သံေခတ္သခ်ႋဳင္းေနရာက ႏွစ္ ၁၀၀၀ ေက်ာ္ သက္တမ္းရွိ အ႐ိုးစုေတြေတြ႕

 Nyunt Win Aye
(Zawgyi)⤵⤵⤵
ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ သက္တမ္းရွိတယ္လို႔ ယူဆရတဲ့ အ႐ိုးစု ႐ုပ္ႂကြင္း ၇ ခုကို မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္အတြင္း ရန္ကုန္-မႏၲေလးလမ္း အနီးကေန ဒီဇင္ဘာလ ဒုတိယပတ္မွာ တူးေဖာ္ရရွိခဲ့ပါတယ္။

ဒီ႐ုပ္ႂကြင္းေတြကို ေတြ႕တဲ့ေနရာက ရန္ကုန္-မႏၲေလးလမ္း မိုင္တိုင္ အမွတ္ ၃၃၀ ေဘး၊ ေပ ၁၅၀၀ ေက်ာ္ေလာက္ အကြာမွာ ျဖစ္ပါတယ္။

အဲဒီအ႐ိုးစုေတြက ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္သက္တမ္းရွိၿပီလို႔ ေရွးေဟာင္းသုေတသနဦးစီးဌာနက ရရွိထားတဲ့ အခ်က္အလက္ေတြကို ကိုးကားၿပီး မႏၲေလးတိုင္းလႊတ္ေတာ္ ႏြားထိုးႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿငိမ္းသက္ႏြယ္က ဘီဘီစီကို ေျပာပါတယ္။

"အမွန္ကေတာ့ အျမန္လမ္းေဖာ္ကတည္းက ေတြ႕ခဲ့တဲ့ အိုးခြက္ခြံကေလးေတြေပါ့ေနာ္။ ႐ြာသားေတြက ေျပာေတာ့ သူတို႔နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့မွ လုပ္လိုက္ေတာ့မွ ေနာက္ထပ္အ႐ိုးစုေတြ ေတြ႕တာ"

"အ႐ိုးစုက ေဖာ္လို႔ရတယ္ဆိုတာ စၿပီးေတာ့ ေတြ႕ၿပီးေတာ့မွ တျဖည္းျဖည္းေဖာ္ရတာ သူက အ႐ိုးစုက ႏွစ္ေပါင္း ေထာင္ခ်ီေနၿပီ ဆိုေတာ့ေလ။ အေတာ္ေလး သိမ္သိမ္ေမြ႕ေမြ႕ေလး လုပ္ရတာေပါ့ေနာ္။ အခုက ေနာက္ထပ္ ေနာက္ထပ္ ေတြ႕တဲ့ဟာပါ"

အခုလို တူးေဖာ္ဖို႔ မျပင္ဆင္ခင္ကတည္းက ရန္ကုန္၊ မႏၲေလးအျမန္လမ္းကို ေဖာက္လုပ္ရာကေန အိုးျခမ္းပဲ့ အပါအဝင္ ေရွးက်တဲ့ လူအသုံးေဆာင္ပစၥည္းေတြကို လူအမ်ားကေတြ႕ရွိရာကေန တူးေဖာ္ဖို႔ ျဖစ္လာတာလို႔ လည္းဆို ပါတယ္။

ေရွးေဟာင္းသုေတသန ရဲ႕ေတြ႕ရွိခ်က္ေတြအရ အဲဒီေနရာ တစ္ဝိုက္ဟာ သံေခတ္သခ်ိဳင္းေနရာလို႔ သိထားရတယ္လို႔ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနက ေျပာပါတယ္။
 Nyunt Win Aye

အခုလို ႐ုပ္ႂကြင္းေတြ ေတြ႕ရွိၿပီးေနာက္ တူးေဖာ္တာေတြ ဆက္လုပ္ေနတယ္လို႔ တူးေဖာ္မႈမွတ္တမ္းျပဳစုတဲ့ ၿမိဳ႕နယ္ အေထြေထြဦးစီးဌာနကေန ဝန္ထမ္းတဦးက ေျပာပါတယ္။

