အေျခခံပညာေက်ာင္းေတြရဲ႕စာသင္ကာလကို မတ္လကုန္ထိ တိုးျမႇင့္လိုက္တဲ့အေပၚ ျပန္လည္သုံးသပ္ေပးဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ေတာင္းဆို

စာသင္ခ်ိန္တိုးျမႇင့္တဲ့အေပၚ ျပန္သုံးသပ္ေပးဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ေတာင္းဆို
(Zawgyi)⤵⤵⤵
ဒီႏွစ္ ၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္ကစၿပီး အေျခခံပညာေက်ာင္းေတြရဲ႕ စာသင္ခ်ိန္ကာလကို မတ္လကုန္အထိ တိုးျမႇင့္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနက အသိေပးထုတ္ျပန္ထားတဲ့အေပၚ ျပန္လည္သုံးသပ္ေပးဖို႔ ျမန္မာႏိုင္ငံလုံး ဆိုင္ရာ ဆရာ၊ဆရာမ်ား အဖြဲ႕ခ်ဳပ္က ဒီဇင္ဘာ ၂၂ ရက္ေန႔မွာ အခ်က္ ၇ခ်က္ပါ သေဘာထားေၾကညာခ်က္ထုတ္ျပန္ၿပီးေတာင္းဆိုလိုက္ပါတယ္။

ဒီႏွစ္ပညာသင္ႏွစ္ကစၿပီး အေျခခံပညာ အတန္းအသီးသီးရဲ႕ ေက်ာင္းတြင္းစစ္စာေမးပြဲေတြကို တကၠသိုလ္ ဝင္တန္းစာေမးပြဲေတြေျဖဆိုၿပီးေတာ့မွသာ ျပဳလုပ္ေတာ့မွာလည္းျဖစ္ပါတယ္။

' 'ဆရာမ်ားအဖြဲ႕ခ်ဳပ္အေနနဲ႔ နယ္ေတြက ဆရာ၊ဆရာမေတြဆီက မွတ္ခ်က္ေတြ၊ ၿပီးေတာ့ ဆရာေတြက တဆင့္ ေက်ာင္းသားမိဘေတြရဲ႕ မွတ္ခ်က္ေတြကို ေတာင္းခံၿပီးမွ ဒီသေဘာထားထုတ္ျပန္ခ်က္ကို ထုတ္ တာပါ။ ထုတ္ျပန္ခ်က္ ၇ ခ်က္ထဲမွာ အဓိက အခ်က္ ၃နဲ႔ ၅ ကေတာ့ ေတာ္ေတာ္မ်ားမ်ားတင္ျပၾကတယ္။ မတ္လအထိ တက္ရမယ္ဆို ေက်ာင္းသားေတြအတြက္လည္း အဆင္မေျပသလို ဆရာ၊ ဆရာမေတြအတြက္လည္း အဆင္မေျပဘူး''လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမ်ား အဖြဲ႕ခ်ဳပ္အတြင္းေရးမႉးျဖစ္သူ ေဒါက္တာ ေဇာ္မ်ိဳးလႈိင္ကေျပာပါတယ္။

ၿမိဳ႕ နဲ႔ နယ္ေဒသေတြမွာပါရွိၾကတဲ့ ဆရာမ်ားအဖြဲ႕ခ်ဳပ္ ဆရာ၊ဆရာမအမ်ားစုထံက တင္ျပလာတဲ့ အခ်က္ေတြထဲမွာ မတ္လအတြင္း အတန္းအသီးသီးမွာ သင္ၾကားေရးတာဝန္ေတြကို ထမ္းေဆာင္ရသလို စတုတၳ တန္း၊ အ႒မတန္း နဲ႔ တကၠသိုလ္ဝင္တန္း စာေမးပြဲေတြ က်င္းပဖို႔အတြက္ စာေမးပြဲခန္း ျပင္ဆင္ရတာ၊ စာေမးပြဲခန္းႀကီးၾကပ္တာ၊ အေျဖလႊာစစ္ေဆးတာ၊ ေအာင္စာရင္းျပဳစုရတာ စတဲ့တာဝန္ေတြကို ပါလုပ္ရေတာ့မွာျဖစ္တဲ့အတြက္ ဆရာ၊ ဆရာေတြအတြက္ ဝန္ပိတာ( ဒါမွမဟုတ္) ဆရာအင္အား မလုံေလာက္တာမ်ိဳး ျဖစ္ေစႏိုင္ တယ္လို႔ ပါပါတယ္။
 မတ္လကုန္အထိ တက္ရမယ့္အေပၚ သေဘာမက်တဲ့ ေက်ာင္းသားမိဘအခ်ိဳ႕လည္းရွိ

