တ႐ုတ္နဲ႔ျမန္မာၾကား ေဒၚလာ ၂.၈ ဘီလီယံဖိုး ရင္းႏွီးျမႇဳပ္ႏွံမႈ သေဘာတူညီခ်က္မ်ား လက္မွတ္ထိုး

ေရႊလီရွိ တ႐ုတ္-ျမန္မာ နယ္စပ္ စစ္ေဆးေရးဂိတ္တခု။ (ေမ ၂၅၊ ၂၀၁၂)

(Zawgyi / Unicode)

၁၈ ႀကိမ္ေျမာက္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲကို တ႐ုတ္ႏုိင္ငံ၊ ေရႊလီမွာ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၆ ရက္ေန႔အထိ က်င္းပေနတာမွာ အခုအခ်ိန္ထိ စီမံကိန္း ၂၄ ခု လက္မွတ္ေရးထိုးၿပီးျဖစ္ေၾကာင္း တ႐ုတ္ႏုိင္ငံပိုင္ ရွင္ဟြာသတင္းဌာနက ေဖာ္ျပပါတယ္။

အေမရိကန္ေဒၚလာ ၂.၈ ဘီလီယံ တန္ဖိုးရွိတဲ့ ဒီစီမံကိန္းေတြထဲမွာေတာ့ ခရီးသြားလာေရး၊ စိုက္ပ်ိဳးေရး၊ သယ္ယူပို႔ေဆာင္ေရး၊ သစ္ထုတ္ကုန္နဲ႔ တျခား လုပ္ငန္းက႑ေတြ ပါ၀င္တယ္လို႔လည္း ဆိုပါတယ္။

တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲမွာေတာ့ ျမန္မာဘက္က သစ္ထုတ္ကုန္ေတြ၊ လက္မႈပစၥည္းေတြလည္း ျပသထားၾကပါတယ္။ ျပခန္းေပါင္း ၅၀၀ ေက်ာ္ရွိၿပီး ပစၥည္းအမ်ိဳးအမည္ေပါင္း ၂၀၀၀ ေက်ာ္ ပါ၀င္ ျပသေနတာပါ။

ျမန္မာႏုိင္ငံထြက္ ေက်ာက္မ်က္သယံဇာတ၊ သစ္ေတာထြက္ပစၥည္း၊ စိုက္ပ်ိဳးေရး ေမြးျမဴေရး ထုတ္ကုန္အမ်ားစုက နယ္စပ္ကုန္သြယ္ေရးကေန တ႐ုတ္ဘက္ကို အဓိက တင္ပို႔ေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ဆန္၊ သီးႏွံတို႔လို စိုက္ပ်ိဳးေရးထြက္ကုန္ အမ်ားစုဟာ တ႐ုတ္ဘက္က အရည္အေသြး ထိန္းခ်ဳပ္မႈ၊ တရားမ၀င္ ကုန္သြယ္မႈကို ကန္႔သတ္ပိတ္ပင္မႈေတြေၾကာင့္ မၾကာခန အခက္ေတြ႔ေနရတာ ျဖစ္ပါတယ္။

--------------------------------

(Unicode)

တရုတ်နဲ့မြန်မာကြား ဒေါ်လာ ၂.၈ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ လက်မှတ်ထိုး

၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာမှာ အခုအချိန်ထိ စီမံကိန်း ၂၄ ခု လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီစီမံကိန်းတွေထဲမှာတော့ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ သစ်ထုတ်ကုန်နဲ့ တခြား လုပ်ငန်းကဏ္ဍတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲမှာတော့ မြန်မာဘက်က သစ်ထုတ်ကုန်တွေ၊ လက်မှုပစ္စည်းတွေလည်း ပြသထားကြပါတယ်။ ပြခန်းပေါင်း ၅၀၀ ကျော်ရှိပြီး ပစ္စည်းအမျိုးအမည်ပေါင်း ၂၀၀၀ ကျော် ပါဝင် ပြသနေတာပါ။

မြန်မာနိုင်ငံထွက် ကျောက်မျက်သယံဇာတ၊ သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်အများစုက နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ဘက်ကို အဓိက တင်ပို့နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ဆန်၊ သီးနှံတို့လို စိုက်ပျိုးရေးထွက်ကုန် အများစုဟာ တရုတ်ဘက်က အရည်အသွေး ထိန်းချုပ်မှု၊ တရားမဝင် ကုန်သွယ်မှုကို ကန့်သတ်ပိတ်ပင်မှုတွေကြောင့် မကြာခန အခက်တွေ့နေရတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
တ႐ုတ္နဲ႔ျမန္မာၾကား ေဒၚလာ ၂.၈ ဘီလီယံဖိုး ရင္းႏွီးျမႇဳပ္ႏွံမႈ သေဘာတူညီခ်က္မ်ား လက္မွတ္ထိုး တ႐ုတ္နဲ႔ျမန္မာၾကား ေဒၚလာ ၂.၈ ဘီလီယံဖိုး ရင္းႏွီးျမႇဳပ္ႏွံမႈ သေဘာတူညီခ်က္မ်ား လက္မွတ္ထိုး Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.