ကသည္းလက္နက္ကိုင္အေၾကာင္း ေမးခြန္းေမးဖူးတဲ့ အမတ္အိမ္ လက္ပစ္ဗုံးပစ္ခံရ

 အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ေနအိမ္
(Zawgyi)⤵⤵⤵
အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕ ေဈးတန္း ၂ ရပ္ကြက္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ေနအိမ္ကို ဒီဇင္ဘာလ ၃ရက္ ညေန ၇ နာရီ ခန႔္က လက္ပစ္ဗုံးပစ္ခံရတယ္လို႔ တမူးေဒသခံ တစ္ဦးက ေျပာပါတယ္။

" ဗုံးက မကြဲေတာ့ ဘယ္သူမွေတာ့ ထိခိုက္မႈမရွိဘူး။ တပ္က လာသိမ္းသြားတယ္" လို႔ အခင္းျဖစ္တဲ့ ေနရာကို ေရာက္ခဲ့တဲ့ တမူးၿမိဳ႕ ေဒသခံက ေျပာပါတယ္။

လက္ပစ္ဗုံးကို ေနအိမ္ၿခံဝင္းအတြင္း ၿခံစည္း႐ိုးနဲ႔ ၈ေပ ေလာက္အကြာမွာ ေတြ႕ရၿပီး 91 အမ်ိဳးအစားလက္ပစ္ဗုံး တစ္လုံးနဲ႔ ၃ေပ ေလာက္ အကြာမွာ လက္ပစ္ဗုံး ကလစ္ကို ေတြ႕ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က မွတ္တမ္းယူသြားတယ္လို႔ သူက ေျပာပါတယ္။

အဲဒီေန႔မွာ ဦးေမာင္ေမာင္လတ္က အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝး တက္ေရာက္ေနလို႔ အိမ္မွာ မရွိဘဲ အေမနဲ႔ ညီမ ျဖစ္သူတို႔ပဲ ရွိတယ္လို႔ သိရပါတယ္။

တမူးၿမိဳ႕ေပၚမွာ ေပါက္ကြဲမႈ ေတြမၾကာခဏ ျဖစ္ေလ့ရွိ
တမူးၿမိဳ႕ေပၚနဲ႔ အနီးအနား ေက်း႐ြာေတြမွာ ကသည္းသူပုန္ေတြ ေနထိုင္ေနတဲ့ အတြက္ ရပ္႐ြာ လုံၿခဳံေရး ပ်က္ျပားရၿပီး ေဒသခံေတြအတြက္ အႏၲရာယ္ ႀကီးႀကီးမားမား ျဖစ္ေပၚ ေစတယ္လို႔ တမူး အေျခစိုက္ ကူကီး တိုင္းရင္းသား အရပ္ဘက္အဖြဲ႕ေတြက ဇြန္လတြင္းက ေျပာခဲ့ပါတယ္။

တမူးၿမိဳ႕ေပၚမွာ ေပါက္ကြဲမႈ ေတြမၾကာခဏ ျဖစ္ေလ့ရွိၿပီးေတာ့ အဲဒီ ေပါက္ကြဲမႈေတြဟာ ကသည္းသူပုန္ ေတြနဲ႔ ဆက္စပ္မႈေတြ ရွိတယ္လို႔ ၿမိဳ႕ခံေတြက ဆိုပါတယ္။

အခု လက္ပစ္ဗုံး အပစ္ခံရတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက တမူးမွာ ကသည္းလက္နက္ကိုင္ေတြ အေျခခ် ေနထိုင္ေနတာနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ထဲမွာ ေမးခြန္း ေမးခဲ့သူျဖစ္ပါတယ္။

ကသည္း လက္နက္ကိုင္ အုပ္စုကြဲေတြၾကား အနီးအနား ေတာေတာင္ေတြ၊ ကားလမ္းမေပၚေတြမွာ တိုက္ခိုက္တာမ်ိဳးေတြ ၂ဝဝဝ ျပည့္ေက်ာ္ ကာလေတြမွာ မၾကာခဏ ဆိုသလို ေပၚေပါက္ဖူးတယ္လို႔ ဦးေမာင္ေမာင္လတ္က ဘီဘီစီကို ေျပာခဲ့ပါတယ္။

အိႏၵိယနဲ႔ ျမန္မာ ႏွစ္ဘက္ စစ္တပ္ၾကား ဆက္ဆံေရး ေကာင္းၿပီး၊ အိႏၵိယ ဘက္ကလည္း သူတို႔ကို ဆန႔္က်င္တဲ့ သူပုန္ေတြ ျမန္မာဘက္ထဲ အေျခမခ်ေစဖို႔ အၿမဲပဲ အိႏၵိဘက္က အၿမဲေတာင္းဆိုေလ့ ရွိပါတယ္။