ဒီအခ်က္နဲ႔ပတ္သက္ၿပီး အဖြဲ႕ဝင္ ၂သိန္းဝန္းက်င္ရွိတဲ့ တိုင္းနဲ႔ျပည္နယ္အသီးသီးက ေက်ာင္းဆရာ၊ဆရာမ ေတြပါဝင္တဲ့ လူမႈကြန္ရက္ေပၚက ဆရာ၊ဆရာမ်ားဆိုင္ရာ ဂ႐ုမွာေတာ့ အလားတူ သေဘာထားမ်ိဳးရွိေနေၾကာင္း ေရးသားမွ်ေဝေနၾကတာကိုေတြ႕ရပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ရာသီဥတုအေျခအေနအရ မတ္လဟာ အပူရွိန္ျပင္းတဲ့အခ်ိန္ကာလလည္းျဖစ္တာ ေၾကာင့္ အေျခခံပညာ ေက်ာင္းမ်ားတြင္ (အထူးသျဖင့္ ေက်းလက္ေဒသမွ) ကေလးသူငယ္အ႐ြယ္ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ အသက္အ႐ြယ္ႀကီးရင့္တဲ့ ဆရာႀကီး၊ ဆရာမႀကီးေတြအတြက္ေတာ့ မလိုလားအပ္တဲ့ က်န္းမာေရး အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရဖြယ္ ရွိတယ္လို႔လည္း ဆရာမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ သေဘာထား ေၾကညာခ်က္မွာပါပါတယ္။

ဆရာ၊ ဆရာမေတြနည္းတူ ေက်ာင္းသားမိဘေတြဘက္ကလည္း အပူရွိန္ျပင္းတဲ့ကာလအထိ ေက်ာင္းတက္ ရမယ့္အေပၚ စိုးရိမ္ပူပန္တဲ့မိဘအခ်ိဳ႕လည္းရွိေနပါတယ္။

'' အစိုးရေက်ာင္းအမ်ားစုမွာ စာသင္ခန္းေတြက က်ဥ္းၿပီး ပန္ကာမရွိ အဲကြန္းမရွိတဲ့ေက်ာင္းေတြက မ်ားပါတယ္။ မတ္လဆိုရင္ အပူရွိန္ကလည္းျပင္းၿပီ။ ရာသီဥတုကပူပူနဲ႔ ကေလးေတြ ေခြၽးထြက္လြန္မွာ မခံႏိုင္မွာကို စိတ္ပူတယ္။''လို႔ သာေကတၿမိဳ႕နယ္အတြင္းမွာ ေနထိုင္တဲ့ ေက်ာင္းသားမိခင္တစ္ဦးကသူ႔ရဲ႕အျမင္ကို ေျပာျပ ပါတယ္။

တကၠသိုလ္ဝင္တန္းေတြေျဖဆိုၿပီးမွ က်န္တဲ့ ေက်ာင္းတြင္းစစ္စာေမးပြဲေတြကို စစ္ေဆးမွာျဖစ္
ရာသီဥတုပူျပင္းတဲ့အတြက္ မတ္လအထိ ေက်ာင္းတက္ရတဲ့အခါ ေက်ာင္းသားေက်ာင္းသူအတြက္ က်န္းမာေရးထိခိုက္ႏိုင္ေျခရွိတဲ့အခ်က္ကိုေတာ့ ႁခြင္းခ်က္အေနနဲ႔ ထည့္စဥ္းစားေပးဖို႔ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္သူ ဦးကိုေလးဝင္းက တုံ႔ျပန္ေျပာဆိုပါတယ္။

' ' ေက်ာင္းတိုင္းေတာ့ မဟုတ္ဘူး။ ဥပမာ ရွမ္းျပည္လိုေဒသမ်ိဳးဆိုရင္ေတာ့ ရာသီဥတုပူတယ္လို႔ အေၾကာင္းျပလို႔မရဘူး။ တျခားပူျပင္းတဲ့ေဒသေတြက ေက်ာင္းကလည္း ကေလးေတြအတြက္ က်န္းမာေရးကို ထိခိုက္ႏိုင္တယ္ဆိုတာ ေသခ်ာတဲ့ေက်ာင္းမ်ိဳးဆိုရင္ေတာ့ တင္ျပလာရင္ အဲဒီေက်ာင္းေတြကို ႁခြင္းခ်က္အေနနဲ႔ စဥ္းစားေပးဖို႔ရွိတယ္။ ေႏြရာသီမွာ ေရရွားတဲ့ေဒသကေက်ာင္းမ်ိဳးဆိုရင္လည္း ေသာက္ေရအတြက္ပံ့ပိုးေပးတာမ်ိဳး ဒါမ်ိဳးေတြလုပ္ေပးသြားဖို႔ရွိတယ္။''လို႔ ဦးကိုေလးဝင္းက ဘီဘီစီကိုေျပာပါတယ္။