"သံေခတ္ သခ်ႋဳင္းထဲမွာ ႐ုပ္ႂကြင္းခုနစ္ခုထိ တူးေဖာ္ရရွိၿပီးၿပီ။ ဒီဇင္ဘာမွ တူးတာ။ ပထမပတ္မွာ စေတြ႕တာ။ ဒုတိယပတ္မွာ အကုန္လုံးေတြ႕တာ"

"သူတို႔သတ္မွတ္တဲ့ ဧရိယာကိုပဲ ဆက္တူးေနတာ ရွိတယ္။ သတ္မွတ္တဲ့ ဧရိယာ မကုန္ေသးဘူးေလ။ တစ္ဝက္ သာသာေလာက္ပဲ ၿပီးပါေသးတယ္။ ေရွးသုကေန သတ္မွတ္ထားတဲ့ ဧရိယာေလးရွိတယ္။ ေပ သုံးေလးဆယ္ေလာက္ရွိမယ္" လို႔ ေျပာပါတယ္။
လူတူမ်ိဳးႏြယ္ထဲက ေရွးအက်ဆုံးအ႐ိုးစု

အိုးျခမ္းကြဲလို လူ႔အသုံးအေဆာင္ေတြ အစရွိတဲ့ ေရွးက်တဲ့ ပစၥည္းအစအနေတြကို ေတြ႕ရွိရာကေန စတင္ တူးေဖာ္ဖို႔အတြက္ကို ေရွးေဟာင္းသုေတသန စီးဌာနနဲ႔ မႏၲေလးတိုင္းအစိုးရတို႔က ၂၀၁၇ခုႏွစ္ကတည္းက စတင္ျပင္ဆင္ခဲ့ၿပီး အခုဒီဇင္ဘာမွာ တိုင္းအစိုးရက ခြင့္ျပဳခ်က္ေပးခဲ့တာလို႔ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက သိရပါတယ္။

ေတြ႕ရွိတဲ့အ႐ိုးစုေတြကို အမ်ိဳးသမီး၊ အမ်ိဳးသား ခြဲျခားတာ အစရွိတာေတြအျပင္ တျခားသုေတသနဆိုင္ရာလုပ္ငန္းေတြကိုေတာ့ ေရွးေဟာင္းသုေတသနဦးစီးဌာနက ဆက္လုပ္ေနတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
--------
(Unicode)⤵⤵⤵
သံခေတ်သင်္ချိုင်းနေရာက နှစ် ၁၀၀၀ ကျော် သက်တမ်းရှိ အရိုးစုတွေတွေ့


ဓာတ်ပုံ မူပိုင် Nyunt Win Aye

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိတယ်လို့ ယူဆရတဲ့ အရိုးစု ရုပ်ကြွင်း ၇ ခုကို မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်း အနီးကနေ ဒီဇင်ဘာလ ဒုတိယပတ်မှာ တူးဖော်ရရှိခဲ့ပါတယ်။

ဒီရုပ်ကြွင်းတွေကို တွေ့တဲ့နေရာက ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် အမှတ် ၃၃၀ ဘေး၊ ပေ ၁၅၀၀ ကျော်လောက် အကွာမှာ ဖြစ်ပါတယ်။

အဲဒီအရိုးစုတွေက နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီလို့ ရှေးဟောင်းသုတေသနဦးစီးဌာနက ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး မန္တလေးတိုင်းလွှတ်တော် နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ဘီဘီစီကို ပြောပါတယ်။

"အမှန်ကတော့ အမြန်လမ်းဖော်ကတည်းက တွေ့ခဲ့တဲ့ အိုးခွက်ခွံကလေးတွေပေါ့နော်။ ရွာသားတွေက ပြောတော့ သူတို့နဲ့ ချိတ်ဆက်ပြီးတော့မှ လုပ်လိုက်တော့မှ နောက်ထပ်အရိုးစုတွေ တွေ့တာ"