BBC Burmese
https://www.bbc.com
--------------------
(Unicode)⤵⤵⤵
ကသည်းလက်နက်ကိုင်အကြောင်း မေးခွန်းမေးဖူးတဲ့ အမတ်အိမ် လက်ပစ်ဗုံးပစ်ခံရ

ဓာတ်ပုံ မူပိုင် ကဘော်ဆုသန်း
Image caption အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်နေအိမ်

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ဈေးတန်း ၂ ရပ်ကွက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်နေအိမ်ကို ဒီဇင်ဘာလ ၃ရက် ညနေ ၇ နာရီ ခန့်က လက်ပစ်ဗုံးပစ်ခံရတယ်လို့ တမူးဒေသခံ တစ်ဦးက ပြောပါတယ်။

" ဗုံးက မကွဲတော့ ဘယ်သူမှတော့ ထိခိုက်မှုမရှိဘူး။ တပ်က လာသိမ်းသွားတယ်" လို့ အခင်းဖြစ်တဲ့ နေရာကို ရောက်ခဲ့တဲ့ တမူးမြို့ ဒေသခံက ပြောပါတယ်။

လက်ပစ်ဗုံးကို နေအိမ်ခြံဝင်းအတွင်း ခြံစည်းရိုးနဲ့ ၈ပေ လောက်အကွာမှာ တွေ့ရပြီး 91 အမျိုးအစားလက်ပစ်ဗုံး တစ်လုံးနဲ့ ၃ပေ လောက် အကွာမှာ လက်ပစ်ဗုံး ကလစ်ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က မှတ်တမ်းယူသွားတယ်လို့ သူက ပြောပါတယ်။

အဲဒီနေ့မှာ ဦးမောင်မောင်လတ်က အမျိုးသားလွှတ်တော် အစည်းအဝေး တက်ရောက်နေလို့ အိမ်မှာ မရှိဘဲ အမေနဲ့ ညီမ ဖြစ်သူတို့ပဲ ရှိတယ်လို့ သိရပါတယ်။

Image caption တမူးမြို့ပေါ်မှာ ပေါက်ကွဲမှု တွေမကြာခဏ ဖြစ်လေ့ရှိ

တမူးမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေမှာ ကသည်းသူပုန်တွေ နေထိုင်နေတဲ့ အတွက် ရပ်ရွာ လုံခြုံရေး ပျက်ပြားရပြီး ဒေသခံတွေအတွက် အန္တရာယ် ကြီးကြီးမားမား ဖြစ်ပေါ် စေတယ်လို့ တမူး အခြေစိုက် ကူကီး တိုင်းရင်းသား အရပ်ဘက်အဖွဲ့တွေက ဇွန်လတွင်းက ပြောခဲ့ပါတယ်။

တမူးမြို့ပေါ်မှာ ပေါက်ကွဲမှု တွေမကြာခဏ ဖြစ်လေ့ရှိပြီးတော့ အဲဒီ ပေါက်ကွဲမှုတွေဟာ ကသည်းသူပုန် တွေနဲ့ ဆက်စပ်မှုတွေ ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အခု လက်ပစ်ဗုံး အပစ်ခံရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ဟာ ၂၀၁၇ ခုနှစ်တုန်းက တမူးမှာ ကသည်းလက်နက်ကိုင်တွေ အခြေချ နေထိုင်နေတာနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ မေးခွန်း မေးခဲ့သူဖြစ်ပါတယ်။

ကသည်း လက်နက်ကိုင် အုပ်စုကွဲတွေကြား အနီးအနား တောတောင်တွေ၊ ကားလမ်းမပေါ်တွေမှာ တိုက်ခိုက်တာမျိုးတွေ ၂ဝဝဝ ပြည့်ကျော် ကာလတွေမှာ မကြာခဏ ဆိုသလို ပေါ်ပေါက်ဖူးတယ်လို့ ဦးမောင်မောင်လတ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာ နှစ်ဘက် စစ်တပ်ကြား ဆက်ဆံရေး ကောင်းပြီး၊ အိန္ဒိယ ဘက်ကလည်း သူတို့ကို ဆန့်ကျင်တဲ့ သူပုန်တွေ မြန်မာဘက်ထဲ အခြေမချစေဖို့ အမြဲပဲ အိန္ဒိဘက်က အမြဲတောင်းဆိုလေ့ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ကသည္းလက္နက္ကိုင္အေၾကာင္း ေမးခြန္းေမးဖူးတဲ့ အမတ္အိမ္ လက္ပစ္ဗုံးပစ္ခံရ ကသည္းလက္နက္ကိုင္အေၾကာင္း ေမးခြန္းေမးဖူးတဲ့ အမတ္အိမ္ လက္ပစ္ဗုံးပစ္ခံရ Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.