နယ္ေဒသအခ်ိဳ႕မွာတာဝန္က်တဲ့ ဆရာမ်ားအဖြဲ႕ခ်ဳပ္ကေထာက္ျပထားတဲ့အခ်က္ေတြထဲမွာ မိသားစုဝင္ေငြ အရ ေႏြရာသီေက်ာင္းပိတ္ခ်ိန္ တစ္ဖက္တစ္လမ္းက မိဘေတြကိုကူၿပီး လုပ္ကိုင္ရတဲ့ မိသားစုမ်ိဳးက ေက်ာင္းသားေက်ာင္းသူေတြဆိုရင္ေတာ့ ဒီလို စာသင္ခ်ိန္ တစ္လတိုးျမႇင့္လိုက္တာဟာ ေက်ာင္းထြက္တာမ်ိဳးေတြ (Drop out)ျဖစ္လာႏိုင္တယ္ဆိုတဲ့အခ်က္လည္းပါပါတယ္။

ဒါေပမယ့္ ဒီအေၾကာင္းျပခ်က္ဟာ မျဖစ္ႏိုင္တဲ့အေပၚ အေျခခံၿပီးေျပာဆိုတာလို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းကတုံ႔ျပန္ေျပာဆိုပါတယ္။

အခုလို ဆရာဆရာမေတြဘက္က ေတာင္းဆိုတာေတြရွိလာေပမယ့္လည္း စာသင္ခ်ိန္တိုးျမႇင့္မယ္ ဆိုတာဟာ ပညာသင္ႏွစ္မစခင္တည္းက အေျခခံပညာဦးစီးဌာနကသာမကဘဲ စာစစ္ဦးစီးဌာန ခ႐ိုင္၊ တိုင္း ပညာေရးမႉးေတြ ေက်ာင္းအုပ္ကိုယ္စားလွယ္ေတြ ေက်ာင္းသား မိဘကိုယ္စားလွယ္ေတြကေန သေဘာထားေကာက္ခံၿပီးမွ ႀကိဳတင္အသိေပးခဲ့တာျဖစ္တယ္လို႔လည္း ဦးကိုေလးဝင္းကေျပာပါတယ္။

မတ္လကုန္အထိ စာသင္ခ်ိန္တိုးျမႇင့္ဖို႔ကို မၾကာခင္မွာ စီမံခန႔္ခြဲမႈေကာ္မတီရဲ႕ သေဘာတူညီခ်က္နဲ႔ ၫႊန္ၾကားခ်က္က်လာပါကလည္း တရားဝင္ထုတ္ျပန္ေၾကညာသြားဖို႔ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းကေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အခြေခံပညာကျောင်းတွေရဲ့စာသင်ကာလကို မတ်လကုန်ထိ တိုးမြှင့်လိုက်တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ ဆရာများအဖွဲ့ချုပ်တောင်းဆို

ဓာတ်ပုံ မူပိုင် NICOLAS ASFOURI/AFP via Getty Images)
Image caption စာသင်ချိန်တိုးမြှင့်တဲ့အပေါ် ပြန်သုံးသပ်ပေးဖို့ ဆရာများအဖွဲ့ချုပ်တောင်းဆို

ဒီနှစ် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်ကစပြီး အခြေခံပညာကျောင်းတွေရဲ့ စာသင်ချိန်ကာလကို မတ်လကုန်အထိ တိုးမြှင့်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက အသိပေးထုတ်ပြန်ထားတဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ဆရာများ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အချက် ၇ချက်ပါ သဘောထားကြေညာချက်ထုတ်ပြန်ပြီးတောင်းဆိုလိုက်ပါတယ်။

ဒီနှစ်ပညာသင်နှစ်ကစပြီး အခြေခံပညာ အတန်းအသီးသီးရဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ် ဝင်တန်းစာမေးပွဲတွေဖြေဆိုပြီးတော့မှသာ ပြုလုပ်တော့မှာလည်းဖြစ်ပါတယ်။

