ဆရာကို စြပ္စြဲတဲ့ကိစၥ အေသေရဖ်က္မႈ မေျမာက္ဘူးဆိုၿပီး ေျပာသြားတဲ့ကိစၥကို ေရွ႕ေနကို မေက်မနပ္ျဖစ္သြားလို႔ နည္းနည္းေလး ဆူသြားတာပါ “ လို႔ ေျပာပါတယ္။

ေလွ်ာက္လဲခ်က္ တင္ျပထားတာနဲ႔ပတ္သတ္ၿပီး အမိန႔္ခ်မယ့္ရက္ကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကိုဆွေဝင်းရဲ့ရှေ့နေ တရားရုံးမှာ ဆဲဆို၊ ခြိမ်းခြောက်ခံရ

Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မဘသ ဆရာတော် ဦးဝီရသူ နောက်လိုက်တွေက ဒီနေ့ မန္တလေးတိုင်း တရားလွှတ်တော်ဝင်းထဲမှာ ခြိမ်းခြောက်၊ ဆဲဆိုမှုတွေပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါတယ်။

မြန်မာနောင်း အယ်ဒီတာက ထင်ရှားတဲ့ မွတ်စလင်ရှေ့နေ ဦးကိုနီကို လေဆိပ်မှာ သေနတ်နဲ့ ပစ်သတ်တဲ့ လုပ်ရပ်ကို ဦးဝီရသူက အားပေးတဲ့အတွက် ပါရာစိက ကျတယ်လို့ ရေးသားခဲ့ပါတယ်။ ဒါကို ဦးဝီရသူ နောက်လိုက် ကျော်မျိုးရွှေဆိုသူက မကျေနပ်လို့ မန္တလေးက မဟာအောင်မြေ မြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဦးဝီရသူဟာ နိုင်ငံတော် အတိုင်ပင်ခံကို ပုတ်ခတ်စော်ကားလို့ အစိုးရရဲ့တရားစွဲဆိုခြင်းကို ခံရပြီးတော့ လက်ရှိ အချိန်မှာ ဖမ်းဝရမ်းထုတ်ခံထားရပြီးတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

ရန်ကုန်မှာနေထိုင်တဲ့ ကိုဆွေဝင်း မန္တလေးမြို့နယ် တရားရုံးကိုသွားပြီး နှစ်နှစ်ဝန်းကျင် အမှုရင်ဆိုင်ခဲ့ပြီးနောက် မြို့နယ်တရားရုံးက အမှုကို ပလပ်ပေးလိုက်ပါတယ်။ ဒါကို မကျေနပ်လို့ ကျော်မျိုးရွှေက တိုင်းတရားရုံးကို ထပ်မံတင်ခဲ့ပါတယ်။

တိုင်းတရားရုံးက အမှုကိုပြန်စစ်ဖို့ ချပေးလိုက်တာကို ကိုဆွေဝင်းတို့ဖက်က ပြန်လည်လျှောက်လဲချက်တင်ပါတယ်။ ဒီကနေ့ နှစ်ဖက်စလုံးက ကြားနာမှုကို အပြီးသတ်တင်ပြီးလို့၊ တရားခွင်အထွက်မှာ တရားစွဲသူ မဘသ နောက်လိုက်တွေက အခုလို ဆဲဆို၊ ခြိမ်းခြောက်ခဲ့တာလို့ တရားခွင်ကို သွားရောက်နားထောင်ခဲ့သူတွေက RFA ကို ပြောပြပါတယ်။

“ဒေါ်ရွက်နုအောင်ရဲ့တရားခွင်ထဲက လျှောက်လဲချက်တွေကို မကျေနပ်တဲ့ ဦးဝီရသူရဲ့သူတွေက ဒေါ်ရွက်နုအောင်ကို ဆဲဆိုကြတယ်။ တရားရုံးကနေ ထွက်မရအောင်ပိတ်တယ်။ ကားရှေ့မှာ ဆိုင်ကယ်တွေ ပိတ်ရပ်ပြီးဆဲကြတယ်။ ဒေါ်ရွက်နုအောင်က တရားရုံးနောက်ပေါက်ကနေ ထွက်ရတယ်။ဒီအခြေနေကို ဓာတ်ပုံရိုက်တဲ့သူရဲ့ဖုန်းကိုဆွဲလုပြီး ပုံတွေအားလုံး ဖျက်သွားတယ်။ ပြဿနာဖြစ်မှာစိုးလို့ ကျွန်တော်တို့က ရှောင်ထွက်ခဲ့ကြရတယ် “ လို့ ဒီကနေ့ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတစ်ယောက် ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို RFA က ဒီကနေ့ ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တရားလို ကျော်မျိုးရွှေရဲ့ ရှေ့နေ ဖြစ်သူ ဦးဇော်ဝိတ်ကတော့ တရားခွင်မှာ ရှေ့နေ ဒေါ်ရွက်နုအောင်က တရားသူကြီးကို တင်ပြရာမှာ ဆရာတော် ဝီရသူဟာ ဝိနည်းသိက္ခာနဲ့ မညီတဲ့သူ၊ ရဟန်းနဲ့မတူတဲ့အကြောင်း ပြောသွားတဲ့အတွက် ဝီရသူနောက်လိုက်တွေက မကျေနပ်ကြလို့ နည်းနည်းလေး ဆူသွားတယ်လို့ ဆိုပါတယ်။

“ဆရာတော်နဲ့ပတ်သက်ပြီးတော့ ဝိနည်းသိက္ခာနဲ့မညီတာ၊ ရဟန်းမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးကိုပြောတဲ့အတွက် ဒီဆရာတော်ရဲ့တပည့် သံဃာတွေကလည်း ကြားနာနေတဲ့အချိန်မှာ အဲဒီအပေါ်မှာ မကျေနပ်ကြတာ။ ဆရာတော်က တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာတွေကလည်း ကိုးကွယ်ဆည်းကပ်ကြတယ်။ သူစာသင်ပေးထားတဲ့ ရဟန်းသံဃာတွေ ထောင်သောင်းချီပြီးရှိတယ်။ အဲလိုကိုးကွယ်နေတဲ့ဆရာကို စွပ်စွဲတဲ့ကိစ္စ အသေရေဖျက်မှု မမြောက်ဘူးဆိုပြီး ပြောသွားတဲ့ကိစ္စကို ရှေ့နေကို မကျေမနပ်ဖြစ်သွားလို့ နည်းနည်းလေး ဆူသွားတာပါ “ လို့ ပြောပါတယ်။

လျှောက်လဲချက် တင်ပြထားတာနဲ့ပတ်သတ်ပြီး အမိန့်ချမယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

RFA Burmese
https://www.rfa.org
ကိုေဆြဝင္းရဲ႕ေရွ႕ေန တရား႐ုံးမွာ ဆဲဆို၊ ၿခိမ္းေျခာက္ခံရ ကိုေဆြဝင္းရဲ႕ေရွ႕ေန တရား႐ုံးမွာ ဆဲဆို၊ ၿခိမ္းေျခာက္ခံရ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.