"အရိုးစုက ဖော်လို့ရတယ်ဆိုတာ စပြီးတော့ တွေ့ပြီးတော့မှ တဖြည်းဖြည်းဖော်ရတာ သူက အရိုးစုက နှစ်ပေါင်း ထောင်ချီနေပြီ ဆိုတော့လေ။ အတော်လေး သိမ်သိမ်မွေ့မွေ့လေး လုပ်ရတာပေါ့နော်။ အခုက နောက်ထပ် နောက်ထပ် တွေ့တဲ့ဟာပါ"

အခုလို တူးဖော်ဖို့ မပြင်ဆင်ခင်ကတည်းက ရန်ကုန်၊ မန္တလေးအမြန်လမ်းကို ဖောက်လုပ်ရာကနေ အိုးခြမ်းပဲ့ အပါအဝင် ရှေးကျတဲ့ လူအသုံးဆောင်ပစ္စည်းတွေကို လူအများကတွေ့ရှိရာကနေ တူးဖော်ဖို့ ဖြစ်လာတာလို့ လည်းဆို ပါတယ်။

ရှေးဟောင်းသုတေသန ရဲ့တွေ့ရှိချက်တွေအရ အဲဒီနေရာ တစ်ဝိုက်ဟာ သံခေတ်သချိုင်းနေရာလို့ သိထားရတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Nyunt Win Aye

အခုလို ရုပ်ကြွင်းတွေ တွေ့ရှိပြီးနောက် တူးဖော်တာတွေ ဆက်လုပ်နေတယ်လို့ တူးဖော်မှုမှတ်တမ်းပြုစုတဲ့ မြို့နယ် အထွေထွေဦးစီးဌာနကနေ ဝန်ထမ်းတဦးက ပြောပါတယ်။

"သံခေတ် သင်္ချိုင်းထဲမှာ ရုပ်ကြွင်းခုနစ်ခုထိ တူးဖော်ရရှိပြီးပြီ။ ဒီဇင်ဘာမှ တူးတာ။ ပထမပတ်မှာ စတွေ့တာ။ ဒုတိယပတ်မှာ အကုန်လုံးတွေ့တာ"

"သူတို့သတ်မှတ်တဲ့ ဧရိယာကိုပဲ ဆက်တူးနေတာ ရှိတယ်။ သတ်မှတ်တဲ့ ဧရိယာ မကုန်သေးဘူးလေ။ တစ်ဝက် သာသာလောက်ပဲ ပြီးပါသေးတယ်။ ရှေးသုကနေ သတ်မှတ်ထားတဲ့ ဧရိယာလေးရှိတယ်။ ပေ သုံးလေးဆယ်လောက်ရှိမယ်" လို့ ပြောပါတယ်။
လူတူမျိုးနွယ်ထဲက ရှေးအကျဆုံးအရိုးစု

အိုးခြမ်းကွဲလို လူ့အသုံးအဆောင်တွေ အစရှိတဲ့ ရှေးကျတဲ့ ပစ္စည်းအစအနတွေကို တွေ့ရှိရာကနေ စတင် တူးဖော်ဖို့အတွက်ကို ရှေးဟောင်းသုတေသန စီးဌာနနဲ့ မန္တလေးတိုင်းအစိုးရတို့က ၂၀၁၇ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ပြီး အခုဒီဇင်ဘာမှာ တိုင်းအစိုးရက ခွင့်ပြုချက်ပေးခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။

တွေ့ရှိတဲ့အရိုးစုတွေကို အမျိုးသမီး၊ အမျိုးသား ခွဲခြားတာ အစရှိတာတွေအပြင် တခြားသုတေသနဆိုင်ရာလုပ်ငန်းတွေကိုတော့ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လုပ်နေတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
သံေခတ္သခ်ႋဳင္းေနရာက ႏွစ္ ၁၀၀၀ ေက်ာ္ သက္တမ္းရွိ အ႐ိုးစုေတြေတြ႕ သံေခတ္သခ်ႋဳင္းေနရာက ႏွစ္ ၁၀၀၀ ေက်ာ္ သက္တမ္းရွိ အ႐ိုးစုေတြေတြ႕ Reviewed by THITHTOOLWIN on 03:16 Rating: 5
Powered by Blogger.