' 'ဆရာများအဖွဲ့ချုပ်အနေနဲ့ နယ်တွေက ဆရာ၊ဆရာမတွေဆီက မှတ်ချက်တွေ၊ ပြီးတော့ ဆရာတွေက တဆင့် ကျောင်းသားမိဘတွေရဲ့ မှတ်ချက်တွေကို တောင်းခံပြီးမှ ဒီသဘောထားထုတ်ပြန်ချက်ကို ထုတ် တာပါ။ ထုတ်ပြန်ချက် ၇ ချက်ထဲမှာ အဓိက အချက် ၃နဲ့ ၅ ကတော့ တော်တော်များများတင်ပြကြတယ်။ မတ်လအထိ တက်ရမယ်ဆို ကျောင်းသားတွေအတွက်လည်း အဆင်မပြေသလို ဆရာ၊ ဆရာမတွေအတွက်လည်း အဆင်မပြေဘူး''လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများ အဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ဇော်မျိုးလှိုင်ကပြောပါတယ်။

မြို့ နဲ့ နယ်ဒေသတွေမှာပါရှိကြတဲ့ ဆရာများအဖွဲ့ချုပ် ဆရာ၊ဆရာမအများစုထံက တင်ပြလာတဲ့ အချက်တွေထဲမှာ မတ်လအတွင်း အတန်းအသီးသီးမှာ သင်ကြားရေးတာဝန်တွေကို ထမ်းဆောင်ရသလို စတုတ္ထ တန်း၊ အဋ္ဌမတန်း နဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ကျင်းပဖို့အတွက် စာမေးပွဲခန်း ပြင်ဆင်ရတာ၊ စာမေးပွဲခန်းကြီးကြပ်တာ၊ အဖြေလွှာစစ်ဆေးတာ၊ အောင်စာရင်းပြုစုရတာ စတဲ့တာဝန်တွေကို ပါလုပ်ရတော့မှာဖြစ်တဲ့အတွက် ဆရာ၊ ဆရာတွေအတွက် ဝန်ပိတာ( ဒါမှမဟုတ်) ဆရာအင်အား မလုံလောက်တာမျိုး ဖြစ်စေနိုင် တယ်လို့ ပါပါတယ်။

ဓာတ်ပုံ မူပိုင် AUNG THU/AFP via Getty Images
Image caption မတ်လကုန်အထိ တက်ရမယ့်အပေါ် သဘောမကျတဲ့ ကျောင်းသားမိဘအချို့လည်းရှိ

ဒီအချက်နဲ့ပတ်သက်ပြီး အဖွဲ့ဝင် ၂သိန်းဝန်းကျင်ရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ကျောင်းဆရာ၊ဆရာမ တွေပါဝင်တဲ့ လူမှုကွန်ရက်ပေါ်က ဆရာ၊ဆရာများဆိုင်ရာ ဂရုမှာတော့ အလားတူ သဘောထားမျိုးရှိနေကြောင်း ရေးသားမျှဝေနေကြတာကိုတွေ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေအရ မတ်လဟာ အပူရှိန်ပြင်းတဲ့အချိန်ကာလလည်းဖြစ်တာ ကြောင့် အခြေခံပညာ ကျောင်းများတွင် (အထူးသဖြင့် ကျေးလက်ဒေသမှ) ကလေးသူငယ်အရွယ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေအတွက်တော့ မလိုလားအပ်တဲ့ ကျန်းမာရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့လည်း ဆရာများအဖွဲ့ချုပ်ရဲ့ သဘောထား ကြေညာချက်မှာပါပါတယ်။

ဆရာ၊ ဆရာမတွေနည်းတူ ကျောင်းသားမိဘတွေဘက်ကလည်း အပူရှိန်ပြင်းတဲ့ကာလအထိ ကျောင်းတက် ရမယ့်အပေါ် စိုးရိမ်ပူပန်တဲ့မိဘအချို့လည်းရှိနေပါတယ်။

'' အစိုးရကျောင်းအများစုမှာ စာသင်ခန်းတွေက ကျဉ်းပြီး ပန်ကာမရှိ အဲကွန်းမရှိတဲ့ကျောင်းတွေက များပါတယ်။ မတ်လဆိုရင် အပူရှိန်ကလည်းပြင်းပြီ။ ရာသီဥတုကပူပူနဲ့ ကလေးတွေ ချွေးထွက်လွန်မှာ မခံနိုင်မှာကို စိတ်ပူတယ်။''လို့ သာကေတမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ကျောင်းသားမိခင်တစ်ဦးကသူ့ရဲ့အမြင်ကို ပြောပြ ပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP via Getty Images
Image caption တက္ကသိုလ်ဝင်တန်းတွေဖြေဆိုပြီးမှ ကျန်တဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို စစ်ဆေးမှာဖြစ်

