ေ႐ႊေတာင္ဦးဘုရားအနီး လူသတ္မႈ ျပစ္မႈက်ဴးလြန္သူအား ကေလာၿမိဳ႕တြင္ဖမ္းမိ

(Zawgyi)⤵⤵⤵
မုံ႐ြာ၊ ဒီဇင္ဘာ ၂၆

ခ်င္းတြင္းျမစ္အေနာက္ဖက္ကမ္း ယင္းမာပင္ၿမိဳ႕နယ္ ေ႐ႊေတာင္ဦးဘုရားေတာင္ေျခေရဆိပ္အဆင္းလမ္း ၿခဳံပုတ္တစ္ခုတြင္ အမ်ိဳးသမီးတစ္ဦးအား သတ္၍ ပစၥည္းယူသြားသူအား ရွမ္းျပည္နယ္ ကေလာၿမိဳ႕တြင္ဖမ္းမိခဲ့သည္။

အသတ္ခံရသူမွာ ဘုတလင္ၿမိဳ႕နယ္ ကံသစ္႐ြာမွ အမ်ိဳးသမီးျဖစ္ၿပီး ၎သည္ ဧရာဝတီတိုင္း ေညာင္တုန္းၿမိဳ႕နယ္ ခတၱိယ႐ြာတြင္ေနထိုင္သည့္ အမ်ိဳးသားႏွင့္ ဖုန္းViber မွတဆင့္ဖုန္းမွားေခၚမိရာမွ ခ်စ္သူျဖစ္ခဲ့ေၾကာင္း က်ဴးလြန္သူ အမ်ိဳးသားက ရဲတပ္ဖြဲ႕ထံ ထြက္ဆိုခဲ့သည္။

အမ်ိဳးသမီးမွ ခ်ိန္းဆိုသျဖင့္ မုံ႐ြာသို႔ ဒီဇင္ဘာ ၆ ရက္ေန႔က ေရာက္လာၿပီး တည္းခိုေနထိုင္ခဲ့ေၾကာင္း ၊ဒီဇင္ဘာ ၁၃ ရက္ တြင္ ေ႐ႊေတာင္ဦးဘုရား၌ ခ်ိန္းဆိုၿပီး အမ်ိဳးသမီးဝတ္လာေသာ အေပၚအက်ႌ ျဖင့္လည္ပင္းညႇစ္သတ္ကာ ဖုန္း၊ဆိုင္ကယ္ ႏွင့္ လက္ဝတ္ရတနာမ်ား ယူေဆာင္ကာ တည္းခိုခန္းသို႔ ျပန္လာေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆိုသည္။

မုံ႐ြာၿမိဳ႕တည္းခိုခန္းတြင္ ၂ရက္ ေန၍ ရွမ္းျပည္နယ္ ကေလာၿမိဳ႕သို႔ ဒီဇင္ဘာ ၁၆ ရက္တြင္ ေရာက္ကာ ဒီဇင္ဘာ ၂၅ ရက္တြင္ ဖမ္းဆီးခံခဲ့ရ ျခင္းျဖစ္သည္။

ကေလာရဲတပ္ဖြဲ႕မွ ၎အား ခိုးမႈမသကၤာျဖင့္ စစ္ေဆးခဲ့ရာ မုံ႐ြာၿမိဳ႕က ထြက္ခြာလာသည့္ ကားလက္မွတ္၊ ေ႐ႊအေပါင္လက္မွတ္ႏွင့္ ဖုန္း ၂ လုံးတို႔အား ေတြ႕ရွိသျဖင့္ ေမးျမန္းရာမွ ဖုန္းခိုးမႈမ်ားအျပင္ လူသတ္မႈက်ဴးလြန္ခဲ့သည္ကို ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း ကေလာၿမိဳ႕မရဲစခန္းမွ ရဲအုပ္တစ္ဦးက ေျပာသည္။

ျပစ္မႈက်ဴးလြန္သည့္ အဆိုပါအမ်ိဳးသားအား ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ထံမွ စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္း သြားမည္ျဖစ္သည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
-----------
(Unicode)⤵⤵⤵
ရွှေတောင်ဦးဘုရားအနီး လူသတ်မှု ပြစ်မှုကျူးလွန်သူအား ကလောမြို့တွင်ဖမ်းမိ

မုံရွာ၊ ဒီဇင်ဘာ ၂၆

ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ယင်းမာပင်မြို့နယ် ရွှေတောင်ဦးဘုရားတောင်ခြေရေဆိပ်အဆင်းလမ်း ခြုံပုတ်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား သတ်၍ ပစ္စည်းယူသွားသူအား ရှမ်းပြည်နယ် ကလောမြို့တွင်ဖမ်းမိခဲ့သည်။

အသတ်ခံရသူမှာ ဘုတလင်မြို့နယ် ကံသစ်ရွာမှ အမျိုးသမီးဖြစ်ပြီး ၎င်းသည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ခတ္တိယရွာတွင်နေထိုင်သည့် အမျိုးသားနှင့် ဖုန်းViber မှတဆင့်ဖုန်းမှားခေါ်မိရာမှ ချစ်သူဖြစ်ခဲ့ကြောင်း ကျူးလွန်သူ အမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

အမျိုးသမီးမှ ချိန်းဆိုသဖြင့် မုံရွာသို့ ဒီဇင်ဘာ ၆ ရက်နေ့က ရောက်လာပြီး တည်းခိုနေထိုင်ခဲ့ကြောင်း ၊ဒီဇင်ဘာ ၁၃ ရက် တွင် ရွှေတောင်ဦးဘုရား၌ ချိန်းဆိုပြီး အမျိုးသမီးဝတ်လာသော အပေါ်အင်္ကျီ ဖြင့်လည်ပင်းညှစ်သတ်ကာ ဖုန်း၊ဆိုင်ကယ် နှင့် လက်ဝတ်ရတနာများ ယူဆောင်ကာ တည်းခိုခန်းသို့ ပြန်လာကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်။

မုံရွာမြို့တည်းခိုခန်းတွင် ၂ရက် နေ၍ ရှမ်းပြည်နယ် ကလောမြို့သို့ ဒီဇင်ဘာ ၁၆ ရက်တွင် ရောက်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။

ကလောရဲတပ်ဖွဲ့မှ ၎င်းအား ခိုးမှုမသင်္ကာဖြင့် စစ်ဆေးခဲ့ရာ မုံရွာမြို့က ထွက်ခွာလာသည့် ကားလက်မှတ်၊ ရွှေအပေါင်လက်မှတ်နှင့် ဖုန်း ၂ လုံးတို့အား တွေ့ရှိသဖြင့် မေးမြန်းရာမှ ဖုန်းခိုးမှုများအပြင် လူသတ်မှုကျူးလွန်ခဲ့သည်ကို ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ကလောမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သည့် အဆိုပါအမျိုးသားအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်း သွားမည်ဖြစ်သည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
ေ႐ႊေတာင္ဦးဘုရားအနီး လူသတ္မႈ ျပစ္မႈက်ဴးလြန္သူအား ကေလာၿမိဳ႕တြင္ဖမ္းမိ ေ႐ႊေတာင္ဦးဘုရားအနီး လူသတ္မႈ ျပစ္မႈက်ဴးလြန္သူအား ကေလာၿမိဳ႕တြင္ဖမ္းမိ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.