ရာသီဥတုပူပြင်းတဲ့အတွက် မတ်လအထိ ကျောင်းတက်ရတဲ့အခါ ကျောင်းသားကျောင်းသူအတွက် ကျန်းမာရေးထိခိုက်နိုင်ခြေရှိတဲ့အချက်ကိုတော့ ခြွင်းချက်အနေနဲ့ ထည့်စဉ်းစားပေးဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကိုလေးဝင်းက တုံ့ပြန်ပြောဆိုပါတယ်။

' ' ကျောင်းတိုင်းတော့ မဟုတ်ဘူး။ ဥပမာ ရှမ်းပြည်လိုဒေသမျိုးဆိုရင်တော့ ရာသီဥတုပူတယ်လို့ အကြောင်းပြလို့မရဘူး။ တခြားပူပြင်းတဲ့ဒေသတွေက ကျောင်းကလည်း ကလေးတွေအတွက် ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သေချာတဲ့ကျောင်းမျိုးဆိုရင်တော့ တင်ပြလာရင် အဲဒီကျောင်းတွေကို ခြွင်းချက်အနေနဲ့ စဉ်းစားပေးဖို့ရှိတယ်။ နွေရာသီမှာ ရေရှားတဲ့ဒေသကကျောင်းမျိုးဆိုရင်လည်း သောက်ရေအတွက်ပံ့ပိုးပေးတာမျိုး ဒါမျိုးတွေလုပ်ပေးသွားဖို့ရှိတယ်။''လို့ ဦးကိုလေးဝင်းက ဘီဘီစီကိုပြောပါတယ်။

နယ်ဒေသအချို့မှာတာဝန်ကျတဲ့ ဆရာများအဖွဲ့ချုပ်ကထောက်ပြထားတဲ့အချက်တွေထဲမှာ မိသားစုဝင်ငွေ အရ နွေရာသီကျောင်းပိတ်ချိန် တစ်ဖက်တစ်လမ်းက မိဘတွေကိုကူပြီး လုပ်ကိုင်ရတဲ့ မိသားစုမျိုးက ကျောင်းသားကျောင်းသူတွေဆိုရင်တော့ ဒီလို စာသင်ချိန် တစ်လတိုးမြှင့်လိုက်တာဟာ ကျောင်းထွက်တာမျိုးတွေ (Drop out)ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်လည်းပါပါတယ်။

ဒါပေမယ့် ဒီအကြောင်းပြချက်ဟာ မဖြစ်နိုင်တဲ့အပေါ် အခြေခံပြီးပြောဆိုတာလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကတုံ့ပြန်ပြောဆိုပါတယ်။

အခုလို ဆရာဆရာမတွေဘက်က တောင်းဆိုတာတွေရှိလာပေမယ့်လည်း စာသင်ချိန်တိုးမြှင့်မယ် ဆိုတာဟာ ပညာသင်နှစ်မစခင်တည်းက အခြေခံပညာဦးစီးဌာနကသာမကဘဲ စာစစ်ဦးစီးဌာန ခရိုင်၊ တိုင်း ပညာရေးမှူးတွေ ကျောင်းအုပ်ကိုယ်စားလှယ်တွေ ကျောင်းသား မိဘကိုယ်စားလှယ်တွေကနေ သဘောထားကောက်ခံပြီးမှ ကြိုတင်အသိပေးခဲ့တာဖြစ်တယ်လို့လည်း ဦးကိုလေးဝင်းကပြောပါတယ်။

မတ်လကုန်အထိ စာသင်ချိန်တိုးမြှင့်ဖို့ကို မကြာခင်မှာ စီမံခန့်ခွဲမှုကော်မတီရဲ့ သဘောတူညီချက်နဲ့ ညွှန်ကြားချက်ကျလာပါကလည်း တရားဝင်ထုတ်ပြန်ကြေညာသွားဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။

BBC Burmese
https://www.bbc.com
အေျခခံပညာေက်ာင္းေတြရဲ႕စာသင္ကာလကို မတ္လကုန္ထိ တိုးျမႇင့္လိုက္တဲ့အေပၚ ျပန္လည္သုံးသပ္ေပးဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ေတာင္းဆို အေျခခံပညာေက်ာင္းေတြရဲ႕စာသင္ကာလကို မတ္လကုန္ထိ တိုးျမႇင့္လိုက္တဲ့အေပၚ ျပန္လည္သုံးသပ္ေပးဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ေတာင္းဆို Reviewed by THITHTOOLWIN on 23:00 Rating: 5
Powered by Blogger.